သတင္း

ျပည္သူေတြဆင္ျခင္ႏုိင္ၾကဖုိ႔ သင္ခန္းစာယူၾကဖုိ႔ပဲ တုိက္တြန္းခ်င္ပါတယ္(အပုိင္း-၁)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ေမး – ပထမဆံုးအေနနဲ႔ တရားပြဲမွာ အရင္နဲ႔မတူတဲ့ ပံုစံမ်ိဳး၊ တရားမ်ိဳး ေဟာမယ္လို႔ အရွင္ဘုရားေျပာထားေတာ့ ပံုစံေျပာင္းေဟာရတဲ့ အေျခအေနက ဘယ္လိုမ်ား ရွိပါသလဲဘုရား။

ေျဖ – ပံုစံေျပာင္းေဟာေတာ့ သက္ေတာင့္သက္သာရွိတာေပါ့ကြာ။ အမ်ိဳးသားေရးတရားေဟာတုန္းက အမွားအယြင္းမရွိေအာင္ တစ္လုံးခ်င္း ဂရုစိုက္ရတဲ့အတြက္ တာ၀န္ႀကီးတာေပါ့ေနာ့။ အခုက်ေတာ့ ပါဠိေတာ္အတုိင္းေဟာၿပီးေတာ့မွ ေခတ္အျဖစ္အပ်က္ကို ကိုယ္သိထားတဲ့အတုိင္း ရင္ထဲရွိတဲ့အတုိင္း ရွင္းရွင္းလင္းလင္းဖြင့္ခ်ရတာဆိုေတာ့ ေပါ့ေပါ့ပါးပါးေလးနဲ႔ အေတာ္သက္သာတာေပါ့ေနာ္။

ေမး- တရားပြဲေတြေဟာရတာ အဆင္ေျပရဲ႕လားဘုရား။ ဆိုလိုတာက အေႏွာင့္အယွက္အဟန္႔အတားေတြ ရွိေနလားဘုရား။

ေျဖ – ေလာေလာဆယ္ေတာ့ တရားပြဲက်င္းပတဲ့သူေတြ႕ကိုပံုုသ႑ာန္မ်ိဳးစံုနဲ႔ က်ပ္တာေတြ ေတြ႕တာေပါ့ေနာ္။ ဓမၼကထိကကိုေတာ့ အခုအခ်ိန္ထိ အေႏွာင့္အယွက္ေပးတာေတာ့ မရွိပါဘူး။
ေမး- အခုလက္ရွိအခ်ိန္မွာပဲ သမၼတႀကီးဦးထင္ေက်ာ္ကအနားယူသြားတယ္ဆိုတာ့ သမၼတအနားယူတာနဲ႔ပတ္သက္ၿပီး အရွင္ဘုရားရဲ႕ အျမင္ကို သိခ်င္ပါတယ္ဘုရား။

ေျဖ – သမၼတႀကီးအနားယူသြားတာေကာင္းပါတယ္။ အားလံုးအတြက္ ေကာင္းတာေပါ့။ အားလံုးအတြက္ဆုိတာ သူ စိတ္ပိုင္းဆုိင္ရာေရာ ရုပ္ပိုင္းဆုိင္ရာေရာ က်န္းမာေရးအတြက္ေကာ ပါတာေပါ့။ ေနာက္ ေယာက်္ားသားတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာေပါ့၊ ႏုိင္ငံေရးသိကၡာေပါ့၊ အဲဒါေတြလည္းပါတာေပါ့။ ဦးဇင္းကေတာ့ သမၼတႀကီး၀ဋ္ကၽြတ္သြားတယ္လို႔ပဲ ျမင္ပါတယ္ေနာ္။ အႏွိမ္ခံဘ၀မွ လြတ္ေျမာက္သြားတဲ့အတြက္ သမၼတႀကီး ကိုယ္စား ၀မ္းေျမာက္မိတယ္ေပါ့ေနာ္။

ေမး – ဦးထင္ေက်ာ္အနားယူသြားတဲ့ေနာက္မွာ သမၼတသစ္တစ္ဦး ထပ္လာမယ္ေပါ့ဘုရား။ အဲဒီ သမၼတအသစ္အေပၚမွာေရာ ဘယ္လိုေမွ်ာ္လင့္ခ်က္ထားတာမ်ိဳး ရွိလဲဘုရား။

