သတင္း

အာဏာ၊ ယၾတာႏွင့္ သာသနာ

အရင္စစ္အစုိးရလက္ထက္တုန္းကလည္း ယၾတာေခ်တတ္ၾကတယ္။ အခုလည္း ယၾတာသေဘာေတြ ေတြ႔ေနရတယ္။ အရင္အစိုးရေတြယၾတာေခ်တာက ထီးေတာ္တင္တာတုိ႔၊ ဘုရားတည္တာတုိ႔ႏွင့္ အျခားကိုယ္ေရးကိုယ္တာကိစၥမ်ားလုပ္ၿပီး လူမသိသူမသိ တိတ္တိတ္ကေလး လွ်ဳိ႕ဝွက္စြာ ယၾတာေခ်တတ္ၾကတယ္။

အခုက်ေတာ့ ေျပာင္ေျပာင္တင္းတင္းႀကီးပဲ။ ရဟႏၲာရုပ္တုေတာ္ကို ႀကဳိးတုပ္လုိတုပ္၊ သီတဂူဆရာေတာ္ႀကီးတရားပြဲႏွင့္ခ်ိန္ကိုက္ၿပီး ေျဗာက္ေဖာက္လိုေဖာက္၊ သံဃာေတာ္ေတြကို ဆြမ္းဆက္ကပ္ျခင္းမရွိဘဲ ၿမဳိ႕ထဲ ေျခလ်င္လွည့္ခုိင္းလို႔လွည့္ခုိင္းနဲ႔ အေတာ္ႀကီးရုပ္ပ်က္လာခဲ့တယ္။

ျပည္ေထာင္စုဝန္ႀကီးအခ်ဳိ႕ႏွင့္ ဝန္ႀကီးခ်ဳပ္အခ်ဳိ႕ အေျပာင္းအလဲရွိတယ္ဆိုတဲ့သတင္းေၾကာင့္ အသည္းအသန္ယၾတာေခ်ေနၾကတာလားမသိ သံဃာပင့္ရင္လည္း ကိုးဂဏန္းမွ မလြတ္ဘူး။ ၁၀၈၀ တုိ႔၊ ၄၅၀၀ တုိ႔၊ ၁၀၈၀၀ တုိ႔ စံုေနေတာ့တာပါပဲ။

အဆိုးဆံုးကေတာ့ သီတဂူဆရာေတာ္ႀကီးက ပလႅင္ေပၚေရာက္ေနၿပီ ဝန္ႀကီးခ်ဳပ္ကေတာ္က ေရွ႕ဆံုးမွေနရာယူထားတယ္။ ပရိသတ္က ၾသကာသကန္ေတာ့ခ်ဳိးဆိုေနၿပီ ဒီအခ်ိန္မွာေရြးၿပီး ေျဗာက္ေဖာက္တယ္။

ေျဗာက္ေဖာက္ခ်ိန္မွာ ဝန္ႀကီးခ်ဳပ္က တရားပြဲမွာမရွိေသးဘူး။ ဘုရားဝန္းအတြင္း တစ္ေနရာရာမွာ အခါေပးကိုယ္ေတာ္ႀကီးအလိုက် ဂူေအာင္းေနပံုရတယ္။

ၾသကာသကန္ေတာ့ခ်ဳိးသံေပ်ာက္သြားတယ္။ သီတဂူဆရာေတာ္ႀကီး မ်က္စိမ်က္ႏွာပ်က္ေနတယ္။ ကန္ေတာ့ခ်ဳိးသံၾကားေအာင္ အေနာင္စာက မုိက္နဲ႔ေအာ္ၿပီး ဦးေဆာင္ဆိုရေတာ့တယ္။

ဆရာေတာ္ႀကီးက ေျဗာက္သံေတြၾကားထဲမွာ ဆုေပးဂါထာရြတ္ရရွာတယ္။ ဆုေပးၿပီးေတာ့ နားလုိက္ရေတာ့တယ္။ ေျဗာက္မေဖာက္ေတာ့ဘူးဆိုမွ ဆက္ေဟာတယ္။ အဲဒီအခ်ိန္အထိ ဝန္ႀကီးခ်ဳပ္က တရားနာတဲ့အထဲ မလာေသးဘူး။

သီတဂူဆရာေတာ္ႀကီးလို ကမၻာသိ မေထရ္ႀကီးတစ္ပါးရဲ႕ တရားပြဲႀကီးမွာ ဒီလိုေျဗာက္ေဖာက္ေနတာကို အျမင္မေတာ္လို႔ သြားတားတဲ့သူလည္း ငိုသံပါေအာင္ ေအာ္ဟစ္ရတာပဲအဖတ္တင္တယ္။

