သတင္း

ၾကမၼာဝဋ္ေၾကြး ေျပးမလြတ္ပါ

တပည့္မ မမုိးႏွင့္ တပည့္မ မငယ္တုိ႔ထံ ဘုန္းဘုန္းစာေရးလုိက္ပါတယ္။ ေရးခ်င္တာကေတာ့ ၾကာပါၿပီ။ ၆-လပုိင္းကတည္းက ေရးခ်င္ေနတာ။ ဒီၾကားထဲမွာ တျခားအလုပ္ေတြ လုပ္ေနရတာနဲ႔ ပူေနလုိ႔ နားေနရတာေၾကာင့္ မေရးျဖစ္တာ။

(၅-၆-၂၀၀၉) ေန႔တုန္းကေပါ့ ဘုန္းဘုန္းအိပ္မက္ထဲမွာ ေရႊပါရမီေတာရဆရာေတာ္ အရွင္ဆႏၵာဓိကကုိ ျမင္လုိက္ရတယ္။ ေျခေထာက္မွာလည္း ပတ္တီးႀကီးနဲ႔ လက္မွာလည္း ပြန္းရာ ျခစ္ရာေတြနဲ႔၊ ဒါနဲ႔ ဘုန္းဘုန္းလဲ တပည့္ေတြကုိ ေျပာျပၿပီး စုံစမ္းခုိင္းရတယ္။ အဲဒီေတာ့မွပဲ အေၾကာင္းစုံသိရေတာ့တယ္။ (၅.၆.၂၀၀၉)ေန႔မွာ ေရႊပါရမီေတာရ ဆရာေတာ္အရွင္ဆႏၵာဓိကနဲ႔ ရေဝႏြယ္(အင္းမ)ဆရာေတာ္ အရွင္ရာဇိႏၵတုိ႔ အမွဴးျပဳတဲ့ ဘုရားဖူးအဖြဲ႕တစ္ဖြဲ႕လုံး ေဗာဓိတစ္ေထာင္ ရပ္ေတာ္မူဘုရားႀကီး ဓာတ္ေလွကား အရွိန္နဲ႔ ေလွ်ာက်ရာမွ ဒဏ္ရာမ်ား ရခဲ့ေၾကာင္း၊ မႏၲေလးေဆးရုံႀကီးမွာ ေဆးကုသခံယူေနေၾကာင္း၊ ဒကာငါးေယာက္ႏွင့္ နယ္ခံဆရာေတာ္တစ္ပါးလည္း အသီးသီးဒဏ္ရာ ရၾကေၾကာင္း၊ အရွင္ဆႏၵာဓိက ညာဘက္ဒူးနဲ႔ ေျခက်င္းဝတ္ႏွစ္ဖက္စလုံး ထိခုိက္ဒဏ္ရာရေၾကာင္း၊ အရွင္ရာဇိႏၵကေတာ့ ညာေျခက်ဳိးသြားလုိ႔ စတီးေခ်ာင္းထည့္ထားရေၾကာင္း သိရေတာ့တယ္။ ဂ်ာနယ္ေတြထဲမွာလည္း ဓာတ္ပုံေတြနဲ႔ ေဖာ္ျပတာေတြ႕ရတယ္။

ဘုန္းဘုန္းလည္း အိပ္မက္မက္ၿပီး စိတ္ပူတာနဲ႔ အရွင္ဆႏၵာဓိကထံစာေရးၿပီး အားေပးလုိက္ေသးတယ္။ အရွင္ဆႏၵာဓိကကေတာ့ ေလာကဓံကုိ မႈပုံမရဘူး။ သြားတုိက္ေနပုံကုိေတာင္ ဓာတ္ပုံရုိက္ခုိင္းေနလုိ႔ ထုိင္ေစာင့္ေနရေသးတယ္လုိ႔ တပည့္ေမာင္ဝင္းညြန္႔က ေျပာျပလုိ႔ သိရတယ္။ ဂ်ာနယ္ထဲမွာလည္း ၿပဳံးလုိ႔ ရႊင္လုိ႔ အေတြ႕အႀကဳံသစ္တစ္ခုရေၾကာင္း ေျပာျပေနတာ ေတြ႕ရတယ္။ ေလာကဓံကုိ အၿပဳံးနဲ႔ ႀကဳိဆုိေထြးပိုက္ႏုိင္လုိ႔ တရားသမားပီသတယ္လုိ႔ ေျပာရမွာေပါ့။

တပည့္ေမာင္ဝင္းညြန္႔ကုိ ဘုန္းဘုန္းအေၾကာင္းေတြလည္း စိတ္ဝင္တစား ေမးတယ္လုိ႔ သိရတယ္။ က်န္းမာေရးေကာင္းရဲ႕လား၊ ဘယ္ၿမဳိ႕မွာေနရလဲ၊ ဘယ္လုိစား၊ ဘယ္လုိေနရလဲ၊ အဆင္ေျပရဲ႕လား၊ ဘာလုိေသးလဲ အစုံပဲ ဂရုတစုိက္ေမးတယ္လုိ႔ သိရတယ္။ ဘုန္းဘုန္းတုိ႔က လူခ်င္း တစ္ခါမွ မဆုံျဖစ္ေပမယ့္ အဆက္အသြယ္ေတာ့ ရွိၾကပါတယ္။ သာသနာအတြက္ အားကုိးရတဲ့ဆရာေတာ္ေတြဆုိေတာ့ စိတ္ပူတာေပါ့။ ဂ်ာနယ္ထဲမွာ အရွင္ရာဇိႏၵ ဓာတ္ပုံျမင္ရတာ စိတ္မခ်မ္းသာဘူး။ ဂ်ာနယ္လစ္ေတြကုိေတာင္ စိတ္ထဲကေန အျပစ္တင္ေနမိတယ္။ ဒီပုံႀကီးကုိမွ ထည့္ရေကာင္းလားေပါ့။ ဘုန္းဘုန္းအိပ္မက္ထဲမွာ အရွင္ရာဇိႏၵ မပါေပမယ့္ အရွင္ရာဇိႏၵပါ ေဆးရုံတက္ရေၾကာင္း ေနာက္မွသိရတာ။ အရွင္ရာဇိႏၵက သူေရးတဲ့ စာအုပ္တစ္အုပ္ထဲမွာ ေအာ္တုိေရးၿပီး ဘုန္းဘုန္းထံ လက္ေဆာင္ပုိ႔ဖူးတယ္။ သူေရးထားတဲ့မွတ္တမ္းေလး က “အရွင့္လုိ သာသနာအတြက္ အက်ဳိးရွိမည့္ စာအုပ္မ်ဳိး ေရးလုိက္ခ်င္ပါရဲ႕”တဲ့။

ဂ်ာနယ္ေတြ ေျပာစကားအရ အသက္အႏၲရာယ္ မစုိးရိမ္ရလုိ႔ ေတာ္ေသးတယ္။ ေနာက္ေတာ့ ပရိသတ္ေတြ တုိးေဝွ႔လုယက္ၿပီး ဖူးေတြ႕ၾကတာ၊ စားစရာ၊ ေသာက္စရာ၊ ေဆးဝါးနဲ႔ လွဴဖြယ္ဝတၳဳေတြ လွဴၾကတာ၊ ေဆးရုံကဆင္းေတာ့ စင္းလုံးငွား ေလယာဥ္ႀကီးနဲ႔ျပန္သြားတာ Wheel Chair ေပၚမွာ က်ပ္ေငြႏွစ္သိန္းခြဲတန္ က်န္းမာေရးေလ့က်င့္မႈ ဖိနပ္စီးထားတာ၊ အရွင္ရာဇိႏၵႏွင့္အတူ ဆြမ္းဘုဥ္းေပးေနတာ ေတြကုိေတြ႕လုိက္ရတယ္။ ဒုတိယဝါကုိ အေမရိကန္မွာ ဝါကပ္မွာလည္း ဖတ္လုိက္ရတယ္။ စားစရာ ေသာက္စရာေတြကုိ ေဆးရုံက လူနာေတြကုိ ျပန္လွဴခဲ့ေၾကာင္းလည္း သိရတယ္။

ဘုန္းဘုန္းကေတာ့ အားလည္းက်ပါ့၊ သြားရည္လည္းက်ပါ့၊ ျပန္လွဴခဲ့တဲ့စားစရာေတြ သူတုိ႔ႏွစ္ပါး ဆြမ္းပြဲထဲက စားစရာေတြကုိ မ်က္စိထဲမွာ ျမင္ေရာင္ေနမိတယ္။ တကယ့္ကုိ တဝဲလည္လည္ပဲ၊ အဲဒီေနာက္ပုိင္းမွာေတာ့ ကံၾကမၼာရဲ႕ ဆန္းၾကယ္လြန္းပုံကုိ ဆင္ျခင္ၾကည့္ေနမိတယ္။ ညီေနာင္ႏွစ္ပါးနဲ႔ အဖြဲ႕ဟာ ဘုရားလက္ထက္က ဘုရားဖူးအဖြဲ႕ႀကဳံရသလုိမ်ဳိးပါပဲလားဆုိတဲ့ အေတြးနဲ႔ ကံၾကမၼာအေၾကာင္း ေျပာခ်င္လြန္းလုိ႔ ဒီစာမူကုိ ေရးလုိက္တာပါ။

“အေသဆန္းတဲ့ က်ီးကန္းငွက္”
ဗုဒၶဘုရားရွင္ လက္ထက္ေတာ္အခါတုန္းက အခုလုိ သီတင္းဝါလကၽြတ္ၿပီဆုိရင္ အနယ္နယ္အရပ္ ရပ္က ရဟန္းသံဃာေတြဟာ ဘုရားသီတင္းသုံးရာ ေက်ာင္းေတာ္ဆီသုိ႔ ဘုရားဖူးလာေရာက္တတ္ၾကတယ္။ အဲဒီဘုရားဖူးလာေရာက္ၾကတဲ့ ရဟန္းေတာ္ေတြထဲမွာ အဖြဲ႕သုံးဖြဲ႕ဟာ ထူးဆန္းတဲ့အျဖစ္အပ်က္ တကယ့္ျဖစ္ရပ္မွန္ေတြကုိ ကုိယ္တုိင္ကုိယ္က် ေတြ႕ႀကဳံခံစားခဲ့ရတယ္။

ပထမတစ္ဖြဲ႕က ေတာလမ္းကေန ၾကြလာခဲ့ၾကတယ္။ လမ္းခရီးရြာတစ္ရြာမွာ တစ္ေထာက္နား ၾကတယ္။ ရြာသူရြာသားေတြက ခ်က္ၾကျပဳတ္ၾက၊ ကပ္ၾက လွဴၾက၊ တရားနာၾကတာေပါ့။ အဲဒီအခ်ိန္မွာ အိမ္တစ္အိမ္ရဲ႕ ေခါင္မုိးကုိ မီးစြဲေလာင္သြားပါတယ္။ မီးက ေၾကာ္ေလွာ္ေနရင္း ဆီကုိ မီးကူးရာမွ ဆီအုိးမီးကေခါင္ကုိ တက္စြဲျခင္းျဖစ္ပါတယ္။ ေခါင္းမုိးေပၚမွာလည္း ျမက္ကရြတ္ေခြတစ္ခု ညွပ္ထားပါတယ္။ မီးဟာ ျမက္ကရြတ္ေခြကုိ ေလာင္ရာမွ ေလပါပါလာၿပီး ေလရဲ႕အဟုန္ေၾကာင့္ ျမက္ကရြက္ေခြဟာ မုိးေပၚပ်ံတက္သြားပါတယ္။ ျမင္ရသူအေပါင္းကေတာ့ မီးကြင္းပ်ံလုိ႔ ထင္ၾကတာေပါ့။ အဲဒီမီးကြင္းေလးဟာ ေကာင္းကင္မွာ ပ်ံေနတဲ့ က်ီးငွက္ကေလးရဲ႕ လည္ပင္းကုိ သြားစြပ္ပါတယ္။ ေသေသခ်ာခ်ာ ခ်ိန္ပစ္ရင္ လဲြဦးမယ္။ အခုေတာ့ ကြက္တိမွ တကယ့္ကုိ ကြက္တိပါပဲ။ က်ီးငွက္ကေလးဟာ မီးေလာင္ရာမွ မီးကြင္းနဲ႔အတူ ရြာထဲက်လာခဲ့ပါတယ္။ အဲဒီရႈခင္းကုိ ျမင္ရတဲ့ ပထမဘုရားဖူးအဖြဲ႕ ရဟန္းေတာ္ေတြဟာ ေၾသာ္ အကုသုိလ္ကံဟာ တယ္ေၾကာက္စရာေကာင္းပါတကား၊ က်ီးငွက္ကေလး ျပဳခဲ့တဲ့ ကံကုိ ဘုရားရွင္မွ တစ္ပါး သိႏုိင္မွာမဟုတ္ဘူး။ ဘုရားရွင္ကုိ ေလွ်ာက္ထားေမးျမန္းၾကည့္ရမယ္လုိ႔ ဆင္ျခင္ၿပီး အဲဒီရြာက ထြက္ခြါခဲ့ၾကပါတယ္။

“ကံထူးရွင္ ေလွသူႀကီးကေတာ္”
ဒုတိယဘုရားဖူးအဖြဲ႕ကေတာ့ ေရလမ္းကေန ၾကြလာခဲ့ၾကတာပါ။ လမ္းခရီး သမုဒၵရာထဲမွာ ေလွဟာ ဘယ္လုိမွခုတ္ေမာင္းလုိ႔မရဘဲ ေက်ာက္ခ်ထားသလုိႀကီး ရပ္ၿမဲရပ္ေနတယ္တဲ့။ အဲဒီေခတ္ အဲဒီအခါတုန္းက ခုလုိျဖစ္လာၿပီဆုိ လူယုတ္မာတစ္ေယာက္ ပါလာၿပီလုိ႔ ယူဆၿပီး ဘယ္သူ႔အကုသုိလ္ ေၾကာင့္ ဒီလုိျဖစ္ရတယ္ဆုိတာ သိရေအာင္ မဲႏႈိက္ေလ့ရွိၾကပါတယ္။ အဲဒီလုိ မဲႏႈိက္တဲ့အခါ ေလွသူႀကီး ကေတာ္က မဲေပါက္သြားပါတယ္။ ေလွသူႀကီးကေတာ္ မဲေပါက္တာဆုိေတာ့ ခရီးသည္ေတြကလည္း ေလွသူႀကီးမ်က္ႏွာကုိပဲ အရိပ္တၾကည့္ၾကည့္နဲ႔ေပါ့။ ေလွသူႀကီး ဘယ္လုိဆက္လုပ္မလဲဆုိတာ သိခ်င္ေနၾကလုိ႔ ေလွသူႀကီးကုိပဲ အကဲခတ္ေနၾကတယ္။ သူတုိ႔ရဲ႕ အသက္ဟာ ေလွသူႀကီးရဲ႕ လက္ထဲမွာပဲ ရွိတာဆုိေတာ့ ေလွသူႀကီးကုိပဲ အားကုိးေနၾကတာေပါ့။ ေလွသူႀကီးကလည္း သူ႔မိန္းမ မဲက်ေတာ့ ေနာက္ တစ္ႀကိမ္ထပ္ၿပီး မဲႏႈိက္ခုိင္းျပန္တယ္။ ေနာက္တစ္ႀကိမ္မွာလည္း ေလွသူႀကီးကေတာ္ပဲ မဲေပါက္ျပန္ပါတယ္။ ဒီလုိနဲ႔ သုံးႀကိမ္တုိင္တုိင္ မဲေဖာက္ရာ သုံးႀကိမ္လုံးလုံး ေလွသူႀကီးကေတာ္ပဲ မဲေပါက္ခဲ့ပါတယ္။ ခုေခတ္စကားနဲ႔ ေျပာရရင္ေတာ့ မဟာကံထူးရွင္ ေရြးခ်ယ္ပြဲႀကီးမွာ ေလွသူႀကီးကေတာ္ ေရြးခ်ယ္ခံရတယ္ေပါ့။

သုံးႀကိမ္ႀကီးဆုိေတာ့လည္း ေလွသူႀကီးခမ်ာ သူ႔မိန္းမကုိ မငဲ့ႏုိင္ရွာေတာ့ဘူးေပါ့။ တစ္ေယာက္အတြက္နဲ႔ လူအမ်ား အေသမခံႏုိင္ဘူး၊ သူမကုိပဲ ေရထဲခ်ပစ္ၾကပါလုိ႔ အမိန္႔ေပးရွာပါတယ္။ ေလွသူႀကီးကေတာ္ကလည္း ေၾကာက္အားလန္႔အားနဲ႔ တအားငုိရွာေတာ့တာေပါ့။ အဲဒီအခ်ိန္မွာ ေလွသူႀကီး ကေတာ္ဟာ ပထမအရြယ္ပဲ ရွိပါေသးတယ္။ အရြယ္ေကာင္းခ်ိန္ေပါ့။ ၿပီးေတာ့ ဒႆနီယာ-ရႈခ်င္စဖြယ္ လွပတယ္တဲ့။ ပါသာဒိကာ-ၾကည္လင္စဖြယ္ က်က္သေရရွိတယ္ တင့္တယ္တယ္တဲ့။ ေသြးႏုႏု သားႏုႏု လွပတင့္တယ္တဲ့ မိန္းမသားတစ္ေယာက္ကုိမွ ေရြးၿပီး မဲေပါက္ရတယ္လုိ႔ ကံၾကမၼာဟာ ရက္စက္လြန္းရာ ျဖစ္ေနပါေတာ့တယ္။

ဒီလုိနဲ႔ ေလွသူႀကီးကေတာ္ ဝတ္ဆင္ထားတဲ့ လက္ဝက္ရတနာေတြကုိ ျဖဳတ္ယူ ေလွသူႀကီး ကေတာ္ရဲ႕လည္ပင္းမွာ ႀကဳိးကြင္းစြပ္၊ တစ္ဖက္ႀကဳိးစကုိ သဲအုိးမွာခ်ည္ၿပီး ေလွသူႀကီးကေတာ္ကုိ ေရထဲပစ္ခ်လုိက္ၾကပါတယ္။ ေလွသူႀကီးကေတာ္ဟာ သဲအုိးနဲ႔အတူ ေရမွာျမဳပ္သြားၿပီး ငါးစာျဖစ္သြားရ ရွာပါတယ္။

ေလွေပၚမွာပါလာတဲ့ ဘုရားဖူးရဟန္းေတာ္ေတြဟာ ဒီျမင္ကြင္းကုိၾကည့္ၿပီး သံေဝဂႀကီးစြာ ရခဲ့ရွာပါတယ္။ ေလွသူႀကီးကေတာ္ရဲ႕ အတိတ္ကံကုိ ဘုရားထံေမွာက္ေရာက္ေတာ့မွပဲ ေမးေလွ်ာက္ ေတာ့မယ္လုိ႔ စိတ္ကူးထားၾကပါတယ္။

