သတင္း

မစိုးရိမ္တိုက္သစ္ အဂၢါဘိ္ဓဇဆရာေတာ္ဘုရားႀကီး ပူေဇာ္ပြဲ

26.4.2018 ရက္ေန႔၊ မနက္ ၈း၃၀ နာရီ၊ မႏၲေလးၿမဳိ႕၊ မစိုးရိမ္တုိက္သစ္၊ ဓမၼမဟိဒၶိေက်ာင္းေတာ္ႀကီး တတိယထပ္မွာ က်င္းပပါတယ္။

အနယ္နယ္အရပ္ရပ္မွ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ား၊ ေက်ာင္းသားေဟာင္းမ်ား၊ တပည့္မ်ား၊ ဒကာ ဒကာမမ်ားႏွင့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကပါတယ္။

မႏၲေလး ခ်မ္းေအးသာစံၿမဳိ႕နယ္၊ မိုးေကာင္းေက်ာင္းတုိက္၊ ဇယဝတီေက်ာင္းဆရာေတာ္ ဘဒၵႏၲသုဇနာဘိဝံသ၊ ဟသၤာတၿမဳိ႕၊ မုိးေကာင္းေက်ာင္းတုိက္၊ ပဓာနနာယကဆရာေတာ္ႀကီး ဘဒၵႏၲသုဓမၼာစာရာဘိဝံသ မေထရ္ႀကီးမ်ား ၾသဝါဒေပးၾကပါတယ္။
မနက္ ၁၀း၃၀ နာရီမွာ အခမ္းအနားၿပီးဆံုးပါတယ္။

ေက်းဇူးေတာ္ရွင္ မစုိးရိမ္တုိက္သစ္ အဂၢါဘိ္ဓဇဆရာေတာ္ဘုရားႀကီး ဘဒၵႏၲသိရိႏၵာဘိဝံသ ပ်ံလြန္ေတာ္မူတာ (၁၅)ႏွစ္ရွိပါၿပီ။
၁၃၆၅ ခု၊ တန္ခူးလကြယ္ေန႔၊ (30.4.2003) ေန႔က ပ်ံလြန္ေတာ္မူတာပါ။

ပ်ံလြန္ေတာ္မူေသာ အဂၢါဘိဓဇဆရာေတာ္ဘုရားႀကီး၏ ဂုဏ္ေက်းဇူးကို ရည္မွန္းပူေဇာ္ၾကပါတယ္။ စာေရးသူက အထူးထုတ္မဂၢဇင္း ဓမၼဒါနျပဳဖုိ႔အတြက္ စီစဥ္ေပးရပါတယ္။

 

မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ပူဇော်ပွဲ”

26.4.2018 ရက်နေ့၊ မနက် ၈း၃၀ နာရီ၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး တတိယထပ်မှာ ကျင်းပပါတယ်။

အနယ်နယ်အရပ်ရပ်မှ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ကျောင်းသားဟောင်းများ၊ တပည့်များ၊ ဒကာ ဒကာမများနှင့် ဧည့်သည်တော်များ တက်ရောက်ကြပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ်၊ မိုးကောင်းကျောင်းတိုက်၊ ဇယဝတီကျောင်းဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသ၊ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မထေရ်ကြီးများ သြဝါဒပေးကြပါတယ်။ မနက် ၁၀း၃၀ နာရီမှာ အခမ်းအနားပြီးဆုံးပါတယ်။

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ပျံလွန်တော်မူတာ (၁၅)နှစ်ရှိပါပြီ။

၁၃၆၅ ခု၊ တန်ခူးလကွယ်နေ့၊ (30.4.2003) နေ့က ပျံလွန်တော်မူတာပါ။ ပျံလွန်တော်မူသော အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးကို ရည်မှန်းပူဇော်ကြပါတယ်။ စာရေးသူက အထူးထုတ်မဂ္ဂဇင်း ဓမ္မဒါနပြုဖို့အတွက် စီစဉ်ပေးရပါတယ်။