သတင္းအင္တာဗ်ဴး

ျမန္မာ့ႏုိင္ငံေရးအေျခအေနဟာ လူထုေကာင္းစားေရးလား၊ လူတစ္စုေကာင္းစားေရးလား ေသေသခ်ာခ်ာကုိျပန္ၿပီး ေမးခြန္းထုတ္ေဝဖန္ရမယ့္အေျခအေနျဖစ္ေနၿပီ(အပုိင္း-၃ နိဂုံး)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ေမး- ေျမာက္ဦးက အုပ္ခ်ဳပ္ေရးမွဴး ေဟာင္း ဦးဘိုဘိုမင္းသိုက္ အသတ္ခံရ တာနဲ႔ပတ္သက္ၿပီးေရာ ဘယ္လိုသံုးသပ္ စရာရွိမလဲဘုရား။

ေျဖ- သူတို႔တစ္ေတြက ႀကိဳတင္သတင္း ရထားပံုေတာ့ ေပၚတယ္ကြ။ မလုပ္ ေလာက္ပါဘူးဆိုၿပီး ေပါ့ဆသြားတဲ့သ ေဘာပဲ။

ဘာေၾကာင့္လဲဆိုေတာ့ ဒီမွာ အႏၲ ရာယ္ရွိလို႔ဆိုၿပီး တစ္ေနရာကို ေရႊ႕ေပး လိုက္တာကိုး။ သတင္းႀကိဳရထားပါလ်က္ လံုၿခံဳေအာင္မေစာင့္ေရွာက္တာဟာ တာ ဝန္ရွိသူေတြရဲ႕အျပစ္ပဲ။ ဒါမ်ိဳး အေျခအ ေနေတြျဖစ္လာႏုိင္လ်က္နဲ႔ တစ္ေယာက္ တည္းသြားတာ ကိုယ့္အျပစ္ပဲ။

ဘိုဘိုမင္းသိုက္က ဝီရသူကို တ အားနင္းခ်စ္ပုံရတယ္။ ဘာေၾကာင့္လဲဆို ေတာ့ ရဟန္းေတာ္တစ္ပါးအေၾကာင္း အစီရင္ခံစာေရးတာေတာင္မွ ဦးေလး၊ အရွင္ေလး၊ ဘဒၵႏၲေလး မထည့္ဘဲနဲ႔ ဝိစိတၱာဘိဝံသတို႔၊ ဝီရသူတို႔ ေရး႐ံုတင္ မကဘူး လူနာမည္ေတာင္မွ ဝင္းခိုင္ဦး ဆိုၿပီး ထည့္လိုက္ေသးတယ္။ တကယ္ ေတာ့ လူနာမည္က ထည့္စရာမလိုဘူး ေလ။ လူနာမည္ကို ဦးမထည့္၊ ကို မထည့္၊ ေမာင္မထည့္ဘဲသံုးတာဟာ တရားခံေတြကိုမွ သံုးတဲ့အစဥ္အလာ ေလ။ လပြတၱာမွာတာဝန္က်တုန္းက ဒီလို သံုးႏႈန္းခဲ့တာကိုလည္း သတိထားမိတယ္။ ဘိုဘိုမင္းသိုက္တစ္ေယာက္ ေရာက္ေလ ရာဘဝမွာ ဂုဏ္ထူးဝိေသသေတြတပ္ၿပီး
တေလးတစား အေခၚခံရတဲ့သူျဖစ္ပါ ေစလို႔လည္း ဆုေတာင္းေပးပါတယ္။

ေမး- အမ်ိဳးေစာင့္ဥပေဒနဲ႔ ပတ္သက္ လို႔ ဒီတစ္ပတ္မွာေတာ့ မိတၴီလာ၊ ဝမ္းတြင္း ဘက္မွာ တစ္လင္တစ္မယားနဲ႔ ပတ္သက္ ၿပီး အမႈဖြင့္တာတစ္ခုေတြ႕ပါတယ္ဘုရား။
အမႈေတြကေတာ့ အရင္ကထက္စာရင္ နည္းနည္းေလး က်ဲသြားတာေတာ့ သတိ ထားမိပါတယ္ဘုရား။ အခု အရွင္ဘုရား တို႔ လက္ရွိကူညီေနရတာေတြရွိလား၊ အမ်ိဳးေစာင့္ဥပေဒနဲ႔ပတ္သက္ၿပီးေပါ့ဘုရား။ ေနာက္ အမႈေတြကို မွတ္တမ္းျပဳထား တာေတြေကာ ရွိပါသလားဘုရား။