ေျဖ – အရင္သမၼတႀကီးႏုတ္ထြက္သြားတဲ့အေပၚမွာ သိပ္ၿပီးေတာ့ လြမ္းလြမ္းဆြတ္ဆြတ္ မရွိသလိုပဲ ေနာက္တက္မယ့္ သမၼတအေပၚမွာလည္း မက္မက္ေမာေမာႀကီး သိပ္မရွိလွပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သမၼတက သမၼတတာ၀န္ကိုမွ အျပည့္အ၀လုပ္ပိုင္ခြင့္မရွိဘဲနဲ႔ေနာ့။ အဲဒီေတာ့ ဗမာစကားပံုအတုိင္းေျပာရရင္ ရုပ္ေသးက်သြားတဲ့အခါ တုတ္ထိုးတက္လာတာပဲေလ။

ေမး- လက္ရွိမွာ သမၼတျဖစ္ဖို႔ ေရပန္းစားေနတဲ့ ဦး၀င္းျမင့္က စစ္တပ္နဲ႔ ဆက္ဆံေရးမွာ မေျပလည္တာေလးေတြရွိတယ္။ ဦး၀င္းျမင့္သမၼတအျဖစ္တာ၀န္ယူလိုက္ရင္ အရပ္ဘက္စစ္ဘက္ဆက္ဆံေရး၊ စစ္တပ္နဲ႔အစိုးရဆက္ဆံေရး ဘယ္လိုမ်ိဳးေတြျဖစ္လာႏိုင္မလဲ။ အေျပာင္းအလဲေတြရွိလာႏိုင္မလား။ အရွင္ဘုရား အေနနဲ႔ဆိုရင္ ဘယ္လိုသံုးသပ္လဲ အဲဒါေလး သိခ်င္ပါတယ္ဘုရား။

ေျဖ – မထူးပါဘူး။ သူက ဘယ္ေလာက္ပဲ ထက္ထက္ သူလုပ္ပိုင္ခြင့္မရွိဘူးေလ။ သူ ဘယ္ေလာက္ပဲ တင္းမာ တင္းမာ သမၼတစ္ေယာက္ျဖစ္တဲ့အခါ သူ႕မွာ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္မွ မရွိဘဲနဲ႔ေနာ့။ အဲဒီေတာ့ ထူးျခားတဲ့အေျပာင္းအလဲကေတာ့ သိပ္ေမွ်ာ္လင့္ေနလို႔ မရဘူးေပါ့။

ေမး- အေျပာင္းအလဲေတြၾကားမွာ ျမန္မာ့လႊတ္ေတာ္ႏွစ္ရပ္လံုးရဲ႕ ဥကၠ႒ေတြဟာ ခရစ္ယာန္ဘာသာ၀င္ေတြျဖစ္သြားတယ္။ ဗုဒၶဘာသာ အမ်ားစုေနထုိင္တဲ့တုိင္းျပည္မွာ လႊတ္ေတာ္ႏွစ္ရပ္လံုးရဲ႕ ဥကၠ႒ေတြက ခရစ္ယာန္ဘာသာေတြျဖစ္ေနတာနဲ႔ပတ္သက္လို႔ အရွင္ဘုရားတို႔ သံဃာထုအေနနဲ႔ေကာ ဘယ္လိုမ်ိဳး သံုးသပ္ခ်က္ေတြ ရွိမလဲဘုရား။

