Daily Archives: March 17, 2018

သတင်း

ဆရာတူ တပည့်ကြီးများ

16.3.2018 ရက်နေ့ မနက် ၁၁း၀၀ နာရီ မန္တလေး အောင်မြေသာစံမြို့နယ် တောင်စလင်း ဝိဘဇ္ဇဝါဒီ ပရိယတ္တိစာသင်တိုက်မှာ နေ့ဆွမ်းစားပါတယ်။ နေ့ဆွမ်းအလှူပွဲမှာ တပည့်ကြီးများ တွေ့ဆုံကြပြီး ဆရာသမား အတွက် အထူးထုတ်မဂ္ဂဇင်းစာအုပ် ထုတ်ဝေဖို့ ဆွေးနွေးတိုင်ပင်ကြတာပါ။ မစိုးရိမ်တိုက်သစ် အာဒိကမ္မိက အဂ္ဂါဘိဓဇ ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ သာသနာပြုဆောင်ရွက်ချက် များနှင့်ပတ်သက်ပြီး အမှတ်တရ စာအုပ်ထုတ်ဝေရေးအတွက် စီမံဆောင်ရွက်ကြသော တပည့်အားလုံး စုပေါင်းမှတ်တမ်းတင်ကြပါတယ်။ လောလောဆယ် ဆရာတော်ကြီး၏ တပည့်ကြီးအဖြစ် ဝိဘဇ္ဇဝါဒီ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိလာသာဘိဝံသကို အကြီးအမှူးတင်ကာ မစိုးရိမ်တိုက်သစ်နာယကများ စာချဆရာတော်များ မစိုးရိမ်တိုက်သစ်ထွက် ...
မန်းမဟော်သဓာသတင်း

မဟော်သဓာလေးတွေကို ကြာဇံဟင်းတိုက်ကျွေး

16.3.2018 ရက်နေ့ မနက် 10း00 နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာရှိ မန်းမဟော်သဓာ ကျောင်းတော်ကြီးဝင်းအတွင်းမှာ ကျွေးမွေးတာပါ။ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသူကျောင်းသားလေးများကို အာဟာရဒါနအဖြစ် ကြာဇံဟင်း တိုက်ကျွေးခြင်းပါပဲ။ ရာအိမ်မှူး ဦးခင်မောင်မြင့်+ဒေါ်အေးဝင်း မိသားစုနှင့် ကျောင်းသားမိဘများ ဝိုင်းဝန်းကူညီ လုပ်အားဒါန ကုသိုလ်ပြုကြပါတယ်။ ယဉ်ကျေးလိမ္မာသင်တန်းမှာ သင်တန်းသူသင်တန်းသား ၃၀၀ ကျော်တက်ရောက်ပါတယ်။ ၅တန်းမှအထက် တစ်နေရာ၊ မူလတန်းတစ်နေရာ၊ မူကြိုတန်း တစ်နေရာ သုံးနေရာခွဲပြီး သံဃာတော်များနှင့် ဆရာမများ ဝိုင်းဝန်း သင်ကြားပြသပေးနေကြတာပါ။ နေ့စဉ် အအေးနှင့်မုန့်အလှူရှင်ကတော့ အမရပူရမြို့ ...
သတင်း

စာချတန်းနည်းပညာ – ၃

ဆရာ ဆရာသည် စိတ်ကြည်လင် အမြင်ရှင်းလင်းခြင်းဂုဏ်ပုဒ်နှစ်ခုကို အကြောင်းပြု၍ ကြည်လင်းဆရာတော်ဟု မိမိကိုယ်ကိုယ် မှည့်ခေါ်ကြောင်း ဆိုတော်မူ၏။ သာသနာတော်၌ ထိုကဲ့သို့ ခေါ်ဝေါ်ရိုး ထုံးစံရှိပါသလော။ အဘယ်သို့ မှတ်အပ်ပါသနည်း မေးဖွယ်ရှိ၍ ဥပမာ စသောဝါကျကိုမိန့်။ အဓိပ္ပါယ်ကား သာသနာတော်၌ ကျောင်းအမည်ကို အစွဲပြု၍ မစိုးရိမ်ဆရာတော် မိုးကောင်းဆရာတော် ရွှေဝါဝင်းဆရာတော် ဟုလည်းကောင်း၊ ရိပ်သာအမည်ကိုအစွဲပြု၍ မဟာစည်ဆရာတော် မိုးကုတ်ဆရာတော် ဟုလည်းကောင်း၊ ကလောင်အမည်ကို အစွဲပြု၍ မေတ္တာရှင်ဆရာတော် ရဝေနွယ်(အင်းမ)ဆရာတော် ဟုလည်းကောင်း အရပ်ဒေသကိုအစွဲပြု၍ ဖြူးဆရာတော်၊ မိုးညှင်းဆရာတော်ဟုလည်းကောင်း၊ အခြား မိမိနှစ်သက်သော ...
သတင်း