“မ်က္လွည့္ျပတဲ့ ေက်ာက္တုံးႀကီး”
တတိယဘုရားဖူးအဖြဲ႕ကေတာ့ ကုန္းလမ္းခရီးက လာၾကပါတယ္။ ေတာင္ေတြအထပ္ထပ္ ျဖတ္ေက်ာ္ၿပီးလာခဲ့ရတာပါ။ ရြာတစ္ရြာမွာ တစ္ေထာက္ဝင္နားၾကပါတယ္။ ရြာေက်ာင္းဆရာေတာ္ကလည္း ပ်ဴပ်ဴငွာငွာဧည့္ဝတ္ျပဳပါတယ္။ ေအးေအးခ်မ္းခ်မ္း ကမၼ႒ာန္းစီးျဖန္းရေအာင္ လုိဏ္ဂူတစ္ခုထဲမွာ ေနရာေပး လုိက္ပါတယ္။ အဲဒီလုိဏ္ဂူထဲမွာ ေညာင္ေစာင္း(ခုတင္)ခုနစ္လုံး အဆင္သင့္ရွိလုိ႔ ရဟန္းခုနစ္ပါး အဖြဲ႕ တစ္စုတစ္စည္းတည္း တည္းခုိႏုိင္ေအာင္ စီစဥ္ေပးတာပါ။ ဘုရားဖူး ရဟန္းေတာ္ခုနစ္ပါးလည္း ေအးေအးေဆးေဆး အနားယူက်ိန္းစက္ေတာ္မူပါတယ္။ ညဥ့္နက္ခ်ိန္ေရာက္ေတာ့ ေတာင္စြန္းေလာက္ရွိတဲ့ ေက်ာက္တုံးႀကီးတစ္တုံးဟာ ရဟန္းေတာ္ခုနစ္ပါး သီတင္းသုံးရာ လုိဏ္ဂူဝကုိ က်လာၿပီး ပိတ္မိရက္သား ျဖစ္သြားပါေတာ့တယ္။
ေတာေက်ာင္းရဟန္းေတာ္ေတြကလည္း အာဂႏၲဳ(ဧည့္သည္)ရဟန္းေတာ္ေတြ ခုလုိျဖစ္ရတာ ဘယ္စိတ္ေကာင္းႏုိင္ပါ့မလဲ။ ဒါေၾကာင့္ ရြာခုနစ္ရြာကုိ အကူအညီေတာင္းၿပီး ေက်ာက္တုံးႀကီးကုိ ဖယ္ရွားဖုိ႔ ႀကဳိးစားၾကပါတယ္။ ေက်ာက္တုံးႀကီးကေတာ့ ငုတ္တုတ္က ငုတ္တုတ္ပဲ နည္းနည္းေလးမွ မေရြ႕ဘူးတဲ့။ အထဲက ရဟန္းခုနစ္ပါးကလည္း တြန္းၾက၊ အျပင္က ရြာသားမ်ားကလည္း ဆြဲၾက ဖယ္ၾက လုပ္ၾကေပမယ့္ နည္းနည္းေလးမွ မလႈပ္ရွားဘူးတဲ့။ ဒီလုိနဲ႔ အစာငတ္ ေရငတ္နဲ႔ ခုနစ္ရက္တိတိ ဒုကၡေရာက္ခဲ့ပါတယ္။ ခုနစ္ရက္ျပည့္တဲ့အခါမွာေတာ့ ေက်ာက္တုံးႀကီး သူ႔အလုိလုိ လိမ့္သြားလုိ႔ ဂူေပါက္အလုိလုိ ပြင့္သြားပါေတာ့ တယ္။

အဲဒီေတာ့မွပဲ ရဟန္းေတာ္ခုနစ္ပါးဟာ အသက္ခ်မ္းသာရာရသြားပါေတာ့တယ္။ “ငါတုိ႔ရဲ႕ မေကာင္းမႈကံကုိ ဘုရားမွတစ္ပါး ဘယ္သူမွ မသိႏုိင္ဘူး၊ ဒါေၾကာင့္ ဘုရားထံေရာက္မွပဲ ေမးေလွ်ာက္ေတာ့ မယ္” ဆုိတဲ့အႀကံနဲ႔ ရဟန္းေတာ္ခုနစ္ပါးဟာ အဲဒီရြာက ထြက္လာၾကပါေတာ့တယ္။

ဒီဘုရားဖူးအဖြဲ႕ သုံးဖြဲ႕ဟာ ေဇတဝန္ေက်ာင္းမွာ စုံၾကပါတယ္။ သူတုိ႔ ေတြ႕ႀကဳံခံစားခဲ့ရတာေတြကုိ ဘုရားရွင္ထံ ေလွ်ာက္ထားၾကပါတယ္။ ဒီအခါ ဘုရားက က်ီးငွက္၊ ေလွသူႀကီးကေတာ္၊ ရဟန္းေတာ္ခုနစ္ပါး တုိ႔ရဲ႕ အတိတ္က အကုသုိလ္က်ဴးလြန္ပုံကုိ ခုလုိ မိန္႔ၾကားေတာ္မူပါတယ္။

“က်ီးငွက္ကေလးရဲ႕ ကံၾကမၼာ”
က်ီးငွက္ကေလးဟာ အတိတ္ဘဝတစ္ခုတုန္းက လယ္သမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ အဲဒီလယ္သမားမွာ ကပ္တတ္တတ္ ႏြားတစ္ေကာင္ရွိပါတယ္။ အဲဒီႏြားဟာ ဘယ္လုိရုိက္ေမာင္းေမာင္း မရုန္းဘူး မကဘူးတဲ့။ လယ္သမားက ရုိက္လုိက္ ႏြားကတစ္လွမ္း ႏွစ္လွမ္းေလာက္သြားလုိက္ ျပန္ဝပ္အိပ္လုိက္ လုပ္ေနပါသတဲ့။ ေနာက္ဆုံးေတာ့ လယ္သမားဟာ ေဒါသအမ်က္ထြက္လာၿပီး “ဒီေလာက္ေတာင္ အိပ္ခ်င္တဲ့ႏြား မထေသာအိပ္ျခင္းနဲ႔ အိပ္ရမယ္” လုိ႔ ႀကိမ္းဝါးကာ ေကာက္ရုိးေျခာက္ ေတြကုိ စုပုံ၊ ႀကဳိးေခြပုံစံလုပ္ ႏြားလည္ပင္းမွာ စြပ္ေပးလုိက္ၿပီး မီးတုိက္သတ္လုိက္ပါေတာ့တယ္။ ႏြားလည္း အဲဒီေနရာမွာပဲ မီးေလာင္ေသသြားရပါေတာ့တယ္။

ဒီအကုသုိလ္ကံေၾကာင့္ လယ္သမားဟာ ငရဲက်ခဲ့ရတယ္။ ငရဲမွ လြတ္ေတာ့လည္း က်ီးကန္းဘဝ ခုနစ္ဘဝမွာ ခုလုိ ခုနစ္ႀကိမ္တုိင္တုိင္ မီးကြင္းစြပ္ေသခဲ့ရတယ္။

က်ီးငွက္ကေလးရဲ႕ ကံၾကမၼာကုိ မွတ္မိလြယ္ေအာင္ ဘုန္းဘုန္းက သံေပါက္ကဗ်ာေလး စပ္ထားတယ္။ တပည့္မတုိ႔ အမွတ္တရျဖစ္တာေပါ့။ ဘုန္းဘုန္းကုိ အမွတ္ရတုိင္း ဒီကဗ်ာေလးရြတ္ဆုိၿပီး သတိသံေဝဂပြားလုိ႔ရတယ္ေလ။

က်ီးငွက္ကေလးဘာလုိ႔ေသ
မီးကြင္းစြပ္လုိ႔ေသ။
ဒီမီးကြင္းကုိ ဘယ္သူစြပ္
သူ႔အလုိလုိစြပ္။
က်ီးငွက္ကေလးရဲ႕ ကံၾကမၼာ
ဘုရားရွင္က ေဟာခဲ့တာ။
မီးကြင္းစြပ္ကာ ႏြားကုိသတ္
လူသားမဆန္ လုပ္ရပ္။
ႏြားသတ္သမား လူယုတ္မာ
ငရဲကုိသာ လားရတာ။
လြတ္လာျပန္က ခုနစ္ဘဝ
မီးကြင္းစြပ္ေသရ။။

“မခြဲႏုိင္ မခြါရက္ ခ်စ္တတ္သူ”
ေလွသူႀကီးကေတာ္ဟာ အတိတ္ဘဝတစ္ခုတုန္းက လယ္သူေဌးကေတာ္ ျဖစ္ခဲ့ပါတယ္။ အဲဒီအိမ္မွာလည္း အိမ္ေမြးေခြးတစ္ေကာင္ရွိပါတယ္။ အဲဒီေခြးဟာ လြန္ခဲ့တဲ့ တစ္ဘဝေက်ာ္တုန္းက လယ္သူေဌးကေတာ္ရဲ႕ လင္ေယာက်္ားျဖစ္ခဲ့ဖူးတဲ့ေခြးပါ။ အဲဒီဘဝတုန္းက ေရစက္ေၾကာင့္ ေခြးဟာ လယ္သူေဌးကေတာ္ကုိ သံေယာဇဥ္တြယ္ၿငိေနပါတယ္။ ဒါေၾကာင့္ ေခြးေလးဟာ လယ္သမားကေတာ္ ဘာလုပ္လုပ္ ဘယ္သြားသြား အရိပ္တၾကည့္ၾကည့္နဲ႔ ၾကည့္ေနပါတယ္။ ေနာက္ကေနလည္း တစ္ေကာက္ေကာက္ လုိက္ေနပါတယ္။ ၾကာေတာ့ ရြာက ရိပ္မိသြားၿပီး လယ္သူေဌးကေတာ္ကုိ စၾက ေနာက္ၾကပါေတာ့တယ္။ ေခြးနဲ႔ေပးစားတာ ေတာ့မဟုတ္ပါဘူး။ “ေခြးမုဆုိးေတာ့ ဒီေန႔ ေတာလုိက္သြားၿပီေဟ့၊ ငါတုိ႔ ဒီေန႔ အမဲဟင္းနဲ႔ ထမင္းစားရေတာ့မယ္” ဆုိၿပီး မၾကားတၾကားေျပာၿပီး တီးတုိးစၾကတာပါ။ သူေဌးကေတာ္ကလည္း လုိက္မလာေအာင္ ရုိက္ေယာင္ျပတာတုိ႔၊ ခဲေတြ တုတ္ေတြနဲ႔ ပစ္ေပါက္ ေျခာက္လွန္႔တာတုိ႔လုပ္ၿပီး ဟန္႔တားပါတယ္။ ေခြးေလးက လွည့္ျပန္မသြားဘဲ၊ ေနာက္ဆုတ္လုိက္၊ ျပန္လုိက္လုိက္၊ ရပ္ေနလုိက္၊ ျပန္လုိက္လုိက္ လုပ္ေနပါတယ္။ လူတစ္ေယာက္ အေပၚမွာ ထားတဲ့ ေခြးတစ္ေကာင္ရဲ႕ သံေယာဇဥ္လုိ႔ ေျပာရမွာေပါ့။ ဒီသံေယာဇဥ္၊ ဒီအၾကင္နာ၊ ဒီေမတၱာတရားေၾကာင့္ ေခြးေလးက သူေဌးကေတာ္နားက ဘယ္လုိမွ မခြာႏုိင္တာ ျဖစ္ပါတယ္။ မခြဲႏုိင္၊ မခြာရက္ အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္ရတဲ့သူလုိ႔ ေျပာရမွာေပါ့ေနာ္။

“အရွက္နဲ႔ အမ်က္ေၾကာင့္ ရက္စက္မိသူ”
သူေဌးကေတာ္ဟာ ေခြးေၾကာင့္ ရွက္လည္းရွက္၊ ေဒါသလည္းထြက္ ျဖစ္လာၿပီး တစ္ေန႔မွာ သူေဌးထံ ယာဂု(ဆန္ျပဳတ္)ပုိ႔ၿပီးအျပန္ ေခြးကုိ လုပ္ႀကံလုိက္ပါေတာ့တယ္။ လုပ္ႀကံပုံက အုိးအလြတ္တစ္လုံးနဲ႔ ႀကဳိးတစ္ေခ်ာင္းကုိ ယူလာၿပီး အုိးထဲကုိ သဲအျပည့္ျဖည့္ၿပီး ႀကဳိးနဲ႔ခ်ည္လုိက္ပါတယ္။ ၿပီးမွ ေခြးကုိ ၾကင္နာဟန္နဲ႔ တအုိ႔အုိ႔ အသံျပဳၿပီး ေခၚလုိက္ပါတယ္။ ေခြးကေလးဟာ ဘဝေဟာင္းက ခ်စ္သူေဟာင္းရဲ႕ အသံကုိ ခ်ဳိၿမိန္စြာ ခံစားရၿပီဆုိၿပီး အၿမွီးကေလး လႈပ္ကာလႈပ္ကာနဲ႔ ခ်စ္ရသူထံ ခ်ဥ္းကပ္သြားပါတယ္။ ဒီအခါ သူေဌးကေတာ္က ေခြးလည္ပင္းမွာ သဲအုိးစြပ္ေပးလုိက္ၿပီး ေရထဲပစ္ခ်လုိက္ ပါေတာ့တယ္။ အခ်စ္ႀကီးတဲ့ ေခြးေလးဟာ သူ႔ခ်စ္သူရဲ႕ ရက္ရက္စက္စက္ လုပ္ႀကံသတ္ျဖတ္မႈကုိ ခံလုိက္ရပါေတာ့တယ္။ သူေဌးကေတာ္ရဲ႕ ဒီအကုသုိလ္ေၾကာင့္ ငရဲလားခဲ့ရၿပီး ငရဲမွလြတ္တဲ့အခါ ဘဝတစ္ရာလုံးလုံး သဲအုိးစြပ္ၿပီး ေရႏွစ္အသတ္ခံခဲ့ရပါတယ္။

ဒီအျဖစ္အပ်က္ကုိ အၿမဲတန္း သတိကပ္ႏုိင္ေအာင္ သံေပါက္ကဗ်ာေလး ေရးေပးလုိက္တယ္။ ကံတရားရဲ႕ ဆန္းၾကယ္ပုံကုိ သတိထားဆင္ျခင္ၾကည့္လုိ႔ရတာေပါ့။

ေလွသူႀကီးကေတာ္ဘာလုိ႔ေသ
သဲအုိးနစ္လုိ႔ေသ။
ဒီသဲအုိးကုိ ဘယ္သူစြပ္
ကံတရားက စြပ္။
ေလွသူႀကီးကေတာ္ရဲ႕ ကံၾကမၼာ
ဘုရားရွင္က ေဟာခဲ့တာ။
သဲအုိးစြပ္ကာ ေခြးကုိသတ္
လူသားမဆန္ လုပ္ရပ္။
ေခြးကုိသတ္တဲ့ ေမယုတ္မာ
ငရဲကုိသာ က်ရတာ။
ဘဝတစ္ရာ ၾကမၼာေၾကြး
သဲအုိးစြပ္ေသ ျပန္ဆပ္ေပး။
“အသားေကာင္းစားခ်င္တဲ့ ႏြားေက်ာင္းသားေတြ”

တရားနာပရိသတ္ထဲမွာပါတဲ့ ဂူေပါက္အပိတ္ခံရတဲ့ ရဟန္းေတာ္ခုနစ္ပါးရဲ႕ အတိတ္ဘဝအကုသုိလ္ အေၾကာင္းကုိေတာ့ အခုလုိ ေဟာေတာ္မူခဲ့ပါတယ္။

ရဟန္းေတာ္ခုနစ္ပါးဟာ အတိတ္ဘဝတစ္ခုမွာ ႏြားေက်ာင္းသား ခုနစ္ေယာက္ျဖစ္ခဲ့ပါတယ္။ အဲဒီ ႏြားေက်ာင္းသား ခုနစ္ေယာက္ဟာ ေတာအုပ္တစ္အုပ္လွ်င္ တစ္ရက္က်စီလွည့္ၿပီး ေတာအုပ္ခုနစ္အုပ္မွာ ႏြားေက်ာင္းၾကပါတယ္။ ေတာအုပ္တစ္ခုမွာ ႏြားေက်ာင္းရင္း ဖြတ္ႀကီးတစ္ေကာင္ကုိ ေတြ႕သြားပါတယ္။ ဖြတ္ေနာက္လုိက္ေတာ့ ဖြတ္ႀကီးက တြင္းထဲဝင္ေျပးသြားပါတယ္။ တြင္းမွာ အေပါက္ခုနစ္ေပါက္ရွိပါတယ္။ ႏြားေက်ာင္းသားခုနစ္ေယာက္က တက္ညီလက္ညီပဲ တစ္ေယာက္တစ္ေပါက္စီ ဖြတ္တြင္းကုိ ပိတ္လုိက္ၾက ပါတယ္။ ပိတ္တုန္းကေတာ့ ေနာက္ေန႔မွ ဖြင့္ၿပီး ဖမ္းစားဖုိ႔ ရည္ရြယ္တာပါ။ ဒါေပမဲ့ ေနာက္ေန႔မွာ တျခားေတာအုပ္တစ္ခုကုိ ေျပာင္းသြားရေတာ့ ဖြတ္တြင္းကုိ ေမ့သြားၾကပါတယ္။ ခုနစ္ရက္ျပည့္လုိ႔ ဖြတ္တြင္းရွိရာ ေတာအုပ္ကုိ ျပန္ေရာက္မွပဲ ဖြတ္တြင္းကုိ သတိရၾကပါေတာ့တယ္။ သတိရတာနဲ႔ ခ်က္ခ်င္းပဲ ကုိယ္ပိတ္ခဲ့တဲ့ အေပါက္ကုိ ကုိယ္ျပန္ဖြင့္ၾကပါတယ္။ ဖြတ္ႀကီးဟာ ခုနစ္ရက္လုံးလုံး အစာငတ္ ေရငတ္နဲ႔ ပိတ္ေလွာင္ေနရလုိ႔ အရုိးအေရပဲ ၾကြင္းက်န္ပါေတာ့တယ္။ စားခ်င္စဖြယ္ မရွိေတာ့ပါဘူး။ ယက္ကန္ယက္ကန္နဲ႔ ဒယိမ္းဒယုိင္ ထြက္လာတဲ့ ဖြတ္ႀကီးကုိ ျမင္ရေတာ့ ႏြားေက်ာင္းသားေတြဟာ သတ္မစားရက္ေတာ့ဘဲ ဖြတ္ႀကီးရဲ႕ ေက်ာကုန္းကေလးကုိ ပြတ္သပ္ၿပီး “ခ်မ္းသာစြာ သြားပါေစ”ဆုိၿပီး လႊတ္လုိက္ၾကပါတယ္။ ႏြားေက်ာင္းသားေတြဟာ ဖြတ္ကုိ မသတ္တဲ့အတြက္ ငရဲမက်ပါဘူး။ ဒါေပမဲ့ ဒီအကုသုိလ္ကံေၾကာင္ တစ္ဆယ့္ေလးဘဝတုိင္တုိင္ အခုလုိ အစာငတ္ ေရငတ္နဲ႔ ခုနစ္ရက္လုံးလုံး ပိတ္ေလွာင္ခံခဲ့ရပါတယ္။ အကုသုိလ္ကံဟာ ေၾကာက္စရာေကာင္းတဲ့ အေၾကာင္းေတြပါ။ ဒီဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး အလြယ္တကူနဲ႔ သတိသံေဝဂပြားရေအာင္ သံေပါက္ကဗ်ာေလး ေရးေပးလုိက္တယ္။ တူ တူမေလးေတြကုိ ရြတ္ျပလုိ႔ရတာေပါ့။

