သတင်း

မစိုးရိမ်တိုက်သစ်ဝါဆိုပွဲ

ဓမ္မမဟိဒ္ဓိကျောင်းဆောင်ကြီးမှာ ကျင်းပပါတယ်။ ညနေ 4:30 မှာ LPT အဖွဲ့ဥက္ကဋ္ဌဦးလှအောင်နှင့် အလှူရှင်အသီးသီးက နာယကဆရာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ပြီး မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသမှ အနုမောဒနာတရား ဟောကြားပါတယ်။

ညနေ 5:0 မှာ စုပေါင်းဝါဆိုကြပါတယ်။ မဟာနာယကဆရာတော်များ နာယကဆရာတော်များ ထေရ်စဉ်ဝါလိုက် ဝါဆိုအပြီးမှာ သံဃာတော်များ စုပေါင်းဝါဆိုကြပါတယ်။

မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသ သြဝါဒမိန့်ကြားအပြီးမှာ အလှူရှင်များက သံဃာတော်များအား လှူဖွယ်များလောင်းလှူဆက်ကပ်ကြပါတယ်။ ဒီနှစ် ၁၃၇၉ ခု မန္တလေး မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ် ဝါဆိုသံဃာဦးကတော့ သာမဏေ(၆၀၉)ပါး၊ ရဟန်း(၂၀၇၅)ပါး စုစုပေါင်း(၂၆၈၄)ပါး ရှိကြောင်းပါ။