ခရိုင္အဆင့္ တုိင္းအဆင့္ အရာရွိႀကီးေတြကိုယ္တုိင္ ေျဗာက္ေဖာက္တဲ့အထဲမွာပါေနလုိ႔ လံုၿခဳံေရးဝန္ထမ္းေတြက ဘာမွမတတ္ႏိုင္ဘူးလို႔ဆိုတယ္။

မင္းမဲ့တုိင္းျပည္လို လုပ္ခ်င္ရာလုပ္၊ ျဖစ္ခ်င္ရာျဖစ္ စိတ္ရွိလက္ရွိကို ေစာ္ကားေနေတာ့တာပါပဲ။ ဒါေတြကိုၾကည့္ရင္ ျမန္မာ့ဗုဒၶသာသနာေတာ္ဟာ အာဏာယစ္မူးသူတုိ႔ရဲ႕ အသံုးခ်ခံ ယၾတာအေဆာင္အေယာင္အျဖစ္သို႔ ေရာက္ရွိေနၿပီဆိုတာ သိသာတယ္။

သံဃာေတာ္မ်ား သတိထားၾကပါ။ အေနကဇာတင္တာပဲျဖစ္ျဖစ္ ဆံေတာ္ပူေဇာ္တာပဲျဖစ္ျဖစ္ ဆြမ္းေလာင္းပြဲက်င္းပတာပဲျဖစ္ျဖစ္ သံဃာေတာ္မ်ားကို အသံုးခ်ဖုိ႔ေလာက္သာ သတ္မွတ္ထားတာပါ။

ကိုးဂဏန္းေတြႏွင့္ သံဃာေတြအေပၚ ျပဳမူဆက္ဆံတာေတြကိုၾကည့္ရင္ သိႏိုင္ပါတယ္။ သာသနာကို တကယ္ၾကည္ညဳိလုိ႔ လွဴဒါန္းေထာက္ပံ့ၾကတာမဟုတ္ပါဘူး။

ေနာက္ေနာင္ ဆင္ျခင္ႏုိင္ဖုိ႔ပါ။ ရန္ကုန္တုိ္င္းသံဃနာယကအဖြဲ႔ ဥကၠ႒ဆရာေတာ္ ဦးဣဒၶိဗလကို ေမးေလွ်ာက္ခ်င္ပါတယ္။ အစုိးရအစဥ္အဆက္ကိုဖားၿပီး ဘုန္းကံထူေထာင္ေနတာကို မေျပာလိုပါဘူး။

သာသနာေတာ္ကို မေစာင့္ေရွာက္ဘဲ သာသနာေတာ္ကို ဖ်က္ဆီးေနတာကိုေတာ့ ရပ္တန္းကရပ္ပါလို႔ ေျပာခ်င္တာပါ။ အရွင္ဘုရားလုပ္ပံုကိုင္ပံုေတြဟာ ေထရဝါဒႏွင့္ ညီညြတ္ပါသလား။ သံဃာ့အဖြဲ႔အစည္းႏွင့္ ထုိက္တန္ပါသလား။ လူမိုက္အားေပးမလုပ္ဖုိ႔ ထပ္မံသတိေပးပါရေစ။

ဝီရသူ(မစိုးရိမ္)

2.5.2018

 

“အာဏာ၊ ယတြာနှင့် သာသနာ”

အရင်စစ်အစိုးရလက်ထက်တုန်းကလည်း ယတြာချေတတ်ကြတယ်။ အခုလည်း ယတြာသဘောတွေ တွေ့နေရတယ်။
အရင်အစိုးရတွေယတြာချေတာက ထီးတော်တင်တာတို့၊ ဘုရားတည်တာတို့နှင့် အခြားကိုယ်ရေးကိုယ်တာကိစ္စများလုပ်ပြီး လူမသိသူမသိ တိတ်တိတ်ကလေး လျှို့ဝှက်စွာ ယတြာချေတတ်ကြတယ်။

အခုကျတော့ ပြောင်ပြောင်တင်းတင်းကြီးပဲ။ ရဟန္တာရုပ်တုတော်ကို ကြိုးတုပ်လိုတုပ်၊ သီတဂူဆရာတော်ကြီးတရားပွဲနှင့်ချိန်ကိုက်ပြီး ဗြောက်ဖောက်လိုဖောက်၊ သံဃာတော်တွေကို ဆွမ်းဆက်ကပ်ခြင်းမရှိဘဲ မြို့ထဲ ခြေလျင်လှည့်ခိုင်းလို့လှည့်ခိုင်းနဲ့ အတော်ကြီးရုပ်ပျက်လာခဲ့တယ်။

ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဝန်ကြီးချုပ်အချို့ အပြောင်းအလဲရှိတယ်ဆိုတဲ့သတင်းကြောင့် အသည်းအသန်ယတြာချေနေကြတာလားမသိ သံဃာပင့်ရင်လည်း ကိုးဂဏန်းမှ မလွတ်ဘူး။ ၁၀၈၀ တို့၊ ၄၅၀၀ တို့၊ ၁၀၈၀၀ တို့ စုံနေတော့တာပါပဲ။