ဘုရားဖူးလာတဲ့ရဟန္းေတြ
ဂူထဲပိတ္မိေန။
ဒီဂူေပါက္ကုိ ဘယ္သူပိတ္
သူ႔အလုိလုိပိတ္။
ရဟန္းေတာ္မ်ားရဲ႕ ကံၾကမၼာ
ဘုရားရွင္မွ သိႏုိင္တာ။
ဘုရားရွင္က ေဟာေဖာ္ျပ
ႏြားေက်ာင္းသားဘဝ။
တြင္းေပါက္ပိတ္လုိ႔ ဖြတ္ကုိကြယ္
ေသေအာင္ညွဥ္းဆဲတယ္။
ခုနစ္ရက္လြန္မွ သတိရ
ဖြတ္တြင္း ဖြင့္ၾကည့္ၾက။
အစာေရငတ္တဲ့ ဖြတ္မွာကြယ္
ေသလုေမ်ာပါးရယ္။
ဒီကံေၾကြးေတြ ေပးဆပ္ရ
တစ္ဆယ့္ေလးဘဝ။

“ဥပေဒႏွစ္မ်ဳိး”
ေလာကဥပေဒနဲ႔ ဓမၼဥပေဒလုိ႔ ႏွစ္မ်ဳိးရွိပါတယ္။ ေလာကဥပေဒက ရဟန္းသံဃာတုိ႔ မိန္းမသားတုိ႔ဆုိ ဦးစားေပးတယ္။ ခ်မ္းသာေပးတယ္။ ေထာက္ထားငဲ့ညွာတယ္၊ အကာအကြယ္ေပးတယ္။ ေတာ္တန္ရုံေလာက္နဲ႔ အေရးမယူဘူး။ ဓမၼဥပေဒက်ေတာ့ ရဟန္းသံဃာဆုိၿပီးလည္း ဦးစားမေပးဘူး။ မိန္းမသားဆုိၿပီးလည္း ခ်မ္းသာမေပးဘူး။ အျပစ္ရွိသူ အားလုံးဟာ တစ္ေျပးညီပဲ။ မိန္းမသားကုိလည္း မညွာတာဘူး။ ရဟန္းသံဃာကုိလည္း မညွာတာဘူး။ ဓမၼဥပေဒမွာ လူမႈေရးဆုိတာ နားလည္မႈဆုိတာ မရွိဘူး။ ေယာက်္ားရင့္မာႀကီးပဲျဖစ္ျဖစ္၊ ေသြးသားႏုနယ္တဲ့ မိန္းမသားပဲျဖစ္ျဖစ္ အျပစ္ရွိရင္ေတာ့ ရွိတဲ့အတုိင္း နာနာက်င္က်င္ ျပင္းျပင္းထန္ထန္ တိတိက်က် ဆုံးမတတ္တယ္ဆုိတာကုိ ဒီဝတၳဳက သက္ေသျပသြားပါတယ္။

“ဘုရားေဟာေဒသနာ ၾကမၼာဝဋ္ေၾကြး ေျပးမလြတ္ပါ”
ေဒသနာေတာ္အဆုံးမွာေတာ့ ဘုရားက အခုလုိ ေဟာေတာ္မူခဲ့ပါတယ္။
န အႏၲလိေကၡ န သမုဒၵမေဇၥ်၊
န ပဗၺတာနံ ဝိဝရံ ပဝိႆ။
န ဝိဇၨတိ ေသာ ဇဂတိပၸေဒေသာ
ယတၳ႒ိေတာ မုေစၥယ် ပါပကမၼာ။
(တေယာဇနဝတၳဳ)(ဓမၼပဒ။၁၂၇။ဓမၼ႒။ ၂။၂၈။)
အဓိပၸါယ္ကေတာ့-
မုိးေပၚပ်ံတက္ေကာင္းကင္ ပတ္ေျပးေနလည္း ေသေဘး(ဝဋ္ေၾကြး)မွ မလြတ္ႏုိင္။ သမုဒၵရာ အလယ္ ေရဝယ္ငုတ္လွ်ဳိး ပုန္းကြယ္ေနလည္း ဝဋ္ေၾကြးမွ လြတ္ရုိးထုံးစံမရွိ။ ေတာင္ဝွမ္းလုိဏ္ဂူေတြထဲ ပုန္းေအာင္းခုိဝပ္ေနလည္း ဝဋ္ေၾကြးမွ မလြတ္ႏုိင္။ ေလာက၌ မေကာင္းမႈကံ(ဝဋ္ေၾကြး)မွ လြတ္ေသာအရပ္ ေဒသမည္သည္မရွိလုိ႔ ဆုိလုိပါတယ္။

ဘဝၾသဃာ၊ စၾကာရဟတ္၊ သုံးပါးဝဋ္တြင္၊ လူနတ္ျဗဟၼာ၊ သတၱဝါအား၊ ၾကမၼာအေလ်ာက္၊ အခါေရာက္က၊ ေျမေအာက္ပုန္းလွ်ဳိး၊ ခြန္အားကုိးလည္း၊ လြတ္ရုိးမထင္၊ ေရတြင္စုပ္စုပ္၊ နက္ရာငုတ္လည္း၊ လြတ္ရုပ္မျမင္၊ ေကာင္းကင္ပ်ံတက္၊ စက္ႏွယ္ပတ္လည္း၊ မလြတ္ႏွင္ႏွင္၊ ေသမင္းငင္ခဲ့၊ အရွင္စေတ၊ မေနရရာ၊ ခႏၶာၿပဳိကြဲ၊ ယြင္းေဖာက္လြဲသည္၊ ၾကဥ္ဖဲမေရွာင္စသာတည္း။

(အရွင္မဟာရ႒သာရ၊ ဘူရိဒတ္လကၤာႀကီး)
“ေလယာဥ္ပ်ံလည္း ေဝဟင္ယံမွာ မေသခင္ပဲ ပ်ံႏုိင္သည္”
ၿပီးခဲ့တဲ့ ဧၿပီ ေမလေလာက္တုန္းက ဂ်ာနယ္ထဲမွာသတင္းတစ္ပုဒ္ဖတ္လုိက္ရတယ္။ Air France Flight လုိင္းက အမွတ္ 44 ေလယာဥ္ႀကီး ပ်က္က်တဲ့သတင္းပါ။ ဘရာဇီးကေန ျပင္သစ္ကုိ ပ်ံသန္းေနစဥ္ ေကာင္းကင္မွာ ေပ်ာက္ဆုံးသြားတာ၊ ဆက္သြယ္ေရးျပတ္ေတာက္ၿပီး ေပ်ာက္ဆုံးသြားတာပဲ သိရတယ္။ ဘယ္မွာပ်က္တယ္၊ ဘယ္ထဲက်တယ္၊ ဘာေၾကာင့္ပ်က္တယ္ဆုိတာ လုံးဝမသိရပါဘူး။ မုိးႀကဳိးပစ္ခံရလုိ႔၊ မုန္တုိင္းမိလုိ႔၊ စက္ခ်ဳိ႕ယြင္းလုိ႔၊ အၾကမ္းဖက္ခံရလုိ႔ စုံေနတာပါပဲ ခန္႔မွန္းေနၾကတာ။ ေလယာဥ္ခရီးစဥ္ တစ္ေလွ်ာက္ မွတ္တမ္းတင္ထားတဲ့ Black Box ဆုိတဲ့ ေသတၱာနက္ကလည္း အစအနကုိ ရွာမေတြ႕ဘူး။ ေပ်ာက္ဆုံးေနတယ္။ ေနာက္ပုိင္းေရာက္ေတာ့ ေလယာဥ္ပ်က္ အပုိင္းအစေလးေတြကုိ အတၱလန္တိတ္ သမုဒၵရာထဲမွာ ရွာေတြ႕ၾကတယ္။ လူေပါင္း(၂၂၈)ေယာက္ေသတယ္။ အေလာင္းအနည္းအက်ဥ္းပဲ ရွာေတြ႕တယ္။ ခန္႔မွန္းရခက္တဲ့ ေလယာဥ္ပ်က္မႈႀကီးပါ။ အဲဒီထဲကေန ကံထူးရွင္ႏွစ္ေယာက္ လြတ္ေျမာက္ ခဲ့ပုံက ဆန္းၾကယ္လြန္းတယ္။ တကၠစီေနာက္က်လုိ႔ ေလဆိပ္ကုိ အခ်ိန္မီမေရာက္တဲ့ ဇနီးေမာင္ႏွံပါ။ အဲဒီခရီးစဥ္မွာ ခရီးသည္ တကယ္ပါရမွာက (၂၃၀)။ ဒီႏွစ္ေယာက္ေနာက္က်သြားလုိ႔ (၂၂၈)ေယာက္နဲ႔ပဲ ထြက္ခဲ့ရတာ။ ဒီႏွစ္ေယာက္သာ အခ်ိန္မီရင္(၂၃၀)လုံးေသမွာ။ ဒါ့ေၾကာင့္ ဒီေမာင္ႏွံႏွစ္ေယာက္ကုိ မဟာကံထူးရွင္လုိ႔ ေခၚၾကတာေပါ့။ ဒါေပမဲ့ တကယ္တမ္းက်ေတာ့ ႏွစ္ေယာက္လုံးကံထူးတာမဟုတ္ဘူး။ တစ္ေယာက္တည္းပဲ ကံထူးတာ။ ဘာေၾကာင့္လဲဆုိေတာ့ အဲဒီလင္မယားႏွစ္ေယာက္ဟာ တျခားေလယာဥ္နဲ႔ ျပန္သြားၿပီး တျခားႏုိင္ငံမွာ ကားခ်င္းတုိက္မိၾကရာမွ မယားေသသြားၿပီး လင္တစ္ေယာက္သာ က်န္ခဲ့လုိ႔ပဲ။

ေလယာဥ္ပ်က္က်ၿပီး ေသမယ့္ကံ မပါေပမယ့္ ကားတုိက္ၿပီး ေသရမယ့္ကံပါလာသူျဖစ္လုိ႔ ေလဆိပ္ကုိ ေနာက္က်မွေရာက္ရတာလည္းျဖစ္ႏုိင္တာပဲ။ ေလယာဥ္ပ်က္က်ၿပီး ေသဖုိ႔လည္း ကံမပါ။ ကားတုိက္ၿပီးေသဖုိ႔လည္း ကံမပါတဲ့ က်န္တစ္ေယာက္ရဲ႕ ဘုန္းကံေၾကာင့္ တကၠစီေနာက္က်တာလည္း ျဖစ္ႏုိင္တာပဲ။

ဘာပဲျဖစ္ျဖစ္ေလ ေသဖုိ႔ရာ ကံပါလာလုိ႔ကေတာ့ ဘယ္ခရီးနဲ႔ပဲသြားသြား ေသကုိ ေသရမယ္ဆုိတဲ့ သေဘာတရားကုိေတာ့ သိလုိက္ရတာေပါ့။က်န္ရစ္သူ တစ္ေယာက္ကေတာ့ စုိးရိမ္ဖြယ္မရွိ ဒဏ္ရာ အနာတရ အနည္းအက်ဥ္းရတယ္ ဆုိရုံေလာက္ပဲ ရခဲ့ပါတယ္။ သူကမွ တကယ့္မဟာကံထူးရွင္ အစစ္ျဖစ္ပါတယ္။ ေသေဘးကေန ႏွစ္ႀကိမ္တုိင္တုိင္ ပြတ္သီကတ္သီေလး လြတ္ေျမာက္ခဲ့ရသူပါ။

“လႈိင္ထိပ္ေခါင္ အမုိက္ကေလးကုိ ပိုက္ေထြးေတာ္မူလွည့္ပါ”
လႈိင္ထိပ္ေခါင္တင္လုိ႔ အမ်ားသိၾကတဲ့ လႈိင္ထိပ္ထား မင္းသမီးေလးအေၾကာင္းလည္း ေျပာခ်င္ေသးတယ္။ လႈိင္မင္းသမီးေလးဟာ သာယာဝတီမင္းနဲ႔ အေနာက္နန္းမိဖုရား မျမကေလးတုိ႔ရဲ႕ တစ္ဦးတည္းေသာ သမီးေလးေပါ့။ ငယ္နာမည္က မဖြားႀကီးပါ။ (၄)ႏွစ္သမီးအရြယ္မွာ ခမည္းေတာ္ သာယာဝတီမင္းက လႈိင္ၿမဳိ႕ကုိ ခ်ီးျမွင့္လုိ႔ လႈိင္ၿမဳိ႕စားမွ လႈိင္မင္းသမီးျဖစ္လာတာပါ။ ေနာင္အခါေတာ့ လႈိင္ထိပ္ေခါင္တင္ေပါ့။ (၄)ႏွစ္သမီးအရြယ္ေလးနဲ႔ ၿမဳိ႕စားအရာ ခ်ီးေျမွာက္ခံရလုိ႔ ကံေကာင္းသူလုိ႔ ဆုိႏုိင္ေပမယ့္ သူ႔ဘဝတစ္ဆစ္ခ်ဳိးမွာေတာ့ ကံၾကမၼာညွဳိးငယ္ရွာသူပါ။ လႈိင္မင္းသမီးေလး (၁၂)ႏွစ္အရြယ္မွာ အေမနဲ႔အဖြားအသတ္ခံရတယ္။ အရွင္လတ္လတ္ ေရခ်အသတ္ခံရတာ။ လႈိင္ေလးကုိ အေမ့ရင္ခြင္ထဲကေန အတင္းဆြဲထုတ္ၿပီး အေမနဲ႔အဖြားကုိေခၚသြားတာ ရင္နင့္စရာရႈခင္းပါ။ အေၾကာင္းျပတာကေတာ့ နန္းလုမႈမွာ ႀကံရာပါျဖစ္လုိ႔တဲ့။ တကယ္ေတာ့ မိဖုရားေခါင္ႀကီးက မနာလုိလုိ႔ သတ္တာပါ။ မနာလုိစရာ အေၾကာင္းကလည္း ရွိတယ္ေလ၊ သာယာဝတီမင္းက မိဖုရားေခါင္ႀကီးထက္ မျမကေလးကုိ ပုိခ်စ္ၿပီး ပုိအေရးေပးတာကုိး။ မျမကေလးတုိ႔ သားအမိကလည္း အလြန္တရာ သိမ္ေမြ႕ႏူးညံ့ၿပီး စိတ္ထားျဖဴစင္တဲ့ သူေတာ္ေကာင္းမိသားစုျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လက္ရဲဇက္ရဲႏုိင္တဲ့ မိဖုရားေခါင္ႀကီးက အလြယ္တကူ လုပ္ႀကံႏုိင္တာေပါ့။ အဲဒီအခ်ိန္မွာ ခမည္းေတာ္သာယာဝတီမင္းက စိတ္ေရာကုိယ္ပါ မက်န္းမာေတာ့တာမို႔ နန္းေရးနန္းရာမွာ ဘာဆုိဘာမွ သတိမရေတာ့ဘူး။ အခ်ဳပ္အျခာအာဏာဟာ မိဖုရားေခါင္ႀကီးတုိ႔ သားအမိရဲ႕ လက္ထဲမွာပဲ ရွိပါေတာ့တယ္။ ဒါကုိ အခြင့္ေကာင္းယူၿပီး မိဖုရားေခါင္ႀကီးက အျပတ္ရွင္းလုိက္တာပါ။

စဥ္းစားၾကည့္ပါ။ ခမည္းေတာ္ကလည္း ေၾကးျပာသာဒ္(အရူးေထာင္)ထဲမွာ ေရာက္ေန၊ မယ္ေတာ္နဲ႔ ဘြားေတာ္ကလည္း မ်က္စိေအာက္မွာ အသတ္ခံရ။ တရားနဲ႔ေျဖတတ္တဲ့ အရြယ္လည္းမဟုတ္။ တုံးတုိက္တုိက္ က်ားကုိက္ကုိက္ ရင္ဆုိင္ရေအာင္လည္း ေယာက်္ားသားမဟုတ္။ ေဒါင္က်က် ျပားက်က် ေနထုိင္ရေအာင္လည္း ေသြးသားႏုနယ္တဲ့မိန္းမသား ကေလးငယ္တစ္ေယာက္၊ အိမ္မွာတစ္ေယာက္တည္း က်န္ခဲ့တဲ့တစ္ေကာင္ၾကြက္ကေလး လႈိင္ထိပ္ေခါင္ အမုိက္ကေလးကုိ ပုိက္ေထြးေတာ္မူလွည့္ပါ မယ္ေတာ္ဘုရားလို႔ ေအာ္ဟစ္ၿပီး ညဥ့္နက္သန္းေခါင္မွာ ထ ငုိလုိ႔ငုိ၊ ေန႔မွာအစာမစားဘဲ ေနလုိ႔ေန ပါရမီရွင္ကေလးမုိ႔လုိ႔သာ၊ ေတာ္တန္ရုံလူဆုိ ေနရာမွာပဲ ရင္ကြဲေသမွာ အမွန္ပါ။ ဒီကေလးရဲ႕ ဘဝကုိ လူစိတ္ရွိတဲ့ ဘယ္သူမဆုိ ဘယ္လုိလုပ္ၾကည့္ရက္ႏုိင္မွာလဲ။ ရက္စက္တဲ့သူက ရက္စက္ရက္ေပမယ့္ ျမင္ရသူက မျမင္ရက္ႏုိင္ဘူး။ ဒါေၾကာင့္ မိဖုရားေခါင္ႀကီးရဲ႕ သမီးအႀကီးျဖစ္သူ စုဖုရားႀကီး(ေနာင္အခါ မင္းတုန္းမင္းရဲ႕ မိဖုရားေခါင္ စၾကာေဒဝီ)က လႈိင္ကေလးကုိ ေခၚယူေမြးစားလုိက္ပါေတာ့တယ္။