ေျဖ- ဟိုးအရင္တုန္းက ႐ံုးကို ေရာက္ လာတဲ့အမႈေတြကေတာ့ ကိုယ့္လူမ်ိဳးအ ခ်င္းခ်င္းလား လူမ်ိဳးျခားနဲ႔လားဆိုတာ ၾကည့္တာေပါ့ေနာ္။

လြတ္လြတ္လပ္လပ္ေလး ေျပာ မယ္ေနာ္၊ လူမ်ိဳးျခားဆိုရင္ေတာ့ အမ်ိဳး သားေရးေခါင္းစဥ္ေအာက္မွာ ရဲရဲတင္း တင္းလုပ္ေဆာင္ေနၾကတာေပါ့။

လူမ်ိဳးတူေနတဲ့သူ၊ ဘာသာတူေန တဲ့သူေတြက်ေတာ့ ဦးဇင္းတို႔က အမ်ိဳး သားေရးေခါင္းစဥ္ေအာက္မွာ မဟုတ္မ ေတာ့ဘဲ လူမႈေရးေခါင္းစဥ္ေအာက္ ေရာက္သြားတာေပါ့။ သူတို႔က်ေတာ့ ညႇိ ႏိႈင္းေပးတာရွိတယ္၊ လိုအပ္တဲ့ ဥပေဒ ပညာရွင္ေတြနဲ႔ ခ်ိတ္ဆက္ေပးတာရွိတယ္၊ ဒီေလာက္ပဲ ဦးဇင္းတို႔က အကူအညီေပး ႏုိင္တာေပါ့ေနာ္။

ဘာေၾကာင့္လဲဆိုေတာ့ ဘာသာ တူ လူမ်ိဳးတူေနလို႔ေလ။ လူမႈေရးဆိုတဲ့ ဆိုင္းဘုတ္ေအာက္ ေရာက္ေနတဲ့အ တြက္ေၾကာင့္ တရား႐ံုးကို ဝင္႐ႈပ္ပါတယ္ ဆိုတဲ့ သံဃနာယက လုပ္ထံုးလုပ္နည္း ေတြကို ဝင္ေရာက္စြက္ဖက္ပါတယ္လို႔ အထင္အျမင္အလြဲခံရမွာစိုးလို႔ ကူညီ အႀကံÓာဏ္ေလာက္ေတာ့ ေပးလိုက္တာ ေပါ့။

ေမး- မန္းမေဟာ္သဓာနဲ႔ ပတ္သက္လို႔ ေပါ့ဘုရား။ ဒီရက္ပိုင္းမွာပဲ ေတြ႕ဆံုညႇိႏိႈင္း ပြဲေတြလုပ္ေနတာ ေတြ႕ရပါတယ္ဘုရား။ ေက်ာင္းရဲ႕အေျခအေနေပါ့ဘုရား။
ဘယ္ေတာ့ေလာက္ စႏုိင္မယ္၊ ေက်ာင္းသားဦးေရ ဘယ္ေလာက္ စၿပီး လက္ခံမယ္ စသည္ျဖင့္ အဲဒီအခ်က္ေတြ ေျပာလို႔ရၿပီလားဘုရား။

ေျဖ- ေက်ာင္းသားဦးေရ ဘယ္ေလာက္ လက္ခံမယ္ဆိုတာကေတာ့ ေျပာဖို႔ခက္ ေနေသးတယ္။ စာသင္ေက်ာင္းေဆာင္ စေဆာက္ဖုိ႔ ေဖေဖာ္ဝါရီလဆန္းမွာပဲ ပႏၷက္ခ်ဖို႔ကေတာ့ ေသခ်ာသြားၿပီေပါ့။ အခုေလာေလာဆယ္ ဦးဇင္းတို႔က ဂုဏ္ ျပဳလက္မွတ္ေပးဖို႔၊ ဧည္သည္ေတြ နား ဖို႔ေတာ့ ဧည့္ႀကိဳေဆာင္ေလး လုပ္ထား တယ္ေလ။ ၿပီးေတာ့ ခုအလုပ္သမား တန္းလ်ားတို႔၊ ဂိုေဒါင္တို႔၊ အင္ဂ်ီနီယာ႐ံုး တို႔ေဆာက္ဖို႔လည္း ပစၥည္းေတြဝယ္ထား ၿပီေပါ့။ ေဖေဖာ္ဝါရီ ၄ ရက္ေန႔အစည္းအ ေဝးၿပီးတာနဲ႔ ပႏၷက္ခ်မယ့္ရက္ သတ္မွတ္ လို႔ရပါၿပီ။

