သတင္းအင္တာဗ်ဴး

လူမ်ိဳးေရး တိုက္ပြဲၾကားက အႏွိမ္ခံ ရဟန္းတစ္ပါးကို ဘာသာျပန္ ၾကည့္ျခင္း (အပုိင္း-၂)

ေမး။ ။ ျပည္တြင္းျပည္ပ မီဒီယာေတြကို ဆရာေတာ္က မယုံၾကည္ဘူးလို႔ ေျပာပါတယ္။ ဘယ္အခ်က္ကို ၾကည့္ၿပီး ေျပာတာလဲ အရွင္ဘုရား။

ေျဖ။ ။ ျပည္တြင္းကိုစၿပီး ေျပာရမယ္ဆိုရင္ သူတို႔ေတြက သတင္းကို သတင္းလို မေရးဘဲနဲ႕ သူတို႔အျမင္ ကပ္တိုင္း မဖမ္းဖမ္းေအာင္ ဖိအားေပး ေရးသားေနတာ ေတြ႕ရတယ္ေပါ့။ ဥပမာဆိုၾကပါစို႔ ရန္ဟီးလီကို ဦးဇင္း ေျပာတယ္။ ေျပာရင္ေျပာတဲ့အတိုင္း ေရးပါ။ လက္ခံပါတယ္။ သာသနာေတာ္ကို ညွိုးႏြမ္းေစတယ္တို႔၊ ဗုဒၶဘာ သာ သိကၡာက်တယ္တို႔၊ အစိုးရက ျမႇောက္ေပးေနတယ္တို႔၊ အခုခ်ိန္ထိ အေရးမယူဘူးတို႔ ဆိုတာေတြက တစ္ ေစာင္တည္းေရးတာ မဟုတ္ဘူး။ ဝိုင္းၿပီးေရးၾကတာ။ အဲ့လိုေရးတာက်ေတာ့ သတင္းက်င့္ဝတ္နဲ႕လည္း မညီဘူး ေပါ့။ ရန္ဟီးလီကို အဲ့လို ေျပာလိုက္တယ္။ ဘာေၾကာင့္ ေျပာသလဲဆိုတာေလးကိုေတာ့ ထည့္ေရးဖို႔မသင့္ဘူး လား။ ဒါေပမဲ့ အဲ့ဒီအခ်က္ေတြကို လုံးဝခ်န္ထားတယ္။ ရန္ဟီးလီက ရခိုင္ျပည္ႀကီးကို ေရာင္းစားလို႔ဆဲတာ လုံးဝမေျပာဘူး။ ရန္ဟီးလီက သူေတာ္ေကာင္းႀကီး ျဖစ္ေနတယ္။ ဘုန္းႀကီးက အေၾကာင္းမဲ့သက္သက္ အသားလြတ္ႀကီး ဆဲေနတဲ့ ပုံစံမ်ိဳးႀကီး ျဖစ္ေအာင္ လူဆိုးပုံေဖာ္ၿပီး ေရးသားၾကတယ္။ ဒါေတြက အမ်ားႀကီးထဲက တစ္ခုကို ေျပာလိုက္တာ။ ျပည္တြင္း မီဒီယာကိုေပါ့။ ျပည္ပမီဒီယာေတြ ေတာ္ေတာ္မ်ားမ်ားက မြတ္စလင္ေတြရဲ႕ အေထာက္ေတာ္ေတြ ျဖစ္ေနတယ္။ ဘာေၾကာင့္လည္းဆိုရင္ ဦးဇင္းကို အင္တာဗ်ဴး လာလုပ္တယ္ဆိုတဲ့အခါ သမီးတို႔က ဘြဲ႕ယူစာတမ္း တင္ခ်င္လို႔ပါ။ သမီးေလးက မေမးတတ္လို႔ ဖေအက လိုက္ေမးရပါတယ္ေပါ့။ ရတယ္ ေလ၊ သူတို႔ေမးတာေတြ စိတ္ရွည္လက္ရွည္ ေျဖေပးပါတယ္။ ဦးဇင္း ပုံသ႑ာန္အေနအထားကို ဘာလို႔ ဓာတ္ပုံရိုက္တာလဲ။ လက္ကို ဓာတ္ပုံ တည္ရိုက္တာကို ေျပာခ်င္တာ။ အဲ့ဒီ စာတမ္းျပဳစုတာ ဦးဇင္းလက္နဲ႕ ဘယ္ လိုပတ္သက္သလဲ။ ဦးဇင္း ဘယ္လိုယုံၾကည္ရမွာလဲ။ ဒီလက္ကို သူတို႔ ခြဲစိတ္မယ္ဆိုတဲ့ ပုံေပါ့။ ဦးဇင္း ေသနတ္ ကိုင္လား ဘာလားေပါ့။ ဒါမ်ိဳးေတြ သူတို႔ၾကည့္မွာေပါ့။ ေနာက္တစ္ခ်က္က သတင္းဌာနက မလႊင့္ေသးဘူး မြတ္စလင္ရဲ႕ လက္ထဲ ဦးဇင္းတို႔ အသံဖိုင္က ေရာက္သြားၿပီ။ လိုင္းေပၚမွာ ျပန္ေတြ႕ေနရတာ။ အဲ့ဒီလိုသတင္းဌာနကို ဦးဇင္းတို႔ ဘယ္လိုယုံၾကည္ရမွာလဲ။ တခ်ိဳ႕သတင္းဌာနေတြက သတင္းေမးတာ မဟုတ္ဘူး။ ဒီဘိတ္ လုပ္ေနတာ။ ဦးဇင္းကိုပဲ ျပန္ေခ်ပၿပီးေတာ့ အႀကိတ္အနယ္ ခ်ၾကတာ။ ဒီလိုေနရာေလးမွာ သူတို႔က ေလးငါးေယာက္ ဦးဇင္းက တစ္ပါးတည္း။ ဟိုဟာေမးလိုက္ ဒီဟာေမးလိုက္နဲ႕။ ေခါင္းစဥ္ ေတာင္းေတာ့ အင္တာဗ်ဴးတယ္ ေတာင္းတယ္။ လုပ္ေတာ့ ဒီဘိတ္ ျဖစ္ေနတယ္။ လႊင့္သလားဆိုေတာ့လည္း မလႊင့္ဘူး။ ဦးဇင္းေပးရတဲ့ အခ်ိန္ေတြက မတန္ဘူး။ တခ်ိဳ႕က်ေတာ့ သတင္းယူတာ မဟုတ္ဘူး။ ရန္ေတြ႕တာ။ လာၿပီး ရန္ေထာင္တာ။ အဲ့ဒါမ်ိဳးေတြက်ေတာ့ ဦးဇင္း ဘယ္လိုဆက္ဆံရမလဲ။ ကိုယ္က အၾကမ္းပတမ္း ဆက္ဆံရင္ လည္း အဲ့ဒါကို ကမာၻ႔ပုံရိပ္မွာ ဆိုးသထက္ဆိုးေအာင္ လုပ္ဦးမွာ။ ဥပမာဆိုၾကပါေတာ့ BBC သတင္းဌာန ဦးဇင္း ကို ႀကိဳေျပာတယ္။ ဦးဇင္းကလည္း ပယ္လိုက္တယ္။ နည္းမ်ိဳးစုံနဲ႕ ရေအာင္ လုပ္တယ္။ ဦးဇင္းတို႔ကလည္း BBCဆို ပိုၿပီးအယုံအၾကည္မရွိလို႔ လက္မခံဘူး။ ၁၁ နာရီဆိုရင္ ဆြမ္းစားေက်ာင္း သြားတယ္။ ေက်ာင္းေရွ႕မွာ ကင္မရာႀကီးနဲ႕ တည္ၿပီး ေစာင့္ေန တယ္။ အဲဒီေန႕မွာ ဆြမ္းကပ္ရွိေတာ့ ခါတိုင္းေနရာမွာ မစားရဘူး။ အခမ္း အနား က်င္းပတဲ့ေနရာ သြားစားရတယ္။ အဲဒီအခ်ိန္ထိ လိုက္လာတယ္။ ကင္မရာႀကီးျမင္တာနဲ႕ ဦးဇင္းလည္း သကၤန္းၿခဳံလိုက္တယ္။ ၿခဳံတာကိုပါ ရိုက္တယ္။ ေရွ႕တည့္တည့္ လာရိုက္တယ္။ ဦးဇင္းထီးနဲ႕ ကြယ္တယ္။ အဲ့ဒါ လည္း ရိုက္တာပဲ။ တစ္အခ်က္က ခြင့္မျပဳဘူး။ ႏွစ္အခ်က္က