သတင္း

ျပည္သူေတြဆင္ျခင္ႏုိင္ၾကဖုိ႔ သင္ခန္းစာယူၾကဖုိ႔ပဲ တုိက္တြန္းခ်င္ပါတယ္(အပုိင္း-၂ နိဂုံး)”

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ေမး- အာစီယံထိပ္သီးညီလာခံမ်ားအစည္းအေ၀းကို တက္ေရာက္ခဲ့တဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂိဳလ္ကို မတ္လ ၁၇ ရက္ေန႔က ဘဂၤါလီအေရးနဲ႔ပတ္သက္လို႔ ဆႏၵျပတာ ေတြ႕ရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို ဟစ္တလာႏုတ္ခမ္းေမႊးတပ္ၿပီး အာဏာရွင္ပံုစံမ်ိဳး ဆႏၵျပတာနဲ႔ပတ္သက္လို႕ ဘယ္လိုမ်ား သံုးသပ္ခ်င္ပါသလဲဘုရား။

ေျဖ- အဲဒါကေတာ့ အမ်ိဳးသားေရးအျမင္နဲ႔ ႏုိင္ငံေရးအျမင္ယွဥ္ၾကည့္ရမွာေပါ့ေနာ္။ အမ်ိဳးသားေရးအျမင္နဲ႔ၾကည့္မယ္ဆိုရင္ ဒါက အခြင့္ေကာင္းယူၿပီးေတာ့ ၿခိမ္းေျခာက္တာ။ ဖိအားေပးတာပဲေလ။ အဲဒီအေပၚမွာ ကိုယ္က ဒါေတြကို ေၾကာက္လန္႔သြားၿပီး လိုက္ေလ်ာမိသြားရင္ တုိင္းျပည္ရဲ႕ အခ်ဳပ္အျခာအာဏာက ပဲ့ပါသြားမွာပဲေလ။ အဲဒီေတာ့ အမ်ိဳးသားေရးအျမင္နဲ႔ ေျပာရရင္ အဲဒီလို ပံုစံမ်ိဳးစံုနဲ႔ ဆႏၵျပေနတဲ့ ပုဂိၢဳလ္ေတြ၊ မရွိတဲ့ဟာကို အရွိလုပ္ေနတဲ့့ ပုဂိၢဳလ္ေတြဟာ ယုန္မွာဂ်ိဳရွိတယ္ဆိုၿပီးေတာ့ ယုန္ဂ်ိဳကို ေတာင္းေနတဲ့ ပံုစံမ်ိဳးသက္ေရာက္ေနတဲ့အတြက္ေၾကာင့္ ဦးဇင္းတုိ႔က လံုး၀ကို ရႈတ္ခ်ပါတယ္။ လံုး၀ကို လက္မခံပါဘူး။ ႏုိင္ငံေရးအျမင္နဲ႔ၾကည့္ျပန္ရင္ေတာ့ သူ႕သက္တမ္းတစ္ေလွ်ာက္ ပါတီတြင္းမွာလည္း ပါတီတြင္းဒီမိုကေရစီ ဆိုတာကို သူ မေပးခဲ့ဘူး။ အစုိးရဖြဲ႕စည္းေတာ့လည္းပဲ တုိင္းျပည္အတြက္ အလုပ္လုပ္ႏိုင္တဲ့ စြမ္းရည္ျပည့္၀တဲ့သူေတြကို ေရြးခ်ယ္ရမယ့္အစား သူ႕ကို ၾသဇာခံမယ့္သူေတြကိုပဲ ေရြးခ်ယ္သြားတယ္။ ဖြဲ႕စည္းၿပီးတဲ့အခါက်ေတာ့လည္း တစ္ဦးတစ္ေယာက္တည္း ထင္ရာျမင္ရာေတြလုပ္ေနတယ္။ ႏုိင္ငံေရးအျမင္နဲ႔ၾကည္ရင္က်ေတာ့ ဟစ္တလာႏဳတ္ခမ္းေမႊးတပ္ေပးတာ နည္းေတာင္နည္းတယ္လို႔ ေျပာရမွာေပါ့ကြာ။

ေမး- ႏုိင္ငံေရးမွာ တစ္ရက္စာႀကိဳခန္႔မွန္းရင္ကို ေစာလြန္းတယ္လို႔ ေျပာၾကပါတယ္ဘုရား။ဒါေပမယ့္ ၂၀၂၀ အခုဒီပံုစံမ်ိဳးနဲ႔ ဆက္သြားေနရင္ ၂၀၂၀ မွာ ဘယ္လိုပံုစံမ်ိဳး ျဖစ္လာႏဳိင္လဲ။ အရွင္ဘုရားတို႔ကေရာ ဘယ္လိုပံုစံမ်ိဳးျဖစ္ေစခ်င္လဲ။