ေမး- မန္းမေဟာ္သဓာေက်ာင္းနဲ႔ ပတ္ သက္ၿပီး တခ်ိဳ႕အႀကံျပဳတာေပါ့ဘုရား။ ေက်ာင္းသားေတြကို ျမန္ျမန္လက္ခံၿပီး၊ အေဆာက္အဦေတြ ေနာက္မွ လုပ္လို႔ ရႏိုင္မလားေပါ့ဘုရား။ မႏၲေလးမွာ ျမန္ ျမန္ဖြင့္ေစခ်င္ေနတဲ့ သူေတြက အႀကံေပး ၾကတာေပါ့ဘုရား။ ေက်ာင္းေဆာင္ၿပီးမွ ပဲ လက္ခံမလား၊ ေစာၿပီးလက္ခံဖို႔ေတြ ေကာ ရွိႏိုင္မလားဘုရား။

ေျဖ- ကိုယ္ပိုင္အထက္တန္းေက်ာင္း ဆိုတဲ့ ေခါင္းစဥ္နဲ႔သြားမယ္ဆိုရင္ေတာ့ အားလံုးျပည့္စံုမွ ဖြင့္ခြင့္ရွိတာေပါ့ေနာ္။ ဘကေက်ာင္းေတြလို မဟုတ္ဘူးေလ။ ကိုယ္ပိုင္အထက္တန္းေက်ာင္း စံမီေအာင္ အကုန္ျပင္ဆင္ၿပီးမွ ခြင့္ျပဳခ်က္က်ၿပီး ဖြင့္လို႔ရမယ့္ လုပ္ငန္းျဖစ္ေနတယ္။ အဲ ေတာ့ ဦးဇင္းတို႔က အားလံုးၿပီးမွပဲ ေက်ာင္းသားေတြကို ေၾကာ္ျငာၿပီး လက္ခံ လို႔ရမွာေပါ့ေနာ္။

ေက်ာင္းမဖြင့္ခင္မွာေတာ့ ဝါခင္း ကုန္းဆရာေတာ္ႀကီးကလည္း မိန္႔ထား တယ္။ ဦးဇင္းတို႔ ဝိုင္းေတာ္သားေတြ ကလည္း သေဘာတူထားတယ္။ အဲဒါ ဘာလဲဆိုရင္ ဒီဦးဇင္းတို႔ မေဟာ္သဓာေက်ာင္းတည္ရွိရာ ေက်း ရြာေတြေပါ့၊ မေဟာ္သဓာေက်ာင္းက ေက်ာက္ေခ်ာင္းရြာမွာရွိတယ္၊ အုပ္စုက ေရႊစာရံအုပ္စု။

အဲဒီအုပ္စုထဲက ေက်ာင္းသူေက်ာင္း သားေတြအတြက္ေတာ့ ညဘက္မွာ သင္ ၾကားမႈေတြျပဳလုပ္ေပးမယ္၊ ေန႔ဘက္မွာ လည္း လိုအပ္တဲ့ ပညာေရးပိုင္းမွာ အကူ အညီေတြ ေပးသြားမယ္။ ဒါေတြကို ၂ဝ၁၈-၁၉ ပညာသင္ႏွစ္မွာ စေတာ့မွာ ပါ။

သူကေတာ့ လက္ေရြးစင္မဟုတ္ ဘဲ ေက်ာင္းသူေက်ာင္းသားတုိင္း တက္ ခြင့္ရွိတဲ့ ပညာေရးေပါ့ေနာ္။ မေဟာ္သဓာ က်ေတာ့ ဝင္ခြင့္ေတြ ဘာေတြေျဖၿပီးမွ လက္ေရြးစင္လက္ခံမယ့္ စနစ္ေပါ့။