စာဖြေသံဃာတော်များ အရုဏ်ဆွမ်းအလှူ (၂)

မစိုးရိမ်တိုက်သစ် ဓမ္မာစရိယ နှင့် ပထမပြန်စာမေးပွဲအတွင်း မစိုးရိမ်တိုက်သစ်သံဃာတော်များ၏ အရုဏ်ဆွမ်းအတွက် ကျောင်းသားဟောင်း အရှင်နရိန္ဒ(မင်းကွန်း)မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (17.3.2018) မစိုးရိမ်တိုက်သစ် စာသင်သားသံဃာတော်များ အစိုးရစာမေးပွဲကြီး ဖြေဆိုရက်တွေမှာ ကျောင်းတိုက်ရံပုံငွေဖြင့် နေ့ဆွမ်းဆက်ကပ်လေ့ရှိပါတယ်။ အရုဏ်ဆွမ်းအလှူရှင်သီးသန့်မရှိပါ။ နေ့ဆွမ်းရော အရုဏ်ဆွမ်းပါ ပြင်ဆင်ရမည်ဆိုလျှင်လည်း ဝေယျာဝစ္စမနိုင်ပါ။ ထို့ကြောင့် စာဖြေသံဃာတော်များအတွက် အရုဏ်ဆွမ်းလိုအပ်လျက် ရှိပါတယ်။ စာရေးသူ လူ့ပြည်ပြန်ရောက်ကတည်းက စာဖြေသံဃာတော်များအတွက် မနက်အစောစာ အရုဏ်ဆွမ်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်ကပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ထူးထူးခြားခြားပါပဲ။ တစ်မနက်စာအလှူရှင်များ တနိုင်တပိုင်အလှူရှင်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျန်တာကို စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများဖြင့် ဖြည့်စွက်လှူဒါန်းပါတယ်။ ဒီလ ၂၁ ...
သတင်းအင်တာဗျူး

လူမျိုးရေး တိုက်ပွဲကြားက အနှိမ်ခံ ရဟန်းတစ်ပါးကို ဘာသာပြန် ကြည့်ခြင်း (အပိုင်း-၁)

“ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း မူဝါဒကို ဦးဇင်း ကိုင်စွဲထားပါတယ်” မေး။ ။ မဟနက တရားဟော ပိတ်ပင်တာ မတ်လ ၉ရက်ဆို တစ်နှစ် ပြည့်ပြီ။ အဲ့လိုဆက်ပိတ်မယ်ဆိုရင် ဆရာတော်အနေနဲ့ ဘယ်လိုဆက်လုပ် သွားဖို့ရှိပါသလဲ။ ဖြေ။ ။ ပထမအချီတော့ ဒီလို အကြောင်းပြပြီး တစ်နှစ်ပိတ်တယ်။ ပြောရမယ်ဆိုရင် သူတို့ကို ပြန်ထုချေ မယ်ဆိုလဲ ဘာမှမထူးတဲ့အတွက် ကြောင့် ပိတ်တာကိုပဲမတတ်သာလို့ လက်ခံ လိုက်ရတာပေါ့။ လက်ခံပြီးတဲ့ နောက်ပိုင်းမှာလည်း တခြားအပိတ် ခံရတဲ့ ဆရာတော်တွေလို လက်ကိုင် ဟွန်းကြီးနဲ့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၅၉

