ထုုတ္ျပန္ေၾကညာခ်က္သတင္း

NVC ကဒ္ႏွင့္ပတ္သက္၍ မႏၲေလးၿမဳိ႕ မစိုးရိမ္တုိက္သစ္၊ မဟာေအာင္ေျမၿမဳိ႕နယ္ ဓမၼသဟာယေက်ာင္းနာယက ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစိုးရိမ္)၏ သေဘာထား

NVC ကဒ္ႏွင့္ပတ္သက္၍ မႏၲေလးၿမဳိ႕ မစိုးရိမ္တုိက္သစ္၊ မဟာေအာင္ေျမၿမဳိ႕နယ္ ဓမၼသဟာယေက်ာင္းနာယက ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစိုးရိမ္)၏ သေဘာထားအမွန္ကို ထုတ္ျပန္ေၾကညာလိုက္သည္။

၁။       ရခုိင္ျပည္နယ္အတြင္းရွိ National Verification Card (NVC)ကဒ္ ကိုင္ေဆာင္ထားသူမ်ားႏွင့္ပတ္သက္၍ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက ဧၿပီလ ၁၉ ရက္ေန႔က အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRVC)မွာက်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွာ NVC ကဒ္ကိုင္ေဆာင္ထားသူေတြ တစ္ႏိုင္ငံလံုး လြတ္လပ္စြာ သြားခြင့္ရၿပီျဖစ္ေၾကာင္း၊ ကန္႔သတ္ခ်က္ေတြကို ေလွ်ာ့ခ်လုိက္ၿပီျဖစ္ေၾကာင္း၊ သက္ဆုိင္ရာ လံုၿခဳံေရးႏွင့္ဆုိင္သည့္ ျပည္ထဲေရးဝန္ႀကီးဌာန လူဝင္မႈႀကီးၾကပ္ေရးအကုန္လံုးႏွင့္ ေဆြးေႏြးတုိင္ပင္ၿပီးၿပီျဖစ္ေၾကာင္း၊ လဝက ပံုစံ(၄)ကို ျဖည့္ၿပီးလွ်င္ တစ္ႏိုင္ငံလံုးသြားလိုရာ သြားႏိုင္ၿပီျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါသည္။

၂။       အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေဒါက္တာဝင္းျမတ္ေအးေျပာသည့္စကားသည္ တစ္ႏိုင္ငံလံုးလြတ္လပ္စြာသြားလာခြင့္ကို ရည္ရြယ္ျခင္းမဟုတ္ေၾကာင္း၊ သက္ဆုိင္ရာၿမဳိ႕နယ္အတြင္းမွာသာ လြတ္လပ္စြာ သြားလာခြင့္ကို ရည္ရြယ္ေျပာၾကားျခင္းျဖစ္ေၾကာင္း၊ တစ္ႏိုင္ငံလံုး သြားလိုရာ သြားႏိုင္ျခင္းကို လံုးဝ ခြင့္မျပဳႏို္င္ေၾကာင္း ဧၿပီလ ၂၅ ရက္ေန႔က ေနျပည္ေတာ္ သဂၤဟဟိုတယ္မွာက်င္းပသည့္ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရးႏွင့္ က်န္းမာေရးဆုိင္ရာ အလုပ္ရံုေဆြးေႏြးပြဲတြင္ သတင္းမီဒီယာမ်ားကို ေျပာၾကားခဲ့ပါသည္။

၃။       ျပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖဳိးေရးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ ၂၇ ခုက ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ထံ ဧၿပီ ၂၇ ရက္ေန႔က ေပးပို႔ေသာ အိတ္ဖြင့္ေပးစာတြင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြႏွင့္ NLD ပါတီ ေျပာေရးဆုိခြင့္ရွိသူတစ္ဦးတုိ႔၏ စကားမ်ား ဆန္႔က်င္ကြဲလြဲ ရႈပ္ေထြးလ်က္ရွိေၾကာင္းႏွင့္ ထိုရႈပ္ေထြးမႈကို ေျဖရွင္းေပးေစလိုေၾကာင္း ေရးသားေတာင္းဆုိထားသည္ကို ေတြ႔ရပါသည္။

၄။       ေဒါက္တာဝင္းျမတ္ေအး၏ စကားကို အတည္ယူရမည္ေလာ၊ ဦးသိန္းေဆြ၏စကားကို အတည္ယူရမည္ေလာ၊ NLD ပါတီ ေျပာေရးဆုိခြင့္ရွိသူတစ္ဦး၏စကားကို အတည္ယူရမည္ေလာ ျပည္သူလူထုမွာ မည္သူ႔စကားကို အတည္ယူရမည္မွန္း လံုးဝ မသိရွိႏိုင္ ျဖစ္ေနပါသည္။