ေမး- ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကပဲ ေရႊက်င္ဂိုဏ္းရဲ႕ အစည္းအေဝးလုပ္တာ ေတြ႕ရပါတယ္ဘုရား။ အစည္းအေဝးက ဘာသတင္းေတြၾကားလဲ၊ သာသနာအ တြက္ ဘာေတြလုပ္မယ္လို႔ သိရပါသလဲ ဘုရား။

ေျဖ- အဲဒါက်ေတာ့ ေရႊက်င္နိကာယ အစည္းအေဝးလို႔ေခၚတာေပါ့ေနာ္။ အဲဒီ မွာေတာ့ ဗီဒီယိုဖိုင္ေတြလည္း ၾကည့္ရပါ တယ္။ ၾကည္ညိဳစရာ အင္မတန္ေကာင္း တာေပါ့ေနာ္။ ေနာက္ ဆရာေတာ္ သံ ဃာေတာ္ေတြရဲ႕ ၾသဝါဒကိုလည္း ဦးဇင္း တို႔နားေထာင္ရပါတယ္။ အင္မတန္မွတ္ သားစရာေကာင္းတာေပါ့။

ထူးျခားတာေလးက နန္းက်ဘုရင္ တစ္ပါးေပါ့၊ သမၼတေဟာင္းတစ္ဦးကို အစီအစဥ္ထဲမွာထည့္ၿပီးေတာ့ သံဃာ ေတာ္ေတြကို ဖူးေျမာ္ခြင့္ၾကည္ညိဳခြင့္ ေပးတယ္။ သံဃာေတာ္ေတြက ၾသဝါဒ ေပးတယ္။ ဒီအစီအစဥ္ေလးထည့္ထား တာေတာ့ ေတာ္ေတာ္ၾကည္ႏူးစရာ ေကာင္းတာေပါ့။

အဲဒါေလးနဲ႔ဆက္ၿပီး ေတြးမိတာ က ရာထူးဆိုတာလည္း ရွိေတာ့တာ မဟုတ္ဘူး၊ ဒါေပမယ့္ သမၼတေဟာင္း တစ္ဦးကို သံဃာေတာ္ေတြက ဒီေလာက္ ေတာင္ခ်စ္ၾကပါလား၊ သံဃာေတာ္ေတြ ခ်စ္ေအာင္ ဘယ္လိုမ်ား အက်ဳိးျပဳမူ ေဆာင္ရြက္ခဲ့လို႔ပါလဲ စသည္ျဖင့္ေတြး မိတာေပါ့။

ေနာက္ လက္ရွိတာဝန္ရွိတဲ့သူေတြ က သံဃာေတာ္မ်ားမ်ားစီစဥ္တဲ့ပြဲ အ ခမ္းအနားေတြမွာဆိုရင္ လက္ေရွာင္ၾက တယ္ေပါ့။ ဘာေၾကာင့္မ်ား လက္ေရွာင္ ၾကတာလဲ၊ သာသနာ့တာဝန္ ငါ့တာဝန္ လို႔ ခံယူမထားလို႔လား၊ ဒီလို သံဃာ ေတာ္ေတြနဲ႔ ရင္းႏွီးထိေတြ႕ဆက္ဆံခြင့္ ရတာကိုပဲ တျခားတျခားေသာဘာသာ ေတြက အျပစ္ျမင္မွာစိုးလို႔လား ဒါမ်ိဳး ေတြ၊ ေတြးစရာေလးေတြကေတာ့ ဆက္ စပ္ၿပီးေတာ့ ေပၚလာတာေပါ့ေနာ္။

ေမး- ျဖည့္စြက္ေျပာခ်င္တာရွိရင္ ေျပာ ေပးပါဦးဘုရား။

ေျဖ- ျမန္မာ့ႏုိင္ငံေရးအေျခအေနဟာ လူထုေကာင္းစားေရးလား၊ လူတစ္စု ေကာင္းစားေရးလား ေသေသခ်ာခ်ာကို ျပန္ၿပီး ေမးခြန္းထုတ္ေဝဖန္ရမယ့္ အေျခ အေနျဖစ္ေနၿပီ။