ေျဖ – ဦးဇင္းတို႔ျဖစ္ေစခ်င္တာကို ၂၀၁၅ အႀကိဳကာလကတည္းက ေခါင္းေခါက္ၿပီးမွ ေရြးခ်ယ္ပါဆုိတဲ့ အစီအစဥ္ကို ဦးဇင္းတို႔ ေငြအကုန္ခံ လူအပန္းခံၿပီးေတာ့ တင္ျပခဲ့တယ္ေလ။ ျပည္သူေတြကိုယ္တုိင္ကိုက ႏဳိင္ငံေရး အာသာတအားျပင္းထန္ေနတဲ့အတြက္ေၾကာင့္ ေနခ်င္းညခ်င္း တိုက္ေတြကားေတြ ပိုင္ဆုိင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ႀကီးနဲ႔ ပံုေအာလိုက္ၾကတာကိုး။ ဦးဇင္းတို႔မွာ ၂၀၁၅ မူ၀ါဒ ရွိၿပီးသားေလ။ အဲဒီအတုိင္းပဲ လႊတ္ေတာ္အမတ္ေတြကို ေခါင္းေခါက္ၿပီးမွပဲ ခံႏုိင္ရည္ရွိတဲ့သူ၊ စြမ္းေဆာင္ရည္ရွိတဲ့သူကို ေရြးခ်ယ္ေစခ်င္တာေပါ့။ ဒါကတစ္ခ်က္ပါ။ ဒါေပမယ့္ ဒီငါးႏွစ္အတြင္းမွာပဲ ဒီအစိုးရဟာ ဒီထက္ ဆိုးသြားတဲ့အေျခအေနပဲ ရွိပါတယ္။ ဒီထက္ေကာင္းေအာင္ မလုပ္ႏဳိင္ဘူးဆိုရင္ေတာ့ တုိ႔ႏဳိင္ငံ ျပည္သူေတြကေတာ့ ႏုိ္င္ငံေရး ေသသြားၿပီေပါ့ကြာ။ ႏုိင္ငံေရးေသသြားတဲ့အတြက္ ဒီမိုကေရစီက်ဆံုးခန္း ေရာက္သြားႏုိင္တာေပါ့ေနာ့။

ေမး- ဒီတစ္ပတ္အတြက္ ၾသ၀ါဒစကားေလး မိန္႔ေပးပါဦးဘုရား။

ဖ -ျပည္သူေတြကို ေျပာခ်င္တယ္။ ဒီမိုကေရစီလိုလားရင္ မိမိကိုယ္တိုင္ အဂတိကင္းေအာင္ ေစာင့္ထိန္းပါ။
အဂတိကင္းစြာ ေဝဖန္ပါ။ အဂတိကင္းစြာ ဆုံးျဖတ္ပါ။ အဂတိကင္းစြာ ေရြးခ်ယ္ပါလို႔ မွားၾကားခ်င္ပါတယ္။

ၿငိမ္းခ်မ္းသာ-ဆက္သြယ္ေမးျမန္းသည္။

 

“ပြည်သူတွေဆင်ခြင်နိုင်ကြဖို့ သင်ခန်းစာယူကြဖို့ပဲ တိုက်တွန်းချင်ပါတယ်(အပိုင်း-၂ နိဂုံး)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- အာစီယံထိပ်သီးညီလာခံများအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ကို မတ်လ ၁၇ ရက်နေ့က ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ ဆန္ဒပြတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဟစ်တလာနုတ်ခမ်းမွှေးတပ်ပြီး အာဏာရှင်ပုံစံမျိုး ဆန္ဒပြတာနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲဘုရား။