ေျဖ- အဲဒါက ပုပ္ရဟန္းမင္းျကီးလာတုန္းက ကတိကဝတ္ေတြနဲ႔လည္းဆိုင္ပါတယ္။ အစိုးရတစ္ဖြဲ႕လံုးကို ဦးေဆာင္ေနတဲ့ ပုဂိၢဳလ္ကိုယ္တုိင္ကိုက ခရစ္ယာန္လိုလို၊ ဗုဒၶဘာသာလုိုလို လုပ္ထားတာေလ။ တကယ္တမ္းက်ေတာ့ ခရစ္ယာန္ဘာသာ၀င္မ်ားျဖစ္ေနမလားလို႔ေတာင္ အေတြးေခါင္မိေသးတယ္။ ဆိုလိုတာက အမ်ားအျမင္မွာေတာ့ ဗုဒၶဘာသာျဖစ္ေပမယ့္ သူ႕ရင္ထဲမွာ ရွိတဲ့အတုိင္း သူ႕လူေတြကိုသူ ခ်ီးေျမွာက္တဲ့သေဘာေပါ့။ ဒီမိုကေရစီဆိုတာက အမ်ားစု ဆႏၵကုိ ဦးစားေပးၿပီး အေကာင္အထည္ေဖာ္ရတာေလ။ အမ်ားစုမဲနဲ႔တက္လာတဲ့ လူရဲ႕လက္ထဲမွာ အမ်ားစု ကိုးကြယ္တဲ့ ဘာသာကို ႏွိပ္ကြပ္ထားတာေတြ႕ရတာေပါ့။ အဲေတာ့ ျပည္သူေတြ ဆင္ျခင္ႏိုင္ၾကဖို႔၊ သင္ခန္းစာယူၾကဖို႔ပဲ တုိက္တြန္းခ်င္ပါတယ္။

ေမး- သမၼတေနရာအေျပာင္းအလဲျဖစ္တယ္၊ ျပည္သူ႕လႊတ္ေတာ္ဥကၠ႒အေျပာင္းအလဲျဖစ္တယ္၊ ေရွ႕မွာလည္း ၀န္ႀကီးခ်ဳပ္ေတြ အေျပာင္းအလဲလုပ္ခဲ့ရတယ္။ အစိုးရသက္တမ္း ႏွစ္ႏွစ္အတြင္း ေခါငး္ေဆာင္ပိုင္း အေျပာင္းအလဲေတြလုပ္ေနၿပီး အထုိင္မက်တာနဲ႔ပတ္သက္ၿပီး အရွင္ဘုရားအေနနဲ႔ ဘယ္လိုသံုူးသပ္လဲဘုရား။

ေျဖ- ျမန္မာေဘာလံုးအသင္းလိုပါပဲ။ အုပ္စုပတ္လည္ကေနပဲ ထြက္လာရမွာပဲ။ ဘယ္ေသာအခါမွ ဆီမီးဖုိင္နယ္တို႔၊ ဗိုလ္လုပြဲတို႔ တက္ရမွာမဟုတ္ဘူးေလ။ နည္းျပလည္း စိတ္တုိင္းက် ကစားသမားလည္းစိတ္တိုင္းက် ပံုသ႑ာန္မ်ိဳးစံုနဲ႔ သူတို႔တေတြ စိတ္တုိင္းက်လုပ္လာခဲ့တာပဲေလ။ ဘယ္လိုပဲ လုပ္လုပ္ စီမံကြပ္ကဲတဲ့သူက မူမေျပာင္းဘူး ကစားကြက္မေျပာင္းဘူးဆိုရင္ ဘယ္ေလာက္ေကာင္းတဲ့ ေဘာလံုးသမားပဲျဖစ္ျဖစ္ ဒီကြင္းထဲကို ေရာက္သြားလို႔ရွိရင္ ေျခေပၚမွာမဟုတ္ေတာ့ဘူးေပါ့ေနာ္။ အဲဒီေတာ့ ဘာမွ မထူးပါဘူး။ ယိုးဒယာ ပတ္ပ်ိဳးအတုိင္းပါပဲလုိ႔။

ေမး- NLD အစိုးရတာ၀န္ယူတဲ့ ႏွစ္ႏွစ္တာကာလမွာ ေခါင္းေဆာင္ပိုင္းအေျပာင္းအလဲေတြလည္းျဖစ္တယ္၊ တုိင္းျပည္ရဲ႕ ႏိုင္ငံေရးအေျခအေနကလည္း ပိုပိုၿပီး ရႈပ္ေထြးလာတယ္။ အရင္အပတ္က အရွင္ဘုရားေျပာခဲ့သလုိပဲ ဒီမိုကေရစီဆိုတာ ဒါမ်ိဳးလားလို႔ လူေတြထင္ရင္ ဒီမိုကေရစီရွင္သန္အားေကာင္းဖို႔ ခက္ကုန္မယ္ေပါ့ဘုရား။ ဆုိေတာ့ သူတို႔လုပ္ခဲ့တဲ့ ဒီမုိကေရစီခရီးလမ္းဟာ ေအာင္ျမင္တယ္လို႔ ေျပာလို႔ရႏုိင္ရဲ႕လားဘုရား။ အရွင္ဘုရားအေနနဲ႔ ဘယ္လိုယူဆပါသလဲဘုရား။ NLD အစိုးရရဲ႕ ဒီမိုကေရစီျပဳစု ပ်ိဳးေထာင္မႈနဲ႔ ပတ္သက္ရင္ …။

