သတင္း

ကေလးၿမဳိ႕ ေနသာပညာဒါန ေက်ာင္းသူေက်ာင္းသားမ်ားအား ၾသဝါဒေပး

တန္ခူးလဆန္း(၉)ရက္ 25.3.2018 မြန္းလြဲ ၁း၀၀ နာရီ စစ္ကုိင္းတုိင္းေဒသႀကီး ကေလးၿမဳိ႕ ေနသာပညာဒါနေက်ာင္းမွာ ေဟာေျပာပါတယ္။ ကုိးတန္း ဆယ္တန္းေက်ာင္းသူေက်ာင္းသားေလးမ်ားကုိ ေဟာၾကားတာပါ။ ေနသာဆရာေတာ္ အရွင္ဓမၼိက ခရီးၾကြေန၍ မေတြ႕ရေသာ္လည္း ေရာက္တုန္းေရာက္ခုိက္ ခါတုိင္းလုိပဲ ေက်ာင္းသူေက်ာင္းသားမ်ားကုိ ၾသဝါဒေပးဖုိ႔ ေလွ်ာက္ထားၾကလုိ႔ ေဟာျဖစ္သြားတာပါ။

ကေလးငယ္ေတြကလည္း လိမၼာေရးျခားရွိၾကပါတယ္။ အဖုိးတန္အမုန္းတရား ေခါင္းစဥ္ႏွင့္ သံေပါက္ကေလးေတြ တုိင္ေပးၿပီး ေဟာၾကားခဲ့တာပါ။

“အဖုိးတန္အမုန္းတရား”
အဖုိးအဖြားလည္း ရုိက္ပါတယ္ ေဒါသေၾကာင့္ပါကြယ္
ေကာင္းေစခ်င္တဲ့ေစတနာထား အဖုိးတန္အမုန္းတရား။
မိဘႏွစ္ပါးလည္းရုိက္ပါတယ္ ေဒါသနဲ႔ပါကြယ္
ျပဳျပင္လုိတဲ့ေစတနာထား အဖုိးတန္အမုန္းတရား။
ဆရာႀကီးလည္းရုိက္ပါတယ္ ေဒါသနဲ႔ပါကြယ္
ေတာ္ေစခ်င္တဲ့ေစတနာထား အဖုိးတန္အမုန္းတရား။
ဆရာမႀကီးလည္းရုိက္ပါတယ္ ေဒါသနဲ႔ပါကြယ္
တတ္ေစခ်င္တဲ့ေစတနာထား အဖုိးတန္အမုန္းတရား။
ဘုန္းဘုန္းဘုရားလည္းရုိက္ပါတယ္ ေဒါသနဲ႔ပါကြယ္
လိမၼာလုိတဲ့ေစတနာထား အဖုိးတန္အမုန္းတရား။
ဦးဇင္းေလးလည္းရုိက္ပါတယ္ ေဒါသနဲ႔ပါကြယ္
ယဥ္ေက်းလိုတဲ့ေစတနာထား အဖုိးတန္အမုန္းတရား။
ဘုန္းဘုန္းဘုရားတရားေဟာတယ္ ေခြးတရားပါကြယ္
လင္ယူမမွားေအာင္ ေစတနာထား အဖုိးတန္အမုန္းတရား။
သက္ငယ္မုဒိမ္းေပါမ်ားတယ္ ေသဒဏ္ေပးပါကြယ္
ေဒါသေရွ႕ထားေတာင္းဆုိျငား အဖုိးတန္အမုန္းတရား။

 

“ကလေးမြို့ နေသာပညာဒါန ကျောင်းသူကျောင်းသားများအား သြဝါဒပေး”

တန်ခူးလဆန်း(၉)ရက် 25.3.2018 မွန်းလွဲ ၁း၀၀ နာရီ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နေသာပညာဒါနကျောင်းမှာ ဟောပြောပါတယ်။ ကိုးတန်း ဆယ်တန်းကျောင်းသူကျောင်းသားလေးများကို ဟောကြားတာပါ။ နေသာဆရာတော် အရှင်ဓမ္မိက ခရီးကြွနေ၍ မတွေ့ရသော်လည်း ရောက်တုန်းရောက်ခိုက် ခါတိုင်းလိုပဲ ကျောင်းသူကျောင်းသားများကို သြဝါဒပေးဖို့ လျှောက်ထားကြလို့ ဟောဖြစ်သွားတာပါ။

ကလေးငယ်တွေကလည်း လိမ္မာရေးခြားရှိကြပါတယ်။ အဖိုးတန်အမုန်းတရား ခေါင်းစဉ်နှင့် သံပေါက်ကလေးတွေ တိုင်ပေးပြီး ဟောကြားခဲ့တာပါ။

“အဖိုးတန်အမုန်းတရား”
အဖိုးအဖွားလည်း ရိုက်ပါတယ် ဒေါသကြောင့်ပါကွယ်
ကောင်းစေချင်တဲ့စေတနာထား အဖိုးတန်အမုန်းတရား။
မိဘနှစ်ပါးလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ်
ပြုပြင်လိုတဲ့စေတနာထား အဖိုးတန်အမုန်းတရား။
ဆရာကြီးလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ်
တော်စေချင်တဲ့စေတနာထား အဖိုးတန်အမုန်းတရား။
ဆရာမကြီးလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ်
တတ်စေချင်တဲ့စေတနာထား အဖိုးတန်အမုန်းတရား။
ဘုန်းဘုန်းဘုရားလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ်
လိမ္မာလိုတဲ့စေတနာထား အဖိုးတန်အမုန်းတရား။
ဦးဇင်းလေးလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ်
ယဉ်ကျေးလိုတဲ့စေတနာထား အဖိုးတန်အမုန်းတရား။
ဘုန်းဘုန်းဘုရားတရားဟောတယ် ခွေးတရားပါကွယ်
လင်ယူမမှားအောင် စေတနာထား အဖိုးတန်အမုန်းတရား။
သက်ငယ်မုဒိမ်းပေါများတယ် သေဒဏ်ပေးပါကွယ်
ဒေါသရှေ့ထားတောင်းဆိုငြား အဖိုးတန်အမုန်းတရား။