သတင္း

ပညာေရးကုိ အင္မတန္လုိလားတဲ့ ေက်ာင္းသားေတြကုိ ေက်ာင္းထုတ္လုိက္ျခင္းေၾကာင့္ ဒီမုိကေရစီအစုိးရႀကီး ဘာမ်ား အက်ဳိးရွိသြားသလဲ (အပုိင္း-၂-နိဂုံး)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

 

ေမး- ေနာက္တစ္ခုကေတာ့ ပညာေရးအသံုးစရိတ္တိုးျမွင့္ဖို႔ ဆႏၵျပေတာင္းဆိုတဲ့ေက်ာင္းသားေတြကို ေက်ာင္းထုတ္တဲ့ကိစၥေပါ့ဘုရား။ ပါေမာကၡခ်ဳပ္ဦးေမာင္ေမာင္ႏုိင္ကေတာ့ သင္တန္းကေနရပ္စဲတယ္လို႔ သံုးပါတယ္ဘုရား။ ဒါေပမယ့္ ဒါကိုပဲ တစ္ဖက္မွာေတာ့ ေက်ာင္းထုတ္တယ္လို႔ပဲ ေျပာၾကတယ္ေပါ့ဘုရား။ အဲဒီအေပၚမွာ ဘယ္လိုသံုးသပ္ခ်င္လဲ။

ေျဖ – တကယ္တမ္းက်ေတာ့ ရည္ရြယ္ခ်က္ေကာင္းတယ္ေလ။ ဒါေပမယ့္ ေက်ာင္းသားေတြက ကိုယ့္အလုပ္မဟုတ္ဘူး။ ေက်ာင္းသားဆိုတာ စာႀကိဳးစားဖို႔ပဲေလ။ ဘတ္ဂ်တ္ေတြတိုးျမွင့္ေပးဖို႔တို႔၊ အသံုစရိတ္ကိစၥတို႔၊ ဒါေတြက မိဘျပည္သူေတြ လုပ္ရမယ့္ အလုပ္ေတြပါ။ မိဘသျပည္သူေတြ ေတာင္းဆိုေပးရမယ့္အေရးကို သူတို႔ေတြက ေတာင္းဆိုလိုက္တဲ့အတြက္ေၾကာင့္ သူတို႔တေတြ ပညာေရးထိခိုက္သြားတာပါ။

ေက်ာင္းသားေတြကုိ ေျပာခ်င္တာက တုိင္းျပည္ေကာင္းစားေစခ်င္ရင္ စာႀကဳိးစားၾကပါ။ ကိုလိုနီေခတ္တုန္းက ေက်ာင္းသားသပိတ္ဆိုတာ မွန္တယ္၊ မျဖစ္မေနလုပ္ကို လုပ္ရမွာ။ ဒီကေန႔ေခတ္က ကိုလိုနီေခတ္ကလို ကၽြန္ပညာေရးမဟုတ္ေတာ့ဘူး။ အဲေတာ့ မိမိလူႀကီးျဖစ္လာတဲ့အခါက်မွ ဒီစနစ္ေတြကို မိမိတို႔ ႀကိဳက္သလိုျပဳျပင္ေျပာင္းလဲလို႔လည္းရတယ္။ အဲဒီထိမေစာင့္ႏုိင္ဘူးဆိုရင္လည္း မိဘျပည္သူေတြလုပ္လာေအာင္ ကိုယ္က စည္းရံုးတဲ့အဆင့္ပဲ လုပ္ရမယ္။

ပညာေရးကိုပဲ အဓိကထားပါ။ ပညာေရးစနစ္၊ ဘတ္ဂ်တ္ေတြ၊ အသံုးစရိတ္ေတြ၊ ဒါေတြဟာေက်ာင္းသားေတြအတြက္ အေရးႀကီးလုပ္ငန္းမဟုတ္ဘူးလို႔ ေျပာရမွာပါ။ ေက်ာင္းထုတ္လိုက္တဲ့ကိစၥအေပၚမွာေတာ့ စိတ္မေကာင္းပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ပညာေရးကို တကယ္လိုလားလို႔သာ ဒီလိုသပိတ္ေမွာက္တဲ့အဆင့္ထိ သူတို႔ စြန္႔စားခဲ့ၾကတာေလ။ အဲေတာ့ ပညာေရးကို အင္မတန္လိုလားတဲ့ ေက်ာင္းသားေတြကို ေက်ာင္းထုတ္လိုက္တာဟာ ဒီမိုကေရစီလားလို႔ ေမးခ်င္တယ္။

