သတင်း





“ပဋ္ဌာန်းစာဝါ ထပ်မံပို့ချ”

တပိုတွဲလပြည့်ကျော်(၂)ရက် 2.2.2018 ရက်နေ့ ည ၆း၃၀နာရီ မန္တလေး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် ဓမ္မဂါရဝကျောင်းအောက်ထပ်မှာ ပို့ချပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လတုန်းက ပို့ချပေးခဲ့တဲ့ စာဝါပါ။ အခုတစ်ဖန် ပြန်လည်အနားသတ်ပေးတာပါ။

ပဋ္ဌာန်းအဘိဓမ္မာ ညဝါဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက် ပို့ချလို့ကောင်းပါတယ်။ တပည့်လေးတွေလည်း စိတ်ဝင်စားကြပါတယ်။

ပဋ္ဌာန်းစာဝါကို ဒီနှစ်မှ စတင် ပို့ချတာဖြစ်လို့ ဆရာဘက်က လိုအပ်ချက်ဟူ၍ မရှိရလေအောင် ပို့ချပြီးသားတွေလည်း ပြန်ဆိုခိုင်း၊ ပို့ချစရာကျန်တဲ့ အနည်းအကျဉ်းလေးတွေကိုလည်း ပြန်လည်ပို့ချပေးတာပါ။