ဒီလိုမ်ိဳးေတြ လုပ္တယ္။ အဲ့ဒီလိုသကၤန္းၿခဳံတာမ်ိဳး ကို ေခြးေျပးဝက္ေျပး ေျပးတယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႕ ႐ုပ္သံမွာ လႊင့္သြားတယ္။ အဲ့ဒီေတာ့ သတင္းဌာနေတြက မီဒီယာ က်င့္ဝတ္၊ သတင္းသမား က်င့္ဝတ္ေတြကို မလိုက္နာၾကေတာ့ဘဲနဲ႕ မီဒီယာကို လက္နက္တစ္ခုအေနနဲ႕ပဲ သူ တို႔မလိုလားတဲ့သူေတြ က်ဆဳံးေအာင္ လိုက္တိုက္ခိုက္ေနတဲ့ ပုံစံမ်ိဳးျဖစ္ေနတယ္။ တိုင္းမ္မဂၢဇင္းကိုပဲ ၾကည့္လိုက္ ဦးဇင္းကို အၾကမ္းဖက္သမားလို႔ ေရးလိုက္တယ္။ ဦးဇင္းမွာ လက္နက္ဆိုလို႔ သြားေလရာ ေဘာပင္တစ္ေခ်ာင္းပဲ ပါတယ္။ ဘာကိုၾကည့္ၿပီး အၾကမ္းဖက္သမားလို႔ ေရးတာလဲ။ သူတို႔က ေျပာေတာ့ ရခိုင္မီးဟာ ဝီရသူ ေနထိုင္ရာ မႏၲေလးတိုင္းေဒသႀကီး မိတၳီလာမွာေတာင္ ကူးစက္လာၿပီလို႔ ေျပာတယ္။ အဲ့ဒါဆို ဝီရသူေနတဲ့ မႏၲေလး ဘာလို႔ မျဖစ္တာလဲ။ သူတို႔ အဲလိုဆြဲေတြးၿပီး ေရးမယ္ဆိုရင္ ေျပာတာပါ။ က်ဳပ္ ေဟာလိုက္တာက ၉၆၉ ဟာ၊ ၿငိမ္း ခ်မ္းေရးအတြက္ ထမ္း႐ြက္ထိုက္တဲ့ ဂုဏ္ေတာ္ေတြ အမ်ိဳးဘာသာ သာသနာအတြက္ကို အၾကမ္းမဖက္ဖို႔ ပုံ ေဖာ္ေနလို႔ ေဟာတယ္။ သူတို႔က အဲ့ဒါကို ပုံစံတစ္မ်ိဳးနဲ႕ ျပန္ျပင္ေရးတယ္။ အၾကမ္းဖက္ဖို႔ ပုံေဖာ္ေနတယ္ဆိုတဲ့ သေဘာမ်ိဳး၊ ဒီဟာေတြက ဒီလိုလုပ္ေနတာကို ဦးဇင္းက သူတို႔နဲ႕ ဘယ္လိုဆက္ၿပီး လက္တြဲရမလဲ။ US မီဒီယာ တစ္ခုကလည္း အင္တာဗ်ဴး သြားတယ္။ ဘယ္လိုလဲဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ကို ဘယ္လိုျမင္လဲဆိုတဲ့ ေမးခြန္းနဲ႕။ ဦးဇင္း ႏွစ္ပိုင္း ေျဖတယ္။ ေဒၚေအာင္ဆန္းစုၾကည္က နိုင္ငံေရးမွာေတာ့ အားကိုးရမယ့္ ေခါင္းေဆာင္ ေကာင္း တစ္ေယာက္ပါ။ ဒါေပမဲ့ အမ်ိဳးသားေရးမွာေတာ့ သုံးမရပါဘူးလို႔ ေျဖတယ္။ အဲ့ဒီလိုေျဖေတာ့ နိုင္ငံ ေရးမွာ အားကိုးထိုက္တဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ပါဆိုတာ မလႊင့္ေတာ့ဘဲနဲ႕ ေဒၚေအာင္ဆန္းစုၾကည္ ကို ဘယ္လိုျမင္လဲေမးတယ္။ အမ်ိဳးသားေရးမွာ သုံးမရတဲ့သူပါဆိုတဲ့ အေျဖကိုပဲလႊင့္တယ္။ အဲ့ဒီေတာ့ ျပည့္ စုံမႈဆိုတာ မရွိေတာ့ဘူး။ ျပည္သူနဲ႕ ဘုန္းႀကီးကို ရန္တိုက္ေပး႐ုံ သက္သက္ပဲ သူတို႔အလုပ္လုပ္ၾကတာ။ ဦးဇင္းက ဘယ္မီဒီယာကို ဘယ္လို ယုံၾကည္ရမွာလဲ။ မၾကာေသးခင္က ျဖစ္ပ်က္ခဲ့တာဆိုရင္ ဧရာဝတီသတင္းဌာန သတင္းေထာက္ ေရးလိုက္တယ္။ ဦးဇင္း တရားျပန္ေဟာခြင့္ရတဲ့ အေၾကာင္းေပါ့။ လူသတ္သမား ၾကည္လင္းကို ေထာက္ခံအားေပးျခင္း ကိစၥနဲ႕စပ္လ်ဥ္းၿပီး တရားပြဲတစ္ႏွစ္ အပိတ္ခံရတယ္လို႔ ေရးပါတယ္။ တရားပြဲပိတ္ တဲ့အထဲမွာ အဲဒီအေၾကာင္းျပခ်က္ မပါဘူး။ အဲဒီ အေၾကာင္းျပခ်က္ေၾကာင့္ ဘယ္ေလာက္ထိ နစ္နာလဲ။ ဦးဇင္းက လူသတ္သမားၾကည္လင္းကို ေထာက္ခံလို႔ တရားပြဲ အပိတ္ခံရတယ္ဆိုတဲ့ ပုံစံမ်ိဳးေရးသြားတာ။ ဦးဇင္းမွာ အေထာက္အထားရွိတယ္။ မဟန ေၾကညာခ်က္ေတြကို ထုတ္ျပတယ္။ အဲဒါ မပါေၾကာင္း၊ ဒီလို မွား ယြင္းစြာေဖာ္ျပမႈေၾကာင့္ ဦးဇင္း ထိခိုက္နစ္နာသြားတဲ့အတြက္ အႏူးအၫြတ္ ေတာင္းပန္ပါတယ္ဆိုတဲ့ဟာကို ထည့္ခိုင္းတယ္။ မီဒီယာဥပေဒ မွာလည္း ထင္ထင္ရွားရွား ေတာင္းပန္ရမယ္ဆိုတဲ့အေၾကာင္းပါတယ္။ ဒါ ေၾကာင့္ ဦးဇင္း ေတာင္းဆိုတယ္။ သူကေတာ့ ေတာင္းပန္ဖို႔ မခဲယဥ္းပါဘူး။ ဌာနကိုေတာ့ ညွိရပါဦးမယ္ ေျပာတယ္။ သူတို႔ဌာနက ဒီအႏူးအၫြတ္ ေတာင္းပန္တယ္ဆိုတဲ့စကားလုံး အထည့္မခံဘူး။ အဲဒီလို အသုံးအႏႈန္း မထည့္ ဘူးဆိုရင္ ေစာေစာတုန္းက တင္ျပခဲ့တာလည္း ျပန္မထည့္ပါေတာ့နဲ႕လို႔ ေျပာလိုက္တယ္။ ဦးဇင္းက နဂိုက တည္းက ေၾကညာၿပီးသားပါ။ တစ္ အခ်က္ ျပန္လည္ေတာင္းပန္ရမယ္။ ႏွစ္ အခ်က္ ျပန္လည္မေတာင္းပန္ဘူး ဆိုရင္ တရားဥပေဒရဲ႕ အဆုံးအမကို ခံယူရမယ္။ အဲဒီလိုဆိုရင္ သူတို႔ကိစၥက နံပါတ္ႏွစ္ အဆင့္ကို ေရာက္သြားၿပီ။ ကဲ ဒါဆိုရင္ က်ဳပ္က သတင္းသမားေတြကို ဘယ္လိုယုံရမွာတုန္း။

