သတင်းအင်တာဗျူး

BBC မေး……..ဦးဝီရသူ ဖြေ  (ရခိုင်ခရီးစဉ်နှင့် ပတ်သက်သည့်အင်တာဗျူး အပြည့်အစုံ)

BBC = မင်္ဂလာပါ ဘုရား။
ဦးဝီရသူ=မင်္ဂလာပါ ဒကာကြီး။

BBC=ဘယ်ဒေသတွေရောက်ခဲ့သလည်း ဘာတွေလှူဒါန်းဖြစ်ပါသလည်းဘုရား။
ဦးဝီရသူ=လောလောဆည်ဆည်မောင်တောပဲရှိပါသေးတယ်၊လှူဒါန်းတာကတော့ အဓိကနှစ်မျိုးပေါ့နော် ဆန်ရယ်ငါးခြောက်ရယ် ရိက္ခာနှစ်မျိုးပေါ့နော် ကျန်တာကတော့ သူတို့ရဲ့ အသေးစိပ်အချက်လေးတွေ မှတ်ထားပြီး ဦးဇင်းတို့ကဘယ်လိုပုံစံနဲ့လှူ ရမယ် ဘယ်လိုစီစဉ်ရမယ်ဆိုတာလေးကိုတာ့ အကြမ်းပြင်းလောက်ပဲပြောခဲ့ရတာ ပါ့နော် အဲ့ဒါတွေကတော့အမျိုးအမည်က တစ်ရွာ နှင့်တစ်ရွာမတူဘူးပေါ့နော် တစ်ချို့ကတော့ ဓမ္မာရုံလေးတောင်းတယ် တစ်ချို့ကတော့ရေကန်တောင်းတယ် အဲ့ဒါမျိုးလေးတွေပေါ့။
BBC=ဆရာတော်လှူခဲ့တာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလည်းဘုရား ဗုဒ္ဓဘာသာဝင်တွေကိုပဲလား အခြားဘာသာဝင်တွေကိုရောလှူခဲ့လားဘုရား။
ဆရာတော်=အဓိကကတော့တိုင်းရင်းသား တွကိုပါဒကာကြီး၊ဘင်္ဂလားဒေ့ရှ်ကပြန်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေရယ် မွတ်စလင်
ရွာတွေကြားမှာညှက်နေတဲ့ လုပ်ကိုင်စားသောက်လို့မရတဲ့ တိုင်းရင်းသားတွေရယ်၊ နောက်…..ကျီးကန်းပြင်အရေးအခင်းတုန်းက ကျဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေရယ်ပေါ့ သူတို့ကိုလှူဒါန်းတာပါ။

BBC=မှန်ပါ့ဘုရား အစ္စလာန်ဘာသာဝင်တွေရဲ့ အစွန်းရောက်တာကို ဟောပြောနေတဲ့ ရဟန်းတစ်ပါးအနေနဲ့ အစ္စလာန် ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့နေရာကိုသွားတဲ့အတွက် အခြေနေတွေကရော ရှုပ်ထွေးမှုတွေဖြစ်လာနိုင်တယ်လို့ ဆရာတော်စိုးရိမ်မှုတွေကြိုပြီးတွေးခဲ့တာရှိလား။
ဆရာတော်=မရှိပါဘူးဒကာကြီး၊ ဦးဇင်းလာတာ ၂၀၁၂ ကနေလာတာဆိုရင် ၂၀၁၇ တောင်ရောက်ပြီ အားလုံးခြောက်ကြိမ်ရှိပြီ
ဦးဇင်းလာတဲ့အတွက်ကြောင့် ပြဿနာတစ်စုံတစ်ရာဖြစ်တာ တစ်ခါမှမရှိ ပါဘူးဒကာကြီး ဒါကြောင့်မစိုးရိမ်ပါဘူးနော်။

BBC=မှန်ပါ့ဘုရား အဲ့ဒီဒေသတွေမှာဆိုရင် သတင်းထောက်တွေတောင် မသွားနိုင်တဲ့နေရာတွေဖြစ်တဲ့အတွက် ဆရာတော်သွားဖို့ရာကို လုံခြုံရေးအတွက် သက်ဆိုင်ရာနှင့်ညှိနှိုင်းရတာမျိုး ကြိုတင်ပြင်ဆင်ရတာမျိုး ရှိပါသလားဘုရား။
ဦးဝီရသူ=ဒကာကြီး ဦးဇင်းတို့က သူတို့ကိုအကြောင်းကြားတဲ့အခါကျတော့ သူတို့တာဝန်ယူနိုင်မယ်ဆိုတဲ့နေရာပဲသွားတာလေ တာဝန်မယူနိုင်ဘူး မသွားသင့်ဘူး ဆိုတဲ့နေရာတွေ မသွားပါဘူး ဒကာကြီး။

BBC= မှန်ပါ့ လုံခြုံရေးယူပေးတာတွေ တွ့တယ်ဘုရား လုံခြုံရေးက ဆရာတောင်းတာလား သူတို့လိုက်ပေးတာလားဘုရား။
ဦးဝီရသူ=အဲ့ဒါကတော့ ဒီဒေသခံဆရာတော်သံဃာတော်တွေ နှင့် ဒေသခံရပ်မိရပ်ဖတွေစီစဉ်ပေးတာပါ ဦးဇင်းကတော့လုံခြုံရေးတွေနှင့်တစ်ယောက်မှမသိပါဘူး။

