ထုတ်ပြန်ကြေညာချက်သတင်း

ကရင်ပြည်နယ် မဘသ သဘောထားထုတ်ပြန်ချက်

၁။ မည်သူက မည်သို့ပင်ဆိုစေကာမူ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွတ်ကာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ အသီးသီးနှင့်အညီ တရားဝင်တည်ရှိနေသော အဖွဲ့ဖြစ်သည်။

၂။ ကရင်ပြည်နယ်အတွင်းရှိ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဆိုင်းဘုတ်များကို အတင်း အကြပ်ဖြုတ်ချရန် ကြံစည်အားထုတ်နေသည်ကို ခိုင်လုံသော သတင်းစကားများအရ သိရှိရပါသည်။

၃။ ကရင်ပြည်နယ်အတွင်းရှိ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့၏ ဆိုင်းဘုတ်များကို အတင်းအကြပ်ဖြုတ်ချခြင်း၊ ကြံစည်အားထုတ်ခြင်းပြုလုပ်သည့် မည်သူ့ကိုမဆို တည်ဆဲဥပဒေ/ဒေသန္တရ ဥပဒေအရပ်ရပ်တို့ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်။

၎။ ကရင်ပြည်နယ်အတွင်းရှိ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတန်ဖိုးထားသူများက မဘသဆိုင်းဘုတ် များကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့်အတွက် မဘသဆိုင်းဘုတ်များကို လာရောက်ဖြုတ်ချသောကြောင့် ဖြစ်ပေါ်လာမည့် အကျိုးအဆက်ဆက်သည် ဖြုတ်ချသူတို့၏ တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။

ဘဒ္ဒန္တကဝိဓဇ
ဇွဲကပင်တောင်ဆရာတော်
ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် မဘသ
ဘားအံမြို့၊ ကရင်ပြည်နယ်
စာအမှတ် ၀၀၂/မဘသ(ကရင်)၇/၂၀၁၇
ရက်စွဲ။ ၁၃၇၉ ခု၊ ဝါဆိုလဆန်း(၁၄)ရက်၊ (ဇူလိုင်လ ၇ ရက်၊ ၂၀၁၇) သောကြာနေ့