၅။       ထုိ႔ေၾကာင့္ တုိင္းျပည္၏ အခ်ဳပ္အျခာအာဏာလံုၿခဳံေရးႏွင့္ တစ္မ်ဳိးသားလံုး၏ အသက္အိုးအိမ္ စည္းစိမ္လံုၿခဳံေရးအတြက္ပါ လြန္စြာအႏၲရာယ္ႀကီးလွေသာ NVC  ကဒ္အေရးႏွင့္ပတ္သက္၍ NLD အစုိးရက တိက်ျပတ္သားေသာ အေျဖမ်ား ရွင္းလင္းထင္ရွားစြာ ထုတ္ျပန္ေပးရန္ ေတာင္းဆိုလိုက္သည္။

ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္

ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစိုးရိမ္)

ဓမၼသဟာယေက်ာင္းနာယက၊

မစိုးရိမ္တုိက္သစ္၊

မဟာေအာင္ေျမၿမဳိ႕နယ္၊

မႏၲေလးၿမဳိ႕။

 

 

“NVC ကဒ်နှင့်ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား”

NVC ကဒ်နှင့်ပတ်သက်၍ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ် ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာလိုက်သည်။

၁။ ရခိုင်ပြည်နယ်အတွင်းရှိ National Verification Card (NVC)ကဒ် ကိုင်ဆောင်ထားသူများနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧပြီလ ၁၉ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRVC)မှာကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ NVC ကဒ်ကိုင်ဆောင်ထားသူတွေ တစ်နိုင်ငံလုံး လွတ်လပ်စွာ သွားခွင့်ရပြီဖြစ်ကြောင်း၊ ကန့်သတ်ချက်တွေကို လျှော့ချလိုက်ပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုံခြုံရေးနှင့်ဆိုင်သည့် ပြည်ထဲရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးအကုန်လုံးနှင့် ဆွေးနွေးတိုင်ပင်ပြီးပြီဖြစ်ကြောင်း၊ လဝက ပုံစံ(၄)ကို ဖြည့်ပြီးလျှင် တစ်နိုင်ငံလုံးသွားလိုရာ သွားနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၂။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒေါက်တာဝင်းမြတ်အေးပြောသည့်စကားသည် တစ်နိုင်ငံလုံးလွတ်လပ်စွာသွားလာခွင့်ကို ရည်ရွယ်ခြင်းမဟုတ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်အတွင်းမှာသာ လွတ်လပ်စွာ သွားလာခွင့်ကို ရည်ရွယ်ပြောကြားခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး သွားလိုရာ သွားနိုင်ခြင်းကို လုံးဝ ခွင့်မပြုနိုင်ကြောင်း ဧပြီလ ၂၅ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာကျင်းပသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် သတင်းမီဒီယာများကို ပြောကြားခဲ့ပါသည်။

၃။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၇ ခုက နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ဧပြီ ၂၇ ရက်နေ့က ပေးပို့သော အိတ်ဖွင့်ပေးစာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးတို့၏ စကားများ ဆန့်ကျင်ကွဲလွဲ ရှုပ်ထွေးလျက်ရှိကြောင်းနှင့် ထိုရှုပ်ထွေးမှုကို ဖြေရှင်းပေးစေလိုကြောင်း ရေးသားတောင်းဆိုထားသည်ကို တွေ့ရပါသည်။

၄။ ဒေါက်တာဝင်းမြတ်အေး၏ စကားကို အတည်ယူရမည်လော၊ ဦးသိန်းဆွေ၏စကားကို အတည်ယူရမည်လော၊ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏စကားကို အတည်ယူရမည်လော ပြည်သူလူထုမှာ မည်သူ့စကားကို အတည်ယူရမည်မှန်း လုံးဝ မသိရှိနိုင် ဖြစ်နေပါသည်။
၅။ ထို့ကြောင့် တိုင်းပြည်၏ အချုပ်အခြာအာဏာလုံခြုံရေးနှင့် တစ်မျိုးသားလုံး၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးအတွက်ပါ လွန်စွာအန္တရာယ်ကြီးလှသော NVC ကဒ်အရေးနှင့်ပတ်သက်၍ NLD အစိုးရက တိကျပြတ်သားသော အဖြေများ ရှင်းလင်းထင်ရှားစွာ ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်သည်။

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော်
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက၊
မစိုးရိမ်တိုက်သစ်၊
မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့။