ေျဖ – ဒီအစိုးရေအာင္ျမင္တာဆုိလို႔ အမ်ိဳးသားေရးသမားကို ႏွိပ္ကြပ္တာရယ္၊ ဗုဒၶဘာသာကို ေဘးဖယ္ထားတာရယ္ ဒီႏွစ္ခုပဲ ေတြ႕ရသလားလို႔။ က်န္တာေတြကေတာ့ စီးပြားေရးလည္း နလံမထူဘူး၊ ကုန္ေစ်းႏႈန္းေတြလည္း မိုးထိေထာင္တက္၊ လူ႕အခြင့္အေရးေတြလည္း ေပ်ာက္ဆံုး၊ ရာဇ၀တ္မႈ ေတြကလည္း ထူေျပာ၊ ျပည္သူေတြေခၽြးႏွဲစာနဲ႔ ရွာထားတဲ့ေငြေတြကိုလည္း ျပည္သူအိတ္ကပ္ထဲကေန အခြန္ဥပေဒလက္ႀကီးနဲ႔ ႏႈိက္ႏႈိက္ထုတ္သြားေတာ့ ျပည္သူေတြလည္း ေခၽြးႏွဲစာေလးေတြး မသဒၶါေရစာေပးေနရတာေပါ့။ အဲဒါမ်ိဳးေတြ ေတြ႕ရတယ္။ ဒီထက္ဆိုးတာကေတာ့ ႏုိင္ငံအေပၚသစၥာေစာင့္သိမႈအေပၚ ေမးခြန္းထုတ္စရာေတြ အမ်ားႀကီးရွိေနတာပဲ။ ထရိုဂ်င္ျမင္းကို အတင္းဆြဲသြင္းေနတာ ေတြ႕ေနရတာေပါ့။ အဲဒါကေတာ့ အဆိုးဆံုးေပါ့။

ေမး- ပိုၿပီး တစ္စတစ္စ ရႈပ္ေထြးလာတဲ့ႏိုင္ငံေရးအေျခအေနမွာ ဒီမုိကေရစီရွင္သန္အားေကာင္းေအာင္ အစိုးရအေနနဲ႔ ဘာေတြလုပ္သင့္လဲ အဲဒါေလး မိန္႔ေပးပါဦးဘုရား။

ေျဖ – လုပ္မယ္ဆုိရင္ အစိုးရအေနနဲ႔ ဘာမွမခက္ဘူးေလ။ သိပ္အေ၀းႀကီး ၾကည့္စရာမွ မလုိဘဲနဲ႔။ ဦးသိန္းစိန္ဆိုရင္ အာဏာရွင္ စနစ္ဆိုးႀကီးကေန အရပ္သားဒီမိုကေရစီစနစ္ကို ေျပာင္းလဲတဲ့အခ်ိန္မွာ တပ္ပ်က္ကို ဗုိလ္လုပ္ခဲ့ရတာေလ။ အဲဒီအခ်ိန္မွာ ကမၻာႀကီးကလည္း သူ႕ဘက္ပါတာမဟုတ္ဘူး။ မီဒီယာေတြလည္း သူ႕ဘက္ပါတာမဟုတ္ဘူး။ ႏုိင္ငံေရးသမားေတြလည္း သူ႕ဘက္ပါတာမဟုတ္ဘူး။ ဘယ္သူမွ သူ႕ဘက္မပါဘဲနဲ႔ တကယ့္ကို ဒီမုိကေရစီမ်ိဳးေစ့ ပီပီျပင္ျပင္ ခ်သြားေပးႏိုင္ခဲ့တယ္ေလ။ အဲဒါေၾကာင့္မို႔ အေ၀းျကီးကို မၾကည့္ဘဲနဲ႔ ဦးသိန္းစိန္ ဘယ္လိုလုပ္ခဲ့သလဲ ဒါေလာက္ေလး ၾကည့္ရင္ကိုပဲ ဒီမိုကေရစီစနစ္ကို ပီပီျပင္ျပင္ေဖာ္ေဆာင္လုိ႔ရေနပါၿပီ။ အဲေလာက္ေလးၾကည့္ဖို႔အတြက္ေတာ့ တစ္ဦးတစ္ေယာက္က အေရးႀကီးတာေပါ့ေလ။ တစ္ဦးတစ္ေယာက္ကေတာ့ တုိင္းျပည္ကသာ သူ႕ေနာက္လိုက္ရမယ္။ သူကတိုင္းျပည္အလိုဆႏၵအရ သူ႕အခ်ိဳးေတြျပင္မေပးႏုိင္ဘူးဆိုတဲ့ မာနႀကီးတစ္ခြဲသားနဲ႔ေနတာဆိုေတာ့ ဒီမိုကေရစီပီျပင္ေအာင္ ေဖာ္ေဆာင္ဖုိ႔အတြက္ တစ္ဦးတစ္ေယာက္မွာပဲ တာ၀န္ရွိတယ္လို႔ ေျပာရမွာပါ။