“မပဋာလက္သစ္ေလး လႈိင္ထိပ္ေခါင္”
သစ္ငုတ္ျမင့္တုံ ျမက္ျမင့္တုံဆုိတဲ့ စကားလုိပဲ လႈိင္ကေလးရဲ႕ ကံဇာတာက တက္လုိက္ က်လုိက္ေပါ့။ လႈိင္(၂၄)ႏွစ္အရြယ္မွာ ကေနာင္မင္းနဲ႔ လက္ဆက္ရလုိ႔ အိမ္ေရွ႕စံ မိဖုရားဘဝနဲ႔ နန္းစံခဲ့ရတယ္။ ဒါေပမဲ့ ခဏပါ။ လႈိင္ အသက္(၃၃)ႏွစ္မွာေတာ့ ျမင္ကြန္းျမင္းခုံတုိင္အေရးမွာ ကေနာင္ မင္းသားႀကီးလုပ္ႀကံခံရျပန္တယ္။ ေမာင္ေတာ္မရွိေတာ့တဲ့အခ်ိန္မွာ အိမ္ေရွ႕စံ မိဖုရားအရာမွ ေလွ်ာက်သြားၿပီး သာမန္နန္းတြင္းသူဘဝနဲ႔ပဲ အိမ္နိမ့္စံခဲ့ရပါေတာ့တယ္။ ေနာင္(၉)ႏွစ္အၾကာ လႈိင္ အသက္(၄၂)ႏွစ္အရြယ္မွာ ကံကုန္ခဲ့ရတယ္။ ဝဋ္ကၽြတ္သြားတယ္ဆုိရမွာေပါ့။ ေစာေစာစီးစီး ကံကုန္တာက ခပ္ေကာင္းေကာင္းပါ။ လႈိင္ ဆုံးၿပီးေနာက္ (၄)ႏွစ္အၾကာမွာ လႈိင္ရဲ႕ တစ္ဦးတည္းေသာသားေလးျဖစ္တဲ့ ထန္းတပင္မင္းသားေလးလည္း ကြပ္မ်က္ခံရပါေတာ့တယ္။ မင္းတုံးမင္း နတ္ရြာစံၿပီးစ နန္းလုပြဲမွာ အေခ်ာင္အသတ္ခံလုိက္ရတာပါ။ အဲဒီအခ်ိန္ လႈိင္ အသက္ရွင္ခဲ့ရင္ လႈိင္လည္း သူ႔သားႏွင့္အတူ အသတ္ခံရဦးမွာေပါ့။

အေဖကရူး၊ အေမနဲ႔အဖြားက အသတ္ခံရ၊ လင္ေတာ္ေမာင္ကလည္း လုပ္ႀကံခံရ၊ အမရပူရ မပဋာ၊ ရတနာပုံမပဋာ၊ ေခတ္သစ္ မပဋာလုိ႔ေတာင္ ဆုိရမလုိပါပဲ။

ေၾသာ္ သြားေလသူမ်ားက တဒဂၤတစ္ခဏသာ ခံစားၾကရေပမယ့္ က်န္ရစ္သူမွာေတာ့ ထာဝရ ဘဝတာ ခံစားခဲ့ရရွာပါတယ္။ သြားေလသူမ်ားက တစ္ခဏသာဆင္းရဲၾကေပမယ့္ က်န္ရစ္သူမွာေတာ့ ထာဝရ တစ္ဘဝလုံး ဆင္းရဲခဲ့ရရွာပါတယ္။ ခ်စ္သူနဲ႔ ေကြကြင္းရတာဆုိေတာ့ ဒါလည္း ဝဋ္ေၾကြး တစ္မ်ဳိးေပါ့။

“ႏွစ္ေလာင္းၿပဳိင္ လုိက္ ေသခ်င္သူေလး လႈိင္ထိပ္ေခါင္”
လႈိင့္ကုိေတာ့ နန္းတြင္းကသာမကဘဲ စာေပေလာကတစ္ခုလုံးကပါ ခ်စ္ခင္ေလးစားၾကပါတယ္။ လႈိင္က ကဗ်ာအရာ စာေပအႏုပညာမွာ ပါရမီရွင္ေလးတစ္ေယာက္ျဖစ္လုိ႔ပါပဲ။ နန္းတြင္းအမႈိက္ပုံႀကီးထဲက အျပစ္ကင္းစင္တဲ့ ပန္းေလးတစ္ပြင့္ ရနံ႔သင္းတဲ့ ပန္းေလးတစ္ပြင့္ေပါ့။ လႈိင္ရဲ႕ စာေပလက္ရာေတြကုိ ခုထိ အျမတ္တႏုိးနဲ႔ တန္ဖုိးထားေနၾကတုန္းပါ။ ေလညွင္းသယ္ပန္းေလးတစ္ပြင့္ရဲ႕ သတင္းေမႊးေလးတစ္ပုဒ္ေပါ့။ လုပ္ႀကံခံရတဲ့ ေမာင္ေတာ္ကေနာင္မင္းသားရဲ႕ ရုပ္ကလာပ္အေလာင္းေကာင္ကုိၾကည့္ရင္း ခံစားခ်က္ကုိ လက္တန္းစပ္ခဲ့တဲ့ ကဗ်ာေလးတစ္ပုဒ္ကုိ အမွတ္တရ ေဖာ္ျပလုိက္ပါတယ္။ ေသာကပုလဲသြယ္ ေလးခ်ဳိးကဗ်ာေလးပါ။ ဒီအခုိက္မွာ လႈိင္ဘယ္လုိခံစားရတယ္ဆုိတာ ကုိယ္ခ်င္းစာႏုိင္တာေပါ့။

အပုတ္ခ်ိန္ ကုိယ္ေတာ္က်ၿပီမုိ႔
ရုပ္အိမ္ေတာ္ ညဳိကာၾကြေသာ္လည္း
ငုိကာမွ မယ္မငုိ။
မႀကံတတ္ေလဘု
ဇရပ္မွာ ဧည့္သည္ဆုံးသည္သုိ႔
ဘုန္းျပဳသကုိ။
ထီးျဖဴေတာ္ ရွစ္ခ်က္က်င္းပါလုိ႔
ေက်ာက္နီတြင္ ေရႊတညင္းရယ္ႏွင့္
အမယ္မင္း သခင့္ကုိ
ေရႊဖုိႏွင့္ တင္ခ်င္သား။
ေၾကာင္းမခုိင္
မေပါင္းပုိင္ အေျခစုိက္တာေၾကာင့္
ႏွစ္ေလာင္းၿပဳိင္ ေသကာလုိက္ခ်င္ရဲ႕
ေသာင္းထုိက္ညာဖြား။ ။

ဝဋ္ေၾကြးရွိရင္ ေပးဆပ္ရၿမဲပါ။ ကံၾကမၼာဟာ ေသြးႏုသားႏု မိန္းမသားတစ္ေယာက္အေပၚမွာလည္း မညွာတာႏုိင္အားတဲ့အေၾကာင္း ေလွသူႀကီးကေတာ္ ဇာတ္လမ္းနဲ႔ ဆက္စပ္ၿပီး လႈိင္မင္းသမီးအေၾကာင္း ေျပာျဖစ္သြြားတာပါ။

“နာဂစ္ေဘးက လူႏွစ္ေယာက္”
၂၀၀၈ခုႏွစ္ေမလတုန္းက တုိက္ခတ္ခဲ့တဲ့ နာဂစ္မုန္တုိင္းေၾကာင့္ လူေပါင္းသိန္းခ်ီၿပီး အသက္ဆုံးရႈံးခဲ့ရတယ္။ ဒီအသက္လုပြဲမွာ ကံမေကာင္းသူေတြ၊ ဉာဏ္မေကာင္းသူေတြ၊ ကံေရာ ဉာဏ္ပါ မေကာင္းသူေတြက ေသေၾကဒုကၡေရာက္ၾကေပမယ့္ ကံေကာင္းသူေတြ၊ ဉာဏ္ေကာင္းသူေတြ၊ ကံေရာ ဉာဏ္ပါေကာင္းသူေတြက်ေတာ့ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ၾကတယ္။
ဘုန္းဘုန္းတုိ႔ နာဂစ္အေရးမွာ အခြင့္အလမ္းမရလုိ႔ ကုိယ္တုိင္ကုိယ္က် မေလ့လာခဲ့ရေပမယ့္ စာနယ္ဇင္းေတြထဲကေတာ့ ထုိက္သေလာက္ သိခြင့္ရခဲ့ပါတယ္။ ကံေကာင္းလုိ႔ လြတ္ေျမာက္ခဲ့သူေတြ၊ ဉာဏ္ေကာင္းလုိ႔ လြတ္ေျမာက္ခဲ့သူေတြ၊ ကံေရာဉာဏ္ပါေကာင္းၾကလုိ႔ လြတ္ေျမာက္ခဲ့သူေတြအေၾကာင္း ဖတ္ခြင့္ရခဲ့ပါတယ္။ ကံမေကာင္းလုိ႔ ေသၾကတဲ့အထဲမွာ ႏွစ္ေယာက္ကေတာ့ အေတာ္စိတ္ဝင္စားဖုိ႔ ေကာင္းတယ္။ မိန္းကေလးတစ္ေယာက္နဲ႔ အမ်ဳိးသားတစ္ေယာက္အေၾကာင္းပါ။

႐န္ကုန္ မိန္းကေလးတစ္ေယာက္ကေတာ့ မုန္တုိင္းၿပီးမွ သစ္ပင္ပိေသရတာပါ။ မုန္တုိင္း အတြင္းမွာေတာ့ အိမ္ေရာဆုိင္ပါ ဘာမွမျဖစ္ခဲ့ပါဘူး။ မုန္တုိင္းအၿပီးမွာ မိခင္ျဖစ္သူက အိမ္ေတာ့မုန္တုိင္းက လြတ္တယ္၊ ေစ်းဆုိင္ လြတ္မလြတ္သိခ်င္ေဇာနဲ႔ သမီးျဖစ္သူကုိ အျမန္သြားၾကည့္ခုိင္းလုိက္ပါတယ္။ ကေလးမေလးက ဆယ္တန္းေက်ာင္းသူေလးပါ။ ဆုိင္ကုိအသြားမွာ သစ္ပင္ပိေသခဲ့ရပါတယ္။ မုန္တုိင္း လည္းစဲသြားၿပီ၊ ေလလည္းမတုိက္ေတာ့ဘူး၊ ဒါေပမဲ့ သစ္ပင္ႀကီးကေကာင္မေလးအလာကုိ ေစာင့္ေန သလုိပဲ။ ခ်ိန္ကုိက္ဗုံးထက္ တိက်လြန္းပါတယ္။ တစ္စကၠန္႔ေလာက္ ေနာက္က်ရင္ပဲျဖစ္ျဖစ္ ေစာခဲ့ရင္ပဲ ျဖစ္ျဖစ္၊ အသက္ေဘးက လြတ္ႏုိင္တဲ့ အခြင့္အလမ္းရွိပါေသးတယ္။ ခုေတာ့ ကြက္တိမွ တကယ့္ကုိ ကြက္တိပါပဲ။ တမင္တကာလုပ္ႀကံရင္ေတာင္ ဒီလုိ အံဝင္ခြင္က် ျဖစ္ရင္မွျဖစ္မွာ။ ခုေတာ့ ကံၾကမၼာက ရုိက္ခ်က္သိပ္ေကာင္းလြန္းေတာ့ ဖန္ဆင္းရွင္ေတာင္ မ်က္လုံးျပဴးရမယ့္ပုံမ်ဳိး၊ ကံၾကမၼာဟာ ေၾကာက္ စရာႀကီးေနာ္။

ေနာက္အမ်ဳိးသားတစ္ေယာက္ေတာ့ ၿမဳိ႕ေလးတစ္ၿမဳိ႕ကပါ။ သြပ္ေတြက်လာတာကုိ လုိက္ေကာက္ရင္း သြပ္ပ်ံတစ္ခ်ပ္က အရွိန္နဲ႔က်လာၿပီး လည္ပင္းကုိ ခုတ္ထည့္လုိက္တာ ပြဲခ်င္းၿပီး ေသသြားခဲ့တယ္။ ေခါင္းျပတ္စမွာ ေခါင္းမပါတဲ့ ကုိယ္တစ္ပုိင္းက ေလးငါးဆယ္လွမ္းေလာက္ ေခါင္းျပတ္ရာ ႀကီးနဲ႔ ေျပးေနၿပီး ေနာက္မွ လဲက်သြားတာပါ။ ေခါင္းႀကီးကလည္း သြပ္ပ်ံနဲ႔အတူ ပန္းကန္ျပားပ်ံစီးသလုိ ပါသြားခဲ့ၿပီး သြပ္ျပားေရာေခါင္းပါ သစ္ပင္မွာ ခ်ိတ္တင္ေနတယ္တဲ့။ ဘယ္လက္ေျဖာင့္တပ္သားက ဒီေလာက္ကၽြမ္းက်င္မွာလဲ။ ဘယ္ပညာရွင္က ဒီလုိ လုပ္ႏုိင္မွာလဲ အေတာ္ဆန္းတယ္ေနာ္။

“အေၾကြးမယူေကာင္းသည့္အရာ”
အကုသုိလ္ဆုိတာ အျပဳလြယ္သေလာက္ အဖ်က္ခက္တယ္။ ေလာကေၾကြးပဲျဖစ္ျဖစ္၊ ဓမၼေၾကြးပဲ ျဖစ္ျဖစ္၊ ေၾကြးယူလြယ္သေလာက္ ေၾကြးဆပ္ခက္တယ္။ ဓမၼေၾကြးကေတာ့ ေလာကေၾကြးထက္ အတုိးလည္းမ်ားတယ္၊ အတုိးလည္းႀကီးတယ္။ ဓမၼၿမီရွင္က ေလာကၿမီရွင္ထက္ အေတာင္းၾကမ္းတယ္။ အေတာင္းပက္စက္တယ္။ လူေရွ႕ သူေရွ႕မေရွာင္၊ အရြယ္ႀကီးငယ္မေရွာင္၊ ေယာက်္ားမိန္းမ မခြဲျခားဘဲ ေသြးႏုႏု သားႏုႏုေလးမ်ားကုိေတာင္ မငဲ့ညွာ မစာနာအားဘဲ ရက္ရက္စက္စက္ ေတာင္းတတ္တယ္။ ေလာကအေၾကြးေတာင္းတဲ့ၿမီရွင္ေတြကုိ ေၾကြးရွင္က ပုန္းေရွာင္လုိ႔ရေကာင္းရမယ္။ ဓမၼအေၾကြးေတာင္းတဲ့ ကံၾကမၼာၿမီရွင္ေတြကုိေတာ့ ဝဋ္ေၾကြးရွင္ေတြက ေျပးေရွာင္ပုန္းလုိ႔ မလြတ္ႏုိင္ဘူး။ သူလာေတာင္းခ်ိန္မွာ ပုန္းေရွာင္ေျပးလုိ႔မရဘူး။
ေလာကမွာ အေၾကြးမယူထုိက္ဆုံးအရာဟာ အကုသုိလ္တရားပါ။ အေၾကြးမယူေကာင္းတဲ့အရာ ဟာလည္း အကုသုိလ္ပါပဲ။

“ဘုရားဖူးအဖြဲ႕ရဲ႕ အတိတ္ကံ”
ေရႊပါရမီေတာရဆရာေတာ္ေလးတုိ႔လည္း ဘုရားလက္ထက္က ရဟန္းေတာ္ခုနစ္ပါးလုိ ကံတူအက်ဳိးေပး တာလဲ ျဖစ္ႏုိင္တယ္ေနာ္။ ညီေနာင္ႏွစ္ပါးတင္မဟုတ္ဘဲ ဒကာ ငါးေယာက္ပါ ပါေသးတယ္။ နယ္ခံဆရာ ေတာ္ေတာင္ အဆစ္ပါသြားေသးတယ္။ ယာဥ္ကလည္း ဓာတ္ေလွကားမဟုတ္ဘူး။ ဝန္ခ်ီစက္ႀကီး။ ေပသုံးဆယ္လာက္ ျပဳတ္က်တယ္ဆုိေတာ့ ကုိင္ေဆာင့္ခံရသလုိ အေတာ္ခံရခက္ၾကမွာပဲ။ ေက်ာက္ပတ္တီး အေလးႀကီးကုိ လခ်ီ စည္းေႏွာင္ထားရတာလည္း အေတာ္ကုိ ကသိကေအာက္ႏုိင္မွာပါ။

ဒီဆရာေတာ္ေလးေတြဆုိ စာေရးေတာ့လည္း စကားလုံး အႏုအလွေလးေတြေရးၾက။ တရားေဟာ ေတာ့လည္း စကားလုံးလွလွေလးေတြ ေဟာၾက၊ ေဟာတဲ့တရားကလည္း သိမ္ေမြ႕နက္နဲ၊ ရုပ္ရည္ဥပဓိနဲ႔ အမူအရာေတြကလည္း သိမ္ေမြ႕ႏူးညံ့၊ ကုသုိလ္တရားေတြနဲ႔ ထုံမႊမ္းထားတဲ့ ႏွလုံးသားပုိင္ရွင္ေတြ၊ အမ်ဳိး ဘာသာ သာသနာအတြက္ အလွဴအတန္း ေပးကမ္းရက္ေရာတဲ့ ဒါနပါရမီရွင္ေတြ ျဖစ္ပါတယ္။

ေၾသာ္….သူတုိ႔ေလးေတြကုိမွ ေရြးၿပီးျဖစ္ရတယ္လုိ႔ ကံၾကမၼာရယ္ ရက္စက္လြန္းပါဘိ။ သူတုိ႔အစား ဘုန္းဘုန္းသာ ျဖစ္လုိက္ခ်င္ပါဘိေတာ့တယ္။ အင္းေလ ဘုန္းဘုန္းသာျဖစ္ရင္ ဒီဆရာေတာ္ေလးေတြလုိ ကရုဏာသက္ခံရမွာ မဟုတ္ဘူး။ လက္ခုပ္လက္ဝါးတီးၿပီး မုဒိတာအပြားခံရမွာ ျမင္ေရာင္မိေသးတယ္။ ဘာ့ေၾကာင့္လဲဆုိေတာ့ ဘုန္းဘုန္းကုိ တအားနင္းခ်စ္တဲ့သူေတြက နည္းမွ မနည္းပဲကုိး။