ေမး။ ။ အစၥလာမ္ဘာသာဝင္နဲ႕ ဗုဒၶဘာသာဝင္တို႔ဟာ သမိုင္းအရ အတူယွဥ္တြဲ ေနထိုင္လာခဲ့ၾကတယ္။ ဒါေပ မဲ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ေလာက္မွစၿပီး ခါးသီးတဲ့ အေနအထားတစ္ခုကို ေရာက္သြားတာ၊ အာဏာၿမဲ ဖို႔ လုပ္ေနတဲ့ အုပ္စုတစ္စုေၾကာင့္လို႔ ထင္ပါသလား အရွင္ဘုရား။

ေျဖ။ ။ လူေတြကေတာ့ နိုင္ငံေရးနဲ႕ လွည့္ေတြးၾကတာပါ။ အဲဒါ မဟုတ္ပါဘူး။ ဦးေနဝင္းကလည္း အဓိက႐ုဏ္း ကို အသုံးခ်ၿပီး အာဏာၿမဲေအာင္ မလုပ္ပါဘူး။ စစ္အစိုးရကလည္း အဓိက႐ုဏ္းကို အသုံးခ်ၿပီး အာဏာၿမဲေအာင္ မလုပ္ပါဘူး။ ဘယ္အစိုးရပဲျဖစ္ျဖစ္ နိုင္ငံတည္ၿငိမ္တာကိုပဲ လိုလားတယ္။ စစ္အစိုးရဆိုရင္ အဓိက႐ုဏ္းျဖစ္မွာ အရမ္းေၾကာက္တယ္။ ဘာျဖစ္လို႔လည္းဆိုရင္ နိုင္ငံေရး အက်ပ္အတည္း ျဖစ္ေနတဲ့အခ်ိန္မွာ ဒီအဓိက႐ုဏ္းက ေပၚလာတဲ့အတြက္ေၾကာင့္ ထပ္ဆင့္ အက်ပ္အတည္းေတြ႕လို႔ ဘုန္းႀကီးေတြကို ရန္သူလို႔ သေဘာထားၿပီး ႏွိပ္ ကြပ္တယ္ေပါ့။ ဒီကိစၥဟာ နိုင္ငံေရးနဲ႕ လုံးဝမဆိုင္ဘူး။ တကယ္တမ္း ေျပာရရင္ ေအးေအးခ်မ္းခ်မ္းနဲ႕ ရိုးရိုးသား သား လုပ္ကိုင္စားေသာက္ေနတဲ့ အျပစ္မဲ့ မြတ္စလင္ေတြကို အယုံအၾကည္မဲ့ေအာင္ ဂ်ီဟတ္ဝါဒီေတြ လာေရာက္ေသြးခြဲလို႔ ေပၚေပါက္လာရတဲ့ အျဖစ္ဆိုးေတြပါပဲ။ အဲဒီ ဂ်ီဟတ္ဝါဒီေတြကလည္း ျပည္တြင္းကထက္ ျပည္ပက မ်ားပါတယ္။

ေမး။ ။ ျမန္မာနိုင္ငံမွာ ျဖစ္ေနတာက မ်ိဳးခ်စ္ေတြနဲ႕ အစၥလာမ္ အစြန္းေရာက္ေတြက ရန္သူလိုဟန္ ေဆာင္ၾကေပ မယ့္ အစိုးရထိပ္ပိုင္းက လူပုဂၢိဳလ္ေတြနဲ႕ ျမန္မာမြတ္စလင္ေတြက စီးပြားေရး အတူတကြလုပ္ၿပီး ေတာ္ေတာ္ခ်မ္း သာေနၾကပါတယ္။ အဲဒီအေပၚမွာ ဆရာေတာ္ဘုရားရဲ႕ မွတ္ခ်က္ကို သိ ခ်င္ပါတယ္ ဘုရား။