ႏုိင္ငံေရးသမားေတြ ျပည္သူလူထု အက်ိဳးစီးပြားကို လိုလားလို႔ ႏုိင္ငံေရးလုပ္ ေနတာလား၊ တစ္ဦး တစ္ေယာက္ တစ္ ဖြဲ႕ တစ္ပါတီကို လိုလားလို႔ ႏုိင္ငံေရးလုပ္ ေနတာလား၊ ျမန္မာ့ႏုိင္ငံေရးကို ၿခံဳငံု ၿပီးသံုးသပ္ရင္ လယ္ျပင္မွာ ဆင္သြားသ လို ထင္ရွားပါတယ္။

ေမး- အမ်ိဳးသားေရးသမားေတြအတြက္ လည္း ၾသဝါဒစကားေလး မိန္႔ၾကားေပး ပါဦးဘုရား။

ေျဖ- အဖြဲ႕အားလုံးနဲ႔ ပူးေပါင္းလုပ္ပါ။ အခ်င္းခ်င္း ေဆြးေႏြးတိုင္ပင္ၿပီးမွ တညီ တၫြတ္တည္း လုပ္ၾကပါ။ ႏြားကြဲရင္ က်ားဆြဲမယ္ဆိုတဲ့သတိ အၿမဲထားရွိပါ။

ၿငိမ္းခ်မ္းသာ
ဆက္သြယ္ေမးျမန္းသည္

 

“မြန်မာ့နိုင်ငံရေးအခြေအနေဟာ လူထုကောင်းစားရေးလား၊ လူတစ်စုကောင်းစားရေးလား သေသေချာချာကိုပြန်ပြီး မေးခွန်းထုတ်ဝေဖန်ရမယ့်အခြေအနေဖြစ်နေပြီ(အပိုင်း-၃ နိဂုံး)”
(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- မြောက်ဦးက အုပ်ချုပ်ရေးမှူး ဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရ တာနဲ့ပတ်သက်ပြီးရော ဘယ်လိုသုံးသပ် စရာရှိမလဲဘုရား။

ဖြေ- သူတို့တစ်တွေက ကြိုတင်သတင်း ရထားပုံတော့ ပေါ်တယ်ကွ။ မလုပ် လောက်ပါဘူးဆိုပြီး ပေါ့ဆသွားတဲ့သ ဘောပဲ။

ဘာကြောင့်လဲဆိုတော့ ဒီမှာ အန္တ ရာယ်ရှိလို့ဆိုပြီး တစ်နေရာကို ရွှေ့ပေး လိုက်တာကိုး။ သတင်းကြိုရထားပါလျက် လုံခြုံအောင်မစောင့်ရှောက်တာဟာ တာ ဝန်ရှိသူတွေရဲ့အပြစ်ပဲ။ ဒါမျိုး အခြေအ နေတွေဖြစ်လာနိုင်လျက်နဲ့ တစ်ယောက် တည်းသွားတာ ကိုယ့်အပြစ်ပဲ။

ဘိုဘိုမင်းသိုက်က ဝီရသူကို တ အားနင်းချစ်ပုံရတယ်။ ဘာကြောင့်လဲဆို တော့ ရဟန်းတော်တစ်ပါးအကြောင်း အစီရင်ခံစာရေးတာတောင်မှ ဦးလေး၊ အရှင်လေး၊ ဘဒ္ဒန္တလေး မထည့်ဘဲနဲ့ ဝိစိတ္တာဘိဝံသတို့၊ ဝီရသူတို့ ရေးရုံတင် မကဘူး လူနာမည်တောင်မှ ဝင်းခိုင်ဦး ဆိုပြီး ထည့်လိုက်သေးတယ်။ တကယ် တော့ လူနာမည်က ထည့်စရာမလိုဘူး လေ။ လူနာမည်ကို ဦးမထည့်၊ ကို မထည့်၊ မောင်မထည့်ဘဲသုံးတာဟာ တရားခံတွေကိုမှ သုံးတဲ့အစဉ်အလာ လေ။ လပွတ္တာမှာတာဝန်ကျတုန်းက ဒီလို သုံးနှုန်းခဲ့တာကိုလည်း သတိထားမိတယ်။ ဘိုဘိုမင်းသိုက်တစ်ယောက် ရောက်လေ ရာဘဝမှာ ဂုဏ်ထူးဝိသေသတွေတပ်ပြီးတလေးတစား အခေါ်ခံရတဲ့သူဖြစ်ပါ စေလို့လည်း ဆုတောင်းပေးပါတယ်။