“မိန္းကေလးေတြ သတိထား”
ဓမၼပဒလာ တေယာဇနဝတၳဳထဲက လယ္သမားဟာ အမ်က္ေၾကာင့္၊ လယ္သမားကေတာ္ဟာ အရွက္ေၾကာင့္၊ ႏြားေက်ာင္းသားေတြဟာ ရမၼက္ေလာဘေၾကာင့္ စိတ္လုိက္မာန္ပါ လုပ္မိခဲ့ၾကလုိ႔ ခုလုိ ျပန္လည္ေပးဆပ္ရတာပါ။

ဒါေၾကာင့္ ဘယ္လုိအေၾကာင္းပဲျဖစ္ျဖစ္ စိတ္လုိက္မာန္ပါ မလုပ္မိဖုိ႔ သတိေပးရျခင္း ျဖစ္ပါတယ္။ ဒါလည္း တပည့္ေတြမုိ႔ ေျပာရတာပါ။ ခုေခတ္မိန္းကေလးေတြက ကိုယ့္ရင္ေသြးေလာင္းကုိ ကုိယ္ျပန္သတ္မိ ေနၾကတယ္။ ေစာင့္စည္းရမယ့္ တာဝန္က် ပ်က္ကြက္ၿပီး အၿပဳိင္အဆုိင္ ရင္ေသြးေလာင္းကုိ သတ္ပစ္ေနတဲ့ မိန္းမယုတ္ေတြကုိ သင္ဓုန္းသြားငရဲက ႀကဳိဆုိေနမွာပါ။ ငရဲက လြတ္ရင္လည္း မိန္းမသားနဲ႔ မတန္တဲ့ ေလာကဓံေတြကုိ ေသြးႏုသားႏု ဘဝမ်ဳိးနဲ႔ ခံၾကေပဦးေရာ့ေပါ့။

“အတုိးႀကီးလြန္းတဲ့ အေၾကြးေတြ”
ႏြားကုိသတ္တာ တစ္ခါတည္းပါ၊
ကုိယ့္က်ေတာ့ ခုနစ္ဘဝျပန္ခံရတယ္။
ေခြးကုိသတ္တာ တစ္ခါတည္းပါ၊
ကုိယ့္က်ေတာ့ ဘဝတစ္ရာ ျပန္ခံရတယ္။
ဖြတ္ကုိညွဥ္းတာ တစ္ခါတည္းပါ၊
ကုိယ့္က်ေတာ့ တစ္ဆယ့္ေလးဘဝ ျပန္ခံရတယ္။
မတန္လုိက္တာေနာ္။
ဘယ္လုိပဲျဖစ္ျဖစ္ေလ မိႏု သူ႔ေၾကြးရွိရင္ ျပန္ဆပ္လုိက္ဆုိတဲ့ နန္းမေတာ္မယ္ႏုကုိ ဆရာေတာ္ဦးဗုဓ္ ဆုံးမတဲ့စကားလုိေပါ့ အကုသုိလ္က်ဴးလြန္ၿပီးၿပီဆုိရင္ေတာ့ ခံဖုိ႔သာျပင္ထားေပေရာ့ပဲ။

ေညာင္ပင္သာဆရာေတာ္ တပည့္မမုိးမုိး၊ တပည့္ မငယ္ငယ္နဲ႔ေညာင္ပင္သာရြာသူရြာသား အေပါင္းတုိ႔ က်န္းမာ ခ်မ္းသာ ေဘးရန္ကြာ၍ လုိရာဆႏၵျပည့္ဝၾကပါေစ။

အေၾကြးေတြကုိ
ေပးဆပ္ေနတဲ့
ဘုန္းဘုန္း
ဝီရသူ(မစုိးရိမ္)
29.9.2009

(ဤစာမူသည္ ဆရာေတာ္ဦးဝီရသူ မႏၲေလး အုိးဘုိအက်ဥ္းေထာင္တြင္ သီတင္းသုံးေနထုိင္ရစဥ္ 28.9.2009 ႏွင့္ 29.9.2009 ရက္ေန႔မွာ ေရးသားခဲ့တဲ့ ေဆာင္းပါးျဖစ္ပါသည္။ လစဥ္ ပုံမွန္ေထာင္ဝင္စာ လာေတြ႕ေသာ ေရႊဘုိၿမဳိ႕နယ္၊ ေညာင္ပင္သာေက်းရြာေန တပည့္မ မုိးမိုးႏွင့္ တပည့္မ မငယ္တုိ႔ထံ ေရးသားေပးပုိ႔ေသာ အိတ္ဖြင့္ေပးစာ ျဖစ္ပါသည္။ စာဖတ္ပရိသတ္ႀကီး သတိသံေဝဂပြားႏုိင္ေစရန္ ျပန္လည္ တင္ျပေပးလုိက္ပါသည္။)

အယ္ဒီတာအဖြဲ႕
မဟာဝီရ ရသစုံ မဂၢဇင္း

 

“ကြမ္မာဝဋ်ကြွေး ပြေးမလွတ်ပါ”

တပည့်မ မမိုးနှင့် တပည့်မ မငယ်တို့ထံ ဘုန်းဘုန်းစာရေးလိုက်ပါတယ်။ ရေးချင်တာကတော့ ကြာပါပြီ။ ၆-လပိုင်းကတည်းက ရေးချင်နေတာ။ ဒီကြားထဲမှာ တခြားအလုပ်တွေ လုပ်နေရတာနဲ့ ပူနေလို့ နားနေရတာကြောင့် မရေးဖြစ်တာ။

(၅-၆-၂၀၀၉) နေ့တုန်းကပေါ့ ဘုန်းဘုန်းအိပ်မက်ထဲမှာ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကကို မြင်လိုက်ရတယ်။ ခြေထောက်မှာလည်း ပတ်တီးကြီးနဲ့ လက်မှာလည်း ပွန်းရာ ခြစ်ရာတွေနဲ့၊ ဒါနဲ့ ဘုန်းဘုန်းလဲ တပည့်တွေကို ပြောပြပြီး စုံစမ်းခိုင်းရတယ်။ အဲဒီတော့မှပဲ အကြောင်းစုံသိရတော့တယ်။ (၅.၆.၂၀၀၉)နေ့မှာ ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိကနဲ့ ရဝေနွယ်(အင်းမ)ဆရာတော် အရှင်ရာဇိန္ဒတို့ အမှူးပြုတဲ့ ဘုရားဖူးအဖွဲ့တစ်ဖွဲ့လုံး ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီး ဓာတ်လှေကား အရှိန်နဲ့ လျှောကျရာမှ ဒဏ်ရာများ ရခဲ့ကြောင်း၊ မန္တလေးဆေးရုံကြီးမှာ ဆေးကုသခံယူနေကြောင်း၊ ဒကာငါးယောက်နှင့် နယ်ခံဆရာတော်တစ်ပါးလည်း အသီးသီးဒဏ်ရာ ရကြကြောင်း၊ အရှင်ဆန္ဒာဓိက ညာဘက်ဒူးနဲ့ ခြေကျင်းဝတ်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရကြောင်း၊ အရှင်ရာဇိန္ဒကတော့ ညာခြေကျိုးသွားလို့ စတီးချောင်းထည့်ထားရကြောင်း သိရတော့တယ်။ ဂျာနယ်တွေထဲမှာလည်း ဓာတ်ပုံတွေနဲ့ ဖော်ပြတာတွေ့ရတယ်။

ဘုန်းဘုန်းလည်း အိပ်မက်မက်ပြီး စိတ်ပူတာနဲ့ အရှင်ဆန္ဒာဓိကထံစာရေးပြီး အားပေးလိုက်သေးတယ်။ အရှင်ဆန္ဒာဓိကကတော့ လောကဓံကို မှုပုံမရဘူး။ သွားတိုက်နေပုံကိုတောင် ဓာတ်ပုံရိုက်ခိုင်းနေလို့ ထိုင်စောင့်နေရသေးတယ်လို့ တပည့်မောင်ဝင်းညွန့်က ပြောပြလို့ သိရတယ်။ ဂျာနယ်ထဲမှာလည်း ပြုံးလို့ ရွှင်လို့ အတွေ့အကြုံသစ်တစ်ခုရကြောင်း ပြောပြနေတာ တွေ့ရတယ်။ လောကဓံကို အပြုံးနဲ့ ကြိုဆိုထွေးပိုက်နိုင်လို့ တရားသမားပီသတယ်လို့ ပြောရမှာပေါ့။

တပည့်မောင်ဝင်းညွန့်ကို ဘုန်းဘုန်းအကြောင်းတွေလည်း စိတ်ဝင်တစား မေးတယ်လို့ သိရတယ်။ ကျန်းမာရေးကောင်းရဲ့လား၊ ဘယ်မြို့မှာနေရလဲ၊ ဘယ်လိုစား၊ ဘယ်လိုနေရလဲ၊ အဆင်ပြေရဲ့လား၊ ဘာလိုသေးလဲ အစုံပဲ ဂရုတစိုက်မေးတယ်လို့ သိရတယ်။ ဘုန်းဘုန်းတို့က လူချင်း တစ်ခါမှ မဆုံဖြစ်ပေမယ့် အဆက်အသွယ်တော့ ရှိကြပါတယ်။ သာသနာအတွက် အားကိုးရတဲ့ဆရာတော်တွေဆိုတော့ စိတ်ပူတာပေါ့။ ဂျာနယ်ထဲမှာ အရှင်ရာဇိန္ဒ ဓာတ်ပုံမြင်ရတာ စိတ်မချမ်းသာဘူး။ ဂျာနယ်လစ်တွေကိုတောင် စိတ်ထဲကနေ အပြစ်တင်နေမိတယ်။ ဒီပုံကြီးကိုမှ ထည့်ရကောင်းလားပေါ့။ ဘုန်းဘုန်းအိပ်မက်ထဲမှာ အရှင်ရာဇိန္ဒ မပါပေမယ့် အရှင်ရာဇိန္ဒပါ ဆေးရုံတက်ရကြောင်း နောက်မှသိရတာ။ အရှင်ရာဇိန္ဒက သူရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ အော်တိုရေးပြီး ဘုန်းဘုန်းထံ လက်ဆောင်ပို့ဖူးတယ်။ သူရေးထားတဲ့မှတ်တမ်းလေး က “အရှင့်လို သာသနာအတွက် အကျိုးရှိမည့် စာအုပ်မျိုး ရေးလိုက်ချင်ပါရဲ့”တဲ့။

ဂျာနယ်တွေ ပြောစကားအရ အသက်အန္တရာယ် မစိုးရိမ်ရလို့ တော်သေးတယ်။ နောက်တော့ ပရိသတ်တွေ တိုးဝှေ့လုယက်ပြီး ဖူးတွေ့ကြတာ၊ စားစရာ၊ သောက်စရာ၊ ဆေးဝါးနဲ့ လှူဖွယ်ဝတ္ထုတွေ လှူကြတာ၊ ဆေးရုံကဆင်းတော့ စင်းလုံးငှား လေယာဉ်ကြီးနဲ့ပြန်သွားတာ Wheel Chair ပေါ်မှာ ကျပ်ငွေနှစ်သိန်းခွဲတန် ကျန်းမာရေးလေ့ကျင့်မှု ဖိနပ်စီးထားတာ၊ အရှင်ရာဇိန္ဒနှင့်အတူ ဆွမ်းဘုဉ်းပေးနေတာ တွေကိုတွေ့လိုက်ရတယ်။ ဒုတိယဝါကို အမေရိကန်မှာ ဝါကပ်မှာလည်း ဖတ်လိုက်ရတယ်။ စားစရာ သောက်စရာတွေကို ဆေးရုံက လူနာတွေကို ပြန်လှူခဲ့ကြောင်းလည်း သိရတယ်။

ဘုန်းဘုန်းကတော့ အားလည်းကျပါ့၊ သွားရည်လည်းကျပါ့၊ ပြန်လှူခဲ့တဲ့စားစရာတွေ သူတို့နှစ်ပါး ဆွမ်းပွဲထဲက စားစရာတွေကို မျက်စိထဲမှာ မြင်ရောင်နေမိတယ်။ တကယ့်ကို တဝဲလည်လည်ပဲ၊ အဲဒီနောက်ပိုင်းမှာတော့ ကံကြမ္မာရဲ့ ဆန်းကြယ်လွန်းပုံကို ဆင်ခြင်ကြည့်နေမိတယ်။ ညီနောင်နှစ်ပါးနဲ့ အဖွဲ့ဟာ ဘုရားလက်ထက်က ဘုရားဖူးအဖွဲ့ကြုံရသလိုမျိုးပါပဲလားဆိုတဲ့ အတွေးနဲ့ ကံကြမ္မာအကြောင်း ပြောချင်လွန်းလို့ ဒီစာမူကို ရေးလိုက်တာပါ။

“အသေဆန်းတဲ့ ကျီးကန်းငှက်”
ဗုဒ္ဓဘုရားရှင် လက်ထက်တော်အခါတုန်းက အခုလို သီတင်းဝါလကျွတ်ပြီဆိုရင် အနယ်နယ်အရပ် ရပ်က ရဟန်းသံဃာတွေဟာ ဘုရားသီတင်းသုံးရာ ကျောင်းတော်ဆီသို့ ဘုရားဖူးလာရောက်တတ်ကြတယ်။ အဲဒီဘုရားဖူးလာရောက်ကြတဲ့ ရဟန်းတော်တွေထဲမှာ အဖွဲ့သုံးဖွဲ့ဟာ ထူးဆန်းတဲ့အဖြစ်အပျက် တကယ့်ဖြစ်ရပ်မှန်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရတယ်။

ပထမတစ်ဖွဲ့က တောလမ်းကနေ ကြွလာခဲ့ကြတယ်။ လမ်းခရီးရွာတစ်ရွာမှာ တစ်ထောက်နား ကြတယ်။ ရွာသူရွာသားတွေက ချက်ကြပြုတ်ကြ၊ ကပ်ကြ လှူကြ၊ တရားနာကြတာပေါ့။ အဲဒီအချိန်မှာ အိမ်တစ်အိမ်ရဲ့ ခေါင်မိုးကို မီးစွဲလောင်သွားပါတယ်။ မီးက ကြော်လှော်နေရင်း ဆီကို မီးကူးရာမှ ဆီအိုးမီးကခေါင်ကို တက်စွဲခြင်းဖြစ်ပါတယ်။ ခေါင်းမိုးပေါ်မှာလည်း မြက်ကရွတ်ခွေတစ်ခု ညှပ်ထားပါတယ်။ မီးဟာ မြက်ကရွတ်ခွေကို လောင်ရာမှ လေပါပါလာပြီး လေရဲ့အဟုန်ကြောင့် မြက်ကရွက်ခွေဟာ မိုးပေါ်ပျံတက်သွားပါတယ်။ မြင်ရသူအပေါင်းကတော့ မီးကွင်းပျံလို့ ထင်ကြတာပေါ့။ အဲဒီမီးကွင်းလေးဟာ ကောင်းကင်မှာ ပျံနေတဲ့ ကျီးငှက်ကလေးရဲ့ လည်ပင်းကို သွားစွပ်ပါတယ်။ သေသေချာချာ ချိန်ပစ်ရင် လွဲဦးမယ်။ အခုတော့ ကွက်တိမှ တကယ့်ကို ကွက်တိပါပဲ။ ကျီးငှက်ကလေးဟာ မီးလောင်ရာမှ မီးကွင်းနဲ့အတူ ရွာထဲကျလာခဲ့ပါတယ်။ အဲဒီရှုခင်းကို မြင်ရတဲ့ ပထမဘုရားဖူးအဖွဲ့ ရဟန်းတော်တွေဟာ သြော် အကုသိုလ်ကံဟာ တယ်ကြောက်စရာကောင်းပါတကား၊ ကျီးငှက်ကလေး ပြုခဲ့တဲ့ ကံကို ဘုရားရှင်မှ တစ်ပါး သိနိုင်မှာမဟုတ်ဘူး။ ဘုရားရှင်ကို လျှောက်ထားမေးမြန်းကြည့်ရမယ်လို့ ဆင်ခြင်ပြီး အဲဒီရွာက ထွက်ခွါခဲ့ကြပါတယ်။

“ကံထူးရှင် လှေသူကြီးကတော်”
ဒုတိယဘုရားဖူးအဖွဲ့ကတော့ ရေလမ်းကနေ ကြွလာခဲ့ကြတာပါ။ လမ်းခရီး သမုဒ္ဒရာထဲမှာ လှေဟာ ဘယ်လိုမှခုတ်မောင်းလို့မရဘဲ ကျောက်ချထားသလိုကြီး ရပ်မြဲရပ်နေတယ်တဲ့။ အဲဒီခေတ် အဲဒီအခါတုန်းက ခုလိုဖြစ်လာပြီဆို လူယုတ်မာတစ်ယောက် ပါလာပြီလို့ ယူဆပြီး ဘယ်သူ့အကုသိုလ် ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ သိရအောင် မဲနှိုက်လေ့ရှိကြပါတယ်။ အဲဒီလို မဲနှိုက်တဲ့အခါ လှေသူကြီး ကတော်က မဲပေါက်သွားပါတယ်။ လှေသူကြီးကတော် မဲပေါက်တာဆိုတော့ ခရီးသည်တွေကလည်း လှေသူကြီးမျက်နှာကိုပဲ အရိပ်တကြည့်ကြည့်နဲ့ပေါ့။ လှေသူကြီး ဘယ်လိုဆက်လုပ်မလဲဆိုတာ သိချင်နေကြလို့ လှေသူကြီးကိုပဲ အကဲခတ်နေကြတယ်။ သူတို့ရဲ့ အသက်ဟာ လှေသူကြီးရဲ့ လက်ထဲမှာပဲ ရှိတာဆိုတော့ လှေသူကြီးကိုပဲ အားကိုးနေကြတာပေါ့။ လှေသူကြီးကလည်း သူ့မိန်းမ မဲကျတော့ နောက် တစ်ကြိမ်ထပ်ပြီး မဲနှိုက်ခိုင်းပြန်တယ်။ နောက်တစ်ကြိမ်မှာလည်း လှေသူကြီးကတော်ပဲ မဲပေါက်ပြန်ပါတယ်။ ဒီလိုနဲ့ သုံးကြိမ်တိုင်တိုင် မဲဖောက်ရာ သုံးကြိမ်လုံးလုံး လှေသူကြီးကတော်ပဲ မဲပေါက်ခဲ့ပါတယ်။ ခုခေတ်စကားနဲ့ ပြောရရင်တော့ မဟာကံထူးရှင် ရွေးချယ်ပွဲကြီးမှာ လှေသူကြီးကတော် ရွေးချယ်ခံရတယ်ပေါ့။