ပညာေရးကို အင္မတန္လိုလားတဲ့ေက်ာင္းသားေတြကို ေက်ာင္းထုတ္လိုက္ျခင္းေၾကာင့္ ဒီမိုကေရစီအစိုးရႀကီး ဘာမ်ား အက်ိဳးရွိသြားသလဲ။ လူငယ္ဆိုတာေတြ၊ ႏုိင္ငံေရးဆိုတာေတြဟာ ႏုိင္ငံအာဏာနဲ႔ မိမိရဲ႕အတၱကို မထိပါးတဲ့အခ်ိန္မွာပဲ ေျပာေကာင္းတဲ့စကားေတြလားလို႔ ေမးခ်င္တာေပါ့ေနာ္။

ေမး- ေက်ာင္းသားေတြေက်ာင္းထုတ္တာဟာ အရင့္အရင္ အာဏာရွင္ေတြရဲ႕ လုပ္နည္းလုပ္ဟန္ပဲလို႔ ေ၀ဖန္ၾကတာေတြလည္းရွိပါတယ္ဘုရား။ ေဒါက္တာေအးေမာင္တုိ႔ဖမ္းတဲ့ကိစၥေတြမွာလည္း စိတ္ပ်က္လက္ပ်က္ျဖစ္ၾကသူေတြ ရွိတယ္ေပါ့။ အာဏာရွင္နည္းနည္းမ်ား ဆန္လာသလားဆိုတဲ့ ေမးခြန္ကို လူေတြ၊ အထူးသျဖင့္ ႏုိင္ငံေရးနဲ႔နီးတဲ့သူေတြ၊ စိတ္၀င္စားတဲ့သူေတြက စေျပာလာၿပီေပါ့ဘုရား။ အာဏာရွင္ဆန္လာတယ္လို႔ လူေျပာမ်ားလာတဲ့အေပၚမွာ ဘာမ်ားသံုးသပ္ခ်င္ပါသလဲဘုရား။

ေျဖ- သူတို႔ေျပာတာ ေနာက္က်တာေပါ့ေနာ္။ ပါတီအတုိက္အခံကာလကတည္းကိုက NLD ပါတီမွာ၊ ပါတီတြင္း ဒီမိုကေရစီမရွိဘူးလို႔ ဦးဇင္းက အရင္ဦးဆံုးေထာက္ျပခဲ့တာေလ။ သူက တုိင္းျပည္ကို အုပ္ခ်ဳပ္ႏုိင္ပါ့မလားလို႔ အရင္ဦးဆံုး ေမးခြန္းထုတ္ခဲ့တာ ဦးဇင္းပဲေလ။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္ထက္မွာ ျမန္႔မာႏုိင္ငံေရးအခင္းအက်င္းဟာ ေနရာစံုက ထပြက္ေနတာမ်ိဳးေတြ ႀကံဳရႏုိင္တယ္လို႔ ေဟာကိန္းထုတ္ခဲ့တာလည္း ဦးဇင္းပဲေလ။

အဲဒီေတာ့ ေနာက္ဆံုး ဦးဇင္းတုိ႔ မဘသကို ၿဖိဳခြင္းဖုိ႔ လုပ္လာတဲ့အခ်ိန္မွာလည္း ဦးဇင္းတို႔က ေၾကညာခ်က္ေတြထုတ္ၿပီးေတာ့ အမ်ိဳးသမီးအာဏာရွင္အစိုးရလို႔ေတာင္ ကင္ပြန္းတပ္ေပးခဲ့ပါေသးတယ္။ ဒါေၾကာင့္ ျပည္သူေတြ ဒီအစိုးရကို အာဏာရွင္လို႔ျမင္တာ ေနာက္က်ပါတယ္လို႔။

ၿပီးေတာ့ ျပည္သူေတြ ဒီေလာက္ေလးျမင္တာ အားမရေသးပါဘူး။ ဒီထက္ပုိၿပီးျမင္ေအာင္ ေသခ်ာၾကည့္ၾကပါလုိ႔လည္း တုိက္တြန္းခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕စကားနဲ႔ေျပာရရင္ ျပည္သူေတြကိုပဲ အားကိုးရမွာပါလို႔။

