Daily Archives: May 2, 2018

သတင်း

အာဏာ၊ ယတြာနှင့် သာသနာ

အရင်စစ်အစိုးရလက်ထက်တုန်းကလည်း ယတြာချေတတ်ကြတယ်။ အခုလည်း ယတြာသဘောတွေ တွေ့နေရတယ်။ အရင်အစိုးရတွေယတြာချေတာက ထီးတော်တင်တာတို့၊ ဘုရားတည်တာတို့နှင့် အခြားကိုယ်ရေးကိုယ်တာကိစ္စများလုပ်ပြီး လူမသိသူမသိ တိတ်တိတ်ကလေး လျှို့ဝှက်စွာ ယတြာချေတတ်ကြတယ်။ အခုကျတော့ ပြောင်ပြောင်တင်းတင်းကြီးပဲ။ ရဟန္တာရုပ်တုတော်ကို ကြိုးတုပ်လိုတုပ်၊ သီတဂူဆရာတော်ကြီးတရားပွဲနှင့်ချိန်ကိုက်ပြီး ဗြောက်ဖောက်လိုဖောက်၊ သံဃာတော်တွေကို ဆွမ်းဆက်ကပ်ခြင်းမရှိဘဲ မြို့ထဲ ခြေလျင်လှည့်ခိုင်းလို့လှည့်ခိုင်းနဲ့ အတော်ကြီးရုပ်ပျက်လာခဲ့တယ်။ ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဝန်ကြီးချုပ်အချို့ အပြောင်းအလဲရှိတယ်ဆိုတဲ့သတင်းကြောင့် အသည်းအသန်ယတြာချေနေကြတာလားမသိ သံဃာပင့်ရင်လည်း ကိုးဂဏန်းမှ မလွတ်ဘူး။ ၁၀၈၀ တို့၊ ၄၅၀၀ တို့၊ ၁၀၈၀၀ တို့ စုံနေတော့တာပါပဲ။ အဆိုးဆုံးကတော့ သီတဂူဆရာတော်ကြီးက ပလ္လင်ပေါ်ရောက်နေပြီ ဝန်ကြီးချုပ်ကတော်က ရှေ့ဆုံးမှနေရာယူထားတယ်။ ...
သတင်း

အင်န်ဗွီစီကတ်ကိစ္စ ပြီးစလွယ်ဆုံးဖြတ်၍မရ၊ နိုင်ငံသားတစ်ယောက်၏တန်ဖိုးသည် သစ္စာစောင့်သိမှုဟု ဦးကိုကိုကြီးပြော

မင်းနိုင်စိုး(မိုးမိတ်)၊ ရန်ကုန်၊ ဧပြီ ၃၀ ရခိုင်ပြည်နယ်အတွင်းမှ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ NVC ကတ်ထုတ်ပေးခြင်း၊ ငါးလအတွင်းစိစစ်ခြင်း၊ လွတ်လပ်စွာခရီးသွားလာခွင့်ပြုခြင်း စသည့်ကိစ္စများသည် ပြီးစလွယ်ဆုံးဖြတ်၍မရကြောင်း၊ နိုင်ငံသားတစ်ယောက်၏တန်ဖိုးသည် သစ္စာစောင့်သိမှုပင်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုသည်။ ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ နိုင်ငံရေးပါတီဖြစ်မြောက်ရေးဗဟိုကော်မတီရုံးခန်း၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး၌ ဦးကိုကိုကြီးက ထိုသို့ပြောခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားတစ်ဦး၏တာဝန်မှာ နိုင်ငံအတွင်းပြဋ္ဌာန်းထားသောဥပဒေများကို လေးစားလိုက်နာခြင်းပင်ဖြစ်ကြောင်းလည်း ၎င်းကပြောဆိုသည်။ ‘နိုင်ငံသားအခွင့်အရေးရဖို့်ဆိုရင် အဲဒီနိုင်ငံသားဖြစ်သွားတဲ့သူတွေက ဒီနိုင်ငံတော်အပေါ်မှာ ဘယ်လောက်ကျေးဇူးသစ္စာစောင့်သိသလဲ။ နိုင်ငံသားတစ်ယောက်ရဲ့တန်ဖိုးက သစ္စာစောင့်သိမှုပဲ။ နောက်တစ်ခုက နိုင်ငံအတွင်းမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ...
သတင်း

ဂျီဟဒ်ဝါဒီ အကြံဆိုး

မောင်တောပြီးတော့ ဘူးသီးတောင်၊ ဘူးသီးတောင်ပြီးရင် ရသေ့တောင်၊ ရသေ့တောင်ပြီးရင် စစ်တွေ၊ စစ်တွေပြီးရင် ရခိုင်ပြည်မြောက်ပိုင်းအကုန်၊ အဲဒါတွေပြီးရင် ရခိုင်တစ်ပြည်နယ်လုံး၊ နောက်ဆုံး မြန်မာတစ်ပြည်လုံး မူဆလင်နိုင်ငံထူးထောင်ဖို့အတွက် အခုလိုပဲ အင်အားစုမယ်၊ အင်အားကြီးလာရင် ခြိမ်းခြောက်မယ်၊ ခြိမ်းခြောက်ပြီးရင် အကြမ်းဖက်မယ်၊ မူဆလင်နိုင်ငံထူးထောင်မယ်၊ အစ္စလာမ်မစ်စတိတ် ကြေညာမယ်၊ အောင်ပွဲခံမယ်၊ ဂျီဟဒ်လုပ်တယ်ဆိုတာကို ကမ္ဘာကြီးမသိအောင် မီဒီယာတွေနဲ့ ဖုံးထားမယ် ဒါပါပဲ။ မူဆလင်တွေများတဲ့နေရာ ပြည်သူတွေ ဒီဒဏ်ခံရမှာပဲ။ ဒီလောက်ဒုက္ခပေးတတ်တဲ့သူတွေကိုမှ အခွင့်အရေးတွေပေးနေတာဟာ ပြည်သူတွေကို သူခိုးလက် ဝကွက်အပ်တယ်ဆိုတဲ့သဘောပါပဲ။ ဝီရသူ(မစိုးရိမ်) —————————————- ဘူးသီးတောင်တွင် အကြမ်းဖက် သင်တန်းဆင်းတစ်ဦးကို ...
နဂါးနီစုဘူးသတင်း

ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (1.5.2018) မွန်းလွဲ(၂း၀၀)နာရီ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းဝင် နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်တို့ တက်ရောက်ကြပြီး အသင်းနာယက အရှင်ဇဝနနှင့် ဒေါ်ကြင်ကြင်မြိုင်တို့က အသိပညာပေး ဟောပြောပါတယ်။ တစ်သိန်းခွဲတန်း အသင်းဝင်(၃၀)ဦးတို့အား တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ကံသာယာ ဇဇ(၃-၄) နဂါးနီစုဘူးအသင်းဟာ စတုတ္ထမြောက် အမှတ်(၄)စုဘူးဖြစ်ပြီး (၂၆.၇.၂၀၁၄)ရက်နေ့မှာ စတင်တည်ထောင်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက် နဂါးနီစုဘူးအသင်းများကို ...
သတင်း

မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ပူဇော်ပွဲ

26.4.2018 ရက်နေ့၊ မနက် ၈း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး တတိယထပ်မှာ ကျင်းပပါတယ်။ အနယ်နယ်အရပ်ရပ်မှ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ကျောင်းသားဟောင်းများ၊ တပည့်များ၊ ဒကာ ဒကာမများနှင့် ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။ မန္တလေး ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းကျောင်းတိုက်၊ ဇယဝတီကျောင်းဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသ၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မထေရ်ကြီးများ သြဝါဒပေးကြပါတယ်။ မနက် ၁၀း၃၀ နာရီမှာ အခမ်းအနားပြီးဆုံးပါတယ်။ ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ပျံလွန်တော်မူတာ (၁၅)နှစ်ရှိပါပြီ။ ၁၃၆၅ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၉၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် နောင်ချိုးမြို့နယ်၊ သုံးဆယ်ကျေးရွာ၊ မြို့မကျောင်းတိုက်၊ အရှင်ပညာသာရမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (26.4.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀ိ(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...
သတင်း

၂၀၁၈ သောဠသမဓမ္မသဘင်/ ဆင်ပေါင်ဝဲ-သာစည်ရွာ

24.4.2018 ရက်နေ့၊ ည ၉း၀၀ နာရီ၊ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကျေးရွာ၊ ယဉ်ကျေးလိမ္မာအထူးတရားပွဲကြီး၊ ၁၆ ပွဲမြောက် ဓမ္မသဘင်။ ရမည်းသင်း မဘသ အဖွဲ့မှ မန်း မဟော်သဓာအလှူငွေပေးအပ်ပွဲ နေ့လည်ပိုင်းမှာကျင်းပပါတယ်။ ညနေ (၃း၀၀)နာရီကျော်မှ အခမ်းအနားပြီးပါတယ်။ အခမ်းအနားပြီးမှ ခရီးဆက်ပါတယ်။ လမ်းမကျွမ်းကျင်လို့ လမ်းမှာသောင်တင်နေပါတယ်။ ကိုးပင်လမ်းဆုံအရောက်မှာ တပည့်လေးတွေ လာကြိုနေကြတာ တွေ့ရပါတယ်။ ရွာရောက်တော့ ၉း၀၀ နာရီကျော်နေပါပြီ။ ပရိသတ်ကိုအားနာလို့ ကားပေါ်ကဆင်းပြီး ချက်ချင်းတရားဟောပါတယ်။ ပျားရည်လေး သံပုရာရည်လေးတောင် သောက်ချိန်မရပါ။ ပရိသတ်ကိုတွေ့မြင်ရတာနဲ့တင် အမောပြေသွားပါတယ်။  ယဉ်ကျေးလိမ္မာစာအောင်ဆုနှင်းသဘင်အကြိုတရားပွဲပါ။ မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်း ဦးသီလာစာရဦးစီးတဲ့ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ...
ထုတ်ပြန်ကြေညာချက်သတင်း

NVC ကဒ်နှင့်ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား

NVC ကဒ်နှင့်ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာလိုက်သည်။ ၁။       ရခိုင်ပြည်နယ်အတွင်းရှိ National Verification Card (NVC)ကဒ် ကိုင်ဆောင်ထားသူများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧပြီလ ၁၉ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRVC)မှာကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ NVC ကဒ်ကိုင်ဆောင်ထားသူတွေ တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားခွင့်ရပြီဖြစ်ကြောင်း၊ ကန့်သတ်ချက်တွေကို လျှော့ချလိုက်ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုံခြုံရေးနှင့်ဆိုင်သည့် ပြည်ထဲရေးဝန်ကြီးဌာန ...