သတင္း

စာခ်တန္းနည္းပညာ – ၃

ဆရာ
ဆရာသည္
စိတ္ၾကည္လင္ အျမင္ရွင္းလင္းျခင္းဂုဏ္ပုဒ္ႏွစ္ခုကုိ အေၾကာင္းျပဳ၍ ၾကည္လင္းဆရာေတာ္ဟု မိမိကုိယ္ကုိယ္ မွည့္ေခၚေၾကာင္း ဆုိေတာ္မူ၏။
သာသနာေတာ္၌ ထုိကဲ့သုိ႔ ေခၚေဝၚရုိး ထုံးစံရွိပါသေလာ။
အဘယ္သုိ႔ မွတ္အပ္ပါသနည္း ေမးဖြယ္ရွိ၍ ဥပမာ စေသာဝါက်ကုိမိန္႔။
အဓိပၸါယ္ကား သာသနာေတာ္၌ ေက်ာင္းအမည္ကုိ အစြဲျပဳ၍ မစုိးရိမ္ဆရာေတာ္ မုိးေကာင္းဆရာေတာ္ ေရႊဝါဝင္းဆရာေတာ္ ဟုလည္းေကာင္း၊ ရိပ္သာအမည္ကုိအစြဲျပဳ၍ မဟာစည္ဆရာေတာ္ မုိးကုတ္ဆရာေတာ္ ဟုလည္းေကာင္း၊ ကေလာင္အမည္ကုိ အစြဲျပဳ၍ ေမတၱာရွင္ဆရာေတာ္ ရေဝႏြယ္(အင္းမ)ဆရာေတာ္ ဟုလည္းေကာင္း အရပ္ေဒသကုိအစြဲျပဳ၍ ျဖဴးဆရာေတာ္၊ မုိးညွင္းဆရာေတာ္ဟုလည္းေကာင္း၊ အျခား မိမိႏွစ္သက္ေသာ ဂုဏ္ပုဒ္တစ္ခုကုိ အစြဲျပဳ၍ ေအာင္ေမတၱာဆရာေတာ္ ေအးေမတၱာဆရာေတာ္ ဟုလည္းေကာင္း၊ အမည္အမ်ဳိးမ်ဳိး ေခၚေဝၚၾကသကဲ့သုိ႔ ဆရာသည္လည္း ၾကည္လင္းျခင္း ရွင္းလင္းျခင္း ဂုဏ္ပုဒ္တုိ႔ကုိအစြဲျပဳ၍ ၾကည္လင္းဆရာေတာ္ဟု မိန္႔ေတာ္မူျခင္းျဖစ္ပါ၏ ဟူလုိေသာ္။

ဝီရသူ(မစုိးရိမ္)
17.3.2018
PM 10:00

 

“စာချတန်းနည်းပညာ – ၃”

ဆရာ
ဆရာသည်
စိတ်ကြည်လင် အမြင်ရှင်းလင်းခြင်းဂုဏ်ပုဒ်နှစ်ခုကို အကြောင်းပြု၍ ကြည်လင်းဆရာတော်ဟု မိမိကိုယ်ကိုယ် မှည့်ခေါ်ကြောင်း ဆိုတော်မူ၏။
သာသနာတော်၌ ထိုကဲ့သို့ ခေါ်ဝေါ်ရိုး ထုံးစံရှိပါသလော။
အဘယ်သို့ မှတ်အပ်ပါသနည်း မေးဖွယ်ရှိ၍ ဥပမာ စသောဝါကျကိုမိန့်။
အဓိပ္ပါယ်ကား သာသနာတော်၌ ကျောင်းအမည်ကို အစွဲပြု၍ မစိုးရိမ်ဆရာတော် မိုးကောင်းဆရာတော် ရွှေဝါဝင်းဆရာတော် ဟုလည်းကောင်း၊ ရိပ်သာအမည်ကိုအစွဲပြု၍ မဟာစည်ဆရာတော် မိုးကုတ်ဆရာတော် ဟုလည်းကောင်း၊ ကလောင်အမည်ကို အစွဲပြု၍ မေတ္တာရှင်ဆရာတော် ရဝေနွယ်(အင်းမ)ဆရာတော် ဟုလည်းကောင်း အရပ်ဒေသကိုအစွဲပြု၍ ဖြူးဆရာတော်၊ မိုးညှင်းဆရာတော်ဟုလည်းကောင်း၊ အခြား မိမိနှစ်သက်သော ဂုဏ်ပုဒ်တစ်ခုကို အစွဲပြု၍ အောင်မေတ္တာဆရာတော် အေးမေတ္တာဆရာတော် ဟုလည်းကောင်း၊ အမည်အမျိုးမျိုး ခေါ်ဝေါ်ကြသကဲ့သို့ ဆရာသည်လည်း ကြည်လင်းခြင်း ရှင်းလင်းခြင်း ဂုဏ်ပုဒ်တို့ကိုအစွဲပြု၍ ကြည်လင်းဆရာတော်ဟု မိန့်တော်မူခြင်းဖြစ်ပါ၏ ဟူလိုသော်။

ဝီရသူ(မစိုးရိမ်)
17.3.2018
PM 10:00