သုံးကြိမ်ကြီးဆိုတော့လည်း လှေသူကြီးခမျာ သူ့မိန်းမကို မငဲ့နိုင်ရှာတော့ဘူးပေါ့။ တစ်ယောက်အတွက်နဲ့ လူအများ အသေမခံနိုင်ဘူး၊ သူမကိုပဲ ရေထဲချပစ်ကြပါလို့ အမိန့်ပေးရှာပါတယ်။ လှေသူကြီးကတော်ကလည်း ကြောက်အားလန့်အားနဲ့ တအားငိုရှာတော့တာပေါ့။ အဲဒီအချိန်မှာ လှေသူကြီး ကတော်ဟာ ပထမအရွယ်ပဲ ရှိပါသေးတယ်။ အရွယ်ကောင်းချိန်ပေါ့။ ပြီးတော့ ဒဿနီယာ-ရှုချင်စဖွယ် လှပတယ်တဲ့။ ပါသာဒိကာ-ကြည်လင်စဖွယ် ကျက်သရေရှိတယ် တင့်တယ်တယ်တဲ့။ သွေးနုနု သားနုနု လှပတင့်တယ်တဲ့ မိန်းမသားတစ်ယောက်ကိုမှ ရွေးပြီး မဲပေါက်ရတယ်လို့ ကံကြမ္မာဟာ ရက်စက်လွန်းရာ ဖြစ်နေပါတော့တယ်။

ဒီလိုနဲ့ လှေသူကြီးကတော် ဝတ်ဆင်ထားတဲ့ လက်ဝက်ရတနာတွေကို ဖြုတ်ယူ လှေသူကြီး ကတော်ရဲ့လည်ပင်းမှာ ကြိုးကွင်းစွပ်၊ တစ်ဖက်ကြိုးစကို သဲအိုးမှာချည်ပြီး လှေသူကြီးကတော်ကို ရေထဲပစ်ချလိုက်ကြပါတယ်။ လှေသူကြီးကတော်ဟာ သဲအိုးနဲ့အတူ ရေမှာမြုပ်သွားပြီး ငါးစာဖြစ်သွားရ ရှာပါတယ်။

လှေပေါ်မှာပါလာတဲ့ ဘုရားဖူးရဟန်းတော်တွေဟာ ဒီမြင်ကွင်းကိုကြည့်ပြီး သံဝေဂကြီးစွာ ရခဲ့ရှာပါတယ်။ လှေသူကြီးကတော်ရဲ့ အတိတ်ကံကို ဘုရားထံမှောက်ရောက်တော့မှပဲ မေးလျှောက် တော့မယ်လို့ စိတ်ကူးထားကြပါတယ်။
“မျက်လှည့်ပြတဲ့ ကျောက်တုံးကြီး”

တတိယဘုရားဖူးအဖွဲ့ကတော့ ကုန်းလမ်းခရီးက လာကြပါတယ်။ တောင်တွေအထပ်ထပ် ဖြတ်ကျော်ပြီးလာခဲ့ရတာပါ။ ရွာတစ်ရွာမှာ တစ်ထောက်ဝင်နားကြပါတယ်။ ရွာကျောင်းဆရာတော်ကလည်း ပျူပျူငှာငှာဧည့်ဝတ်ပြုပါတယ်။ အေးအေးချမ်းချမ်း ကမ္မဋ္ဌာန်းစီးဖြန်းရအောင် လိုဏ်ဂူတစ်ခုထဲမှာ နေရာပေး လိုက်ပါတယ်။ အဲဒီလိုဏ်ဂူထဲမှာ ညောင်စောင်း(ခုတင်)ခုနစ်လုံး အဆင်သင့်ရှိလို့ ရဟန်းခုနစ်ပါး အဖွဲ့ တစ်စုတစ်စည်းတည်း တည်းခိုနိုင်အောင် စီစဉ်ပေးတာပါ။ ဘုရားဖူး ရဟန်းတော်ခုနစ်ပါးလည်း အေးအေးဆေးဆေး အနားယူကျိန်းစက်တော်မူပါတယ်။ ညဉ့်နက်ချိန်ရောက်တော့ တောင်စွန်းလောက်ရှိတဲ့ ကျောက်တုံးကြီးတစ်တုံးဟာ ရဟန်းတော်ခုနစ်ပါး သီတင်းသုံးရာ လိုဏ်ဂူဝကို ကျလာပြီး ပိတ်မိရက်သား ဖြစ်သွားပါတော့တယ်။

တောကျောင်းရဟန်းတော်တွေကလည်း အာဂန္တု(ဧည့်သည်)ရဟန်းတော်တွေ ခုလိုဖြစ်ရတာ ဘယ်စိတ်ကောင်းနိုင်ပါ့မလဲ။ ဒါကြောင့် ရွာခုနစ်ရွာကို အကူအညီတောင်းပြီး ကျောက်တုံးကြီးကို ဖယ်ရှားဖို့ ကြိုးစားကြပါတယ်။ ကျောက်တုံးကြီးကတော့ ငုတ်တုတ်က ငုတ်တုတ်ပဲ နည်းနည်းလေးမှ မရွေ့ဘူးတဲ့။ အထဲက ရဟန်းခုနစ်ပါးကလည်း တွန်းကြ၊ အပြင်က ရွာသားများကလည်း ဆွဲကြ ဖယ်ကြ လုပ်ကြပေမယ့် နည်းနည်းလေးမှ မလှုပ်ရှားဘူးတဲ့။ ဒီလိုနဲ့ အစာငတ် ရေငတ်နဲ့ ခုနစ်ရက်တိတိ ဒုက္ခရောက်ခဲ့ပါတယ်။ ခုနစ်ရက်ပြည့်တဲ့အခါမှာတော့ ကျောက်တုံးကြီး သူ့အလိုလို လိမ့်သွားလို့ ဂူပေါက်အလိုလို ပွင့်သွားပါတော့ တယ်။

အဲဒီတော့မှပဲ ရဟန်းတော်ခုနစ်ပါးဟာ အသက်ချမ်းသာရာရသွားပါတော့တယ်။ “ငါတို့ရဲ့ မကောင်းမှုကံကို ဘုရားမှတစ်ပါး ဘယ်သူမှ မသိနိုင်ဘူး၊ ဒါကြောင့် ဘုရားထံရောက်မှပဲ မေးလျှောက်တော့ မယ်” ဆိုတဲ့အကြံနဲ့ ရဟန်းတော်ခုနစ်ပါးဟာ အဲဒီရွာက ထွက်လာကြပါတော့တယ်။

ဒီဘုရားဖူးအဖွဲ့ သုံးဖွဲ့ဟာ ဇေတဝန်ကျောင်းမှာ စုံကြပါတယ်။ သူတို့ တွေ့ကြုံခံစားခဲ့ရတာတွေကို ဘုရားရှင်ထံ လျှောက်ထားကြပါတယ်။ ဒီအခါ ဘုရားက ကျီးငှက်၊ လှေသူကြီးကတော်၊ ရဟန်းတော်ခုနစ်ပါး တို့ရဲ့ အတိတ်က အကုသိုလ်ကျူးလွန်ပုံကို ခုလို မိန့်ကြားတော်မူပါတယ်။

“ကျီးငှက်ကလေးရဲ့ ကံကြမ္မာ”
ကျီးငှက်ကလေးဟာ အတိတ်ဘဝတစ်ခုတုန်းက လယ်သမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီလယ်သမားမှာ ကပ်တတ်တတ် နွားတစ်ကောင်ရှိပါတယ်။ အဲဒီနွားဟာ ဘယ်လိုရိုက်မောင်းမောင်း မရုန်းဘူး မကဘူးတဲ့။ လယ်သမားက ရိုက်လိုက် နွားကတစ်လှမ်း နှစ်လှမ်းလောက်သွားလိုက် ပြန်ဝပ်အိပ်လိုက် လုပ်နေပါသတဲ့။ နောက်ဆုံးတော့ လယ်သမားဟာ ဒေါသအမျက်ထွက်လာပြီး “ဒီလောက်တောင် အိပ်ချင်တဲ့နွား မထသောအိပ်ခြင်းနဲ့ အိပ်ရမယ်” လို့ ကြိမ်းဝါးကာ ကောက်ရိုးခြောက် တွေကို စုပုံ၊ ကြိုးခွေပုံစံလုပ် နွားလည်ပင်းမှာ စွပ်ပေးလိုက်ပြီး မီးတိုက်သတ်လိုက်ပါတော့တယ်။ နွားလည်း အဲဒီနေရာမှာပဲ မီးလောင်သေသွားရပါတော့တယ်။

ဒီအကုသိုလ်ကံကြောင့် လယ်သမားဟာ ငရဲကျခဲ့ရတယ်။ ငရဲမှ လွတ်တော့လည်း ကျီးကန်းဘဝ ခုနစ်ဘဝမှာ ခုလို ခုနစ်ကြိမ်တိုင်တိုင် မီးကွင်းစွပ်သေခဲ့ရတယ်။

ကျီးငှက်ကလေးရဲ့ ကံကြမ္မာကို မှတ်မိလွယ်အောင် ဘုန်းဘုန်းက သံပေါက်ကဗျာလေး စပ်ထားတယ်။ တပည့်မတို့ အမှတ်တရဖြစ်တာပေါ့။ ဘုန်းဘုန်းကို အမှတ်ရတိုင်း ဒီကဗျာလေးရွတ်ဆိုပြီး သတိသံဝေဂပွားလို့ရတယ်လေ။

ကျီးငှက်ကလေးဘာလို့သေ
မီးကွင်းစွပ်လို့သေ။
ဒီမီးကွင်းကို ဘယ်သူစွပ်
သူ့အလိုလိုစွပ်။
ကျီးငှက်ကလေးရဲ့ ကံကြမ္မာ
ဘုရားရှင်က ဟောခဲ့တာ။
မီးကွင်းစွပ်ကာ နွားကိုသတ်
လူသားမဆန် လုပ်ရပ်။
နွားသတ်သမား လူယုတ်မာ
ငရဲကိုသာ လားရတာ။
လွတ်လာပြန်က ခုနစ်ဘဝ
မီးကွင်းစွပ်သေရ။။

“မခွဲနိုင် မခွါရက် ချစ်တတ်သူ”
လှေသူကြီးကတော်ဟာ အတိတ်ဘဝတစ်ခုတုန်းက လယ်သူဌေးကတော် ဖြစ်ခဲ့ပါတယ်။ အဲဒီအိမ်မှာလည်း အိမ်မွေးခွေးတစ်ကောင်ရှိပါတယ်။ အဲဒီခွေးဟာ လွန်ခဲ့တဲ့ တစ်ဘဝကျော်တုန်းက လယ်သူဌေးကတော်ရဲ့ လင်ယောကျ်ားဖြစ်ခဲ့ဖူးတဲ့ခွေးပါ။ အဲဒီဘဝတုန်းက ရေစက်ကြောင့် ခွေးဟာ လယ်သူဌေးကတော်ကို သံယောဇဉ်တွယ်ငြိနေပါတယ်။ ဒါကြောင့် ခွေးလေးဟာ လယ်သမားကတော် ဘာလုပ်လုပ် ဘယ်သွားသွား အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေပါတယ်။ နောက်ကနေလည်း တစ်ကောက်ကောက် လိုက်နေပါတယ်။ ကြာတော့ ရွာက ရိပ်မိသွားပြီး လယ်သူဌေးကတော်ကို စကြ နောက်ကြပါတော့တယ်။ ခွေးနဲ့ပေးစားတာ တော့မဟုတ်ပါဘူး။ “ခွေးမုဆိုးတော့ ဒီနေ့ တောလိုက်သွားပြီဟေ့၊ ငါတို့ ဒီနေ့ အမဲဟင်းနဲ့ ထမင်းစားရတော့မယ်” ဆိုပြီး မကြားတကြားပြောပြီး တီးတိုးစကြတာပါ။ သူဌေးကတော်ကလည်း လိုက်မလာအောင် ရိုက်ယောင်ပြတာတို့၊ ခဲတွေ တုတ်တွေနဲ့ ပစ်ပေါက် ခြောက်လှန့်တာတို့လုပ်ပြီး ဟန့်တားပါတယ်။ ခွေးလေးက လှည့်ပြန်မသွားဘဲ၊ နောက်ဆုတ်လိုက်၊ ပြန်လိုက်လိုက်၊ ရပ်နေလိုက်၊ ပြန်လိုက်လိုက် လုပ်နေပါတယ်။ လူတစ်ယောက် အပေါ်မှာ ထားတဲ့ ခွေးတစ်ကောင်ရဲ့ သံယောဇဉ်လို့ ပြောရမှာပေါ့။ ဒီသံယောဇဉ်၊ ဒီအကြင်နာ၊ ဒီမေတ္တာတရားကြောင့် ခွေးလေးက သူဌေးကတော်နားက ဘယ်လိုမှ မခွာနိုင်တာ ဖြစ်ပါတယ်။ မခွဲနိုင်၊ မခွာရက် အရိပ်တကြည့်ကြည့်နဲ့ ချစ်ရတဲ့သူလို့ ပြောရမှာပေါ့နော်။

“အရှက်နဲ့ အမျက်ကြောင့် ရက်စက်မိသူ”
သူဌေးကတော်ဟာ ခွေးကြောင့် ရှက်လည်းရှက်၊ ဒေါသလည်းထွက် ဖြစ်လာပြီး တစ်နေ့မှာ သူဌေးထံ ယာဂု(ဆန်ပြုတ်)ပို့ပြီးအပြန် ခွေးကို လုပ်ကြံလိုက်ပါတော့တယ်။ လုပ်ကြံပုံက အိုးအလွတ်တစ်လုံးနဲ့ ကြိုးတစ်ချောင်းကို ယူလာပြီး အိုးထဲကို သဲအပြည့်ဖြည့်ပြီး ကြိုးနဲ့ချည်လိုက်ပါတယ်။ ပြီးမှ ခွေးကို ကြင်နာဟန်နဲ့ တအို့အို့ အသံပြုပြီး ခေါ်လိုက်ပါတယ်။ ခွေးကလေးဟာ ဘဝဟောင်းက ချစ်သူဟောင်းရဲ့ အသံကို ချိုမြိန်စွာ ခံစားရပြီဆိုပြီး အမြှီးကလေး လှုပ်ကာလှုပ်ကာနဲ့ ချစ်ရသူထံ ချဉ်းကပ်သွားပါတယ်။ ဒီအခါ သူဌေးကတော်က ခွေးလည်ပင်းမှာ သဲအိုးစွပ်ပေးလိုက်ပြီး ရေထဲပစ်ချလိုက် ပါတော့တယ်။ အချစ်ကြီးတဲ့ ခွေးလေးဟာ သူ့ချစ်သူရဲ့ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရပါတော့တယ်။ သူဌေးကတော်ရဲ့ ဒီအကုသိုလ်ကြောင့် ငရဲလားခဲ့ရပြီး ငရဲမှလွတ်တဲ့အခါ ဘဝတစ်ရာလုံးလုံး သဲအိုးစွပ်ပြီး ရေနှစ်အသတ်ခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ကို အမြဲတန်း သတိကပ်နိုင်အောင် သံပေါက်ကဗျာလေး ရေးပေးလိုက်တယ်။ ကံတရားရဲ့ ဆန်းကြယ်ပုံကို သတိထားဆင်ခြင်ကြည့်လို့ရတာပေါ့။

လှေသူကြီးကတော်ဘာလို့သေ
သဲအိုးနစ်လို့သေ။
ဒီသဲအိုးကို ဘယ်သူစွပ်
ကံတရားက စွပ်။
လှေသူကြီးကတော်ရဲ့ ကံကြမ္မာ
ဘုရားရှင်က ဟောခဲ့တာ။
သဲအိုးစွပ်ကာ ခွေးကိုသတ်
လူသားမဆန် လုပ်ရပ်။
ခွေးကိုသတ်တဲ့ မေယုတ်မာ
ငရဲကိုသာ ကျရတာ။
ဘဝတစ်ရာ ကြမ္မာကြွေး
သဲအိုးစွပ်သေ ပြန်ဆပ်ပေး။

“အသားကောင်းစားချင်တဲ့ နွားကျောင်းသားတွေ”
တရားနာပရိသတ်ထဲမှာပါတဲ့ ဂူပေါက်အပိတ်ခံရတဲ့ ရဟန်းတော်ခုနစ်ပါးရဲ့ အတိတ်ဘဝအကုသိုလ် အကြောင်းကိုတော့ အခုလို ဟောတော်မူခဲ့ပါတယ်။

ရဟန်းတော်ခုနစ်ပါးဟာ အတိတ်ဘဝတစ်ခုမှာ နွားကျောင်းသား ခုနစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဲဒီ နွားကျောင်းသား ခုနစ်ယောက်ဟာ တောအုပ်တစ်အုပ်လျှင် တစ်ရက်ကျစီလှည့်ပြီး တောအုပ်ခုနစ်အုပ်မှာ နွားကျောင်းကြပါတယ်။ တောအုပ်တစ်ခုမှာ နွားကျောင်းရင်း ဖွတ်ကြီးတစ်ကောင်ကို တွေ့သွားပါတယ်။ ဖွတ်နောက်လိုက်တော့ ဖွတ်ကြီးက တွင်းထဲဝင်ပြေးသွားပါတယ်။ တွင်းမှာ အပေါက်ခုနစ်ပေါက်ရှိပါတယ်။ နွားကျောင်းသားခုနစ်ယောက်က တက်ညီလက်ညီပဲ တစ်ယောက်တစ်ပေါက်စီ ဖွတ်တွင်းကို ပိတ်လိုက်ကြ ပါတယ်။ ပိတ်တုန်းကတော့ နောက်နေ့မှ ဖွင့်ပြီး ဖမ်းစားဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ နောက်နေ့မှာ တခြားတောအုပ်တစ်ခုကို ပြောင်းသွားရတော့ ဖွတ်တွင်းကို မေ့သွားကြပါတယ်။ ခုနစ်ရက်ပြည့်လို့ ဖွတ်တွင်းရှိရာ တောအုပ်ကို ပြန်ရောက်မှပဲ ဖွတ်တွင်းကို သတိရကြပါတော့တယ်။ သတိရတာနဲ့ ချက်ချင်းပဲ ကိုယ်ပိတ်ခဲ့တဲ့ အပေါက်ကို ကိုယ်ပြန်ဖွင့်ကြပါတယ်။ ဖွတ်ကြီးဟာ ခုနစ်ရက်လုံးလုံး အစာငတ် ရေငတ်နဲ့ ပိတ်လှောင်နေရလို့ အရိုးအရေပဲ ကြွင်းကျန်ပါတော့တယ်။ စားချင်စဖွယ် မရှိတော့ပါဘူး။ ယက်ကန်ယက်ကန်နဲ့ ဒယိမ်းဒယိုင် ထွက်လာတဲ့ ဖွတ်ကြီးကို မြင်ရတော့ နွားကျောင်းသားတွေဟာ သတ်မစားရက်တော့ဘဲ ဖွတ်ကြီးရဲ့ ကျောကုန်းကလေးကို ပွတ်သပ်ပြီး “ချမ်းသာစွာ သွားပါစေ”ဆိုပြီး လွှတ်လိုက်ကြပါတယ်။ နွားကျောင်းသားတွေဟာ ဖွတ်ကို မသတ်တဲ့အတွက် ငရဲမကျပါဘူး။ ဒါပေမဲ့ ဒီအကုသိုလ်ကံကြောင် တစ်ဆယ့်လေးဘဝတိုင်တိုင် အခုလို အစာငတ် ရေငတ်နဲ့ ခုနစ်ရက်လုံးလုံး ပိတ်လှောင်ခံခဲ့ရပါတယ်။ အကုသိုလ်ကံဟာ ကြောက်စရာကောင်းတဲ့ အကြောင်းတွေပါ။ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး အလွယ်တကူနဲ့ သတိသံဝေဂပွားရအောင် သံပေါက်ကဗျာလေး ရေးပေးလိုက်တယ်။ တူ တူမလေးတွေကို ရွတ်ပြလို့ရတာပေါ့။

