သတင္း

၂၀၁၈ ေသာဠသမဓမၼသဘင္/ ဆင္ေပါင္ဝဲ-သာစည္ရြာ

24.4.2018 ရက္ေန႔၊ ည ၉း၀၀ နာရီ၊ မေကြးတုိင္း၊ ဆင္ေပါင္ဝဲၿမဳိ႕နယ္၊ သာစည္ေက်းရြာ၊ ယဥ္ေက်းလိမၼာအထူးတရားပြဲႀကီး၊ ၁၆ ပြဲေျမာက္ ဓမၼသဘင္။

ရမည္းသင္း မဘသ အဖြဲ႔မွ မန္း မေဟာ္သဓာအလွဴေငြေပးအပ္ပြဲ ေန႔လည္ပိုင္းမွာက်င္းပပါတယ္။ ညေန (၃း၀၀)နာရီေက်ာ္မွ အခမ္းအနားၿပီးပါတယ္။ အခမ္းအနားၿပီးမွ ခရီးဆက္ပါတယ္။ လမ္းမကၽြမ္းက်င္လို႔ လမ္းမွာေသာင္တင္ေနပါတယ္။ ကိုးပင္လမ္းဆံုအေရာက္မွာ တပည့္ေလးေတြ လာႀကဳိေနၾကတာ ေတြ႔ရပါတယ္။

ရြာေရာက္ေတာ့ ၉း၀၀ နာရီေက်ာ္ေနပါၿပီ။ ပရိသတ္ကိုအားနာလို႔ ကားေပၚကဆင္းၿပီး ခ်က္ခ်င္းတရားေဟာပါတယ္။ ပ်ားရည္ေလး သံပုရာရည္ေလးေတာင္ ေသာက္ခ်ိန္မရပါ။ ပရိသတ္ကိုေတြ႔ျမင္ရတာနဲ႔တင္ အေမာေျပသြားပါတယ္။  ယဥ္ေက်းလိမၼာစာေအာင္ဆုႏွင္းသဘင္အႀကဳိတရားပြဲပါ။

မစိုးရိမ္တုိက္သစ္ ေက်ာင္းသားေဟာင္း ဦးသီလာစာရဦးစီးတဲ့ ယဥ္ေက်းလိမၼာသင္တန္းႏွင့္ တရားပြဲ ျဖစ္ပါတယ္။ ေထရဝါဒသာသနာ တရားေတာ္ ေဟာၾကားခဲ့ပါတယ္။ ရြာသူရြာသားေတြ ေထရဝါဒသာသနာအေၾကာင္း အျပည့္အစံုသိေစခ်င္လုိ႔ပါ။
ရြာသူရြာသားေတြလည္း ႏွစ္ၿခဳိက္သေဘာက်လိမ့္မယ္လုိ႔ ထင္ပါတယ္။

“၂၀၁၈ သောဠသမဓမ္မသဘင်/ ဆင်ပေါင်ဝဲ-သာစည်ရွာ”

24.4.2018 ရက်နေ့၊ ည ၉း၀၀ နာရီ၊ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကျေးရွာ၊ ယဉ်ကျေးလိမ္မာအထူးတရားပွဲကြီး၊ ၁၆ ပွဲမြောက် ဓမ္မသဘင်။

ရမည်းသင်း မဘသ အဖွဲ့မှ မန်း မဟော်သဓာအလှူငွေပေးအပ်ပွဲ နေ့လည်ပိုင်းမှာကျင်းပပါတယ်။ ညနေ (၃း၀၀)နာရီကျော်မှ အခမ်းအနားပြီးပါတယ်။ အခမ်းအနားပြီးမှ ခရီးဆက်ပါတယ်။ လမ်းမကျွမ်းကျင်လို့ လမ်းမှာသောင်တင်နေပါတယ်။ ကိုးပင်လမ်းဆုံအရောက်မှာ တပည့်လေးတွေ လာကြိုနေကြတာ တွေ့ရပါတယ်။

ရွာရောက်တော့ ၉း၀၀ နာရီကျော်နေပါပြီ။ ပရိသတ်ကိုအားနာလို့ ကားပေါ်ကဆင်းပြီး ချက်ချင်းတရားဟောပါတယ်။ ပျားရည်လေး သံပုရာရည်လေးတောင် သောက်ချိန်မရပါ။ ပရိသတ်ကိုတွေ့မြင်ရတာနဲ့တင် အမောပြေသွားပါတယ်။ ယဉ်ကျေးလိမ္မာစာအောင်ဆုနှင်းသဘင်အကြိုတရားပွဲပါ။

မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်း ဦးသီလာစာရဦးစီးတဲ့ ယဉ်ကျေးလိမ္မာသင်တန်းနှင့် တရားပွဲ ဖြစ်ပါတယ်။ ထေရဝါဒသာသနာ တရားတော် ဟောကြားခဲ့ပါတယ်။ ရွာသူရွာသားတွေ ထေရဝါဒသာသနာအကြောင်း အပြည့်အစုံသိစေချင်လို့ပါ။
ရွာသူရွာသားတွေလည်း နှစ်ခြိုက်သဘောကျလိမ့်မယ်လို့ ထင်ပါတယ်။