Daily Archives: March 30, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၂

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်  ဦးသန်းဇော်+ဒေါ်ချယ်ရီ ပင်လောင်းမြို့နယ်၊ တီကျစ်ရွာမှ အလှူငွေ ၁,၀၀၀,၀၀၀(ဆယ်သိန်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး ...
သတင်း

ပြည်သူတွေဆင်ခြင်နိုင်ကြဖို့ သင်ခန်းစာယူကြဖို့ပဲ တိုက်တွန်းချင်ပါတယ်(အပိုင်း-၂ နိဂုံး)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- အာစီယံထိပ်သီးညီလာခံများအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ကို မတ်လ ၁၇ ရက်နေ့က ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့ ဆန္ဒပြတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဟစ်တလာနုတ်ခမ်းမွှေးတပ်ပြီး အာဏာရှင်ပုံစံမျိုး ဆန္ဒပြတာနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ချင်ပါသလဲဘုရား။ ဖြေ- အဲဒါကတော့ အမျိုးသားရေးအမြင်နဲ့ နိုင်ငံရေးအမြင်ယှဉ်ကြည့်ရမှာပေါ့နော်။ အမျိုးသားရေးအမြင်နဲ့ကြည့်မယ်ဆိုရင် ဒါက အခွင့်ကောင်းယူပြီးတော့ ခြိမ်းခြောက်တာ။ ဖိအားပေးတာပဲလေ။ အဲဒီအပေါ်မှာ ကိုယ်က ဒါတွေကို ကြောက်လန့်သွားပြီး လိုက်လျောမိသွားရင် တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာက ပဲ့ပါသွားမှာပဲလေ။ အဲဒီတော့ အမျိုးသားရေးအမြင်နဲ့ ပြောရရင် အဲဒီလို ...
သတင်း

စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၉)

ဒီနေ့ နှောင်းတန်ခူးလဆန်း(၁၄)ရက်၊ (30.3.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ ရှမ်းခေါက်ဆွဲ အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုမည့် မူလ ငယ် လတ် ကြီး သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုရမည့် ဘာသာရပ်ကတော့ သဂြုင်္ိဟ် ဖြစ်ပါတယ်။ 31.3.2018 ရက်နေ့မှာတော့ မူလ ငယ် လတ် ကြီး များ ဖြေဆိုကြမှာ ဖြစ်ပါတယ်။ ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ဆက်ကပ်မှာပါ။ အရုဏ်ဆွမ်းကုသိုလ်ရှင်များ ၁။ ကိုတင်လင်းအောင် ...
မန်းမဟော်သဓာသတင်း

မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာကလေးငယ်များအား သြဝါဒစကားပြောကြား

27.3.2018 ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဝန်းမှာ ကျင်းပပါတယ်။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသူကျောင်းသားလေးများအား သြဝါဒပေးတာပါ။ ယဉ်ကျေးလိမ္မာ ကလေးငယ်များ ဘုန်းကံကြီးမားကြပါတယ်။ နေ့စဉ် အအေးနှင့်မုန့် ကျွေးမွေး လှူဒါန်းမည့်သူရှိသလို၊ ဒီနေ့လည်း ထမင်းဗူးများ လာဝေတဲ့အလှူရှင်ကို တွေ့ရပါတယ်။ အလှူရှင်သားအမိက မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ မယ်တော်ကြီးဒေါ်သိန်းခင်အား အမှူးထား၍ အိမ့်နဒီခန့်မိသားစု ဖြစ်ပါတယ်။ ထမင်းနှင့် ကိတ်မုန့်အပြင် ကလေးတစ်ယောက်လျှင် ငွေ ၂၀၀ ...