BBC= မှန်ပါ့ဘုရား အဲ့ဒီဒေသက ကွပ်ကဲရေးမှူးနှင့် ဆရာတော်နဲ့ဆွေးနွေးတယ်လို့လည်းသိရပါတယ်ဘုရား ဘာတွေများဆွေးနွေးပါသလည်းဘုရား။
ဦးဝီရသူ= ဘာတွေမှမဆွေးနွေးပါဘူးဒကာတော် သူတို့ကျီးကန်းပြင်ဌာနချုပ်ဝင်စီးခံရတုန်းက ကျဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့စာရင်းနဲ့ ဒဏ်ရာရတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့စာရင်းကို တာင်းတာပါ ပြီးတော့မှ သူတို့ကို ဘယ်၍ဘယ်မျှလှူဒါန်းရင်ကောင်းမလည်း ဆိုတာရယ် ပြီးတော့သူတို့ကိုလှူဒါန်းတဲ့အခါ ဘယ်လိုရောက်အောင်ပို့ပေးမလည်းဆိုတာ အဲ့ဒါတွေပဲပြောခဲ့တာပါ ခဏလေးပါပဲ သိပ်မကြာပါဘူး။

BBC= မှန်ပါ့ဘုရား နောက်တစ်ခုက အွန်လိုင်းတွေမှာရော အပြင်လောကမှာရော ဝေဖန်မှုတွေရှိနေတာက နိုင်ငံတော်အကြီးအကဲတစ်ယောက်ကပည်ပခရီးစဉ်ထွက်နေတဲ့အချိန်မှာ ဆရာတော် ဒီဒေသတွေကိုသွားတဲ့အတွက် ပဋိပက္ခဖြစ်လာနိုင်တယ်ပေါ့ ဒီလိုမျိုးဝေဖန်မှုတွေရှိနေတယ်ဘုရား အဲ့ဒီအပေါ်ဆရာတော်သဘောထားဘယ်လိုရှိလည်းဘုရား။
ဦးဝီရသူ= နိုင်ငံတော်အကြီးအကဲကလည်း နိုင်ငံတော်အကြီးအကဲအလုပ်လုပ်တာပေါ့နော် အမျိုးသားရေးဝါဒီဆရာတော်ဦးဝီရသူကလည်း ဦးဝီရသူအလုပ်လုပ်တာပေါ့ သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုလုပ်တာပေါ့ဒကာကြီးရာ တစ်ခြားစိုးရိမ်စရာအကြောင်းကတော့ မရှိပါဘူး နောက်ပြီးတော့ ဦးဇင်းဒီကိုလာတာက ပစ္စည်းဥစ္စာပြည့်စုံမှ လာရတာကို ပစ္စည်းဥစ္စာမပြည့်စုံပဲလာလို့်
မရဘူးလေ ဦးဇင်းကတော့ဆောင်းတွင်း လာချင်တာပေါ့ သို့သော်လည်းပဲ ပစ္စည်းဥစ္စာပြည့်စုံတာက နွေရောက်မှ ပည့်စုံတော့ နွေရာသီပဲလာရတာပေါ့ အဲ့ဒါတိုက်ဆိုင်မှုလို့ပဲမှတ်လိုက်ပါဒကာကြီး ။

BBC = မှန်ပါ့ အဲ့ဒီဒေသရောက်တော့ ဒသခံတွေကဆရာတော်ကို ဘာတွေအကူအညီတောင်းတာမျိုးတွေ ရှိလည်းဘုရား ဘယ်လိုတွေကြုံခဲ့ရလည်းဘုရား။
ဦးဝီရသူ= အများကြီးပါဒကာကြီး သူတို့ လုံခြုံမှုမရှိတဲ့အတွက်ကြောင့် လုံခြုံရေးကို အဓိကတောင်းဆိုတာရယ် နောက်ပြီးတော့ လယ်မြေတွေသူတို့်ကို ပေးတာတဲ့ မွတ်ဆလင်ရွာတွေနဲ့ကပ်နေတော့ လုပ်ကိုင်စားသောက်လို့မရတာတွေရယ် အချို့ကဓမ္မာရုံမရှိတော့ ဓမ္မာရုံတောင်းကြတယ်။ အချို့ကသောက်ရေကန်မရှိတော့ သောက်ရေကန်တောင်းကြတယ်ပေါ့ သူတို့တောင်းတာကမျိုးစုံပါ၊အများကြီးပါ ပဲ တစ်ရွာကိုတစ်မျိုးစီလောက်တောင်းတာပေါ့နော်ဒကာကြီး။

BBC = တင်ပါ့ဘုရား ကျေးဇူးတင်ပါတယ်ဘုရား
ဦးဝီရသူ= ကျေးဇူးပါပဲဒကာကြီး။
အရှင်တေဇဝန္တ မျိုးချစ်-သမဂ္ဂ
4-5-2017