သတင်း

မန်း မဟော်သဓာ ကလေးငယ်များနှင့်အတူ”

တန်ဆောင်မုန်းလဆန်း(၃)ရက် 22.10.2017 ရက်နေ့ ညနေ ၃း၀၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာရှိ မန်း မဟော်သဓာ ကျောင်းမြေနေရာမှာ ကျင်းပပါတယ်။
ကျောက်ချောကျေးရွာနေ ကလေးငယ်များအား နေ့စဉ် ညတိုင်း ဘုရားရှိခိုးဖို့ နမောတဿ အမြဲရွတ်ဆိုဖို့ သရဏဂုံမြဲဖို့ တိုက်တွန်းပြီး ငါးပါးသီလဆောက်တည်ခိုင်းပါတယ်။
၎င်းနောက် ကလေးငယ်များအား လွယ်အိတ်၊ ဗလာစာအုပ်၊ ကွန်ပါဗူး၊ ဘော့ပင်၊ ထီး စတာတွေကို မဲနှိုက် လှူဒါန်းပြီး ရေခဲမုန့်ကျွေးပါတယ်။
ကလေးငယ်လေးများနှင့်အတူ မိဘပြည်သူများကိုလည်း ကံစမ်းမဲဖြင့် လှူဒါန်းခြင်း ရေခဲမုန့်ကျွေးခြင်းများ ပြုလုပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
ကလေးငယ်များ မဲနှိုက်ရင်း ကျောပိုးအိတ်ပေါက်တဲ့အခါ ထီးပေါက်တဲ့အခါမျိုးမှာ လက်ခုပ်တီးပြီး သြဘာပေးကြတာ ပျော်စရာကောင်းပါတယ်။
မိမိပေါက်တာမဟုတ်ဘဲ သူတစ်ပါးမဲပေါက်တာကိုပဲ လက်ခုပ်တီးပြီး ဝမ်းသာအားရ ပျော်ပျော်ရွှင်ရွှင် အားပေးကြတဲ့ ကလေးငယ်များရဲ့ မုဒိတာစိတ်ကို ချီးကျူးလို့မဆုံးနိုင်ပါဘူး။
ကံစမ်းမဲပစ္စည်းများ အလှူရှင်ကတော့ ကသာမြို့နေ A-1 အထည်ရောင်းဝယ်ရေး ကုမ္ပဏီမှ ဦးသန့်စင်+ဒေါ်ခင်ညိုညိုမိသားစုဖြစ်ပြီး ရေခဲမုန့်အလှူရှင်ကတော့ မော်လမြိုင်မြို့နေ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်) မိသားစုတို့ဖြစ်ပါတယ်။
ကလေးများအား လှူဒါန်းအပြီးမှာ တောင်ကျချောင်းလေးထဲ ရေကစားကြ ဓာတ်ပုံရိုက်ကြနှင့် အလှူရှင်မိသားစု ပရိသတ် မန်းမဟော်သဓာမြေမှာ ပျော်ရွှင်ကြည်နူးနေကြတာတွေ့ရပါတယ်။