သတင်း

စာအောင်သံဃာဆုပေးပွဲ

ဝါဆိုလ္ဆုတ် ၁ ရက် (9.7.2017)ရက်နေ့ ည 7:00 မှာ ကျင်းပပါတယ်။ သဟာယကျောင်း စာအောင်သံဃာအတန်းစုံ ၂၁ ပါး၊ မစိုးရိမ်တိုက်သစ်၊ အခြားကျောင်းဆောင်များမှ အထူးအောင် ၄ ပါး စုစုပေါင်း ၂၅ ပါးကို ဆုငွေနှင့် သင်္ကန်းအပြင် အလှူရှင်များမှ လှူဖွယ်အသီးသီး ဆက်ကပ်ကြပါတယ်။

သဟာယကျောင်းစာအောင်သံဃာ ၂၁ ပါးထဲမှာ ထူးခြားတာကတော့ အကြီးတန်း ၅ ပါးဖြေရာမှာ ၄ ပါးအောင်ပြီး ၄ ပါးထဲမှာ ဦးသောဘိတ ဘွဲ့အမည်ရတဲ့ ဦးဇင်းတစ်ပါးက ၉ နှစ်မြောက်မှာမှ အောင်မြင်တာရယ် စာချတန်းအောင်မြင်သူတွေထဲမှာ တစ်နှစ်တည်း နှစ်ကျမ်းအောင်မြင်သူတစ်ပါးပါဝင်တာရယ်ပါပဲ။

အထူးအောင် ၄ ပါးကတော့ ပထမငယ်တန်း တစ်နိုင်ငံလုံးမှာ ဒုတိယဆုရရှိသူ ရှင်အကုင်္ရ(ဓမ္မဌာနကျောင်း) သကျသီဟစာသင်တန်းအောင် အရှင်ဝါယာမ(ဓမ္မပါကဋကျောင်း) သကျသီဟစာသင်တန်းအောင် အရှင်ပညာသာမိ(ဓမ္မာဓိပတိ) သကျသီဟစာချတန်းကျမ်းပြီးဘွဲ့ရ အရှင်တေဇာနန္ဒာဘိဝံသ(ဓမ္မသုဝဏ္ဏမေတ္တာကျောင်း)တို့ပါ။

အထူးအောင်လေးပါးက စာသင်သံဃာများအား အားပေးစကားပြောရာမှာ ပူပူနွေးနွေး အဘိဝံသဘွဲ့ရ နာယကအသစ်လေး ဦးတေဇာနန္ဒာဘိဝံသက တည်ငြိမ်ရင့်ကျက်မှုများနဲ့အတူ အားတက်စရာတွေကို ဟာသနှောပြီး ပြောကြားသွားတာပါ။ မစိုးရိမ်နာယကတွေကို လေးစားကြတာလည်း မပြောနဲ့လေ တစ်ပါးဆိုရင် တစ်ပါးဆိုသလောက် ဇတွေ ဗလတွေ ပြည့်ဝကြတာ မဟုတ်လား?

အဘိဝံသဘွဲ့ရတစ်ပါးအား ၅၀၀၀၀၀(ငါးသိန်းကျပ်) အထူးအောင်သုံးပါးအား ၃၀၀၀၀၀(သုံးသိန်းကျပ်) လှူဒါန်းတာအပါအဝင် စာရေးသူ၏ အလှူငွေ (၂,၃၃၀,၀၀၀) ဖြစ်ပါတယ်။ ဒေါ်တင်လှ၊ ဒေါ်ညိုညိုစန်း၊ ဒေါ်ကြည်ကြည်မာ၊ ဒေါ်သောင်းသောင်းမြင့်၊ ကိုသန်းစိုးဝင်း+မသန်းသန်းဝင်း အပါအဝင် ဆွမ်းဒကာ ဆွမ်းဒကာမများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်ကြပါတယ်။

ဝီရသူရဲ့နောက်မှာ ခရိုနီတွေ ပါတီတွေရှိတယ်ဆိုပြီး ထင်ကြေးပေးနေကြပေမယ့် ဝီရသူရဲ့ ဒကာ/ဒကာမတွေက ဒါအကုန်ပါပဲလို့ ပြောရမလိုပါ။ ရွှေမန်းမေ မိသားစုနှင့် ရဟန်းအစ်မကြီး ဒေါ်စန်းတို့လောက်ပဲ ဒီပွဲမတတ်နိုင်ကြတာပါ။ အဆဲခံ အမုန်းခံပြီး လှည့်လည်ဟောကြားလို့ရရှိခဲ့တဲ့ အန္တရာယ်ကြားက ဓမ္မပူဇာ ချွေးနည်းစာလေးတွေနဲ့ လှူဒါန်းတာဖြစ်ပါကြောင်း…………….။