မေး- အမျိုးစောင့်ဥပဒေနဲ့ ပတ်သက် လို့ ဒီတစ်ပတ်မှာတော့ မိတ္ထီလာ၊ ဝမ်းတွင်း ဘက်မှာ တစ်လင်တစ်မယားနဲ့ ပတ်သက် ပြီး အမှုဖွင့်တာတစ်ခုတွေ့ပါတယ်ဘုရား။
အမှုတွေကတော့ အရင်ကထက်စာရင် နည်းနည်းလေး ကျဲသွားတာတော့ သတိ ထားမိပါတယ်ဘုရား။ အခု အရှင်ဘုရား တို့ လက်ရှိကူညီနေရတာတွေရှိလား၊ အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီးပေါ့ဘုရား။ နောက် အမှုတွေကို မှတ်တမ်းပြုထား တာတွေကော ရှိပါသလားဘုရား။

ဖြေ- ဟိုးအရင်တုန်းက ရုံးကို ရောက် လာတဲ့အမှုတွေကတော့ ကိုယ့်လူမျိုးအ ချင်းချင်းလား လူမျိုးခြားနဲ့လားဆိုတာ ကြည့်တာပေါ့နော်။

လွတ်လွတ်လပ်လပ်လေး ပြော မယ်နော်၊ လူမျိုးခြားဆိုရင်တော့ အမျိုး သားရေးခေါင်းစဉ်အောက်မှာ ရဲရဲတင်း တင်းလုပ်ဆောင်နေကြတာပေါ့။

လူမျိုးတူနေတဲ့သူ၊ ဘာသာတူနေ တဲ့သူတွေကျတော့ ဦးဇင်းတို့က အမျိုး သားရေးခေါင်းစဉ်အောက်မှာ မဟုတ်မ တော့ဘဲ လူမှုရေးခေါင်းစဉ်အောက် ရောက်သွားတာပေါ့။ သူတို့ကျတော့ ညှိ နှိုင်းပေးတာရှိတယ်၊ လိုအပ်တဲ့ ဥပဒေ ပညာရှင်တွေနဲ့ ချိတ်ဆက်ပေးတာရှိတယ်၊ ဒီလောက်ပဲ ဦးဇင်းတို့က အကူအညီပေး နိုင်တာပေါ့နော်။

ဘာကြောင့်လဲဆိုတော့ ဘာသာ တူ လူမျိုးတူနေလို့လေ။ လူမှုရေးဆိုတဲ့ ဆိုင်းဘုတ်အောက် ရောက်နေတဲ့အ တွက်ကြောင့် တရားရုံးကို ဝင်ရှုပ်ပါတယ် ဆိုတဲ့ သံဃနာယက လုပ်ထုံးလုပ်နည်း တွေကို ဝင်ရောက်စွက်ဖက်ပါတယ်လို့ အထင်အမြင်အလွဲခံရမှာစိုးလို့ ကူညီ အကြံÓာဏ်လောက်တော့ ပေးလိုက်တာ ပေါ့။

မေး- မန်းမဟော်သဓာနဲ့ ပတ်သက်လို့ ပေါ့ဘုရား။ ဒီရက်ပိုင်းမှာပဲ တွေ့ဆုံညှိနှိုင်း ပွဲတွေလုပ်နေတာ တွေ့ရပါတယ်ဘုရား။ ကျောင်းရဲ့အခြေအနေပေါ့ဘုရား။
ဘယ်တော့လောက် စနိုင်မယ်၊ ကျောင်းသားဦးရေ ဘယ်လောက် စပြီး လက်ခံမယ် စသည်ဖြင့် အဲဒီအချက်တွေ ပြောလို့ရပြီလားဘုရား။

