သတင်း


“လူမြိုခြင်း”











ရွှေမော်ကွန်း

 

“ပြိုင်ပွဲဝင်ကဗျာများ (၁၀)”

“လူမြိုခြင်း”

မြေမြိုကပ်ကျ ဘေးဒုက္ခကြောင့်
ချုပ်ပျောက်လူမျိုး မသုဉ်းရိုးတည့်။

ဘာသာအယူ သွေးရင်းတူသည့်
ဇာတ်မူဇာတိ သမိုင်းရှိငြား
ကိုယ့်လူမျိုးအား မကိုးစားဘဲ
စရိုက်ကွဲပြား တိုင်းတစ်ပါးနှင့်
ဘာသာခြားထံ သွေးနှောခံ
မျိုးစေ့ဗီဇ ပျက်စေမှလျှင်။

လူထိုအချင်း မြိုနိုင်ခြင်းကြောင့်
လူသားဖြစ်ရှုံးသုဉ်းတည်း။

ရွှေမော်ကွန်း