ေျဖ။ ။ မြတ္စလင္ေတြမွာ အမ်ိဳးသား ေရးလကၡဏာတစ္ခုပဲရွိတယ္။ ဘာ လုပ္လုပ္ အမ်ိဳးသားေရး အျမင္နဲ႕ပဲ လုပ္ၾကတယ္။ စစ္အစိုးရလက္ထက္ ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႕ ဒီမြတ္စလင္ေတြ ပဲေပါင္းၿပီး ကိုယ္က်ိဳးစီးပြားကိုရွာႀကံ ခဲ့ၾကတယ္။ ႀကံ့ခိုင္ေရးအင္အားေကာင္း လာေတာ့ ပါတီထဲအလုံးအရင္းဝင္ၿပီး ဒီမြတ္စလင္ေတြပဲ ႀကံ့ခိုင္ေရးျဖစ္သြား ၾကတာ။NLDေခတ္ ေရာက္လာတဲ့ အခါက်ေတာ့ NLDထဲ ဒီမြတ္စလင္ ေတြျပန္ေရာက္လာၾကတယ္။ NLDအစိုးရ တက္လာတဲ့အခါက်ေတာ့ တခ်ိဳ႕လူႀကီးေတြရဲ႕ PA ေတြ အဆင့္ ထိကိုေရာက္ကုန္ၾကတယ္။ သူတို႔ ေတြက ဘယ္အစိုးရတက္တက္ တစ္ အခ်က္သူတို႔အက်ိဴးစီး ပြားကိုရွာမယ္။ ႏွစ္အခ်က္ သူတို႔လူမ်ိဳးအတြက္လုပ္ မယ္။ ဒီႏွစ္ခ်က္နဲ႕ပဲအလုပ္လုပ္တာ။ သူတို႔မွာနိုင္ငံ ေရးဆိုတာ မဟုတ္ဘူး။ ဒီမိုကေရစီဆိုတာ မယုံၾကည္ဘူး။ အဲဒီလိုသူတို႔တေတြလုပ္တာဟာ သူ တို႔ဘက္က သူတို႔ၾကည့္ရင္ေတာ့ အမွန္ေပါ့။ ဦးဇင္းတို႔ လူမ်ိဳးေတြဟာ တက္လာတဲ့အစိုးရနဲ႕ တည့္ေအာင္ မေပါင္းနိုင္ၾကဘူး။ ဆိုၾကပါစို႔။ ေပါက္ ေရာက္တဲ့လူ ႀကီးပြားတဲ့လူ အင္မတန္ နည္းၿပီးေတာ့ ျမန္မာလူ မ်ိဳးေတြက ေနရာမရျဖစ္ကုန္ၾကတယ္။ အဲဒီေတာ့ မြတ္စလင္ေတြ ဒီလိုစီးပြားရွာလို႔ ႀကီး ပြားတိုးတက္ သြားတဲ့အေပၚမွာ ဦးဇင္း က မနာလိုမုန္းတီးစိတ္ တစ္စက္မွ မျဖစ္ဘူး။ ဒါသည္တရားေသာနည္းနဲ႕ စီးပြားရွာစားတာျဖစ္တဲ့အတြက္ ေၾကာင့္ အားက်ပါတယ္။ အဲဒီလို လိုက္လုပ္နိုင္ဖို႔ အတြက္ေတာင္ ဦးဇင္းတို႔ ေဟာတယ္။ သို႔ေသာ္စီးပြား ေရးကို ဂုတ္ေသြးစုပ္ၿပီးေတာ့ ဒီေငြ ေၾကးေတြနဲ႕ ဘုရားပ်က္၊ ေက်ာင္းဖ်က္၊ သာသနာဖ်က္၊ လူမ်ိဳးဖ်က္၊ အမ်ိဳး ဖ်က္ ေနာက္ဆုံး လိင္စစ္ဆင္ေရး စတာေတြပါ ျမင္ေတြ႕လာရတာေတြ ကိုသာ ဦးဇင္းတို႔က မေက်နပ္တာ။

ေမး။ ။ ဆရာေတာ္နဲ႕ ကိုျမေအးတို႔ ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္ တြဲ ေနထိုင္ေရးတို႔နဲ႕ပတ္သက္ၿပီး သေဘာထားေၾကညာခ်က္ ပူးတြဲ ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။ အဲဒီသေဘာ ထားေၾကညာခ်က္ရဲ႕ အႏွစ္သာရကို ျပည္သူကိုသိဖို႔မိန႔္ေပး ပါလားဘုရား။

ေျဖ။ ။ အဲဒီတုန္းကေတာ့ မရမ္းကုန္း မီကာဆာဟိုတယ္မွာ ဦးဇင္းရယ္၊ ကိုျမေအးရယ္၊ ဦးေ႐ႊၾကည္ရယ္ သုံး ဦးေတြ႕ဆုံၿပီးေတာ့ တိုင္းျပည္ရဲ႕အနာ ဂတ္ကို ကိုယ့္နည္းကိုယ့္ဟန္နဲ႕ ၿငိမ္း ခ်မ္းေအာင္လုပ္ဖို႔ ရည္႐ြယ္ခဲ့ၾကတာ။ အဲဒီတုန္းကလည္း ဦးဇင္းတို႔ေျပာတာ ကို ကိုျမေအးလက္ခံပါတယ္။ ဦးဇင္း တို႔ ေျပာတာေတာ့ မြတ္စလင္အမ်ိဳး အစား သုံးမ်ိဳးရွိတယ္။ ခင္မ်ားလက္ခံ လားဆိုေတာ့ လက္ခံတယ္။ နံပါတ္ တစ္အမ်ိဳးအစားကေတာ့ ျမန္မာ့ယဥ္ ေက်းမႈနဲ႕အညီေနၿပီးေတာ့ ေအးေအး ေဆးေဆးေနတဲ့သူေတြ၊ နံပါတ္ႏွစ္ အမ်ိဳးအစားကေတာ့ အာရပ္ယဥ္ ေက်းမႈကိုလက္ခံၿပီး ျမန္မာ့ယဥ္ေက်း မႈကိုလုံးဝ ဂ႐ုစိုက္မႈမရွိတဲ့သူေတြေပါ့။ နံပါတ္သုံး မြတ္စလင္ကေတာ့ ျမန္မာ ျပည္ကို မြတ္စလင္တိုင္းျပည္လုပ္ဖို႔အ တြက္ နည္းမ်ိဳးစုံနဲ႕ႀကံစည္ေနတဲ့ ဂ်ီ ဟတ္ဝါဒီေတြ။ နံပါတ္တစ္မြတ္စလင္ ေတြကို ညီအစ္ကိုေမာင္ႏွမအရင္းလို သေဘာထားတယ္။ သူတို႔ကိုမိတ္ေဆြ လို႔လည္း သေဘာထားတယ္။ သူတို႔ ရဲ႕လုံၿခဳံမႈကို ကာကြယ္ေပးရမယ့္ တာ ဝန္ ဦးဇင္းတို႔မွာရွိတယ္။ အဲဒါကိုလည္း သေဘာတူတယ္။ နံပါတ္ႏွစ္မြတ္စ လင္ အမ်ိဳးအစားကိုေတာ့ သူတို႔ တေတြသည္ ဂ်ီဟတ္ဝါဒီနဲ႕ေပါင္းသြား ရင္ ဂ်ီဟတ္ဝါဒီျဖစ္သြားနိုင္တယ္။ နံပါတ္ တစ္မြတ္စလင္နဲ႕ေပါင္းသြားရင္ နံပါတ္တစ္မြတ္စလင္ ျဖစ္သြားနိုင္ တယ္။ အဲဒီေတာ့ ဦးဇင္းတို႔က သူတို႔ ကိုေစာင့္ၾကည့္တဲ့အဆင့္မွာ ထား တယ္။ နံပါတ္သုံးမြတ္စလင္ေတြကို ေတာ့ ေစာင့္ၾကည့္႐ုံတင္မကဘူး။ သူ တို႔ကေပးလာမယ့္ အႏၲရာယ္ေတြ မေပၚေပါက္ေအာင္ အထူးဂ႐ုစိုက္ၿပီး ေတာ့ ေနထိုင္ၾကရမယ္ဆိုတဲ့ ကိစၥရပ္ ေတြကို အၾကမ္းဖ်င္းေဆြးေႏြးခဲ့ၾကပါ တယ္။ သူကလည္း လက္ခံပါတယ္။ အဲဒီေနာက္ပိုင္းေတာ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ဦးဇင္းနဲ႕သူတို႔လည္း အဆက္အသြယ္ ျပတ္သြားပါတယ္။ သေဘာထားေၾကညာခ်က္ ပူးတြဲ ထုတ္ျပန္ခဲ့တယ္။ သုံးဦးစလုံး လက္ မွတ္ထိုးထားတာေတြရွိပါတယ္။ စာ ခ်ဳပ္ေတာ့မဟုတ္ဘူးေပါ့။ ေၾကညာ ခ်က္ေပါ့။

