Daily Archives: March 29, 2018

သတင်း

ကလေးမြို့ နေသာပညာဒါန ကျောင်းသူကျောင်းသားများအား သြဝါဒပေး

တန်ခူးလဆန်း(၉)ရက် 25.3.2018 မွန်းလွဲ ၁း၀၀ နာရီ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နေသာပညာဒါနကျောင်းမှာ ဟောပြောပါတယ်။ ကိုးတန်း ဆယ်တန်းကျောင်းသူကျောင်းသားလေးများကို ဟောကြားတာပါ။ နေသာဆရာတော် အရှင်ဓမ္မိက ခရီးကြွနေ၍ မတွေ့ရသော်လည်း ရောက်တုန်းရောက်ခိုက် ခါတိုင်းလိုပဲ ကျောင်းသူကျောင်းသားများကို သြဝါဒပေးဖို့ လျှောက်ထားကြလို့ ဟောဖြစ်သွားတာပါ။ ကလေးငယ်တွေကလည်း လိမ္မာရေးခြားရှိကြပါတယ်။ အဖိုးတန်အမုန်းတရား ခေါင်းစဉ်နှင့် သံပေါက်ကလေးတွေ တိုင်ပေးပြီး ဟောကြားခဲ့တာပါ။ “အဖိုးတန်အမုန်းတရား” အဖိုးအဖွားလည်း ရိုက်ပါတယ် ဒေါသကြောင့်ပါကွယ် ကောင်းစေချင်တဲ့စေတနာထား အဖိုးတန်အမုန်းတရား။ မိဘနှစ်ပါးလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ် ပြုပြင်လိုတဲ့စေတနာထား အဖိုးတန်အမုန်းတရား။ ဆရာကြီးလည်းရိုက်ပါတယ် ဒေါသနဲ့ပါကွယ် တော်စေချင်တဲ့စေတနာထား အဖိုးတန်အမုန်းတရား။ ...
သတင်း

ပြည်သူတွေဆင်ခြင်နိုင်ကြဖို့ သင်ခန်းစာယူကြဖို့ပဲ တိုက်တွန်းချင်ပါတယ်(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ပထမဆုံးအနေနဲ့ တရားပွဲမှာ အရင်နဲ့မတူတဲ့ ပုံစံမျိုး၊ တရားမျိုး ဟောမယ်လို့ အရှင်ဘုရားပြောထားတော့ ပုံစံပြောင်းဟောရတဲ့ အခြေအနေက ဘယ်လိုများ ရှိပါသလဲဘုရား။ ဖြေ – ပုံစံပြောင်းဟောတော့ သက်တောင့်သက်သာရှိတာပေါ့ကွာ။ အမျိုးသားရေးတရားဟောတုန်းက အမှားအယွင်းမရှိအောင် တစ်လုံးချင်း ဂရုစိုက်ရတဲ့အတွက် တာဝန်ကြီးတာပေါ့နော့။ အခုကျတော့ ပါဠိတော်အတိုင်းဟောပြီးတော့မှ ခေတ်အဖြစ်အပျက်ကို ကိုယ်သိထားတဲ့အတိုင်း ရင်ထဲရှိတဲ့အတိုင်း ရှင်းရှင်းလင်းလင်းဖွင့်ချရတာဆိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အတော်သက်သာတာပေါ့နော်။ မေး- တရားပွဲတွေဟောရတာ အဆင်ပြေရဲ့လားဘုရား။ ဆိုလိုတာက အနှောင့်အယှက်အဟန့်အတားတွေ ရှိနေလားဘုရား။ ဖြေ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်  ကြို့ပင်ကောက်မြို့ အဖွားဒေါ်ပန်းရီ အမှူးထား၍ ဦးခိုင်လေး+ဒေါ်မြသောင်း မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (23.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
သတင်း

စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် (၈)”

ဒီနေ့ နှောင်းတန်ခူးလဆန်း(၁၃)ရက်၊ (29.3.2018)နေ့ မနက်မှာ မန္တလေး မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များအား ဓမ္မသဟာယကျောင်းမှာ မုန့်ဟင်းခါး အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ ဒီကနေ့ဖြေဆိုမည့် မူလ ငယ် လတ် ကြီး သံဃာတော်များ ကြွရောက်ဘုဉ်းပေးကြပါသည်။ ဒီကနေ့ ဖြေဆိုရမည့် ဘာသာရပ်ကတော့ သဒ္ဒါ ဖြစ်ပါတယ်။ 30.3.2018 ရက်နေ့မှာတော့ မူလ ငယ် လတ် ကြီး များ ဖြေဆိုကြမှာ ဖြစ်ပါတယ်။ ဓမ္မာစရိယတန်း (၆)ရက်၊ ပထမပြန်တန်း(၇)ရက်၊ စုစုပေါင်း (၁၃)ရက် ဆက်ကပ်မှာပါ။ အရုဏ်ဆွမ်းကုသိုလ်ရှင်များ ၁။ ကိုတင်လင်းအောင် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၇၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မှော်ဘီမြို့၊ လ.စခ(၅) ဗိုလ်မှူးကြီး ကျော်ကျော်ငြိမ်း+ဒေါ်ခင်ချိုသက် မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း) ကျပ် လှူဒါန်းပါသည်။ (15.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...