သတင္း

ဆရာတူ တပည့္ႀကီးမ်ား

16.3.2018 ရက္ေန႔ မနက္ ၁၁း၀၀ နာရီ မႏၲေလး ေအာင္ေျမသာစံၿမဳိ႕နယ္ ေတာင္စလင္း ဝိဘဇၨဝါဒီ ပရိယတၱိစာသင္တုိက္မွာ ေန႔ဆြမ္းစားပါတယ္။ ေန႔ဆြမ္းအလွဴပြဲမွာ တပည့္ႀကီးမ်ား ေတြ႕ဆုံၾကၿပီး ဆရာသမား အတြက္ အထူးထုတ္မဂၢဇင္းစာအုပ္ ထုတ္ေဝဖို႔ ေဆြးေႏြးတုိင္ပင္ၾကတာပါ။

မစုိးရိမ္တုိက္သစ္ အာဒိကမၼိက အဂၢါဘိဓဇ ဆရာေတာ္ႀကီး ဘဒၵႏၲသိရိႏၵာဘိဝံသ သာသနာျပဳေဆာင္ရြက္ခ်က္ မ်ားႏွင့္ပတ္သက္ၿပီး အမွတ္တရ စာအုပ္ထုတ္ေဝေရးအတြက္ စီမံေဆာင္ရြက္ၾကေသာ တပည့္အားလုံး စုေပါင္းမွတ္တမ္းတင္ၾကပါတယ္။

ေလာေလာဆယ္ ဆရာေတာ္ႀကီး၏ တပည့္ႀကီးအျဖစ္ ဝိဘဇၨဝါဒီ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲဝိလာသာဘိဝံသကုိ အႀကီးအမွဴးတင္ကာ မစုိးရိမ္တုိက္သစ္နာယကမ်ား စာခ်ဆရာေတာ္မ်ား မစုိးရိမ္တုိက္သစ္ထြက္ တပည့္ႀကီးမ်ားက ဆရာေတာ္ႀကီး၏ ဂုဏ္ေက်းဇူးကုိ အမွတ္ရျဖစ္ေစဖုိ႔ မွတ္တမ္းမ်ား စုစည္းၾကတဲ့သေဘာပါပဲ။

ဝိဘဇၨဝါဒီပဓာနနာယကဆရာေတာ္ ဘဒၵႏၲဝိလာသာဘိဝံသသည္ စာေရးသူ၏ ဆရာျဖစ္ၿပီး မစုိးရိမ္တုိက္သစ္ ဓမၼယာနေက်ာင္းနာယကဆရာေတာ္အျဖစ္ သီတင္းသုံးေတာ္မူခဲ့သူျဖစ္ပါတယ္။ စာေရးသူကလည္း ဓမၼယာနနာယကဆရာေတာ္ ဘဒၵႏၲဝိလာသာဘိဝံသထံမွာ သက်သီဟ ဓမၼာစရိယဘြဲ႕ ရရွိခဲ့တာျဖစ္ပါတယ္။

ဝိဘဇၨဝါဒီ တုိက္အုပ္ဆရာေတာ္ ဘဒၵႏၲနႏၵသာရကေတာ့ မစုိးရိမ္တုိက္သစ္ဆရာေတာ္ႀကီး၏ ဘဒၵႏၲသိရိႏၵာဘိဝံသ၏ လက္ရုံးတပည့္စာခ်ဆရာေတာ္ႀကီးျဖစ္ပါတယ္။ ဆရာေတာ္ႀကီး၏ တပည့္အားလုံး စုစည္းစီမံထားတဲ့ အထူးထုတ္စာအုပ္္ႀကီးရဲ႕အမည္ကေတာ့ “သာသနာ့မီးရွဴးတန္ေဆာင္ မစုိးရိမ္တုိက္သစ္ အဂၢါဘိဓဇ ဆရာေတာ္ဘုရားႀကီး” ျဖစ္ပါတယ္။

 

“ဆရာတူ တပည့်ကြီးများ”

16.3.2018 ရက်နေ့ မနက် ၁၁း၀၀ နာရီ မန္တလေး အောင်မြေသာစံမြို့နယ် တောင်စလင်း ဝိဘဇ္ဇဝါဒီ ပရိယတ္တိစာသင်တိုက်မှာ နေ့ဆွမ်းစားပါတယ်။ နေ့ဆွမ်းအလှူပွဲမှာ တပည့်ကြီးများ တွေ့ဆုံကြပြီး ဆရာသမား အတွက် အထူးထုတ်မဂ္ဂဇင်းစာအုပ် ထုတ်ဝေဖို့ ဆွေးနွေးတိုင်ပင်ကြတာပါ။

မစိုးရိမ်တိုက်သစ် အာဒိကမ္မိက အဂ္ဂါဘိဓဇ ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ သာသနာပြုဆောင်ရွက်ချက် များနှင့်ပတ်သက်ပြီး အမှတ်တရ စာအုပ်ထုတ်ဝေရေးအတွက် စီမံဆောင်ရွက်ကြသော တပည့်အားလုံး စုပေါင်းမှတ်တမ်းတင်ကြပါတယ်။

လောလောဆယ် ဆရာတော်ကြီး၏ တပည့်ကြီးအဖြစ် ဝိဘဇ္ဇဝါဒီ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိလာသာဘိဝံသကို အကြီးအမှူးတင်ကာ မစိုးရိမ်တိုက်သစ်နာယကများ စာချဆရာတော်များ မစိုးရိမ်တိုက်သစ်ထွက် တပည့်ကြီးများက ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးကို အမှတ်ရဖြစ်စေဖို့ မှတ်တမ်းများ စုစည်းကြတဲ့သဘောပါပဲ။

ဝိဘဇ္ဇဝါဒီပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိလာသာဘိဝံသသည် စာရေးသူ၏ ဆရာဖြစ်ပြီး မစိုးရိမ်တိုက်သစ် ဓမ္မယာနကျောင်းနာယကဆရာတော်အဖြစ် သီတင်းသုံးတော်မူခဲ့သူဖြစ်ပါတယ်။ စာရေးသူကလည်း ဓမ္မယာနနာယကဆရာတော် ဘဒ္ဒန္တဝိလာသာဘိဝံသထံမှာ သကျသီဟ ဓမ္မာစရိယဘွဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဝိဘဇ္ဇဝါဒီ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒသာရကတော့ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး၏ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ လက်ရုံးတပည့်စာချဆရာတော်ကြီးဖြစ်ပါတယ်။ ဆရာတော်ကြီး၏ တပည့်အားလုံး စုစည်းစီမံထားတဲ့ အထူးထုတ်စာအုပ်ကြီးရဲ့အမည်ကတော့ “သာသနာ့မီးရှူးတန်ဆောင် မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇ ဆရာတော်ဘုရားကြီး” ဖြစ်ပါတယ်။