(ဆက္လက္ေဖာ္ျပပါမည္)

 

“ပြည်သူတွေဆင်ခြင်နိုင်ကြဖို့ သင်ခန်းစာယူကြဖို့ပဲ တိုက်တွန်းချင်ပါတယ်(အပိုင်း-၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – ပထမဆုံးအနေနဲ့ တရားပွဲမှာ အရင်နဲ့မတူတဲ့ ပုံစံမျိုး၊ တရားမျိုး ဟောမယ်လို့ အရှင်ဘုရားပြောထားတော့ ပုံစံပြောင်းဟောရတဲ့ အခြေအနေက ဘယ်လိုများ ရှိပါသလဲဘုရား။

ဖြေ – ပုံစံပြောင်းဟောတော့ သက်တောင့်သက်သာရှိတာပေါ့ကွာ။ အမျိုးသားရေးတရားဟောတုန်းက အမှားအယွင်းမရှိအောင် တစ်လုံးချင်း ဂရုစိုက်ရတဲ့အတွက် တာဝန်ကြီးတာပေါ့နော့။ အခုကျတော့ ပါဠိတော်အတိုင်းဟောပြီးတော့မှ ခေတ်အဖြစ်အပျက်ကို ကိုယ်သိထားတဲ့အတိုင်း ရင်ထဲရှိတဲ့အတိုင်း ရှင်းရှင်းလင်းလင်းဖွင့်ချရတာဆိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အတော်သက်သာတာပေါ့နော်။

မေး- တရားပွဲတွေဟောရတာ အဆင်ပြေရဲ့လားဘုရား။ ဆိုလိုတာက အနှောင့်အယှက်အဟန့်အတားတွေ ရှိနေလားဘုရား။

ဖြေ – လောလောဆယ်တော့ တရားပွဲကျင်းပတဲ့သူတွေ့ကိုပုံုသဏ္ဍာန်မျိုးစုံနဲ့ ကျပ်တာတွေ တွေ့တာပေါ့နော်။ ဓမ္မကထိကကိုတော့ အခုအချိန်ထိ အနှောင့်အယှက်ပေးတာတော့ မရှိပါဘူး။

မေး- အခုလက်ရှိအချိန်မှာပဲ သမ္မတကြီးဦးထင်ကျော်ကအနားယူသွားတယ်ဆိုတာ့ သမ္မတအနားယူတာနဲ့ပတ်သက်ပြီး အရှင်ဘုရားရဲ့ အမြင်ကို သိချင်ပါတယ်ဘုရား။

ဖြေ – သမ္မတကြီးအနားယူသွားတာကောင်းပါတယ်။ အားလုံးအတွက် ကောင်းတာပေါ့။ အားလုံးအတွက်ဆိုတာ သူ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ကျန်းမာရေးအတွက်ကော ပါတာပေါ့။ နောက် ယောကျ်ားသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပေါ့၊ နိုင်ငံရေးသိက္ခာပေါ့၊ အဲဒါတွေလည်းပါတာပေါ့။ ဦးဇင်းကတော့ သမ္မတကြီးဝဋ်ကျွတ်သွားတယ်လို့ပဲ မြင်ပါတယ်နော်။ အနှိမ်ခံဘဝမှ လွတ်မြောက်သွားတဲ့အတွက် သမ္မတကြီး ကိုယ်စား ဝမ်းမြောက်မိတယ်ပေါ့နော်။

