သတင်း

အမိန့်တော်မြတ်အတိုင်းပါဘုရား(၉)

4.4.2017 မွန်ပြည်နယ်၊ မုတ္တမမြို့၊ မြနန်းကျောင်းတိုက်မှာ ကျင်းပတဲ့ တရားပွဲပါ။ ခွဖွင့်ပြထားတဲ့တရားအမည်က ဥပေက္ခာစေတောဝိမုတ္တိ(လွတ်မြောက်ရာဥပေက္ခာတရားတော်)ပါ။ ဟိတဓရဆရာတော်လေးရဲ့ ရဟန်းမယ်တော်ကြီး ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)ကတော့ ဘယ်လိုမှ စိတ်မထိမ်းနိုင်ရှာပါဘူး။

ရင်ခုန်ကြသူတွေလည်း ရှိရဲ့။
ငိုရှိုက်သူတွေလည်း ရှိရဲ့။
မျိုသိပ်သူတွေလည်း ရှိရဲ့။
တစ်ကမ္ဘာလုံး ကြည့်ရှုခံစားရင်း ဣဋ္ဌလောကဓံရော အနိဋ္ဌလောကဓံကိုပါ ချစ်သူ/မုန်းသူတွေထံမှ ရရှိခံစားခဲ့ရပါတယ်။ အရပ်သားအစိုးရနဲ့ ပလာစတာ ဓမ္မသဘင်တွေကတော့ အင်မတန် ပနံတင့်လျက် ရှိပါကြောင်း။ ။

(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာကို တသွေမတိမ်း လိုက်နာတဲ့အနေနဲ့ တစ်ခွန်းမှ မဟောတဲ့အပြင် ချောင်းမဟန့် နှာမချေဘဲ အကြည်ညိုခံ အပူဇော်ခံသက်သက် ကျင်းပနေတာကိုတောင်မှ ငှက်ဆိုးတွေက အငြိုးထားကာ အမျိုးမျိုး ဖိအားပေးနေတာကို တွေ့မြင်ကြားသိနေရပါတယ်။ အဲဒါမျိုးကျ လုပ်ကောင်းကြတယ်ပေါ့နော်……..။)
ဝီရသူ (မစိုးရိမ်)