ေမး- ဆရာေတာ္ဦးပါေမာကၡက ေထာင္ထဲမွာ သကၤန္းဝတ္ခြင့္ရဖုိ႔ ေတာင္းဆုိေနတာေတြ ေတြ႕ရပါတယ္။ အဲဒါနဲ႔ပတ္သက္လုိ႔ေရာ ဘာမ်ားေျပာစရာရွိမလဲဘုရား။

ေျဖ- အဂၤလိပ္ေခတ္မွာလည္း သံဃာေတြ ေထာင္ထဲမွာ သကၤန္းဝတ္ခြင့္ရခဲ့တယ္၊ ဖဆပလေခတ္မွာလည္း သံဃာေတြ ေထာင္ထဲမွာ သကၤန္းဝတ္ခြင့္ရခဲ့တယ္။ မဆလေခတ္မွာလည္း သံဃာေတြ ေထာင္ထဲမွာ သကၤန္းဝတ္ခြင့္ရခဲ့တယ္။ ဗုိလ္ခ်ဳပ္ေအာင္ဆန္းသမီး ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားဒီမုိကေရစီ ျပည္သူ႔အစုိးရလက္ထက္မွာ သကၤန္းဝတ္ခြင့္ မရတာ ရင္နာစရာေကာင္းတယ္ဗ်ာ။

ေနာင္ေတာ္ႀကီးဦးပါေမာကၡရဲ႕ ေရွ႕ေနဦးေအာင္သူရိန္ထြန္း ေထာက္ျပတဲ့အခ်က္ေတြကေတာ့ ၂၀၁၃ ခုႏွစ္ ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ၄၇ပါးစုံညီ ဒုတိယအစည္းအေဝးဆုံးျဖတ္ခ်က္ ပုဒ္မ ၁၁(ဃ)အရ အမႈရင္ဆုိင္စဥ္မွာ သကၤန္းဝတ္ခြင့္ရွိျခင္း၊ ၁၈၉၄ ခုႏွစ္ အေျခခံအက္ဥပေဒႏွင့္ အက်ဥ္းေထာင္လက္စြဲ ဥပေဒ ၁၀၄၆ တုိ႔အရ သကၤန္းဝတ္ခြင့္ ျပဳထားျခင္းတုိ႔ေၾကာင့္ တရားသူႀကီးထံ သကၤန္းဝတ္ခြင့္ ေလွ်ာက္ထားတာကုိ တရားသူႀကီးက ပယ္ခ်လုိက္တာဟာ Rule Of Law – ဥပေဒအခြင့္အေရး ဘယ္မွာလဲ ဆုိတာပါပဲ။

ေနာက္ၿပီးေတာ့ပုဒ္မ ၅၀၅(ခ)ဟာ ရဲအေရးမပုိင္လုိ႔ တရားရုံးဦးတုိက္ေလွ်ာက္ထားရတဲ့ပုဒ္မျဖစ္သလုိ ဦးပါေမာကၡကုိ ဦးတုိက္ေလွ်ာက္ထားသူကုိယ္တုိင္က သူ႔လက္မွတ္မဟုတ္ပါဘူးလုိ႔ ထြက္ဆုိထားပါလ်က္ အာမခံမေပးဘဲ ခ်ဳပ္ေႏွာင္ထားတာေတြဟာလည္း စမက ပုဒ္မေတြပါပဲ။

ေမး- တစ္ဆက္တည္းေမးစရာရွိတာက ကုိေက်ာ္မ်ဳိးေရႊရဲ႕ အမႈသြား အမႈလာ အေျခအေန ဘယ္လုိရွိပါသလဲဘုရား။ က်န္းမာေရးမေကာင္းေပမယ့္ အာမခံမရဘူးလုိ႔ပဲ တပည့္ေတာ္တုိ႔က သိထားတာဆုိေတာ့။ အဲဒါေလးလည္း ေျပာေပးပါဦးဘုရား။