(ဆက္လက္ေဖာ္ျပပါမည္)

 

 

“လူမျိုးရေး တိုက်ပွဲကြားက အနှိမ်ခံ ရဟန်းတစ်ပါးကို ဘာသာပြန် ကြည့်ခြင်း (အပိုင်း-၂)”

မေး။ ။ ပြည်တွင်းပြည်ပ မီဒီယာတွေကို ဆရာတော်က မယုံကြည်ဘူးလို့ ပြောပါတယ်။ ဘယ်အချက်ကို ကြည့်ပြီး ပြောတာလဲ အရှင်ဘုရား။

ဖြေ။ ။ ပြည်တွင်းကိုစပြီး ပြောရမယ်ဆိုရင် သူတို့တွေက သတင်းကို သတင်းလို မရေးဘဲနဲ့ သူတို့အမြင် ကပ်တိုင်း မဖမ်းဖမ်းအောင် ဖိအားပေး ရေးသားနေတာ တွေ့ရတယ်ပေါ့။ ဥပမာဆိုကြပါစို့ ရန်ဟီးလီကို ဦးဇင်း ပြောတယ်။ ပြောရင်ပြောတဲ့အတိုင်း ရေးပါ။ လက်ခံပါတယ်။ သာသနာတော်ကို ညှိုးနွမ်းစေတယ်တို့၊ ဗုဒ္ဓဘာ သာ သိက္ခာကျတယ်တို့၊ အစိုးရက မြှောက်ပေးနေတယ်တို့၊ အခုချိန်ထိ အရေးမယူဘူးတို့ ဆိုတာတွေက တစ် စောင်တည်းရေးတာ မဟုတ်ဘူး။ ဝိုင်းပြီးရေးကြတာ။ အဲ့လိုရေးတာကျတော့ သတင်းကျင့်ဝတ်နဲ့လည်း မညီဘူး ပေါ့။ ရန်ဟီးလီကို အဲ့လို ပြောလိုက်တယ်။ ဘာကြောင့် ပြောသလဲဆိုတာလေးကိုတော့ ထည့်ရေးဖို့မသင့်ဘူး လား။ ဒါပေမဲ့ အဲ့ဒီအချက်တွေကို လုံးဝချန်ထားတယ်။ ရန်ဟီးလီက ရခိုင်ပြည်ကြီးကို ရောင်းစားလို့ဆဲတာ လုံးဝမပြောဘူး။ ရန်ဟီးလီက သူတော်ကောင်းကြီး ဖြစ်နေတယ်။ ဘုန်းကြီးက အကြောင်းမဲ့သက်သက် အသားလွတ်ကြီး ဆဲနေတဲ့ ပုံစံမျိုးကြီး ဖြစ်အောင် လူဆိုးပုံဖော်ပြီး ရေးသားကြတယ်။ ဒါတွေက အများကြီးထဲက တစ်ခုကို ပြောလိုက်တာ။ ပြည်တွင်း မီဒီယာကိုပေါ့။ ပြည်ပမီဒီယာတွေ တော်တော်များများက မွတ်စလင်တွေရဲ့ အထောက်တော်တွေ ဖြစ်နေတယ်။ ဘာကြောင့်လည်းဆိုရင် ဦးဇင်းကို အင်တာဗျူး လာလုပ်တယ်ဆိုတဲ့အခါ သမီးတို့က ဘွဲ့ယူစာတမ်း တင်ချင်လို့ပါ။ သမီးလေးက မမေးတတ်လို့ ဖအေက လိုက်မေးရပါတယ်ပေါ့။ ရတယ် လေ၊ သူတို့မေးတာတွေ စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ ဦးဇင်း ပုံသဏ္ဍာန်အနေအထားကို ဘာလို့ ဓာတ်ပုံရိုက်တာလဲ။ လက်ကို ဓာတ်ပုံ တည်ရိုက်တာကို ပြောချင်တာ။ အဲ့ဒီ စာတမ်းပြုစုတာ ဦးဇင်းလက်နဲ့ ဘယ် လိုပတ်သက်သလဲ။ ဦးဇင်း ဘယ်လိုယုံကြည်ရမှာလဲ။ ဒီလက်ကို သူတို့ ခွဲစိတ်မယ်ဆိုတဲ့ ပုံပေါ့။ ဦးဇင်း သေနတ် ကိုင်လား ဘာလားပေါ့။ ဒါမျိုးတွေ သူတို့ကြည့်မှာပေါ့။ နောက်တစ်ချက်က သတင်းဌာနက မလွှင့်သေးဘူး မွတ်စလင်ရဲ့ လက်ထဲ ဦးဇင်းတို့ အသံဖိုင်က ရောက်သွားပြီ။ လိုင်းပေါ်မှာ ပြန်တွေ့နေရတာ။ အဲ့ဒီလိုသတင်းဌာနကို ဦးဇင်းတို့ ဘယ်လိုယုံကြည်ရမှာလဲ။ တချို့သတင်းဌာနတွေက သတင်းမေးတာ မဟုတ်ဘူး။ ဒီဘိတ် လုပ်နေတာ။ ဦးဇင်းကိုပဲ ပြန်ချေပပြီးတော့ အကြိတ်အနယ် ချကြတာ။ ဒီလိုနေရာလေးမှာ သူတို့က လေးငါးယောက် ဦးဇင်းက တစ်ပါးတည်း။ ဟိုဟာမေးလိုက် ဒီဟာမေးလိုက်နဲ့။ ခေါင်းစဉ် တောင်းတော့ အင်တာဗျူးတယ် တောင်းတယ်။ လုပ်တော့ ဒီဘိတ် ဖြစ်နေတယ်။ လွှင့်သလားဆိုတော့လည်း မလွှင့်ဘူး။ ဦးဇင်းပေးရတဲ့ အချိန်တွေက မတန်ဘူး။ တချို့ကျတော့ သတင်းယူတာ မဟုတ်ဘူး။ ရန်တွေ့တာ။ လာပြီး ရန်ထောင်တာ။ အဲ့ဒါမျိုးတွေကျတော့ ဦးဇင်း ဘယ်လိုဆက်ဆံရမလဲ။ ကိုယ်က အကြမ်းပတမ်း ဆက်ဆံရင် လည်း အဲ့ဒါကို ကမ္ဘာ့ပုံရိပ်မှာ ဆိုးသထက်ဆိုးအောင် လုပ်ဦးမှာ။ ဥပမာဆိုကြပါတော့ BBC သတင်းဌာန ဦးဇင်း ကို ကြိုပြောတယ်။ ဦးဇင်းကလည်း ပယ်လိုက်တယ်။ နည်းမျိုးစုံနဲ့ ရအောင် လုပ်တယ်။ ဦးဇင်းတို့ကလည်း BBCဆို ပိုပြီးအယုံအကြည်မရှိလို့ လက်မခံဘူး။ ၁၁ နာရီဆိုရင် ဆွမ်းစားကျောင်း သွားတယ်။ ကျောင်းရှေ့မှာ ကင်မရာကြီးနဲ့ တည်ပြီး စောင့်နေ တယ်။ အဲဒီနေ့မှာ ဆွမ်းကပ်ရှိတော့ ခါတိုင်းနေရာမှာ မစားရဘူး။ အခမ်း အနား ကျင်းပတဲ့နေရာ သွားစားရတယ်။ အဲဒီအချိန်ထိ လိုက်လာတယ်။ ကင်မရာကြီးမြင်တာနဲ့ ဦးဇင်းလည်း သင်္ကန်းခြုံလိုက်တယ်။ ခြုံတာကိုပါ ရိုက်တယ်။ ရှေ့တည့်တည့် လာရိုက်တယ်။ ဦးဇင်းထီးနဲ့ ကွယ်တယ်။ အဲ့ဒါ လည်း ရိုက်တာပဲ။ တစ်အချက်က ခွင့်မပြုဘူး။ နှစ်အချက်က ဒီလိုမျိုးတွေ လုပ်တယ်။ အဲ့ဒီလိုသင်္ကန်းခြုံတာမျိုး ကို ခွေးပြေးဝက်ပြေး ပြေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရုပ်သံမှာ လွှင့်သွားတယ်။ အဲ့ဒီတော့ သတင်းဌာနတွေက မီဒီယာ ကျင့်ဝတ်၊ သတင်းသမား ကျင့်ဝတ်တွေကို မလိုက်နာကြတော့ဘဲနဲ့ မီဒီယာကို လက်နက်တစ်ခုအနေနဲ့ပဲ သူ တို့မလိုလားတဲ့သူတွေ ကျဆုံးအောင် လိုက်တိုက်ခိုက်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တိုင်းမ်မဂ္ဂဇင်းကိုပဲ ကြည့်လိုက် ဦးဇင်းကို အကြမ်းဖက်သမားလို့ ရေးလိုက်တယ်။ ဦးဇင်းမှာ လက်နက်ဆိုလို့ သွားလေရာ ဘောပင်တစ်ချောင်းပဲ ပါတယ်။ ဘာကိုကြည့်ပြီး အကြမ်းဖက်သမားလို့ ရေးတာလဲ။ သူတို့က ပြောတော့ ရခိုင်မီးဟာ ဝီရသူ နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမှာတောင် ကူးစက်လာပြီလို့ ပြောတယ်။ အဲ့ဒါဆို ဝီရသူနေတဲ့ မန္တလေး ဘာလို့ မဖြစ်တာလဲ။ သူတို့ အဲလိုဆွဲတွေးပြီး ရေးမယ်ဆိုရင် ပြောတာပါ။ ကျုပ် ဟောလိုက်တာက ၉၆၉ ဟာ၊ ငြိမ်း ချမ်းရေးအတွက် ထမ်းရွက်ထိုက်တဲ့ ဂုဏ်တော်တွေ အမျိုးဘာသာ သာသနာအတွက်ကို အကြမ်းမဖက်ဖို့ ပုံ ဖော်နေလို့ ဟောတယ်။ သူတို့က အဲ့ဒါကို ပုံစံတစ်မျိုးနဲ့ ပြန်ပြင်ရေးတယ်။ အကြမ်းဖက်ဖို့ ပုံဖော်နေတယ်ဆိုတဲ့ သဘောမျိုး၊ ဒီဟာတွေက ဒီလိုလုပ်နေတာကို ဦးဇင်းက သူတို့နဲ့ ဘယ်လိုဆက်ပြီး လက်တွဲရမလဲ။ US မီဒီယာ တစ်ခုကလည်း အင်တာဗျူး သွားတယ်။ ဘယ်လိုလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းနဲ့။ ဦးဇင်း နှစ်ပိုင်း ဖြေတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးမှာတော့ အားကိုးရမယ့် ခေါင်းဆောင် ကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ အမျိုးသားရေးမှာတော့ သုံးမရပါဘူးလို့ ဖြေတယ်။ အဲ့ဒီလိုဖြေတော့ နိုင်ငံ ရေးမှာ အားကိုးထိုက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါဆိုတာ မလွှင့်တော့ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လိုမြင်လဲမေးတယ်။ အမျိုးသားရေးမှာ သုံးမရတဲ့သူပါဆိုတဲ့ အဖြေကိုပဲလွှင့်တယ်။ အဲ့ဒီတော့ ပြည့် စုံမှုဆိုတာ မရှိတော့ဘူး။ ပြည်သူနဲ့ ဘုန်းကြီးကို ရန်တိုက်ပေးရုံ သက်သက်ပဲ သူတို့အလုပ်လုပ်ကြတာ။ ဦးဇင်းက ဘယ်မီဒီယာကို ဘယ်လို ယုံကြည်ရမှာလဲ။ မကြာသေးခင်က ဖြစ်ပျက်ခဲ့တာဆိုရင် ဧရာဝတီသတင်းဌာန သတင်းထောက် ရေးလိုက်တယ်။ ဦးဇင်း တရားပြန်ဟောခွင့်ရတဲ့ အကြောင်းပေါ့။ လူသတ်သမား ကြည်လင်းကို ထောက်ခံအားပေးခြင်း ကိစ္စနဲ့စပ်လျဉ်းပြီး တရားပွဲတစ်နှစ် အပိတ်ခံရတယ်လို့ ရေးပါတယ်။ တရားပွဲပိတ် တဲ့အထဲမှာ အဲဒီအကြောင်းပြချက် မပါဘူး။ အဲဒီ အကြောင်းပြချက်ကြောင့် ဘယ်လောက်ထိ နစ်နာလဲ။ ဦးဇင်းက လူသတ်သမားကြည်လင်းကို ထောက်ခံလို့ တရားပွဲ အပိတ်ခံရတယ်ဆိုတဲ့ ပုံစံမျိုးရေးသွားတာ။ ဦးဇင်းမှာ အထောက်အထားရှိတယ်။ မဟန ကြေညာချက်တွေကို ထုတ်ပြတယ်။ အဲဒါ မပါကြောင်း၊ ဒီလို မှား ယွင်းစွာဖော်ပြမှုကြောင့် ဦးဇင်း ထိခိုက်နစ်နာသွားတဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်ဆိုတဲ့ဟာကို ထည့်ခိုင်းတယ်။ မီဒီယာဥပဒေ မှာလည်း ထင်ထင်ရှားရှား တောင်းပန်ရမယ်ဆိုတဲ့အကြောင်းပါတယ်။ ဒါ ကြောင့် ဦးဇင်း တောင်းဆိုတယ်။ သူကတော့ တောင်းပန်ဖို့ မခဲယဉ်းပါဘူး။ ဌာနကိုတော့ ညှိရပါဦးမယ် ပြောတယ်။ သူတို့ဌာနက ဒီအနူးအညွတ် တောင်းပန်တယ်ဆိုတဲ့စကားလုံး အထည့်မခံဘူး။ အဲဒီလို အသုံးအနှုန်း မထည့် ဘူးဆိုရင် စောစောတုန်းက တင်ပြခဲ့တာလည်း ပြန်မထည့်ပါတော့နဲ့လို့ ပြောလိုက်တယ်။ ဦးဇင်းက နဂိုက တည်းက ကြေညာပြီးသားပါ။ တစ် အချက် ပြန်လည်တောင်းပန်ရမယ်။ နှစ် အချက် ပြန်လည်မတောင်းပန်ဘူး ဆိုရင် တရားဥပဒေရဲ့ အဆုံးအမကို ခံယူရမယ်။ အဲဒီလိုဆိုရင် သူတို့ကိစ္စက နံပါတ်နှစ် အဆင့်ကို ရောက်သွားပြီ။ ကဲ ဒါဆိုရင် ကျုပ်က သတင်းသမားတွေကို ဘယ်လိုယုံရမှာတုန်း။