ဘုရားဖူးလာတဲ့ရဟန်းတွေ
ဂူထဲပိတ်မိနေ။
ဒီဂူပေါက်ကို ဘယ်သူပိတ်
သူ့အလိုလိုပိတ်။
ရဟန်းတော်များရဲ့ ကံကြမ္မာ
ဘုရားရှင်မှ သိနိုင်တာ။
ဘုရားရှင်က ဟောဖော်ပြ
နွားကျောင်းသားဘဝ။
တွင်းပေါက်ပိတ်လို့ ဖွတ်ကိုကွယ်
သေအောင်ညှဉ်းဆဲတယ်။
ခုနစ်ရက်လွန်မှ သတိရ
ဖွတ်တွင်း ဖွင့်ကြည့်ကြ။
အစာရေငတ်တဲ့ ဖွတ်မှာကွယ်
သေလုမျောပါးရယ်။
ဒီကံကြွေးတွေ ပေးဆပ်ရ
တစ်ဆယ့်လေးဘဝ။
“ဥပဒေနှစ်မျိုး”

လောကဥပဒေနဲ့ ဓမ္မဥပဒေလို့ နှစ်မျိုးရှိပါတယ်။ လောကဥပဒေက ရဟန်းသံဃာတို့ မိန်းမသားတို့ဆို ဦးစားပေးတယ်။ ချမ်းသာပေးတယ်။ ထောက်ထားငဲ့ညှာတယ်၊ အကာအကွယ်ပေးတယ်။ တော်တန်ရုံလောက်နဲ့ အရေးမယူဘူး။ ဓမ္မဥပဒေကျတော့ ရဟန်းသံဃာဆိုပြီးလည်း ဦးစားမပေးဘူး။ မိန်းမသားဆိုပြီးလည်း ချမ်းသာမပေးဘူး။ အပြစ်ရှိသူ အားလုံးဟာ တစ်ပြေးညီပဲ။ မိန်းမသားကိုလည်း မညှာတာဘူး။ ရဟန်းသံဃာကိုလည်း မညှာတာဘူး။ ဓမ္မဥပဒေမှာ လူမှုရေးဆိုတာ နားလည်မှုဆိုတာ မရှိဘူး။ ယောကျ်ားရင့်မာကြီးပဲဖြစ်ဖြစ်၊ သွေးသားနုနယ်တဲ့ မိန်းမသားပဲဖြစ်ဖြစ် အပြစ်ရှိရင်တော့ ရှိတဲ့အတိုင်း နာနာကျင်ကျင် ပြင်းပြင်းထန်ထန် တိတိကျကျ ဆုံးမတတ်တယ်ဆိုတာကို ဒီဝတ္ထုက သက်သေပြသွားပါတယ်။
“ဘုရားဟောဒေသနာ ကြမ္မာဝဋ်ကြွေး ပြေးမလွတ်ပါ”

ဒေသနာတော်အဆုံးမှာတော့ ဘုရားက အခုလို ဟောတော်မူခဲ့ပါတယ်။
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော
ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။
(တယောဇနဝတ္ထု)(ဓမ္မပဒ။၁၂၇။ဓမ္မဋ္ဌ။ ၂။၂၈။)
အဓိပ္ပါယ်ကတော့-
မိုးပေါ်ပျံတက်ကောင်းကင် ပတ်ပြေးနေလည်း သေဘေး(ဝဋ်ကြွေး)မှ မလွတ်နိုင်။ သမုဒ္ဒရာ အလယ် ရေဝယ်ငုတ်လျှိုး ပုန်းကွယ်နေလည်း ဝဋ်ကြွေးမှ လွတ်ရိုးထုံးစံမရှိ။ တောင်ဝှမ်းလိုဏ်ဂူတွေထဲ ပုန်းအောင်းခိုဝပ်နေလည်း ဝဋ်ကြွေးမှ မလွတ်နိုင်။ လောက၌ မကောင်းမှုကံ(ဝဋ်ကြွေး)မှ လွတ်သောအရပ် ဒေသမည်သည်မရှိလို့ ဆိုလိုပါတယ်။
ဘဝသြဃာ၊ စကြာရဟတ်၊ သုံးပါးဝဋ်တွင်၊ လူနတ်ဗြဟ္မာ၊ သတ္တဝါအား၊ ကြမ္မာအလျောက်၊ အခါရောက်က၊ မြေအောက်ပုန်းလျှိုး၊ ခွန်အားကိုးလည်း၊ လွတ်ရိုးမထင်၊ ရေတွင်စုပ်စုပ်၊ နက်ရာငုတ်လည်း၊ လွတ်ရုပ်မမြင်၊ ကောင်းကင်ပျံတက်၊ စက်နှယ်ပတ်လည်း၊ မလွတ်နှင်နှင်၊ သေမင်းငင်ခဲ့၊ အရှင်စတေ၊ မနေရရာ၊ ခန္ဓာပြိုကွဲ၊ ယွင်းဖောက်လွဲသည်၊ ကြဉ်ဖဲမရှောင်စသာတည်း။

(အရှင်မဟာရဋ္ဌသာရ၊ ဘူရိဒတ်လင်္ကာကြီး)
“လေယာဉ်ပျံလည်း ဝေဟင်ယံမှာ မသေခင်ပဲ ပျံနိုင်သည်”
ပြီးခဲ့တဲ့ ဧပြီ မေလလောက်တုန်းက ဂျာနယ်ထဲမှာသတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ Air France Flight လိုင်းက အမှတ် 44 လေယာဉ်ကြီး ပျက်ကျတဲ့သတင်းပါ။ ဘရာဇီးကနေ ပြင်သစ်ကို ပျံသန်းနေစဉ် ကောင်းကင်မှာ ပျောက်ဆုံးသွားတာ၊ ဆက်သွယ်ရေးပြတ်တောက်ပြီး ပျောက်ဆုံးသွားတာပဲ သိရတယ်။ ဘယ်မှာပျက်တယ်၊ ဘယ်ထဲကျတယ်၊ ဘာကြောင့်ပျက်တယ်ဆိုတာ လုံးဝမသိရပါဘူး။ မိုးကြိုးပစ်ခံရလို့၊ မုန်တိုင်းမိလို့၊ စက်ချို့ယွင်းလို့၊ အကြမ်းဖက်ခံရလို့ စုံနေတာပါပဲ ခန့်မှန်းနေကြတာ။ လေယာဉ်ခရီးစဉ် တစ်လျှောက် မှတ်တမ်းတင်ထားတဲ့ Black Box ဆိုတဲ့ သေတ္တာနက်ကလည်း အစအနကို ရှာမတွေ့ဘူး။ ပျောက်ဆုံးနေတယ်။ နောက်ပိုင်းရောက်တော့ လေယာဉ်ပျက် အပိုင်းအစလေးတွေကို အတ္တလန်တိတ် သမုဒ္ဒရာထဲမှာ ရှာတွေ့ကြတယ်။ လူပေါင်း(၂၂၈)ယောက်သေတယ်။ အလောင်းအနည်းအကျဉ်းပဲ ရှာတွေ့တယ်။ ခန့်မှန်းရခက်တဲ့ လေယာဉ်ပျက်မှုကြီးပါ။ အဲဒီထဲကနေ ကံထူးရှင်နှစ်ယောက် လွတ်မြောက် ခဲ့ပုံက ဆန်းကြယ်လွန်းတယ်။ တက္ကစီနောက်ကျလို့ လေဆိပ်ကို အချိန်မီမရောက်တဲ့ ဇနီးမောင်နှံပါ။ အဲဒီခရီးစဉ်မှာ ခရီးသည် တကယ်ပါရမှာက (၂၃၀)။ ဒီနှစ်ယောက်နောက်ကျသွားလို့ (၂၂၈)ယောက်နဲ့ပဲ ထွက်ခဲ့ရတာ။ ဒီနှစ်ယောက်သာ အချိန်မီရင်(၂၃၀)လုံးသေမှာ။ ဒါ့ကြောင့် ဒီမောင်နှံနှစ်ယောက်ကို မဟာကံထူးရှင်လို့ ခေါ်ကြတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ နှစ်ယောက်လုံးကံထူးတာမဟုတ်ဘူး။ တစ်ယောက်တည်းပဲ ကံထူးတာ။ ဘာကြောင့်လဲဆိုတော့ အဲဒီလင်မယားနှစ်ယောက်ဟာ တခြားလေယာဉ်နဲ့ ပြန်သွားပြီး တခြားနိုင်ငံမှာ ကားချင်းတိုက်မိကြရာမှ မယားသေသွားပြီး လင်တစ်ယောက်သာ ကျန်ခဲ့လို့ပဲ။

လေယာဉ်ပျက်ကျပြီး သေမယ့်ကံ မပါပေမယ့် ကားတိုက်ပြီး သေရမယ့်ကံပါလာသူဖြစ်လို့ လေဆိပ်ကို နောက်ကျမှရောက်ရတာလည်းဖြစ်နိုင်တာပဲ။ လေယာဉ်ပျက်ကျပြီး သေဖို့လည်း ကံမပါ။ ကားတိုက်ပြီးသေဖို့လည်း ကံမပါတဲ့ ကျန်တစ်ယောက်ရဲ့ ဘုန်းကံကြောင့် တက္ကစီနောက်ကျတာလည်း ဖြစ်နိုင်တာပဲ။

ဘာပဲဖြစ်ဖြစ်လေ သေဖို့ရာ ကံပါလာလို့ကတော့ ဘယ်ခရီးနဲ့ပဲသွားသွား သေကို သေရမယ်ဆိုတဲ့ သဘောတရားကိုတော့ သိလိုက်ရတာပေါ့။ကျန်ရစ်သူ တစ်ယောက်ကတော့ စိုးရိမ်ဖွယ်မရှိ ဒဏ်ရာ အနာတရ အနည်းအကျဉ်းရတယ် ဆိုရုံလောက်ပဲ ရခဲ့ပါတယ်။ သူကမှ တကယ့်မဟာကံထူးရှင် အစစ်ဖြစ်ပါတယ်။ သေဘေးကနေ နှစ်ကြိမ်တိုင်တိုင် ပွတ်သီကတ်သီလေး လွတ်မြောက်ခဲ့ရသူပါ။

“လှိုင်ထိပ်ခေါင် အမိုက်ကလေးကို ပိုက်ထွေးတော်မူလှည့်ပါ”
လှိုင်ထိပ်ခေါင်တင်လို့ အများသိကြတဲ့ လှိုင်ထိပ်ထား မင်းသမီးလေးအကြောင်းလည်း ပြောချင်သေးတယ်။ လှိုင်မင်းသမီးလေးဟာ သာယာဝတီမင်းနဲ့ အနောက်နန်းမိဖုရား မမြကလေးတို့ရဲ့ တစ်ဦးတည်းသော သမီးလေးပေါ့။ ငယ်နာမည်က မဖွားကြီးပါ။ (၄)နှစ်သမီးအရွယ်မှာ ခမည်းတော် သာယာဝတီမင်းက လှိုင်မြို့ကို ချီးမြှင့်လို့ လှိုင်မြို့စားမှ လှိုင်မင်းသမီးဖြစ်လာတာပါ။ နောင်အခါတော့ လှိုင်ထိပ်ခေါင်တင်ပေါ့။ (၄)နှစ်သမီးအရွယ်လေးနဲ့ မြို့စားအရာ ချီးမြှောက်ခံရလို့ ကံကောင်းသူလို့ ဆိုနိုင်ပေမယ့် သူ့ဘဝတစ်ဆစ်ချိုးမှာတော့ ကံကြမ္မာညှိုးငယ်ရှာသူပါ။ လှိုင်မင်းသမီးလေး (၁၂)နှစ်အရွယ်မှာ အမေနဲ့အဖွားအသတ်ခံရတယ်။ အရှင်လတ်လတ် ရေချအသတ်ခံရတာ။ လှိုင်လေးကို အမေ့ရင်ခွင်ထဲကနေ အတင်းဆွဲထုတ်ပြီး အမေနဲ့အဖွားကိုခေါ်သွားတာ ရင်နင့်စရာရှုခင်းပါ။ အကြောင်းပြတာကတော့ နန်းလုမှုမှာ ကြံရာပါဖြစ်လို့တဲ့။ တကယ်တော့ မိဖုရားခေါင်ကြီးက မနာလိုလို့ သတ်တာပါ။ မနာလိုစရာ အကြောင်းကလည်း ရှိတယ်လေ၊ သာယာဝတီမင်းက မိဖုရားခေါင်ကြီးထက် မမြကလေးကို ပိုချစ်ပြီး ပိုအရေးပေးတာကိုး။ မမြကလေးတို့ သားအမိကလည်း အလွန်တရာ သိမ်မွေ့နူးညံ့ပြီး စိတ်ထားဖြူစင်တဲ့ သူတော်ကောင်းမိသားစုဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရဲဇက်ရဲနိုင်တဲ့ မိဖုရားခေါင်ကြီးက အလွယ်တကူ လုပ်ကြံနိုင်တာပေါ့။ အဲဒီအချိန်မှာ ခမည်းတော်သာယာဝတီမင်းက စိတ်ရောကိုယ်ပါ မကျန်းမာတော့တာမို့ နန်းရေးနန်းရာမှာ ဘာဆိုဘာမှ သတိမရတော့ဘူး။ အချုပ်အခြာအာဏာဟာ မိဖုရားခေါင်ကြီးတို့ သားအမိရဲ့ လက်ထဲမှာပဲ ရှိပါတော့တယ်။ ဒါကို အခွင့်ကောင်းယူပြီး မိဖုရားခေါင်ကြီးက အပြတ်ရှင်းလိုက်တာပါ။

စဉ်းစားကြည့်ပါ။ ခမည်းတော်ကလည်း ကြေးပြာသာဒ်(အရူးထောင်)ထဲမှာ ရောက်နေ၊ မယ်တော်နဲ့ ဘွားတော်ကလည်း မျက်စိအောက်မှာ အသတ်ခံရ။ တရားနဲ့ဖြေတတ်တဲ့ အရွယ်လည်းမဟုတ်။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရင်ဆိုင်ရအောင်လည်း ယောကျ်ားသားမဟုတ်။ ဒေါင်ကျကျ ပြားကျကျ နေထိုင်ရအောင်လည်း သွေးသားနုနယ်တဲ့မိန်းမသား ကလေးငယ်တစ်ယောက်၊ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့တစ်ကောင်ကြွက်ကလေး လှိုင်ထိပ်ခေါင် အမိုက်ကလေးကို ပိုက်ထွေးတော်မူလှည့်ပါ မယ်တော်ဘုရားလို့ အော်ဟစ်ပြီး ညဉ့်နက်သန်းခေါင်မှာ ထ ငိုလို့ငို၊ နေ့မှာအစာမစားဘဲ နေလို့နေ ပါရမီရှင်ကလေးမို့လို့သာ၊ တော်တန်ရုံလူဆို နေရာမှာပဲ ရင်ကွဲသေမှာ အမှန်ပါ။ ဒီကလေးရဲ့ ဘဝကို လူစိတ်ရှိတဲ့ ဘယ်သူမဆို ဘယ်လိုလုပ်ကြည့်ရက်နိုင်မှာလဲ။ ရက်စက်တဲ့သူက ရက်စက်ရက်ပေမယ့် မြင်ရသူက မမြင်ရက်နိုင်ဘူး။ ဒါကြောင့် မိဖုရားခေါင်ကြီးရဲ့ သမီးအကြီးဖြစ်သူ စုဖုရားကြီး(နောင်အခါ မင်းတုန်းမင်းရဲ့ မိဖုရားခေါင် စကြာဒေဝီ)က လှိုင်ကလေးကို ခေါ်ယူမွေးစားလိုက်ပါတော့တယ်။

“မပဋာလက်သစ်လေး လှိုင်ထိပ်ခေါင်”
သစ်ငုတ်မြင့်တုံ မြက်မြင့်တုံဆိုတဲ့ စကားလိုပဲ လှိုင်ကလေးရဲ့ ကံဇာတာက တက်လိုက် ကျလိုက်ပေါ့။ လှိုင်(၂၄)နှစ်အရွယ်မှာ ကနောင်မင်းနဲ့ လက်ဆက်ရလို့ အိမ်ရှေ့စံ မိဖုရားဘဝနဲ့ နန်းစံခဲ့ရတယ်။ ဒါပေမဲ့ ခဏပါ။ လှိုင် အသက်(၃၃)နှစ်မှာတော့ မြင်ကွန်းမြင်းခုံတိုင်အရေးမှာ ကနောင် မင်းသားကြီးလုပ်ကြံခံရပြန်တယ်။ မောင်တော်မရှိတော့တဲ့အချိန်မှာ အိမ်ရှေ့စံ မိဖုရားအရာမှ လျှောကျသွားပြီး သာမန်နန်းတွင်းသူဘဝနဲ့ပဲ အိမ်နိမ့်စံခဲ့ရပါတော့တယ်။ နောင်(၉)နှစ်အကြာ လှိုင် အသက်(၄၂)နှစ်အရွယ်မှာ ကံကုန်ခဲ့ရတယ်။ ဝဋ်ကျွတ်သွားတယ်ဆိုရမှာပေါ့။ စောစောစီးစီး ကံကုန်တာက ခပ်ကောင်းကောင်းပါ။ လှိုင် ဆုံးပြီးနောက် (၄)နှစ်အကြာမှာ လှိုင်ရဲ့ တစ်ဦးတည်းသောသားလေးဖြစ်တဲ့ ထန်းတပင်မင်းသားလေးလည်း ကွပ်မျက်ခံရပါတော့တယ်။ မင်းတုံးမင်း နတ်ရွာစံပြီးစ နန်းလုပွဲမှာ အချောင်အသတ်ခံလိုက်ရတာပါ။ အဲဒီအချိန် လှိုင် အသက်ရှင်ခဲ့ရင် လှိုင်လည်း သူ့သားနှင့်အတူ အသတ်ခံရဦးမှာပေါ့။