ေျဖ- ကုိေက်ာ္မ်ဳိးေရႊဟာ သပိတ္စခန္းနဲ႔ လုံးဝမပတ္သက္ပါဘူး။ ဦးေဆာင္သူလည္းမဟုတ္၊ သတင္းျပန္ၾကားသူ လည္းမဟုတ္၊ ထုိင္သပိတ္လည္းမလုပ္၊ ေၾကညာခ်က္လည္းမထုတ္၊ ေၾကြးေၾကာ္သံလည္းမတုိင္၊ ဗီႏုိင္းလည္းမကုိင္၊ လက္ကမ္းစာေစာင္လည္းမျဖန္႔၊ ဘယ္ဆုိ ဘယ္ေနရာမွာမွ မပါခဲ့တဲ့သူပါ။

ဦးဇင္းေတြကုိ ပုဂၢဳိလ္ေရးအရ ခင္မင္ရင္းႏွီးလုိ႔ သြားေရာက္ အားေပးခဲ့တာေလးပဲ ရွိပါတယ္။ ဒါေပမဲ့ ကုိေက်ာ္မ်ဳိးေရႊတရားလုိလုပ္တုိင္ၾကားထားတဲ့ ဆက္သြယ္ေရးဥပေဒပုဒ္မ အေရးရွိတာေၾကာင့္ စမကနဲ႔ပဲ ဖမ္းခ်ဳပ္လုိက္ၾကတာပါ။ ဖမ္းခ်ဳပ္ၿပီးတဲ့ေနာက္ပုိင္းမွာလည္း ဆရာဝန္၊ တရားသူႀကီး၊ အာဏာပုိင္၊ အာဏာရပါတီတုိ႔ ေပါင္းၿပီး အာမခံမေပးဘဲ မေသမခ်င္း ညွဥ္းဆဲေနၾကတဲ့သေဘာပါ။

ေမး- အရွင္ဘုရား ျဖည့္စြက္ေျပာခ်င္တာရွိရင္ ေျပာေပးပါဦးဘုရား။

ေျဖ- အားနက္ဟဲမင္းေဝးရဲ႕ ကဗ်ာတစ္ပုဒ္ကုိ အုိးေဝညဳိျမ ဘာသာျပန္ထားတဲ့ ကဗ်ာေလးထဲက စာသားေလးကုိ သတိရမိတယ္။ ငါ၏ဦးေခါင္းသည္ ေသြးခ်င္းခ်င္းနီပါေစ ငါကား ဦးမညြတ္တဲ့။

တရားပြဲအပိတ္ခံရတာေတြ ေဖးဘုတ္အပိတ္ခံရတာေတြ ေနရာတကာမွာ လုိက္လံေႏွာက္ယွက္ခံရတာေတြ ေၾကာင့္ စိတ္ပ်က္ အားငယ္ လက္ေလွ်ာ့ သြားလိမ့္မယ္လုိ႔ေတာ့ မထင္ပါနဲ႔။ ေနာင္တစ္ခ်ိန္မွာ တစ္ႏုိင္ငံလုံးအတုိင္းအတာနဲ႔ ဦးဝီရသူကုိ ဝန္ခ်ေတာင္းပန္ပြဲႀကီး ျပဳလုပ္လာၾကမွာကုိပဲ ႀကဳိျမင္ေနမိတယ္။

ဘာေၾကာင့္လဲဆုိရင္ အစုိးရအသုံးမက်ေလ ျပည္သူေတြက ဝီရသူကုိ သတိရေလ ပုံစံမ်ဳိး ျဖစ္လာေတာ့မွာ မုိ႔လုိ႔ပါပဲ။

ၿငိမ္းခ်မ္းသာ-ဆက္သြယ္ေမးျမန္းသည္။

 