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မော်လမြိုင်မြို့၊ မြိုင်သာယာ ကိုသား+မတင်တင်ထွေး မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(6.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...
သတင်း

စာဖြေသံဃာတော်များ အရုဏ်ဆွမ်းအလှူရှင်

မစိုးရိမ်တိုက်သစ် စာသင်သားသံဃာတော်များ အစိုးရစာမေးပွဲကြီး ဖြေဆိုရက်တွေမှာ ကျောင်းတိုက်ရံပုံငွေဖြင့် နေ့ဆွမ်းဆက်ကပ်လေ့ရှိပါတယ်။ အရုဏ်ဆွမ်းအလှူရှင်သီးသန့်မရှိပါ။ နေ့ဆွမ်းရော အရုဏ်ဆွမ်းပါ ပြင်ဆင်ရမည်ဆိုလျှင်လည်း ဝေယျာဝစ္စမနိုင်ပါ။ ထို့ကြောင့် စာဖြေသံဃာတော်များအတွက် အရုဏ်ဆွမ်းလိုအပ်လျက် ရှိပါတယ်။ စာရေးသူ လူ့ပြည်ပြန်ရောက်ကတည်းက စာဖြေသံဃာတော်များအတွက် မနက်အစောစာ အရုဏ်ဆွမ်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်ကပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ထူးထူးခြားခြားပါပဲ။ တစ်မနက်စာအလှူရှင်များ တနိုင်တပိုင်အလှူရှင်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျန်တာကို စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများဖြင့် ဖြည့်စွက်လှူဒါန်းပါတယ်။ ဒီလ ၂၁ ရက်နေ့ဆိုရင် ဓမ္မာစရိယစာမေးပွဲများ စပါမယ်။ စာဖြေသံဃာအားလုံးကိုတော့ နေ့စဉ်မလှူနိုင်ပါ။ စာဖြေရက်မှာ စာဖြေမည့် စာသင်သားသံဃာများကိုသာ ရည်ရွယ်လှူဒါန်းနိုင်ပါတယ်။ ဥပမာ စာချတန်းဖြေလျှင် ပထမပြန်သံဃာများကို ဆွမ်းမကပ်နိုင်ပါ။ စာချတန်းသံဃာများကိုသာ ဆွမ်းကပ်နိုင်ပါမယ်။ ဒီနှစ်လည်း ...
မန်းမဟော်သဓာသတင်း

မန်းမဟော်သဓာယဉ်ကျေးလိမ္မာ သင်တန်းသို့ နောက်တစ်ခေါက်

မန်းမဟော်သဓာ လောင်းလျာလေးတွေထံ 13.3.2018 ရက်နေ့က ထပ်မံရောက်ရှိခဲ့ပါတယ်။ မန္တလေး မျိုးချစ်သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌဆရာတော်လေး အရှင်ဣန္ဒက သင်ကြားပြသပေးနေတာ တွေ့ရပါတယ်။ သူကတော့ အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားလေးတွေကို သင်ကြားပြသပေးနေတာပါ။ နောက်ထပ် ရဟန်းပျိုတစ်ပါးကတော့ ပုသိမ်ကြီးမြို့နယ် မြန်ပြည်သာကျေးရွာမှ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေကို ထိန်းကျောင်းသင်ကြားပေးနေတာပါ။ ပြီးတဲ့အခါ မုန့်ကလေးတွေ ဝေပေးပါတယ်။ ကလေးမိဘတွေအချို့လည်း လာရောက်စောင့်ရှောက်နေတာ တွေ့ရပါတယ်။ ဆရာမ ဒေါ်ကြည်ကြည်ဆွေလည်း ဝိုင်းကူလုပ်အားပေးနေပါတယ်။ မုန့်လည်း ကိုယ်တိုင်ပဲ နာမည်တစ်ဦးချင်းခေါ်ပြီး ဝေပေးနေတာ တွေ့ရပါတယ်။ မူလက ၇၀ ခန့် ခန့်မှန်းထားသော်လည်း အခုတော့ ၃၀၀ ကျော်သွားပါပြီ။ ယာယီတဲထိုးပြီး သင်ကြားပေးနေရပါတယ်။ ရာအိမ်မှူးဦးခင်မောင်မြင့်နှင့်အတူ ရပ်မိရပ်ဖတွေကလည်း ...
သတင်း