ဖြေ- ကျောင်းသားဦးရေ ဘယ်လောက် လက်ခံမယ်ဆိုတာကတော့ ပြောဖို့ခက် နေသေးတယ်။ စာသင်ကျောင်းဆောင် စဆောက်ဖို့ ဖေဖော်ဝါရီလဆန်းမှာပဲ ပန္နက်ချဖို့ကတော့ သေချာသွားပြီပေါ့။ အခုလောလောဆယ် ဦးဇင်းတို့က ဂုဏ် ပြုလက်မှတ်ပေးဖို့၊ ဧည်သည်တွေ နား ဖို့တော့ ဧည့်ကြိုဆောင်လေး လုပ်ထား တယ်လေ။ ပြီးတော့ ခုအလုပ်သမား တန်းလျားတို့၊ ဂိုဒေါင်တို့၊ အင်ဂျီနီယာရုံး တို့ဆောက်ဖို့လည်း ပစ္စည်းတွေဝယ်ထား ပြီပေါ့။ ဖေဖော်ဝါရီ ၄ ရက်နေ့အစည်းအ ဝေးပြီးတာနဲ့ ပန္နက်ချမယ့်ရက် သတ်မှတ် လို့ရပါပြီ။

မေး- မန်းမဟော်သဓာကျောင်းနဲ့ ပတ် သက်ပြီး တချို့အကြံပြုတာပေါ့ဘုရား။ ကျောင်းသားတွေကို မြန်မြန်လက်ခံပြီး၊ အဆောက်အဦတွေ နောက်မှ လုပ်လို့ ရနိုင်မလားပေါ့ဘုရား။ မန္တလေးမှာ မြန် မြန်ဖွင့်စေချင်နေတဲ့ သူတွေက အကြံပေး ကြတာပေါ့ဘုရား။ ကျောင်းဆောင်ပြီးမှ ပဲ လက်ခံမလား၊ စောပြီးလက်ခံဖို့တွေ ကော ရှိနိုင်မလားဘုရား။

ဖြေ- ကိုယ်ပိုင်အထက်တန်းကျောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့သွားမယ်ဆိုရင်တော့ အားလုံးပြည့်စုံမှ ဖွင့်ခွင့်ရှိတာပေါ့နော်။ ဘကကျောင်းတွေလို မဟုတ်ဘူးလေ။ ကိုယ်ပိုင်အထက်တန်းကျောင်း စံမီအောင် အကုန်ပြင်ဆင်ပြီးမှ ခွင့်ပြုချက်ကျပြီး ဖွင့်လို့ရမယ့် လုပ်ငန်းဖြစ်နေတယ်။ အဲ တော့ ဦးဇင်းတို့က အားလုံးပြီးမှပဲ ကျောင်းသားတွေကို ကြော်ငြာပြီး လက်ခံ လို့ရမှာပေါ့နော်။

ကျောင်းမဖွင့်ခင်မှာတော့ ဝါခင်း ကုန်းဆရာတော်ကြီးကလည်း မိန့်ထား တယ်။ ဦးဇင်းတို့ ဝိုင်းတော်သားတွေ ကလည်း သဘောတူထားတယ်။ အဲဒါ ဘာလဲဆိုရင် ဒီဦးဇင်းတို့ မဟော်သဓာကျောင်းတည်ရှိရာ ကျေး ရွာတွေပေါ့၊ မဟော်သဓာကျောင်းက ကျောက်ချောင်းရွာမှာရှိတယ်၊ အုပ်စုက ရွှေစာရံအုပ်စု။
အဲဒီအုပ်စုထဲက ကျောင်းသူကျောင်း သားတွေအတွက်တော့ ညဘက်မှာ သင် ကြားမှုတွေပြုလုပ်ပေးမယ်၊ နေ့ဘက်မှာ လည်း လိုအပ်တဲ့ ပညာရေးပိုင်းမှာ အကူ အညီတွေ ပေးသွားမယ်။ ဒါတွေကို ၂ဝ၁၈-၁၉ ပညာသင်နှစ်မှာ စတော့မှာ ပါ။

သူကတော့ လက်ရွေးစင်မဟုတ် ဘဲ ကျောင်းသူကျောင်းသားတိုင်း တက် ခွင့်ရှိတဲ့ ပညာရေးပေါ့နော်။ မဟော်သဓာ ကျတော့ ဝင်ခွင့်တွေ ဘာတွေဖြေပြီးမှ
လက်ရွေးစင်လက်ခံမယ့် စနစ်ပေါ့။

မေး- ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရွှေကျင်ဂိုဏ်းရဲ့ အစည်းအဝေးလုပ်တာ တွေ့ရပါတယ်ဘုရား။ အစည်းအဝေးက ဘာသတင်းတွေကြားလဲ၊ သာသနာအ တွက် ဘာတွေလုပ်မယ်လို့ သိရပါသလဲ ဘုရား။