“ပညာရေးကို အင်မတန်လိုလားတဲ့ ကျောင်းသားတွေကို ကျောင်းထုတ်လိုက်ခြင်းကြောင့် ဒီမိုကရေစီအစိုးရကြီး ဘာများ အကျိုးရှိသွားသလဲ (အပိုင်း-၂-နိဂုံး)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- နောက်တစ်ခုကတော့ ပညာရေးအသုံးစရိတ်တိုးမြှင့်ဖို့ ဆန္ဒပြတောင်းဆိုတဲ့ကျောင်းသားတွေကို ကျောင်းထုတ်တဲ့ကိစ္စပေါ့ဘုရား။ ပါမောက္ခချုပ်ဦးမောင်မောင်နိုင်ကတော့ သင်တန်းကနေရပ်စဲတယ်လို့ သုံးပါတယ်ဘုရား။ ဒါပေမယ့် ဒါကိုပဲ တစ်ဖက်မှာတော့ ကျောင်းထုတ်တယ်လို့ပဲ ပြောကြတယ်ပေါ့ဘုရား။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ – တကယ်တမ်းကျတော့ ရည်ရွယ်ချက်ကောင်းတယ်လေ။ ဒါပေမယ့် ကျောင်းသားတွေက ကိုယ့်အလုပ်မဟုတ်ဘူး။ ကျောင်းသားဆိုတာ စာကြိုးစားဖို့ပဲလေ။ ဘတ်ဂျတ်တွေတိုးမြှင့်ပေးဖို့တို့၊ အသုံစရိတ်ကိစ္စတို့၊ ဒါတွေက မိဘပြည်သူတွေ လုပ်ရမယ့် အလုပ်တွေပါ။ မိဘသပြည်သူတွေ တောင်းဆိုပေးရမယ့်အရေးကို သူတို့တွေက တောင်းဆိုလိုက်တဲ့အတွက်ကြောင့် သူတို့တတွေ ပညာရေးထိခိုက်သွားတာပါ။

ကျောင်းသားတွေကို ပြောချင်တာက တိုင်းပြည်ကောင်းစားစေချင်ရင် စာကြိုးစားကြပါ။ ကိုလိုနီခေတ်တုန်းက ကျောင်းသားသပိတ်ဆိုတာ မှန်တယ်၊ မဖြစ်မနေလုပ်ကို လုပ်ရမှာ။ ဒီကနေ့ခေတ်က ကိုလိုနီခေတ်ကလို ကျွန်ပညာရေးမဟုတ်တော့ဘူး။ အဲတော့ မိမိလူကြီးဖြစ်လာတဲ့အခါကျမှ ဒီစနစ်တွေကို မိမိတို့ ကြိုက်သလိုပြုပြင်ပြောင်းလဲလို့လည်းရတယ်။ အဲဒီထိမစောင့်နိုင်ဘူးဆိုရင်လည်း မိဘပြည်သူတွေလုပ်လာအောင် ကိုယ်က စည်းရုံးတဲ့အဆင့်ပဲ လုပ်ရမယ်။

ပညာရေးကိုပဲ အဓိကထားပါ။ ပညာရေးစနစ်၊ ဘတ်ဂျတ်တွေ၊ အသုံးစရိတ်တွေ၊ ဒါတွေဟာကျောင်းသားတွေအတွက် အရေးကြီးလုပ်ငန်းမဟုတ်ဘူးလို့ ပြောရမှာပါ။

ကျောင်းထုတ်လိုက်တဲ့ကိစ္စအပေါ်မှာတော့ စိတ်မကောင်းပါဘူး။ ဘာကြောင့်လဲဆိုရင် ပညာရေးကို တကယ်လိုလားလို့သာ ဒီလိုသပိတ်မှောက်တဲ့အဆင့်ထိ သူတို့ စွန့်စားခဲ့ကြတာလေ။ အဲတော့ ပညာရေးကို အင်မတန်လိုလားတဲ့ ကျောင်းသားတွေကို ကျောင်းထုတ်လိုက်တာဟာ ဒီမိုကရေစီလားလို့ မေးချင်တယ်။
ပညာရေးကို အင်မတန်လိုလားတဲ့ကျောင်းသားတွေကို ကျောင်းထုတ်လိုက်ခြင်းကြောင့် ဒီမိုကရေစီအစိုးရကြီး ဘာများ အကျိုးရှိသွားသလဲ။

လူငယ်ဆိုတာတွေ၊ နိုင်ငံရေးဆိုတာတွေဟာ နိုင်ငံအာဏာနဲ့ မိမိရဲ့အတ္တကို မထိပါးတဲ့အချိန်မှာပဲ ပြောကောင်းတဲ့စကားတွေလားလို့ မေးချင်တာပေါ့နော်။

