မန်းမဟော်သဓာသတင်း








 

“မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာကလေးငယ်များအား သြဝါဒစကားပြောကြား”

27.3.2018 ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းဝန်းမှာ ကျင်းပပါတယ်။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသူကျောင်းသားလေးများအား သြဝါဒပေးတာပါ။

ယဉ်ကျေးလိမ္မာ ကလေးငယ်များ ဘုန်းကံကြီးမားကြပါတယ်။ နေ့စဉ် အအေးနှင့်မုန့် ကျွေးမွေး လှူဒါန်းမည့်သူရှိသလို၊ ဒီနေ့လည်း ထမင်းဗူးများ လာဝေတဲ့အလှူရှင်ကို တွေ့ရပါတယ်။ အလှူရှင်သားအမိက မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ မယ်တော်ကြီးဒေါ်သိန်းခင်အား အမှူးထား၍ အိမ့်နဒီခန့်မိသားစု ဖြစ်ပါတယ်။

ထမင်းနှင့် ကိတ်မုန့်အပြင် ကလေးတစ်ယောက်လျှင် ငွေ ၂၀၀ ကျပ်စီ မုန့်ဖိုးပေးသွားပါသေးတယ်။ ယဉ်ကျေးလိမ္မာသင်ကြားပေးသော ရဟန်းပျိုသုံးပါးနှင့် စာရေးသူအား နဝကမ္မဝတ္ထုငွေများ လှူဒါန်းသွားပါတယ်။ စာရေးသူကတော့ လိမ္မာခြင်းအဓိပ္ပါယ် ဖွင့်ဆိုဟောကြားခဲ့ပါတယ်။

လိမ္မာတယ်ဆိုတာ ဘုရားစကားနားထောင်တာ။
လိမ္မာတယ်ဆိုတာ တရားစကားနားထောင်တာ။
လိမ္မာတယ်ဆိုတာ သံဃာ့စကားနားထောင်တာ။
လိမ္မာတယ်ဆိုတာ အမေ့စကားနားထောင်တာ။
လိမ္မာတယ်ဆိုတာ အဖေ့စကားနားထောင်တာ။
လိမ္မာတယ်ဆိုတာ ဆရာ့စကားနားထောင်တာ။
လိမ္မာတယ်ဆိုတာ ဆရာမစကားနားထောင်တာ။
လိမ္မာတယ်ဆိုတာ ဆုံးမစကားနားထောင်တာ။

အလှူရှင် မယ်တော်ကြီးဒေါ်သိန်းခင်နှင့်အတူ အိမ့်နဒီခန့်မိသားစု ကျန်းမာချမ်းသာဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။