မေး – ဦးထင်ကျော်အနားယူသွားတဲ့နောက်မှာ သမ္မတသစ်တစ်ဦး ထပ်လာမယ်ပေါ့ဘုရား။ အဲဒီ သမ္မတအသစ်အပေါ်မှာရော ဘယ်လိုမျှော်လင့်ချက်ထားတာမျိုး ရှိလဲဘုရား။

ဖြေ – အရင်သမ္မတကြီးနုတ်ထွက်သွားတဲ့အပေါ်မှာ သိပ်ပြီးတော့ လွမ်းလွမ်းဆွတ်ဆွတ် မရှိသလိုပဲ နောက်တက်မယ့် သမ္မတအပေါ်မှာလည်း မက်မက်မောမောကြီး သိပ်မရှိလှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတက သမ္မတတာဝန်ကိုမှ အပြည့်အဝလုပ်ပိုင်ခွင့်မရှိဘဲနဲ့နော့။ အဲဒီတော့ ဗမာစကားပုံအတိုင်းပြောရရင် ရုပ်သေးကျသွားတဲ့အခါ တုတ်ထိုးတက်လာတာပဲလေ။

မေး- လက်ရှိမှာ သမ္မတဖြစ်ဖို့ ရေပန်းစားနေတဲ့ ဦးဝင်းမြင့်က စစ်တပ်နဲ့ ဆက်ဆံရေးမှာ မပြေလည်တာလေးတွေရှိတယ်။ ဦးဝင်းမြင့်သမ္မတအဖြစ်တာဝန်ယူလိုက်ရင် အရပ်ဘက်စစ်ဘက်ဆက်ဆံရေး၊ စစ်တပ်နဲ့အစိုးရဆက်ဆံရေး ဘယ်လိုမျိုးတွေဖြစ်လာနိုင်မလဲ။ အပြောင်းအလဲတွေရှိလာနိုင်မလား။ အရှင်ဘုရား အနေနဲ့ဆိုရင် ဘယ်လိုသုံးသပ်လဲ အဲဒါလေး သိချင်ပါတယ်ဘုရား။

ဖြေ – မထူးပါဘူး။ သူက ဘယ်လောက်ပဲ ထက်ထက် သူလုပ်ပိုင်ခွင့်မရှိဘူးလေ။ သူ ဘယ်လောက်ပဲ တင်းမာ တင်းမာ သမ္မတစ်ယောက်ဖြစ်တဲ့အခါ သူ့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်မှ မရှိဘဲနဲ့နော့။ အဲဒီတော့ ထူးခြားတဲ့အပြောင်းအလဲကတော့ သိပ်မျှော်လင့်နေလို့ မရဘူးပေါ့။

မေး- အပြောင်းအလဲတွေကြားမှာ မြန်မာ့လွှတ်တော်နှစ်ရပ်လုံးရဲ့ ဥက္ကဋ္ဌတွေဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်သွားတယ်။ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့တိုင်းပြည်မှာ လွှတ်တော်နှစ်ရပ်လုံးရဲ့ ဥက္ကဋ္ဌတွေက ခရစ်ယာန်ဘာသာတွေဖြစ်နေတာနဲ့ပတ်သက်လို့ အရှင်ဘုရားတို့ သံဃာထုအနေနဲ့ကော ဘယ်လိုမျိုး သုံးသပ်ချက်တွေ ရှိမလဲဘုရား။

