သတင်း

ဝီရသူကို ချစ်ကြသူများ(၇)

ဒီနေ့ ဝါဆိုလ္ဆုတ် ၂ရက် 10.7.2017 ရက်နေ့ မနက်ပိုင်းမှာ အရှေ့ဒဂုံမြို့နယ်သို့ ရောက်ပါတယ်။ We Love Wira Thu ကမ်ပိန်းပွဲကျင်းပရာ ကေသရာရာမစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရအမှူးပြုသော နောင်တော်ညီတော်များနှင့် မာဂဓီသာစည် ဘကကျောင်းဆရာတော်လေး ဦးနေမိန္ဒ၏ ကျောင်းသူကျောင်းသားလေးများနှင့် မျိုးချစ်ဇာနည်များ ကြိုဆိုနေကြတာ တွေ့ရပါတယ်။

မိုးရွာရင် ရပ်နားလိုက် မိုးတိတ်သွားရင် လက်မှတ်ထိုးလိုက်နှင့် ပျော်စရာတစ်ခုပါပဲ။ နောင်တော်ကြီး ဦးကေသရ နောင်တော်ကြီးဦးပညာဇောတတို့နှင့်အတူ နေ့ဆွမ်းစားရင်း အမျိုးဘာသာ သာသနာအရေး ဆွေးနွေးကြပါတယ်။
နောင်တော်ကြီးဦးကေသရနှင့်အတူ ဝီရသူကို ချစ်ကြသူများရဲ့ လက်မှတ်ရေးထိုးထောက်ခံပွဲတွေကတော့ မခုန်တတ်ဘဲ တုခုန်နေတဲ့ ခရုစုတ်တွေကြောင့် အိုင်အပျက်မခံနိုင်သူများရဲ့ စုပေါင်းကာကွယ်ပွဲကြီးအဖြစ် သမိုင်းတွင်ကျန်ရစ်တော့မှာပါပဲ။