ဖြေ- အဲဒါကတော့ အမျိုးသားရေးအမြင်နဲ့ နိုင်ငံရေးအမြင်ယှဉ်ကြည့်ရမှာပေါ့နော်။ အမျိုးသားရေးအမြင်နဲ့ကြည့်မယ်ဆိုရင် ဒါက အခွင့်ကောင်းယူပြီးတော့ ခြိမ်းခြောက်တာ။ ဖိအားပေးတာပဲလေ။ အဲဒီအပေါ်မှာ ကိုယ်က ဒါတွေကို ကြောက်လန့်သွားပြီး လိုက်လျောမိသွားရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာက ပဲ့ပါသွားမှာပဲလေ။ အဲဒီတော့ အမျိုးသားရေးအမြင်နဲ့ ပြောရရင် အဲဒီလို ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေတဲ့ ပုဂ္ဂိုလ်တွေ၊ မရှိတဲ့ဟာကို အရှိလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ယုန်မှာဂျိုရှိတယ်ဆိုပြီးတော့ ယုန်ဂျိုကို တောင်းနေတဲ့ ပုံစံမျိုးသက်ရောက်နေတဲ့အတွက်ကြောင့် ဦးဇင်းတို့က လုံးဝကို ရှုတ်ချပါတယ်။ လုံးဝကို လက်မခံပါဘူး။ နိုင်ငံရေးအမြင်နဲ့ကြည့်ပြန်ရင်တော့ သူ့သက်တမ်းတစ်လျှောက် ပါတီတွင်းမှာလည်း ပါတီတွင်းဒီမိုကရေစီ ဆိုတာကို သူ မပေးခဲ့ဘူး။ အစိုးရဖွဲ့စည်းတော့လည်းပဲ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်တဲ့ စွမ်းရည်ပြည့်ဝတဲ့သူတွေကို ရွေးချယ်ရမယ့်အစား သူ့ကို သြဇာခံမယ့်သူတွေကိုပဲ ရွေးချယ်သွားတယ်။ ဖွဲ့စည်းပြီးတဲ့အခါကျတော့လည်း တစ်ဦးတစ်ယောက်တည်း ထင်ရာမြင်ရာတွေလုပ်နေတယ်။ နိုင်ငံရေးအမြင်နဲ့ကြည်ရင်ကျတော့ ဟစ်တလာနုတ်ခမ်းမွှေးတပ်ပေးတာ နည်းတောင်နည်းတယ်လို့ ပြောရမှာပေါ့ကွာ။

မေး- နိုင်ငံရေးမှာ တစ်ရက်စာကြိုခန့်မှန်းရင်ကို စောလွန်းတယ်လို့ ပြောကြပါတယ်ဘုရား။ဒါပေမယ့် ၂၀၂၀ အခုဒီပုံစံမျိုးနဲ့ ဆက်သွားနေရင် ၂၀၂၀ မှာ ဘယ်လိုပုံစံမျိုး ဖြစ်လာနိုင်လဲ။ အရှင်ဘုရားတို့ကရော ဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲ။

ဖြေ – ဦးဇင်းတို့ဖြစ်စေချင်တာကို ၂၀၁၅ အကြိုကာလကတည်းက ခေါင်းခေါက်ပြီးမှ ရွေးချယ်ပါဆိုတဲ့ အစီအစဉ်ကို ဦးဇင်းတို့ ငွေအကုန်ခံ လူအပန်းခံပြီးတော့ တင်ပြခဲ့တယ်လေ။ ပြည်သူတွေကိုယ်တိုင်ကိုက နိုင်ငံရေး အာသာတအားပြင်းထန်နေတဲ့အတွက်ကြောင့် နေချင်းညချင်း တိုက်တွေကားတွေ ပိုင်ဆိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ ပုံအောလိုက်ကြတာကိုး။ ဦးဇင်းတို့မှာ ၂၀၁၅ မူဝါဒ ရှိပြီးသားလေ။ အဲဒီအတိုင်းပဲ လွှတ်တော်အမတ်တွေကို ခေါင်းခေါက်ပြီးမှပဲ ခံနိုင်ရည်ရှိတဲ့သူ၊ စွမ်းဆောင်ရည်ရှိတဲ့သူကို ရွေးချယ်စေချင်တာပေါ့။ ဒါကတစ်ချက်ပါ။ ဒါပေမယ့် ဒီငါးနှစ်အတွင်းမှာပဲ ဒီအစိုးရဟာ ဒီထက် ဆိုးသွားတဲ့အခြေအနေပဲ ရှိပါတယ်။ ဒီထက်ကောင်းအောင် မလုပ်နိုင်ဘူးဆိုရင်တော့ တို့နိုင်ငံ ပြည်သူတွေကတော့ နိုင်ငံရေး သေသွားပြီပေါ့ကွာ။ နိုင်ငံရေးသေသွားတဲ့အတွက် ဒီမိုကရေစီကျဆုံးခန်း ရောက်သွားနိုင်တာပေါ့နော့။

မေး- ဒီတစ်ပတ်အတွက် သြဝါဒစကားလေး မိန့်ပေးပါဦးဘုရား။

ဖြေ -ပြည်သူတွေကို ပြောချင်တယ်။ ဒီမိုကရေစီလိုလားရင် မိမိကိုယ်တိုင် အဂတိကင်းအောင် စောင့်ထိန်းပါ။ အဂတိကင်းစွာ ဝေဖန်ပါ။ အဂတိကင်းစွာ ဆုံးဖြတ်ပါ။ အဂတိကင်းစွာ ရွေးချယ်ပါလို့ မှားကြားချင်ပါတယ်။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။