မေး- ကျောင်းသားတွေကျောင်းထုတ်တာဟာ အရင့်အရင် အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန်ပဲလို့ ဝေဖန်ကြတာတွေလည်းရှိပါတယ်ဘုရား။ ဒေါက်တာအေးမောင်တို့ဖမ်းတဲ့ကိစ္စတွေမှာလည်း စိတ်ပျက်လက်ပျက်ဖြစ်ကြသူတွေ ရှိတယ်ပေါ့။ အာဏာရှင်နည်းနည်းများ ဆန်လာသလားဆိုတဲ့ မေးခွန်ကို လူတွေ၊ အထူးသဖြင့် နိုင်ငံရေးနဲ့နီးတဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေက စပြောလာပြီပေါ့ဘုရား။ အာဏာရှင်ဆန်လာတယ်လို့လူပြောများလာတဲ့အပေါ်မှာ ဘာများသုံးသပ်ချင်ပါသလဲဘုရား။

ဖြေ- သူတို့ပြောတာ နောက်ကျတာပေါ့နော်။ ပါတီအတိုက်အခံကာလကတည်းကိုက NLD ပါတီမှာ၊ ပါတီတွင်း ဒီမိုကရေစီမရှိဘူးလို့ ဦးဇင်းက အရင်ဦးဆုံးထောက်ပြခဲ့တာလေ။ သူက တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါ့မလားလို့ အရင်ဦးဆုံး မေးခွန်းထုတ်ခဲ့တာ ဦးဇင်းပဲလေ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထက်မှာ မြန့်မာနိုင်ငံရေးအခင်းအကျင်းဟာ နေရာစုံက ထပွက်နေတာမျိုးတွေ ကြုံရနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့တာလည်း ဦးဇင်းပဲလေ။

အဲဒီတော့ နောက်ဆုံး ဦးဇင်းတို့ မဘသကို ဖြိုခွင်းဖို့ လုပ်လာတဲ့အချိန်မှာလည်း ဦးဇင်းတို့က ကြေညာချက်တွေထုတ်ပြီးတော့ အမျိုးသမီးအာဏာရှင်အစိုးရလို့တောင် ကင်ပွန်းတပ်ပေးခဲ့ပါသေးတယ်။ ဒါကြောင့် ပြည်သူတွေ ဒီအစိုးရကို အာဏာရှင်လို့မြင်တာ နောက်ကျပါတယ်လို့။

ပြီးတော့ ပြည်သူတွေ ဒီလောက်လေးမြင်တာ အားမရသေးပါဘူး။ ဒီထက်ပိုပြီးမြင်အောင် သေချာကြည့်ကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားနဲ့ပြောရရင် ပြည်သူတွေကိုပဲ အားကိုးရမှာပါလို့။

မေး- ဆရာတော်ဦးပါမောက္ခက ထောင်ထဲမှာ သင်္ကန်းဝတ်ခွင့်ရဖို့ တောင်းဆိုနေတာတွေ တွေ့ရပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘာများပြောစရာရှိမလဲဘုရား။

ဖြေ- အင်္ဂလိပ်ခေတ်မှာလည်း သံဃာတွေ ထောင်ထဲမှာ သင်္ကန်းဝတ်ခွင့်ရခဲ့တယ်၊ ဖဆပလခေတ်မှာလည်း သံဃာတွေ ထောင်ထဲမှာ သင်္ကန်းဝတ်ခွင့်ရခဲ့တယ်။ မဆလခေတ်မှာလည်း သံဃာတွေ ထောင်ထဲမှာ သင်္ကန်းဝတ်ခွင့်ရခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားဒီမိုကရေစီ ပြည်သူ့အစိုးရလက်ထက်မှာ သင်္ကန်းဝတ်ခွင့် မရတာ ရင်နာစရာကောင်းတယ်ဗျာ။

နောင်တော်ကြီးဦးပါမောက္ခရဲ့ ရှေ့နေဦးအောင်သူရိန်ထွန်း ထောက်ပြတဲ့အချက်တွေကတော့ ၂၀၁၃ ခုနှစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ပါးစုံညီ ဒုတိယအစည်းအဝေးဆုံးဖြတ်ချက် ပုဒ်မ ၁၁(ဃ)အရ အမှုရင်ဆိုင်စဉ်မှာ သင်္ကန်းဝတ်ခွင့်ရှိခြင်း၊ ၁၈၉၄ ခုနှစ် အခြေခံအက်ဥပဒေနှင့် အကျဉ်းထောင်လက်စွဲ ဥပဒေ ၁၀၄၆ တို့အရ သင်္ကန်းဝတ်ခွင့် ပြုထားခြင်းတို့ကြောင့် တရားသူကြီးထံ သင်္ကန်းဝတ်ခွင့် လျှောက်ထားတာကို တရားသူကြီးက ပယ်ချလိုက်တာဟာ Rule Of Law – ဥပဒေအခွင့်အရေး ဘယ်မှာလဲ ဆိုတာပါပဲ။