အဆိုးဆုံးကတော့ သီတဂူဆရာတော်ကြီးက ပလ္လင်ပေါ်ရောက်နေပြီ ဝန်ကြီးချုပ်ကတော်က ရှေ့ဆုံးမှနေရာယူထားတယ်။ ပရိသတ်က သြကာသကန်တော့ချိုးဆိုနေပြီ ဒီအချိန်မှာရွေးပြီး ဗြောက်ဖောက်တယ်။

ဗြောက်ဖောက်ချိန်မှာ ဝန်ကြီးချုပ်က တရားပွဲမှာမရှိသေးဘူး။ ဘုရားဝန်းအတွင်း တစ်နေရာရာမှာ အခါပေးကိုယ်တော်ကြီးအလိုကျ ဂူအောင်းနေပုံရတယ်။ သြကာသကန်တော့ချိုးသံပျောက်သွားတယ်။ သီတဂူဆရာတော်ကြီး မျက်စိမျက်နှာပျက်နေတယ်။

ကန်တော့ချိုးသံကြားအောင် အနောင်စာက မိုက်နဲ့အော်ပြီး ဦးဆောင်ဆိုရတော့တယ်။ ဆရာတော်ကြီးက ဗြောက်သံတွေကြားထဲမှာ ဆုပေးဂါထာရွတ်ရရှာတယ်။ ဆုပေးပြီးတော့ နားလိုက်ရတော့တယ်။ ဗြောက်မဖောက်တော့ဘူးဆိုမှ ဆက်ဟောတယ်။ အဲဒီအချိန်အထိ ဝန်ကြီးချုပ်က တရားနာတဲ့အထဲ မလာသေးဘူး။

သီတဂူဆရာတော်ကြီးလို ကမ္ဘာသိ မထေရ်ကြီးတစ်ပါးရဲ့ တရားပွဲကြီးမှာ ဒီလိုဗြောက်ဖောက်နေတာကို အမြင်မတော်လို့ သွားတားတဲ့သူလည်း ငိုသံပါအောင် အော်ဟစ်ရတာပဲအဖတ်တင်တယ်။ ခရိုင်အဆင့် တိုင်းအဆင့် အရာရှိကြီးတွေကိုယ်တိုင် ဗြောက်ဖောက်တဲ့အထဲမှာပါနေလို့ လုံခြုံရေးဝန်ထမ်းတွေက ဘာမှမတတ်နိုင်ဘူးလို့ဆိုတယ်။ မင်းမဲ့တိုင်းပြည်လို လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ် စိတ်ရှိလက်ရှိကို စော်ကားနေတော့တာပါပဲ။

ဒါတွေကိုကြည့်ရင် မြန်မာ့ဗုဒ္ဓသာသနာတော်ဟာ အာဏာယစ်မူးသူတို့ရဲ့ အသုံးချခံ ယတြာအဆောင်အယောင်အဖြစ်သို့ ရောက်ရှိနေပြီဆိုတာ သိသာတယ်။

သံဃာတော်များ သတိထားကြပါ။ အနေကဇာတင်တာပဲဖြစ်ဖြစ် ဆံတော်ပူဇော်တာပဲဖြစ်ဖြစ် ဆွမ်းလောင်းပွဲကျင်းပတာပဲဖြစ်ဖြစ် သံဃာတော်များကို အသုံးချဖို့လောက်သာ သတ်မှတ်ထားတာပါ။

ကိုးဂဏန်းတွေနှင့် သံဃာတွေအပေါ် ပြုမူဆက်ဆံတာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ သာသနာကို တကယ်ကြည်ညိုလို့ လှူဒါန်းထောက်ပံ့ကြတာမဟုတ်ပါဘူး။ နောက်နောင် ဆင်ခြင်နိုင်ဖို့ပါ။

ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလကို မေးလျှောက်ချင်ပါတယ်။ အစိုးရအစဉ်အဆက်ကိုဖားပြီး ဘုန်းကံထူထောင်နေတာကို မပြောလိုပါဘူး။

သာသနာတော်ကို မစောင့်ရှောက်ဘဲ သာသနာတော်ကို ဖျက်ဆီးနေတာကိုတော့ ရပ်တန်းကရပ်ပါလို့ ပြောချင်တာပါ။
အရှင်ဘုရားလုပ်ပုံကိုင်ပုံတွေဟာ ထေရဝါဒနှင့် ညီညွတ်ပါသလား။ သံဃာ့အဖွဲ့အစည်းနှင့် ထိုက်တန်ပါသလား။ လူမိုက်အားပေးမလုပ်ဖို့ ထပ်မံသတိပေးပါရစေ။

ဝီရသူ(မစိုးရိမ်)
2.5.2018