ဖြေ- အဲဒါက ပုပ်ရဟန်းမင်းကြီးလာတုန်းက ကတိကဝတ်တွေနဲ့လည်းဆိုင်ပါတယ်။ အစိုးရတစ်ဖွဲ့လုံးကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်ကိုက ခရစ်ယာန်လိုလို၊ ဗုဒ္ဓဘာသာလိုလို လုပ်ထားတာလေ။ တကယ်တမ်းကျတော့ ခရစ်ယာန်ဘာသာဝင်များဖြစ်နေမလားလို့တောင် အတွေးခေါင်မိသေးတယ်။ ဆိုလိုတာက အများအမြင်မှာတော့ ဗုဒ္ဓဘာသာဖြစ်ပေမယ့် သူ့ရင်ထဲမှာ ရှိတဲ့အတိုင်း သူ့လူတွေကိုသူ ချီးမြှောက်တဲ့သဘောပေါ့။ ဒီမိုကရေစီဆိုတာက အများစု ဆန္ဒကို ဦးစားပေးပြီး အကောင်အထည်ဖော်ရတာလေ။ အများစုမဲနဲ့တက်လာတဲ့ လူရဲ့လက်ထဲမှာ အများစု ကိုးကွယ်တဲ့ ဘာသာကို နှိပ်ကွပ်ထားတာတွေ့ရတာပေါ့။ အဲတော့ ပြည်သူတွေ ဆင်ခြင်နိုင်ကြဖို့၊ သင်ခန်းစာယူကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။

မေး- သမ္မတနေရာအပြောင်းအလဲဖြစ်တယ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအပြောင်းအလဲဖြစ်တယ်၊ ရှေ့မှာလည်း ဝန်ကြီးချုပ်တွေ အပြောင်းအလဲလုပ်ခဲ့ရတယ်။ အစိုးရသက်တမ်း နှစ်နှစ်အတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေလုပ်နေပြီး အထိုင်မကျတာနဲ့ပတ်သက်ပြီး အရှင်ဘုရားအနေနဲ့ ဘယ်လိုသုံူးသပ်လဲဘုရား။

ဖြေ- မြန်မာဘောလုံးအသင်းလိုပါပဲ။ အုပ်စုပတ်လည်ကနေပဲ ထွက်လာရမှာပဲ။ ဘယ်သောအခါမှ ဆီမီးဖိုင်နယ်တို့၊ ဗိုလ်လုပွဲတို့ တက်ရမှာမဟုတ်ဘူးလေ။ နည်းပြလည်း စိတ်တိုင်းကျ ကစားသမားလည်းစိတ်တိုင်းကျ ပုံသဏ္ဍာန်မျိုးစုံနဲ့ သူတို့တတွေ စိတ်တိုင်းကျလုပ်လာခဲ့တာပဲလေ။ ဘယ်လိုပဲ လုပ်လုပ် စီမံကွပ်ကဲတဲ့သူက မူမပြောင်းဘူး ကစားကွက်မပြောင်းဘူးဆိုရင် ဘယ်လောက်ကောင်းတဲ့ ဘောလုံးသမားပဲဖြစ်ဖြစ် ဒီကွင်းထဲကို ရောက်သွားလို့ရှိရင် ခြေပေါ်မှာမဟုတ်တော့ဘူးပေါ့နော်။ အဲဒီတော့ ဘာမှ မထူးပါဘူး။ ယိုးဒယာ ပတ်ပျိုးအတိုင်းပါပဲလို့။

မေး- NLD အစိုးရတာဝန်ယူတဲ့ နှစ်နှစ်တာကာလမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲတွေလည်းဖြစ်တယ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကလည်း ပိုပိုပြီး ရှုပ်ထွေးလာတယ်။ အရင်အပတ်က အရှင်ဘုရားပြောခဲ့သလိုပဲ ဒီမိုကရေစီဆိုတာ ဒါမျိုးလားလို့ လူတွေထင်ရင် ဒီမိုကရေစီရှင်သန်အားကောင်းဖို့ ခက်ကုန်မယ်ပေါ့ဘုရား။ ဆိုတော့ သူတို့လုပ်ခဲ့တဲ့ ဒီမိုကရေစီခရီးလမ်းဟာ အောင်မြင်တယ်လို့ ပြောလို့ရနိုင်ရဲ့လားဘုရား။ အရှင်ဘုရားအနေနဲ့ ဘယ်လိုယူဆပါသလဲဘုရား။ NLD အစိုးရရဲ့ ဒီမိုကရေစီပြုစု ပျိုးထောင်မှုနဲ့ ပတ်သက်ရင် …။

