Daily Archives: March 17, 2018

သတင်း

ဘင်္ဂလားဒေ့ရှ်မှ ဆွေတော်မျိုးတော်များ လာရောက်ဖူးမြော်

3.2018 ရက်နေ့ ညနေ ၅း၀၀ နာရီ ဓမ္မသဟာယကျောင်းသို့ ရောက်ရှိလာတာပါ။ ရွှေပြည်သာမြို့နယ် ဦးကဝိသေဋ္ဌဦးဆောင်တဲ့ အဖွဲ့ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းမှနေကြတဲ့ ဗုဒ္ဓဘာသာဝင် ဒိုင်းနက် သက် မရမာကြီး လူမျိုးတွေပဲ ဖြစ်ပါတယ်။ အန္တရာယ်ကြားမှာ နေရသူတွေဖြစ်လို့ အမြဲတမ်း သရဏဂုံတင်ထားတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတစ်ယောက်ကတော့ စာရေးသူကို ဖူးခွင့်ရတာ အင်မတန်ကံကောင်းတယ်ဘုရားလို့ ဗမာလို့ မပီတပီလေး လျှောက်ထားလာပါတယ်။ ဘယ်အချိန် မီးလာရှို့မလဲ၊ ဘယ်အချိန် လာလည်လှီးမလဲ ရင်တမမနဲ့ ကြောင့်ကြနေရတဲ့ ဆွေတော်မျိုးတော်တွေပါ။ ဘင်္ဂလားလုပ် လက်ဖြစ် ယပ်တောင်လေးလည်း လှူသွားပါသေးတယ်။ ကိုရီးယားကျောင်းအမကြီးမိသားစုက သံဃာတော်များအား ကျမ်းစာအုပ်များ လှူဒါန်းချိန်နဲ့ကြုံနေလို့ ...
မန်းမဟော်သဓာသတင်း

မန်းမဟော်သဓာ ယဉ်ကျေးလိမ္မာဖွင့်ပွဲ

တပေါင်းလပြည့်ကျော် ၁၁ ရက် 12.3.2018 မနက် ၈း၃၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာမှာ ကျင်းပပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ ချမ်းမြသာစည်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ၊ မိုးကုတ်ကျောင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။ ဆရာမ ဒေါ်ကြည်ကြည်ဆွေ ဆရာမ ဒေါ်တင့်မာမာဆွေနှင့် ရပ်မိရပ်ဖများ မိဘပြည်သူများ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါတယ်။ မဘသအတွင်းရေးမှူးချုပ်ဆရာတော်ကြီးနှင့် ချမ်းမြသာစည်မြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်တို့က သြဝါဒအသီးသီး ချီးမြှင့်ကြပါတယ်။ မန်း မဟော်သဓာ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို ...
သတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၅၅

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ရတနာပုံမြို့သစ်နေ ဦးမောင်ကို+ဒေါ်ခင်ဥ မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (2.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ...
သတင်း


10.3.2018 မနက် ၁၀း၃၀ နာရီ တောင်ဥက္ကလာပမြို့နယ် မင်္ဂလာသိဒ္ဓိပရိယတ္တိစာသင်တိုက်ကို ရောက်ရှိခဲ့ပါတယ်။ မျိုးချစ်သမဂ္ဂ ညီတော်လေးများနှင့် အမျိုးသားရေးမိသားစုများက ခရီးဦးကြိုဆိုကြပါတယ်။ မင်္ဂလာသိဒ္ဓိဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး မိတ်ဆက်စကားလျှောက်ထားပါတယ်။ ဆရာတော်ကြီးက ကျုံမငေးမြို့ ဘုရားကြီးကျောင်းတိုက်မှ ဆရာတော်ကြီးဦးတေဇရဲ့ သူငယ်ချင်းဖြစ်နေပါတယ်။ ဆရာတော်ကြီးဦးတေဇက စာရေးသူရဲ့ ဆရာပါ။ ဆရာသမားနဲ့သူငယ်ချင်းဖြစ်တဲ့ ဆရာတော်ကြီးကိုဖူးရတာ တော်တော်အားရှိသွားပါတယ်။ ဆရာတော်ကြီးက ဆွမ်းအလှူရှင်များအား ဆွမ်းအနုမောဒနာတရား ဟောကြားပါတယ်။ ဆရာတော်ကြီးသည် သက်တော်(၉၀)အရွယ်ရောက်ရှိနေပါပြီ။ ကျန်းမာရေးလည်းကောင်းပါတယ်။ နားမျက်စိလည်း ကောင်းပါတယ်။ အထိုင်အထ တစ်ခုပဲ ခက်ခဲတာပါ။ နေ့လည်ပိုင်းမှာ စာရေးသူ တရားပွဲပြန်ပွင့်တဲ့အထိမ်းအမှတ်နဲ့ အခမ်းအနားကျင်းပမှာပါ။ မနက်ပိုင်းတော့ ဒီလောက်ပါပဲ။   “မင်္ဂလာသိဒ္ဓိဆရာတော်ကြီးအား ဖူးမြော်ပူဇော်” 10.3.2018 မနက် ၁၀း၃၀ နာရီ ...
မန်းမဟော်သဓာအင်တာဗျူး

မန်းမဟော်သဓာ ယဉ်ကျေးလိမ္မာ သင်တန်းအကြို

11.3.2018 ရက်နေ့ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဖို့ သင်တန်းသားစာရင်း ကောက်ပါတယ်။ သင်ပြမယ့် ဦးဇင်းတွေ ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ကြပါတယ်။ ကလေးတွေရဲ့ လိုအပ်ချက်တွေကိုလည်း ရှာဖွေကြပါတယ်။ ရာအိမ်မှူး ဦးခင်မောင်မြင့်နဲ့လည်း တိုင်ပင်ပါတယ်။ ရွာသူရွာသားတွေ ကလေးမိဘတွေကလည်း ဝိုင်းဝန်းကူညီကြပါတယ်။ ကလေးတွေအတွက် မုန့်နှင့်အဖျော်ရည်ဗူး အလှူရှင်ကတော့ အမရပူရမြို့ ကွမ်းဆွဲရပ်နေ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း MK ကျောက်မျက်ရတနာမိသားစု ဖြစ်ပါတယ်။ ဦးမိုးကိုနှင့် တပည့်များက ကလေးသေးသေးလေးတွေအတွက် မဏ္ဍပ်ထိုးပေးကြပါတယ်။ ကုန်ကျစရိတ်လည်း လှူဒါန်းပါတယ်။ သင်ကြားပြသပေးမည့် ဆရာတော်လေးများအတွက် လမ်းစရိတ်လည်း လှူပါတယ်။ မနက်ဖြန် 13.3.2018 ရက်နေ့ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၅၄

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရွှေပြည်သာမြို့နယ်၊ ၈ရပ်ကွက်၊ အောင်မေတ္တာကျောင်း ဦးအာစိဏ္ဏာစာရ မှ အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ် လှူဒါန်းစဉ်။ (6.3.2018) ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ...