မန္းမေဟာ္သဓာသတင္း

မေဟာ္သဓာေလးေတြကုိ ၾကာဇံဟင္းတုိက္ေကၽြး

16.3.2018 ရက္ေန႔ မနက္ 10း00 နာရီ မႏၲေလး ပုသိမ္ႀကီးၿမဳိ႕နယ္ ေရႊစာရံအုပ္စု ေက်ာက္ေခ်ာေက်းရြာရွိ မန္းမေဟာ္သဓာ ေက်ာင္းေတာ္ႀကီးဝင္းအတြင္းမွာ ေကၽြးေမြးတာပါ။ ပထမအႀကိမ္ ေႏြရာသီ ယဥ္ေက်းလိမၼာသင္တန္း ေက်ာင္းသူေက်ာင္းသားေလးမ်ားကုိ အာဟာရဒါနအျဖစ္ ၾကာဇံဟင္း တုိက္ေကၽြးျခင္းပါပဲ။

ရာအိမ္မွဴး ဦးခင္ေမာင္ျမင့္+ေဒၚေအးဝင္း မိသားစုႏွင့္ ေက်ာင္းသားမိဘမ်ား ဝုိင္းဝန္းကူညီ လုပ္အားဒါန ကုသုိလ္ျပဳၾကပါတယ္။ ယဥ္ေက်းလိမၼာသင္တန္းမွာ သင္တန္းသူသင္တန္းသား ၃၀၀ ေက်ာ္တက္ေရာက္ပါတယ္။ ၅တန္းမွအထက္ တစ္ေနရာ၊ မူလတန္းတစ္ေနရာ၊ မူႀကဳိတန္း တစ္ေနရာ သုံးေနရာခြဲၿပီး သံဃာေတာ္မ်ားႏွင့္ ဆရာမမ်ား ဝုိင္းဝန္း သင္ၾကားျပသေပးေနၾကတာပါ။

ေန႔စဥ္ အေအးႏွင့္မုန္႔အလွဴရွင္ကေတာ့ အမရပူရၿမဳိ႕ ကြမ္းဆြဲရပ္ ဦးမုိးကုိ+ေဒၚခုိင္မာဝင္း (သမီး)မခင္ဇာျခည္ဝင္း (MK ေက်ာက္မ်က္ရတနာ)မိသားစုဆုိ႔ ျဖစ္ပါတယ္။ မေဟာ္သဓာကေလးငယ္ေလးမ်ား အာဟာရျပည့္ဝၿပီး ယဥ္ေက်းလိမၼာသင္ခန္းစာမ်ား လြယ္ကူလွ်င္ျမန္စြာ သင္ယူႏုိင္ၾကပါေစ။

ဝီရသူ(မစုိးရိမ္)
17.3.2018
PM 10:06

 

“မဟော်သဓာလေးတွေကို ကြာဇံဟင်းတိုက်ကျွေး”

16.3.2018 ရက်နေ့ မနက် 10း00 နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာရှိ မန်းမဟော်သဓာ ကျောင်းတော်ကြီးဝင်းအတွင်းမှာ ကျွေးမွေးတာပါ။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသူကျောင်းသားလေးများကို အာဟာရဒါနအဖြစ် ကြာဇံဟင်း တိုက်ကျွေးခြင်းပါပဲ။

ရာအိမ်မှူး ဦးခင်မောင်မြင့်+ဒေါ်အေးဝင်း မိသားစုနှင့် ကျောင်းသားမိဘများ ဝိုင်းဝန်းကူညီ လုပ်အားဒါန ကုသိုလ်ပြုကြပါတယ်။
ယဉ်ကျေးလိမ္မာသင်တန်းမှာ သင်တန်းသူသင်တန်းသား ၃၀၀ ကျော်တက်ရောက်ပါတယ်။ ၅တန်းမှအထက် တစ်နေရာ၊ မူလတန်းတစ်နေရာ၊ မူကြိုတန်း တစ်နေရာ သုံးနေရာခွဲပြီး သံဃာတော်များနှင့် ဆရာမများ ဝိုင်းဝန်း သင်ကြားပြသပေးနေကြတာပါ။

နေ့စဉ် အအေးနှင့်မုန့်အလှူရှင်ကတော့ အမရပူရမြို့ ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး)မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာ)မိသားစုဆို့ ဖြစ်ပါတယ်။ မဟော်သဓာကလေးငယ်လေးများ အာဟာရပြည့်ဝပြီး ယဉ်ကျေးလိမ္မာသင်ခန်းစာများ လွယ်ကူလျှင်မြန်စွာ သင်ယူနိုင်ကြပါစေ။

ဝီရသူ(မစိုးရိမ်)
17.3.2018
PM 10:06