နောက်ပြီးတော့ပုဒ်မ ၅၀၅(ခ)ဟာ ရဲအရေးမပိုင်လို့ တရားရုံးဦးတိုက်လျှောက်ထားရတဲ့ပုဒ်မဖြစ်သလို ဦးပါမောက္ခကို ဦးတိုက်လျှောက်ထားသူကိုယ်တိုင်က သူ့လက်မှတ်မဟုတ်ပါဘူးလို့ ထွက်ဆိုထားပါလျက် အာမခံမပေးဘဲ ချုပ်နှောင်ထားတာတွေဟာလည်း စမက ပုဒ်မတွေပါပဲ။

မေး- တစ်ဆက်တည်းမေးစရာရှိတာက ကိုကျော်မျိုးရွှေရဲ့ အမှုသွား အမှုလာ အခြေအနေ ဘယ်လိုရှိပါသလဲဘုရား။ ကျန်းမာရေးမကောင်းပေမယ့် အာမခံမရဘူးလို့ပဲ တပည့်တော်တို့က သိထားတာဆိုတော့။ အဲဒါလေးလည်း ပြောပေးပါဦးဘုရား။

ဖြေ- ကိုကျော်မျိုးရွှေဟာ သပိတ်စခန်းနဲ့ လုံးဝမပတ်သက်ပါဘူး။ ဦးဆောင်သူလည်းမဟုတ်၊ သတင်းပြန်ကြားသူ လည်းမဟုတ်၊ ထိုင်သပိတ်လည်းမလုပ်၊ ကြေညာချက်လည်းမထုတ်၊ ကြွေးကြော်သံလည်းမတိုင်၊ ဗီနိုင်းလည်းမကိုင်၊ လက်ကမ်းစာစောင်လည်းမဖြန့်၊ ဘယ်ဆို ဘယ်နေရာမှာမှ မပါခဲ့တဲ့သူပါ။
ဦးဇင်းတွေကို ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးလို့ သွားရောက် အားပေးခဲ့တာလေးပဲ ရှိပါတယ်။ ဒါပေမဲ့ ကိုကျော်မျိုးရွှေတရားလိုလုပ်တိုင်ကြားထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ အရေးရှိတာကြောင့် စမကနဲ့ပဲ ဖမ်းချုပ်လိုက်ကြတာပါ။
ဖမ်းချုပ်ပြီးတဲ့နောက်ပိုင်းမှာလည်း ဆရာဝန်၊ တရားသူကြီး၊ အာဏာပိုင်၊ အာဏာရပါတီတို့ ပေါင်းပြီး အာမခံမပေးဘဲ မသေမချင်း ညှဉ်းဆဲနေကြတဲ့သဘောပါ။

မေး- အရှင်ဘုရား ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦးဘုရား။

ဖြေ- အားနက်ဟဲမင်းဝေးရဲ့ ကဗျာတစ်ပုဒ်ကို အိုးဝေညိုမြ ဘာသာပြန်ထားတဲ့ ကဗျာလေးထဲက စာသားလေးကို သတိရမိတယ်။ ငါ၏ဦးခေါင်းသည် သွေးချင်းချင်းနီပါစေ ငါကား ဦးမညွတ်တဲ့။

တရားပွဲအပိတ်ခံရတာတွေ ဖေးဘုတ်အပိတ်ခံရတာတွေ နေရာတကာမှာ လိုက်လံနှောက်ယှက်ခံရတာတွေ ကြောင့် စိတ်ပျက် အားငယ် လက်လျှော့ သွားလိမ့်မယ်လို့တော့ မထင်ပါနဲ့။ နောင်တစ်ချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဦးဝီရသူကို ဝန်ချတောင်းပန်ပွဲကြီး ပြုလုပ်လာကြမှာကိုပဲ ကြိုမြင်နေမိတယ်။

ဘာကြောင့်လဲဆိုရင် အစိုးရအသုံးမကျလေ ပြည်သူတွေက ဝီရသူကို သတိရလေ ပုံစံမျိုး ဖြစ်လာတော့မှာ မို့လို့ပါပဲ။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။