စာချတန်းနည်းပညာ – ၂

ကြည်လင်းဆရာတော်ကျမ်းတက် အယုတ္တာဘောဂပုစ္ဆာ ဆရာ ဆရာသည် ကြည်လင်းဆရာတော်ဟု ကိုယ့်ကိုကိုယ် ဆိုတော်မူ၏။ ကြည်လင်းဆရာတော်ဟူသည် အဘယ်နည်း။ လူသတ်သမားကြည်လင်း၏ ဆရာတော်ကို ဆိုလိုပါသလော။ ဤသို့ မေးဖွယ်ရှိ၍ “ကြည်လင်းဆရာတော်ဟူသည်မှာ” စသော စကားရပ်ကိုမိန့်။ အဓိပ္ပါယ်ကား ကြည်လင်းဆရာတော်ဆိုသည်မှာ လူသတ်သမားကြည်လင်း၏ဆရာ ဖြစ်သည်ကို မဆိုလို အမြဲတမ်း စိတ်ကြည်လင် အမြင်ကြည်လင် စိတ်ရှင်းလင်း အမြင်ရှင်းလင်းနေသောကြောင့် ကြည်လင်ခြင်းနှင့် ရှင်းလင်းခြင်း နာမ်ပုဒ်နှစ်ခုကို တွဲစပ်၍ ကြည်လင်းဆရာတော်ဟု မိန့်ဆိုခြင်းဖြစ်ပါ၏ ဟူလိုသော်။ ဝီရသူ(မစိုးရိမ်) 16.3.2018 PM 7:21   “စာချတန်းနည်းပညာ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၅၈

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်  ဖားကန့်မြို့၊ ဝှေခါရွာ ကိုဇော်ထက်+မဌေးသွယ်(ဝင်းအထည်ဆိုင်)မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (6.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေး ...
သတင်းအင်တာဗျူး

နိုင်ငံရေးအရ ဖိအားပေးတဲ့အနေနဲ့ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး သမဂ္ဂစိတ်မမွေးဘဲ ရဟန်းသံဃာအချင်းချင်း ဘုရားသားတော်အချင်းချင်း ရန်မူနေတာဟာ မေတ္တာတရားလားလို့ ပြန်မေးခွန်းထုတ်ချင်ပါတယ်(အပိုင်း-၂ နိဂုံး)

သာသနာတော်၏ ကဝိတစ်ဆူ၊ ဆရာတော်အရှင်ဝီရသူနှင့်တွေ့ဆုံခြင်း မေး။ ။ တပည့်တော်သိချင်တာက လက်ရှိနိုင်ငံရေးအခြေအနေကို အစိုးရရဲ့ကိုင်တွယ်မှု၊ ဆရာတော်က မမေးနဲ့လို့ပြောပေမယ့် ရခိုင်အရေးနဲ့ပတ်သက်ပြီး လက်ရှိအစိုးရ ကိုင်တွယ်မှုတွေအပေါ်မှာ ဘယ်လို သဘောထားရှိပါသလဲဘုရား။ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ပြည်ပစွက်ဖက်မှုတွေများနေတဲ့အကြောင်း အရာတွေအပေါ်မှာရောပေါ့။ ဖြေ။ ။ အဲဒါကတော့ မိဘနှစ်ပါး ဥပမာနဲ့ပေးရဦးမှာပေါ့။ အဖေက အရက်သမားဖြစ်နေဦးတော့ ဆိုးသွမ်းနေသူ တစ်ဦးတစ်ယောက်ဖြစ်နေဦးတော့ အဖေရှိသေးရင် အိမ်အတွက် လုံခြုံတာပေါ့နော်။ အဖေမရှိတော့ဘူးဆိုရင်တော့ မိခင်က ဘယ်လောက်ချမ်းသာတဲ့သူပဲဖြစ်ဖြစ် ဘယ်လောက် အနေအထိုင် ကောင်းတဲ့သူ၊ ဘယ်လောက် ဣနြေ္ဒကောင်းတဲ့သူဘဲဖြစ်ဖြစ်၊ ထိကပါး၊ ရိကပါးလုပ်တာခံရမှာပဲ။ ...
သတင်းအင်တာဗျူး