မေး။ ။ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ဟာ သမိုင်းအရ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတယ်။ ဒါပေ မဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်မှစပြီး ခါးသီးတဲ့ အနေအထားတစ်ခုကို ရောက်သွားတာ၊ အာဏာမြဲ ဖို့ လုပ်နေတဲ့ အုပ်စုတစ်စုကြောင့်လို့ ထင်ပါသလား အရှင်ဘုရား။

ဖြေ။ ။ လူတွေကတော့ နိုင်ငံရေးနဲ့ လှည့်တွေးကြတာပါ။ အဲဒါ မဟုတ်ပါဘူး။ ဦးနေဝင်းကလည်း အဓိကရုဏ်း ကို အသုံးချပြီး အာဏာမြဲအောင် မလုပ်ပါဘူး။ စစ်အစိုးရကလည်း အဓိကရုဏ်းကို အသုံးချပြီး အာဏာမြဲအောင် မလုပ်ပါဘူး။ ဘယ်အစိုးရပဲဖြစ်ဖြစ် နိုင်ငံတည်ငြိမ်တာကိုပဲ လိုလားတယ်။ စစ်အစိုးရဆိုရင် အဓိကရုဏ်းဖြစ်မှာ အရမ်းကြောက်တယ်။ ဘာဖြစ်လို့လည်းဆိုရင် နိုင်ငံရေး အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ ဒီအဓိကရုဏ်းက ပေါ်လာတဲ့အတွက်ကြောင့် ထပ်ဆင့် အကျပ်အတည်းတွေ့လို့ ဘုန်းကြီးတွေကို ရန်သူလို့ သဘောထားပြီး နှိပ် ကွပ်တယ်ပေါ့။ ဒီကိစ္စဟာ နိုင်ငံရေးနဲ့ လုံးဝမဆိုင်ဘူး။ တကယ်တမ်း ပြောရရင် အေးအေးချမ်းချမ်းနဲ့ ရိုးရိုးသား သား လုပ်ကိုင်စားသောက်နေတဲ့ အပြစ်မဲ့ မွတ်စလင်တွေကို အယုံအကြည်မဲ့အောင် ဂျီဟတ်ဝါဒီတွေ လာရောက်သွေးခွဲလို့ ပေါ်ပေါက်လာရတဲ့ အဖြစ်ဆိုးတွေပါပဲ။ အဲဒီ ဂျီဟတ်ဝါဒီတွေကလည်း ပြည်တွင်းကထက် ပြည်ပက များပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက မျိုးချစ်တွေနဲ့ အစ္စလာမ် အစွန်းရောက်တွေက ရန်သူလိုဟန် ဆောင်ကြပေ မယ့် အစိုးရထိပ်ပိုင်းက လူပုဂ္ဂိုလ်တွေနဲ့ မြန်မာမွတ်စလင်တွေက စီးပွားရေး အတူတကွလုပ်ပြီး တော်တော်ချမ်း သာနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာတော်ဘုရားရဲ့ မှတ်ချက်ကို သိ ချင်ပါတယ် ဘုရား။