အဖေကရူး၊ အမေနဲ့အဖွားက အသတ်ခံရ၊ လင်တော်မောင်ကလည်း လုပ်ကြံခံရ၊ အမရပူရ မပဋာ၊ ရတနာပုံမပဋာ၊ ခေတ်သစ် မပဋာလို့တောင် ဆိုရမလိုပါပဲ။

သြော် သွားလေသူများက တဒင်္ဂတစ်ခဏသာ ခံစားကြရပေမယ့် ကျန်ရစ်သူမှာတော့ ထာဝရ ဘဝတာ ခံစားခဲ့ရရှာပါတယ်။ သွားလေသူများက တစ်ခဏသာဆင်းရဲကြပေမယ့် ကျန်ရစ်သူမှာတော့ ထာဝရ တစ်ဘဝလုံး ဆင်းရဲခဲ့ရရှာပါတယ်။ ချစ်သူနဲ့ ကွေကွင်းရတာဆိုတော့ ဒါလည်း ဝဋ်ကြွေး တစ်မျိုးပေါ့။

“နှစ်လောင်းပြိုင် လိုက် သေချင်သူလေး လှိုင်ထိပ်ခေါင်”
လှိုင့်ကိုတော့ နန်းတွင်းကသာမကဘဲ စာပေလောကတစ်ခုလုံးကပါ ချစ်ခင်လေးစားကြပါတယ်။ လှိုင်က ကဗျာအရာ စာပေအနုပညာမှာ ပါရမီရှင်လေးတစ်ယောက်ဖြစ်လို့ပါပဲ။ နန်းတွင်းအမှိုက်ပုံကြီးထဲက အပြစ်ကင်းစင်တဲ့ ပန်းလေးတစ်ပွင့် ရနံ့သင်းတဲ့ ပန်းလေးတစ်ပွင့်ပေါ့။ လှိုင်ရဲ့ စာပေလက်ရာတွေကို ခုထိ အမြတ်တနိုးနဲ့ တန်ဖိုးထားနေကြတုန်းပါ။ လေညှင်းသယ်ပန်းလေးတစ်ပွင့်ရဲ့ သတင်းမွှေးလေးတစ်ပုဒ်ပေါ့။ လုပ်ကြံခံရတဲ့ မောင်တော်ကနောင်မင်းသားရဲ့ ရုပ်ကလာပ်အလောင်းကောင်ကိုကြည့်ရင်း ခံစားချက်ကို လက်တန်းစပ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်တရ ဖော်ပြလိုက်ပါတယ်။ သောကပုလဲသွယ် လေးချိုးကဗျာလေးပါ။ ဒီအခိုက်မှာ လှိုင်ဘယ်လိုခံစားရတယ်ဆိုတာ ကိုယ်ချင်းစာနိုင်တာပေါ့။

အပုတ်ချိန် ကိုယ်တော်ကျပြီမို့
ရုပ်အိမ်တော် ညိုကာကြွသော်လည်း
ငိုကာမှ မယ်မငို။
မကြံတတ်လေဘု
ဇရပ်မှာ ဧည့်သည်ဆုံးသည်သို့
ဘုန်းပြုသကို။
ထီးဖြူတော် ရှစ်ချက်ကျင်းပါလို့
ကျောက်နီတွင် ရွှေတညင်းရယ်နှင့်
အမယ်မင်း သခင့်ကို
ရွှေဖိုနှင့် တင်ချင်သား။
ကြောင်းမခိုင်
မပေါင်းပိုင် အခြေစိုက်တာကြောင့်
နှစ်လောင်းပြိုင် သေကာလိုက်ချင်ရဲ့
သောင်းထိုက်ညာဖွား။ ။

ဝဋ်ကြွေးရှိရင် ပေးဆပ်ရမြဲပါ။ ကံကြမ္မာဟာ သွေးနုသားနု မိန်းမသားတစ်ယောက်အပေါ်မှာလည်း မညှာတာနိုင်အားတဲ့အကြောင်း လှေသူကြီးကတော် ဇာတ်လမ်းနဲ့ ဆက်စပ်ပြီး လှိုင်မင်းသမီးအကြောင်း ပြောဖြစ်သွားတာပါ။

“နာဂစ်ဘေးက လူနှစ်ယောက်”

၂၀၀၈ခုနှစ်မေလတုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်းသိန်းချီပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီအသက်လုပွဲမှာ ကံမကောင်းသူတွေ၊ ဉာဏ်မကောင်းသူတွေ၊ ကံရော ဉာဏ်ပါ မကောင်းသူတွေက သေကြေဒုက္ခရောက်ကြပေမယ့် ကံကောင်းသူတွေ၊ ဉာဏ်ကောင်းသူတွေ၊ ကံရော ဉာဏ်ပါကောင်းသူတွေကျတော့ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြတယ်။
ဘုန်းဘုန်းတို့ နာဂစ်အရေးမှာ အခွင့်အလမ်းမရလို့ ကိုယ်တိုင်ကိုယ်ကျ မလေ့လာခဲ့ရပေမယ့် စာနယ်ဇင်းတွေထဲကတော့ ထိုက်သလောက် သိခွင့်ရခဲ့ပါတယ်။ ကံကောင်းလို့ လွတ်မြောက်ခဲ့သူတွေ၊ ဉာဏ်ကောင်းလို့ လွတ်မြောက်ခဲ့သူတွေ၊ ကံရောဉာဏ်ပါကောင်းကြလို့ လွတ်မြောက်ခဲ့သူတွေအကြောင်း ဖတ်ခွင့်ရခဲ့ပါတယ်။ ကံမကောင်းလို့ သေကြတဲ့အထဲမှာ နှစ်ယောက်ကတော့ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်။ မိန်းကလေးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်အကြောင်းပါ။
ရန်ကုန် မိန်းကလေးတစ်ယောက်ကတော့ မုန်တိုင်းပြီးမှ သစ်ပင်ပိသေရတာပါ။ မုန်တိုင်း အတွင်းမှာတော့ အိမ်ရောဆိုင်ပါ ဘာမှမဖြစ်ခဲ့ပါဘူး။ မုန်တိုင်းအပြီးမှာ မိခင်ဖြစ်သူက အိမ်တော့မုန်တိုင်းက လွတ်တယ်၊ ဈေးဆိုင် လွတ်မလွတ်သိချင်ဇောနဲ့ သမီးဖြစ်သူကို အမြန်သွားကြည့်ခိုင်းလိုက်ပါတယ်။ ကလေးမလေးက ဆယ်တန်းကျောင်းသူလေးပါ။ ဆိုင်ကိုအသွားမှာ သစ်ပင်ပိသေခဲ့ရပါတယ်။ မုန်တိုင်း လည်းစဲသွားပြီ၊ လေလည်းမတိုက်တော့ဘူး၊ ဒါပေမဲ့ သစ်ပင်ကြီးကကောင်မလေးအလာကို စောင့်နေ သလိုပဲ။ ချိန်ကိုက်ဗုံးထက် တိကျလွန်းပါတယ်။ တစ်စက္ကန့်လောက် နောက်ကျရင်ပဲဖြစ်ဖြစ် စောခဲ့ရင်ပဲ ဖြစ်ဖြစ်၊ အသက်ဘေးက လွတ်နိုင်တဲ့ အခွင့်အလမ်းရှိပါသေးတယ်။ ခုတော့ ကွက်တိမှ တကယ့်ကို ကွက်တိပါပဲ။ တမင်တကာလုပ်ကြံရင်တောင် ဒီလို အံဝင်ခွင်ကျ ဖြစ်ရင်မှဖြစ်မှာ။ ခုတော့ ကံကြမ္မာက ရိုက်ချက်သိပ်ကောင်းလွန်းတော့ ဖန်ဆင်းရှင်တောင် မျက်လုံးပြူးရမယ့်ပုံမျိုး၊ ကံကြမ္မာဟာ ကြောက် စရာကြီးနော်။

နောက်အမျိုးသားတစ်ယောက်တော့ မြို့လေးတစ်မြို့ကပါ။ သွပ်တွေကျလာတာကို လိုက်ကောက်ရင်း သွပ်ပျံတစ်ချပ်က အရှိန်နဲ့ကျလာပြီး လည်ပင်းကို ခုတ်ထည့်လိုက်တာ ပွဲချင်းပြီး သေသွားခဲ့တယ်။ ခေါင်းပြတ်စမှာ ခေါင်းမပါတဲ့ ကိုယ်တစ်ပိုင်းက လေးငါးဆယ်လှမ်းလောက် ခေါင်းပြတ်ရာ ကြီးနဲ့ ပြေးနေပြီး နောက်မှ လဲကျသွားတာပါ။ ခေါင်းကြီးကလည်း သွပ်ပျံနဲ့အတူ ပန်းကန်ပြားပျံစီးသလို ပါသွားခဲ့ပြီး သွပ်ပြားရောခေါင်းပါ သစ်ပင်မှာ ချိတ်တင်နေတယ်တဲ့။ ဘယ်လက်ဖြောင့်တပ်သားက ဒီလောက်ကျွမ်းကျင်မှာလဲ။ ဘယ်ပညာရှင်က ဒီလို လုပ်နိုင်မှာလဲ အတော်ဆန်းတယ်နော်။

“အကြွေးမယူကောင်းသည့်အရာ”
အကုသိုလ်ဆိုတာ အပြုလွယ်သလောက် အဖျက်ခက်တယ်။ လောကကြွေးပဲဖြစ်ဖြစ်၊ ဓမ္မကြွေးပဲ ဖြစ်ဖြစ်၊ ကြွေးယူလွယ်သလောက် ကြွေးဆပ်ခက်တယ်။ ဓမ္မကြွေးကတော့ လောကကြွေးထက် အတိုးလည်းများတယ်၊ အတိုးလည်းကြီးတယ်။ ဓမ္မမြီရှင်က လောကမြီရှင်ထက် အတောင်းကြမ်းတယ်။ အတောင်းပက်စက်တယ်။ လူရှေ့ သူရှေ့မရှောင်၊ အရွယ်ကြီးငယ်မရှောင်၊ ယောကျ်ားမိန်းမ မခွဲခြားဘဲ သွေးနုနု သားနုနုလေးများကိုတောင် မငဲ့ညှာ မစာနာအားဘဲ ရက်ရက်စက်စက် တောင်းတတ်တယ်။ လောကအကြွေးတောင်းတဲ့မြီရှင်တွေကို ကြွေးရှင်က ပုန်းရှောင်လို့ရကောင်းရမယ်။ ဓမ္မအကြွေးတောင်းတဲ့ ကံကြမ္မာမြီရှင်တွေကိုတော့ ဝဋ်ကြွေးရှင်တွေက ပြေးရှောင်ပုန်းလို့ မလွတ်နိုင်ဘူး။ သူလာတောင်းချိန်မှာ ပုန်းရှောင်ပြေးလို့မရဘူး။

လောကမှာ အကြွေးမယူထိုက်ဆုံးအရာဟာ အကုသိုလ်တရားပါ။ အကြွေးမယူကောင်းတဲ့အရာ ဟာလည်း အကုသိုလ်ပါပဲ။

“ဘုရားဖူးအဖွဲ့ရဲ့ အတိတ်ကံ”
ရွှေပါရမီတောရဆရာတော်လေးတို့လည်း ဘုရားလက်ထက်က ရဟန်းတော်ခုနစ်ပါးလို ကံတူအကျိုးပေး တာလဲ ဖြစ်နိုင်တယ်နော်။ ညီနောင်နှစ်ပါးတင်မဟုတ်ဘဲ ဒကာ ငါးယောက်ပါ ပါသေးတယ်။ နယ်ခံဆရာ တော်တောင် အဆစ်ပါသွားသေးတယ်။ ယာဉ်ကလည်း ဓာတ်လှေကားမဟုတ်ဘူး။ ဝန်ချီစက်ကြီး။ ပေသုံးဆယ်လာက် ပြုတ်ကျတယ်ဆိုတော့ ကိုင်ဆောင့်ခံရသလို အတော်ခံရခက်ကြမှာပဲ။ ကျောက်ပတ်တီး အလေးကြီးကို လချီ စည်းနှောင်ထားရတာလည်း အတော်ကို ကသိကအောက်နိုင်မှာပါ။

ဒီဆရာတော်လေးတွေဆို စာရေးတော့လည်း စကားလုံး အနုအလှလေးတွေရေးကြ။ တရားဟော တော့လည်း စကားလုံးလှလှလေးတွေ ဟောကြ၊ ဟောတဲ့တရားကလည်း သိမ်မွေ့နက်နဲ၊ ရုပ်ရည်ဥပဓိနဲ့ အမူအရာတွေကလည်း သိမ်မွေ့နူးညံ့၊ ကုသိုလ်တရားတွေနဲ့ ထုံမွှမ်းထားတဲ့ နှလုံးသားပိုင်ရှင်တွေ၊ အမျိုး ဘာသာ သာသနာအတွက် အလှူအတန်း ပေးကမ်းရက်ရောတဲ့ ဒါနပါရမီရှင်တွေ ဖြစ်ပါတယ်။

သြော်….သူတို့လေးတွေကိုမှ ရွေးပြီးဖြစ်ရတယ်လို့ ကံကြမ္မာရယ် ရက်စက်လွန်းပါဘိ။ သူတို့အစား ဘုန်းဘုန်းသာ ဖြစ်လိုက်ချင်ပါဘိတော့တယ်။ အင်းလေ ဘုန်းဘုန်းသာဖြစ်ရင် ဒီဆရာတော်လေးတွေလို ကရုဏာသက်ခံရမှာ မဟုတ်ဘူး။ လက်ခုပ်လက်ဝါးတီးပြီး မုဒိတာအပွားခံရမှာ မြင်ရောင်မိသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘုန်းဘုန်းကို တအားနင်းချစ်တဲ့သူတွေက နည်းမှ မနည်းပဲကိုး။

“မိန်းကလေးတွေ သတိထား”
ဓမ္မပဒလာ တယောဇနဝတ္ထုထဲက လယ်သမားဟာ အမျက်ကြောင့်၊ လယ်သမားကတော်ဟာ အရှက်ကြောင့်၊ နွားကျောင်းသားတွေဟာ ရမ္မက်လောဘကြောင့် စိတ်လိုက်မာန်ပါ လုပ်မိခဲ့ကြလို့ ခုလို ပြန်လည်ပေးဆပ်ရတာပါ။
ဒါကြောင့် ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် စိတ်လိုက်မာန်ပါ မလုပ်မိဖို့ သတိပေးရခြင်း ဖြစ်ပါတယ်။ ဒါလည်း တပည့်တွေမို့ ပြောရတာပါ။ ခုခေတ်မိန်းကလေးတွေက ကိုယ့်ရင်သွေးလောင်းကို ကိုယ်ပြန်သတ်မိ နေကြတယ်။ စောင့်စည်းရမယ့် တာဝန်ကျ ပျက်ကွက်ပြီး အပြိုင်အဆိုင် ရင်သွေးလောင်းကို သတ်ပစ်နေတဲ့ မိန်းမယုတ်တွေကို သင်ဓုန်းသွားငရဲက ကြိုဆိုနေမှာပါ။ ငရဲက လွတ်ရင်လည်း မိန်းမသားနဲ့ မတန်တဲ့ လောကဓံတွေကို သွေးနုသားနု ဘဝမျိုးနဲ့ ခံကြပေဦးရော့ပေါ့။

“အတိုးကြီးလွန်းတဲ့ အကြွေးတွေ”
နွားကိုသတ်တာ တစ်ခါတည်းပါ၊
ကိုယ့်ကျတော့ ခုနစ်ဘဝပြန်ခံရတယ်။
ခွေးကိုသတ်တာ တစ်ခါတည်းပါ၊
ကိုယ့်ကျတော့ ဘဝတစ်ရာ ပြန်ခံရတယ်။
ဖွတ်ကိုညှဉ်းတာ တစ်ခါတည်းပါ၊
ကိုယ့်ကျတော့ တစ်ဆယ့်လေးဘဝ ပြန်ခံရတယ်။
မတန်လိုက်တာနော်။

ဘယ်လိုပဲဖြစ်ဖြစ်လေ မိနု သူ့ကြွေးရှိရင် ပြန်ဆပ်လိုက်ဆိုတဲ့ နန်းမတော်မယ်နုကို ဆရာတော်ဦးဗုဓ် ဆုံးမတဲ့စကားလိုပေါ့ အကုသိုလ်ကျူးလွန်ပြီးပြီဆိုရင်တော့ ခံဖို့သာပြင်ထားပေရော့ပဲ။
ညောင်ပင်သာဆရာတော် တပည့်မမိုးမိုး၊ တပည့် မငယ်ငယ်နဲ့ညောင်ပင်သာရွာသူရွာသား အပေါင်းတို့ ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

အကြွေးတွေကို
ပေးဆပ်နေတဲ့
ဘုန်းဘုန်း
ဝီရသူ(မစိုးရိမ်)
29.9.2009

(ဤစာမူသည် ဆရာတော်ဦးဝီရသူ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် သီတင်းသုံးနေထိုင်ရစဉ် 28.9.2009 နှင့် 29.9.2009 ရက်နေ့မှာ ရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပါသည်။ လစဉ် ပုံမှန်ထောင်ဝင်စာ လာတွေ့သော ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ တပည့်မ မိုးမိုးနှင့် တပည့်မ မငယ်တို့ထံ ရေးသားပေးပို့သော အိတ်ဖွင့်ပေးစာ ဖြစ်ပါသည်။ စာဖတ်ပရိသတ်ကြီး သတိသံဝေဂပွားနိုင်စေရန် ပြန်လည် တင်ပြပေးလိုက်ပါသည်။)

အယ်ဒီတာအဖွဲ့
မဟာဝီရ ရသစုံ မဂ္ဂဇင်း