သမိုင်းက အဆုံးအဖြတ်ပေးသွားမှာပါ (အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- တရားဟောခွင့် ပြန်ရပြီဆိုတော့ တရားပွဲတွေ လက်ခံထားတာရှိလားဘုရား။ ရှိရင် အဲဒီတရားပွဲတွေမှာ ဘယ်လိုတရား တွေ စဟောမလဲဘုရား။ ဖြေ- တရားပွဲတွေ လက်ခံထားတာ ရှိပါ တယ်။ အဲဒီလက်ခံထားတဲ့ တရားပွဲတွေ မှာတော့ လေပြေလေအေးလေးတွေပဲ ဟောရမှာပါ။ အရင်တုန်းကလို မဟော ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ကိုတော့ ပဏာမ နိဒါန်းပျိုးတဲ့အနေနဲ့ တောင်းပန် စကားပြောရမှာပေါ့။ မေး- အရှင်ဘုရား တရားဟောခွင့်ပြန် ရတာနဲ့ပတ်သက်ပြီး အ့န ဠသငခန က မဟနဥက္ကဋ္ဌဆရာတော်ကြီးကို မေးထား ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၅၇

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခါးဂရာဆောရီ ဗုဒ္ဓဘာသာဘုရားဖူးအဖွဲ့မှ အလှူငွေ ၂၁၀၀၀၀(နှစ်သိန်းတစ်သောင်း)ကျပ် လှူဒါန်းစဉ်။ (6.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ မန်းမဟော်သဓာ ...
သတင်း

ပဋ္ဌာန်းပွဲ ယဉ်ကျေးမှု

“ပဋ္ဌာန်းပွဲ ယဉ်ကျေးမှု” ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရရှိ၍ သဗ္ဗညုဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူသည်။ ဘုရားအဖြစ်သို့ ရောက်လျှင်ရောက်ချင်း တရားဓမ္မများ ဟောကြားတော်မမူသေးဘဲ သတ္တသတ္တာဟ(ရက်သတ္တခုနစ်ပတ်)ကာလပတ်လုံး ရွှေဉာဏ်တော် ကွန်ယက်ကို ဖြန့်ကျက်တော်မူပေသည်။ ထိုရက်သတ္တခုနစ်ပတ်တွင် စတုတ္ထရက်သ္တ(စတုတ္ထသတ္တာဟ)တွင် ရတနာဃရစံအိမ်တော်၌ ပဋ္ဌာန်းဒေသနာတော်ကို ခုနစ်ရက်ပတ်လုံး ဆင်ခြင်တော်မူပေသည်။ ထိုအခါ ဘုရားရှင်၏ သဗ္ဗညုတရွှေဉာဏ်တော်နှင့် ပဋ္ဌာန်းဒေသနာတော်အာရုံတို့ အံဝင်ခွင်ကျဖြစ်၍ ဘုရားရှု၏ ကိုယ်တော်မှ ရောက်ခြည်တော် ခြောက်ပါးလွှားပျံကာ စကြာဝဠာတံတိုင်းထိ ဝင်းပလင်းလက်၍ သွားပေသည်။ ကြီးမားသော ဉာဏ်တော်နှင့် နက်နဲသော ပဋ္ဌာန်းတရားတော်တို့ တိုက်ဆိုင်ရာ ထိတွေ့ရာမှ ...
သတင်းအင်တာဗျူး

နိုင်ငံရေးအရ ဖိအားပေးတဲ့အနေနဲ့ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး သမဂ္ဂစိတ်မမွေးဘဲ ရဟန်းသံဃာအချင်းချင်း ဘုရားသားတော်အချင်းချင်း ရန်မူနေတာဟာ မေတ္တာတရားလားလို့ ပြန်မေးခွန်းထုတ်ချင်ပါတယ်(အပိုင်း-၁)