ဖြေ။ ။ မွတ်စလင်တွေမှာ အမျိုးသား ရေးလက္ခဏာတစ်ခုပဲရှိတယ်။ ဘာ လုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ လုပ်ကြတယ်။ စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးတွေနဲ့ ဒီမွတ်စလင်တွေ ပဲပေါင်းပြီး ကိုယ်ကျိုးစီးပွားကိုရှာကြံ ခဲ့ကြတယ်။ ကြံ့ခိုင်ရေးအင်အားကောင်း လာတော့ ပါတီထဲအလုံးအရင်းဝင်ပြီး ဒီမွတ်စလင်တွေပဲ ကြံ့ခိုင်ရေးဖြစ်သွား ကြတာ။NLDခေတ် ရောက်လာတဲ့ အခါကျတော့ NLDထဲ ဒီမွတ်စလင် တွေပြန်ရောက်လာကြတယ်။ NLDအစိုးရ တက်လာတဲ့အခါကျတော့ တချို့လူကြီးတွေရဲ့ PA တွေ အဆင့် ထိကိုရောက်ကုန်ကြတယ်။ သူတို့ တွေက ဘယ်အစိုးရတက်တက် တစ် အချက်သူတို့အကျိူးစီး ပွားကိုရှာမယ်။ နှစ်အချက် သူတို့လူမျိုးအတွက်လုပ် မယ်။ ဒီနှစ်ချက်နဲ့ပဲအလုပ်လုပ်တာ။ သူတို့မှာနိုင်ငံ ရေးဆိုတာ မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ မယုံကြည်ဘူး။ အဲဒီလိုသူတို့တတွေလုပ်တာဟာ သူ တို့ဘက်က သူတို့ကြည့်ရင်တော့ အမှန်ပေါ့။ ဦးဇင်းတို့ လူမျိုးတွေဟာ တက်လာတဲ့အစိုးရနဲ့ တည့်အောင် မပေါင်းနိုင်ကြဘူး။ ဆိုကြပါစို့။ ပေါက် ရောက်တဲ့လူ ကြီးပွားတဲ့လူ အင်မတန် နည်းပြီးတော့ မြန်မာလူ မျိုးတွေက နေရာမရဖြစ်ကုန်ကြတယ်။ အဲဒီတော့ မွတ်စလင်တွေ ဒီလိုစီးပွားရှာလို့ ကြီး ပွားတိုးတက် သွားတဲ့အပေါ်မှာ ဦးဇင်း က မနာလိုမုန်းတီးစိတ် တစ်စက်မှ မဖြစ်ဘူး။ ဒါသည်တရားသောနည်းနဲ့ စီးပွားရှာစားတာဖြစ်တဲ့အတွက် ကြောင့် အားကျပါတယ်။ အဲဒီလို လိုက်လုပ်နိုင်ဖို့ အတွက်တောင် ဦးဇင်းတို့ ဟောတယ်။ သို့သော်စီးပွား ရေးကို ဂုတ်သွေးစုပ်ပြီးတော့ ဒီငွေ ကြေးတွေနဲ့ ဘုရားပျက်၊ ကျောင်းဖျက်၊ သာသနာဖျက်၊ လူမျိုးဖျက်၊ အမျိုး ဖျက် နောက်ဆုံး လိင်စစ်ဆင်ရေး စတာတွေပါ မြင်တွေ့လာရတာတွေ ကိုသာ ဦးဇင်းတို့က မကျေနပ်တာ။

မေး။ ။ ဆရာတော်နဲ့ ကိုမြအေးတို့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းစွာ အတူယှဉ် တွဲ နေထိုင်ရေးတို့နဲ့ပတ်သက်ပြီး သဘောထားကြေညာချက် ပူးတွဲ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒီသဘော ထားကြေညာချက်ရဲ့ အနှစ်သာရကို ပြည်သူကိုသိဖို့မိန့်ပေး ပါလားဘုရား။

ဖြေ။ ။ အဲဒီတုန်းကတော့ မရမ်းကုန်း မီကာဆာဟိုတယ်မှာ ဦးဇင်းရယ်၊ ကိုမြအေးရယ်၊ ဦးရွှေကြည်ရယ် သုံး ဦးတွေ့ဆုံပြီးတော့ တိုင်းပြည်ရဲ့အနာ ဂတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငြိမ်း ချမ်းအောင်လုပ်ဖို့ ရည်ရွယ်ခဲ့ကြတာ။ အဲဒီတုန်းကလည်း ဦးဇင်းတို့ပြောတာ ကို ကိုမြအေးလက်ခံပါတယ်။ ဦးဇင်း တို့ ပြောတာတော့ မွတ်စလင်အမျိုး အစား သုံးမျိုးရှိတယ်။ ခင်များလက်ခံ လားဆိုတော့ လက်ခံတယ်။ နံပါတ် တစ်အမျိုးအစားကတော့ မြန်မာ့ယဉ် ကျေးမှုနဲ့အညီနေပြီးတော့ အေးအေး ဆေးဆေးနေတဲ့သူတွေ၊ နံပါတ်နှစ် အမျိုးအစားကတော့ အာရပ်ယဉ် ကျေးမှုကိုလက်ခံပြီး မြန်မာ့ယဉ်ကျေး မှုကိုလုံးဝ ဂရုစိုက်မှုမရှိတဲ့သူတွေပေါ့။ နံပါတ်သုံး မွတ်စလင်ကတော့ မြန်မာ ပြည်ကို မွတ်စလင်တိုင်းပြည်လုပ်ဖို့အ တွက် နည်းမျိုးစုံနဲ့ကြံစည်နေတဲ့ ဂျီ ဟတ်ဝါဒီတွေ။ နံပါတ်တစ်မွတ်စလင် တွေကို ညီအစ်ကိုမောင်နှမအရင်းလို သဘောထားတယ်။ သူတို့ကိုမိတ်ဆွေ လို့လည်း သဘောထားတယ်။ သူတို့ ရဲ့လုံခြုံမှုကို ကာကွယ်ပေးရမယ့် တာ ဝန် ဦးဇင်းတို့မှာရှိတယ်။ အဲဒါကိုလည်း သဘောတူတယ်။ နံပါတ်နှစ်မွတ်စ လင် အမျိုးအစားကိုတော့ သူတို့ တတွေသည် ဂျီဟတ်ဝါဒီနဲ့ပေါင်းသွား ရင် ဂျီဟတ်ဝါဒီဖြစ်သွားနိုင်တယ်။ နံပါတ် တစ်မွတ်စလင်နဲ့ပေါင်းသွားရင် နံပါတ်တစ်မွတ်စလင် ဖြစ်သွားနိုင် တယ်။ အဲဒီတော့ ဦးဇင်းတို့က သူတို့ ကိုစောင့်ကြည့်တဲ့အဆင့်မှာ ထား တယ်။ နံပါတ်သုံးမွတ်စလင်တွေကို တော့ စောင့်ကြည့်ရုံတင်မကဘူး။ သူ တို့ကပေးလာမယ့် အန္တရာယ်တွေ မပေါ်ပေါက်အောင် အထူးဂရုစိုက်ပြီး တော့ နေထိုင်ကြရမယ်ဆိုတဲ့ ကိစ္စရပ် တွေကို အကြမ်းဖျင်းဆွေးနွေးခဲ့ကြပါ တယ်။ သူကလည်း လက်ခံပါတယ်။ အဲဒီနောက်ပိုင်းတော့ အကြောင်း အမျိုးမျိုးကြောင့် ဦးဇင်းနဲ့သူတို့လည်း အဆက်အသွယ် ပြတ်သွားပါတယ်။ သဘောထားကြေညာချက် ပူးတွဲ ထုတ်ပြန်ခဲ့တယ်။ သုံးဦးစလုံး လက် မှတ်ထိုးထားတာတွေရှိပါတယ်။ စာ ချုပ်တော့မဟုတ်ဘူးပေါ့။ ကြေညာ ချက်ပေါ့။

(ဆက်လက်ဖော်ပြပါမည်)