ဖြေ- အဲဒါကျတော့ ရွှေကျင်နိကာယ အစည်းအဝေးလို့ခေါ်တာပေါ့နော်။ အဲဒီ မှာတော့ ဗီဒီယိုဖိုင်တွေလည်း ကြည့်ရပါ တယ်။ ကြည်ညိုစရာ အင်မတန်ကောင်း တာပေါ့နော်။ နောက် ဆရာတော် သံ ဃာတော်တွေရဲ့ သြဝါဒကိုလည်း ဦးဇင်း တို့နားထောင်ရပါတယ်။ အင်မတန်မှတ် သားစရာကောင်းတာပေါ့။ ထူးခြားတာလေးက နန်းကျဘုရင် တစ်ပါးပေါ့၊ သမ္မတဟောင်းတစ်ဦးကို အစီအစဉ်ထဲမှာထည့်ပြီးတော့ သံဃာ တော်တွေကို ဖူးမြော်ခွင့်ကြည်ညိုခွင့် ပေးတယ်။ သံဃာတော်တွေက သြဝါဒ ပေးတယ်။ ဒီအစီအစဉ်လေးထည့်ထား တာတော့ တော်တော်ကြည်နူးစရာ ကောင်းတာပေါ့။

အဲဒါလေးနဲ့ဆက်ပြီး တွေးမိတာ က ရာထူးဆိုတာလည်း ရှိတော့တာ မဟုတ်ဘူး၊ ဒါပေမယ့် သမ္မတဟောင်း တစ်ဦးကို သံဃာတော်တွေက ဒီလောက် တောင်ချစ်ကြပါလား၊ သံဃာတော်တွေ ချစ်အောင် ဘယ်လိုများ အကျိုးပြုမူ ဆောင်ရွက်ခဲ့လို့ပါလဲ စသည်ဖြင့်တွေး မိတာပေါ့။

နောက် လက်ရှိတာဝန်ရှိတဲ့သူတွေ က သံဃာတော်များများစီစဉ်တဲ့ပွဲ အ ခမ်းအနားတွေမှာဆိုရင် လက်ရှောင်ကြ တယ်ပေါ့။ ဘာကြောင့်များ လက်ရှောင် ကြတာလဲ၊ သာသနာ့တာဝန် ငါ့တာဝန် လို့ ခံယူမထားလို့လား၊ ဒီလို သံဃာ တော်တွေနဲ့ ရင်းနှီးထိတွေ့ဆက်ဆံခွင့် ရတာကိုပဲ တခြားတခြားသောဘာသာ တွေက အပြစ်မြင်မှာစိုးလို့လား ဒါမျိုး တွေ၊ တွေးစရာလေးတွေကတော့ ဆက် စပ်ပြီးတော့ ပေါ်လာတာပေါ့နော်။

မေး- ဖြည့်စွက်ပြောချင်တာရှိရင် ပြော ပေးပါဦးဘုရား။

ဖြေ- မြန်မာ့နိုင်ငံရေးအခြေအနေဟာ လူထုကောင်းစားရေးလား၊ လူတစ်စု ကောင်းစားရေးလား သေသေချာချာကို ပြန်ပြီး မေးခွန်းထုတ်ဝေဖန်ရမယ့် အခြေ အနေဖြစ်နေပြီ။

နိုင်ငံရေးသမားတွေ ပြည်သူလူထု အကျိုးစီးပွားကို လိုလားလို့ နိုင်ငံရေးလုပ် နေတာလား၊ တစ်ဦး တစ်ယောက် တစ် ဖွဲ့ တစ်ပါတီကို လိုလားလို့ နိုင်ငံရေးလုပ် နေတာလား၊ မြန်မာ့နိုင်ငံရေးကို ခြုံငုံ ပြီးသုံးသပ်ရင် လယ်ပြင်မှာ ဆင်သွားသ လို ထင်ရှားပါတယ်။

မေး- အမျိုးသားရေးသမားတွေအတွက် လည်း သြဝါဒစကားလေး မိန့်ကြားပေး ပါဦးဘုရား။

ဖြေ- အဖွဲ့အားလုံးနဲ့ ပူးပေါင်းလုပ်ပါ။ အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီးမှ တညီ တညွတ်တည်း လုပ်ကြပါ။ နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့သတိ အမြဲထားရှိပါ။

ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်