သတင်း


25.4.2018 ရက်နေ့၊ ည (၇း၀၀)နာရီ၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး တတိယထပ်မှာ ကျင်းပပါတယ်။






 

“မစိုးရိမ်တိုက်သစ် ကျောင်းသားဟောင်းများတွေ့ဆုံပွဲ”

25.4.2018 ရက်နေ့၊ ည (ရး၀၀)နာရီ၊ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး တတိယထပ်မှာ ကျင်းပပါတယ်။

လွန်ခဲ့သော (၁၅)နှစ်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်၊ အဂ္ဂါဘိဓဇဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသအား စုပေါင်းပူဇော်ပွဲအခမ်းအနားတက်ရောက်လာကြတဲ့ အနယ်နယ်အရပ်ရပ်မှ တပည့်ကြီးများ၊ တပည့်ဟောင်းများ စုံစုံလင်လင်ပါပဲ။
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများလည်း ကြွရောက်ချီးမြှောက်တော်မူကြပါတယ်။ နိုင်ငံကျော်ဆရာတော်များဖြစ်တဲ့ ဓမ္မဒူတအရှင်ပညာဝရ၊ ရွှေဆံနွယ်ဆရာတော် ဒေါက်တာအရှင်ဝါယမာနန္ဒ၊ မစိုးရိမ် အရှင်ဗုဒ္ဓပီယဆရာတော် အရှင်ဇောတိက၊ ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ၊ လူပြန်တော်ဦးအောင်မြိုင်(မစိုးရိမ်စာသင်သား)တို့လည်း တက်ရောက်ကြပါတယ်။

ဆရာတော်ကြီး ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ဟောကြားခဲ့ကြပြီး သာသနာရေးရာများကိုလည်း ဆွေးနွေးကြပါတယ်။
အခမ်းအနားအပြီးမှာ မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး (၁၅)နှစ်ပြည့် အထူးထုတ်မဂ္ဂဇင်းမှာ ပါဝင်ရေးသားကြတဲ့ စာမူရှင်အသီးသီးကို စာအုပ်များ လက်ဆောင်ပေးအပ်ပါတယ်။
ည (၁၁း၀၀)နာရီမှာ အခမ်းအနားပြီးဆုံးခဲ့ပါတယ်။