သာသနာတော်၏ ကဝိတစ်ဆူ၊ ဆရာတော်အရှင်ဝီရသူနှင့်တွေ့ဆုံခြင်း အမျိုးသားရေးကို တက်ကြွလှုပ်ရှားခဲ့သည့် ဆရာတော်တစ်ပါးအဖြစ်လည်းကောင်း၊ တရားပွဲများ ပြန်လည် ဟောကြားခွင့်ရခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သော ဆရာတော်အရှင်ဝီရသူအား ရှေ့ဆက်လုပ်ဆောင်မည့် အမျိုးသားရေးလှုပ်ရှားမှုများ၊ လက်ရှိ နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်၍ Bullet ဂျာနယ်အပါအဝင် ပြည်တွင်း၊ ပြည်ပမီဒီယာများ၏ မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။ မေး။ ။ တရားပွဲတွေ ပိတ်ပင်ခံထားရာကနေ ဒီကနေ့ ပြန်လည်ဟောကြားခွင့်ရတာနဲ့ပတ်သက်ပြီးတော့ သိချင်ပါတယ်။ ရှေ့ဆက်သွားဖို့ ဘယ်လိုအစီအစဉ်တွေရှိသလဲ။ နိုင်ငံတော်အတွက် ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။ ဖြေ။ ။ ဦးဇင်းကို ၂၀၁၇ ခုနှစ် မတ်လ ၁၀ ...
သတင်း

ဝီရဓမ္မသဘင် ကြိုဆိုပွဲအတွက် ဓမ္မပူဇာအလှူရှင်များ

၁။ ကိုသန့်ဇင် ရန်ကုန် ၅၀၀၀၀၀(ငါးသိန်း)ကျပ် ၂။ ဒေါ်အေးအေးသိန်း မော်လမြိုင် ၅၀၀၀၀၀(ငါးသိန်း)ကျပ် ၃။ ဦးကုသလ ပန်းသုံးဝ ထားဝယ် ၅၀၀၀၀၀(ငါးသိန်း)ကျပ် ၄။ မအေးပိုပို အရှေ့ဒဂုံ ၁၀၀၀၀၀(တစ်သိန်း)ကျပ် ၅။ အိတ်စိုက်လူမိုက်အဖွဲ့ ရန်ကုန် ၁၀၀၀၀၀(တစ်သိန်း)ကျပ် ၆။ ကိုထိန်းလင်း တောင်ဥက္ကလာပ ၁၀၀၀၀၀(တစ်သိန်း)ကျပ် ၇။ ဦးဇနိတ မေတ္တာဗျူဟာအဖွဲ့ တိုက်ကြီး ၁၀၀၀၀၀(တစ်သိန်း)ကျပ် ၈။ ဦးနိုင်ဝင်း+ဒေါ်ချိုချိုဝင်း ရွှေပေါက်ကန်မြို့သစ် ၅၀၀၀၀(ငါးသောင်း)ကျပ် ၉။ ကိုမဟာကြီး အလုံ ၅၀၀၀၀(ငါးသောင်း)ကျပ် ၁၀။ ဒေါက်တာမင်းအောင် ...
သတင်း

စာချတန်းနည်းပညာ ၁

ကည်လင်းဆရာတော် ကျမ်းတက် အယုတ္တာဘောဂ ပုစ္ဆာ ဆရာ ဆရာသည် ကြည်လင်းဆရာတော်ဟု ကိုယ့်ကိုကိုယ် ဆိုတော်မူ၏။ အဘယ်ကြည်လင်းကို ဆိုလိုပါသနည်း။ ဟူးဟူးညားညားသော ကြည်လင်းကို ဆိုလိုပါသလော ဝါ လူသတ်သမားကြည်လင်းကို ဆိုလိုပါသလော။ ဤသို့ မေးဖွယ်ရှိ၍ ဘောလုံးသမားကြည်လင်းကို မိန့်သော်။ အဓိပ္ပါယ်ကား ကြည်လင်းဆရာတော်ဟူသည် ဟူးဟူးညားညားသော ကြည်လင်းဆရာတော်ကို ဆိုလိုသည် မဟုတ် ဝါ လူသတ်သမားကြည်လင်းကို ဆိုလိုသည်မဟုတ် ဘောလုံးသမားကြည်လင်းကို ဆိုလိုပါ၏ ဟူလိုသော်။ (၁၀-မှတ်) ဝီရသူ(မစိုးရိမ်) 15.3.2018 PM 12:31 “စာချတန်းနည်းပညာ ၁” ကည်လင်းဆရာတော် ကျမ်းတက် အယုတ္တာဘောဂ ပုစ္ဆာ ဆရာ ဆရာသည် ကြည်လင်းဆရာတော်ဟု ကိုယ့်ကိုကိုယ် ...
သတင်း