ဖြေ – ဒီအစိုးရအောင်မြင်တာဆိုလို့ အမျိုးသားရေးသမားကို နှိပ်ကွပ်တာရယ်၊ ဗုဒ္ဓဘာသာကို ဘေးဖယ်ထားတာရယ် ဒီနှစ်ခုပဲ တွေ့ရသလားလို့။ ကျန်တာတွေကတော့ စီးပွားရေးလည်း နလံမထူဘူး၊ ကုန်ဈေးနှုန်းတွေလည်း မိုးထိထောင်တက်၊ လူ့အခွင့်အရေးတွေလည်း ပျောက်ဆုံး၊ ရာဇဝတ်မှု တွေကလည်း ထူပြော၊ ပြည်သူတွေချွေးနှဲစာနဲ့ ရှာထားတဲ့ငွေတွေကိုလည်း ပြည်သူအိတ်ကပ်ထဲကနေ အခွန်ဥပဒေလက်ကြီးနဲ့ နှိုက်နှိုက်ထုတ်သွားတော့ ပြည်သူတွေလည်း ချွေးနှဲစာလေးတွေး မသဒ္ဓါရေစာပေးနေရတာပေါ့။ အဲဒါမျိုးတွေ တွေ့ရတယ်။ ဒီထက်ဆိုးတာကတော့ နိုင်ငံအပေါ်သစ္စာစောင့်သိမှုအပေါ် မေးခွန်းထုတ်စရာတွေ အများကြီးရှိနေတာပဲ။ ထရိုဂျင်မြင်းကို အတင်းဆွဲသွင်းနေတာ တွေ့နေရတာပေါ့။ အဲဒါကတော့ အဆိုးဆုံးပေါ့။

မေး- ပိုပြီး တစ်စတစ်စ ရှုပ်ထွေးလာတဲ့နိုင်ငံရေးအခြေအနေမှာ ဒီမိုကရေစီရှင်သန်အားကောင်းအောင် အစိုးရအနေနဲ့ ဘာတွေလုပ်သင့်လဲ အဲဒါလေး မိန့်ပေးပါဦးဘုရား။

ဖြေ – လုပ်မယ်ဆိုရင် အစိုးရအနေနဲ့ ဘာမှမခက်ဘူးလေ။ သိပ်အဝေးကြီး ကြည့်စရာမှ မလိုဘဲနဲ့။ ဦးသိန်းစိန်ဆိုရင် အာဏာရှင် စနစ်ဆိုးကြီးကနေ အရပ်သားဒီမိုကရေစီစနစ်ကို ပြောင်းလဲတဲ့အချိန်မှာ တပ်ပျက်ကို ဗိုလ်လုပ်ခဲ့ရတာလေ။ အဲဒီအချိန်မှာ ကမ္ဘာကြီးကလည်း သူ့ဘက်ပါတာမဟုတ်ဘူး။ မီဒီယာတွေလည်း သူ့ဘက်ပါတာမဟုတ်ဘူး။ နိုင်ငံရေးသမားတွေလည်း သူ့ဘက်ပါတာမဟုတ်ဘူး။ ဘယ်သူမှ သူ့ဘက်မပါဘဲနဲ့ တကယ့်ကို ဒီမိုကရေစီမျိုးစေ့ ပီပီပြင်ပြင် ချသွားပေးနိုင်ခဲ့တယ်လေ။ အဲဒါကြောင့်မို့ အဝေးကြီးကို မကြည့်ဘဲနဲ့ ဦးသိန်းစိန် ဘယ်လိုလုပ်ခဲ့သလဲ ဒါလောက်လေး ကြည့်ရင်ကိုပဲ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင်ဖော်ဆောင်လို့ရနေပါပြီ။ အဲလောက်လေးကြည့်ဖို့အတွက်တော့ တစ်ဦးတစ်ယောက်က အရေးကြီးတာပေါ့လေ။ တစ်ဦးတစ်ယောက်ကတော့ တိုင်းပြည်ကသာ သူ့နောက်လိုက်ရမယ်။ သူကတိုင်းပြည်အလိုဆန္ဒအရ သူ့အချိုးတွေပြင်မပေးနိုင်ဘူးဆိုတဲ့ မာနကြီးတစ်ခွဲသားနဲ့နေတာဆိုတော့ ဒီမိုကရေစီပီပြင်အောင် ဖော်ဆောင်ဖို့အတွက် တစ်ဦးတစ်ယောက်မှာပဲ တာဝန်ရှိတယ်လို့ ပြောရမှာပါ။

(ဆက်လက်ဖော်ပြပါမည်)