ဝီရဓမ္မသဘင်ကြိုဆိုပွဲ

တပေါင်းလပြည့်ကျော် ၉ ရက် 10.3.2018 ရန်ကုန် တောင်ဥက္ကလာပမြို့နယ် မင်္ဂလာသိဒ္ဓိပရိယတ္တိစာသင် တိုက်မှာ ကျင်းပပါတယ်။ မျိုးချစ်သမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေးအင်အားစုတို့ ဦးဆောင်ကျင်းပတာပါ။ မင်္ဂလာသိဒ္ဓိကျောင်းတိုက်မှ နာယကဆရာတော်ကြီးနှင့် ဗန်းမော်မြို့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဗန်းမော်ထောင် မြစ်ကြီးနားထောင် ပူတာအိုထောင်တို့မှာ အကျဉ်းစံခဲ့ရတဲ့ ရွှေဝါရောင်အစစ် ဆရာတော်ကြီးတစ်ပါးတို့လည်း ညီတော်လေးများနှင့်အတူ တက်ရောက်ကြပါတယ်။ ဒေါ်ခင်ဝိုင်းကြည်၊ ဒေါက်တာမင်းအောင် အမှူးပြုသော မျိုးချစ်ပြည်သူများလည်း တက်ရောက်ကြပါတယ်။ မျိုးချစ်သမဂ္ဂနှင့် တိုက်ကြီး မဘသ ညီတော်များကလည်း ဂုဏ်ပြုကဗျာများဖြင့် ပူဇော်ကြပါတယ်။ စာရေးသူကတော့ အမုန်းတရားနှင့် အမှန်တရား သတ်မှတ်မှုများအပေါ် ကျမ်းဂန်အထောက်အထားနဲ့ ဟောကြားခဲ့ပါတယ်။ အတ္တနာ ကုရုတေ လက္ခိံ၊ ...
သတင်း


တပေါင်းလပြည့် 1.3.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မန္တလေးတိုင်း အမရပူရမြို့နယ် မြင်တော်ရွာ ရွှေမြင်တော်စေတီဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် စာရေးတံမဲ လောင်းလှူပွဲပါ။ ဦးစီးကျင်းပတာက မန်း မဘသ တွဲဘက်အတွင်းရေးမှူးဒုတ်ရဲဆရာတော် ဘဒ္ဒန္တဇဋိလဖြစ်ပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးဘဒ္ဒန္တကုသလအမှူးပြုသော ဝိုင်းတော်သားများ ကြွရောက်ကြပါတယ်။ အခြားပင့်သံဃာများလည်း ကြွရောက်ကြပါတယ်။ ရွာသူရွာသားတွေကတော့ ဆရာတော်သံဃာတော်များကို ဖူးမြော်ပူဇော်ရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာပါ။ စာရေးသူလည်း ဒီတစ်ပွဲတော့ ဝင်နွှဲလိုက်ပါတယ်။ စာရေးသူရောက်လာလို့ဆိုပြီး သတင်းယူရတဲ့လူတွေ သတင်းပို့ရတဲ့လူတွေ အလုပ်ရှုပ်ကုန်တာတော့ တွေ့ရပါတယ်ဗျာ။   “ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းလောင်းပွဲ” တပေါင်းလပြည့် 1.3.2018 ရက်နေ့ မွန်းလွဲ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၅၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ၈-ရပ်ကွက်၊ ပညာသောဘိတာရာမကျောင်း ဦးကဝိသေဋ္ဌမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (6.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...