သတင်း





 

“မင်္ဂလာသိဒ္ဓိဆရာတော်ကြီးအား ဖူးမြော်ပူဇော်”

10.3.2018 မနက် ၁၀း၃၀ နာရီ တောင်ဥက္ကလာပမြို့နယ် မင်္ဂလာသိဒ္ဓိပရိယတ္တိစာသင်တိုက်ကို ရောက်ရှိခဲ့ပါတယ်။
မျိုးချစ်သမဂ္ဂ ညီတော်လေးများနှင့် အမျိုးသားရေးမိသားစုများက ခရီးဦးကြိုဆိုကြပါတယ်။ မင်္ဂလာသိဒ္ဓိဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး မိတ်ဆက်စကားလျှောက်ထားပါတယ်။

ဆရာတော်ကြီးက ကျုံမငေးမြို့ ဘုရားကြီးကျောင်းတိုက်မှ ဆရာတော်ကြီးဦးတေဇရဲ့ သူငယ်ချင်းဖြစ်နေပါတယ်။ ဆရာတော်ကြီးဦးတေဇက စာရေးသူရဲ့ ဆရာပါ။ ဆရာသမားနဲ့သူငယ်ချင်းဖြစ်တဲ့ ဆရာတော်ကြီးကိုဖူးရတာ တော်တော်အားရှိသွားပါတယ်။
ဆရာတော်ကြီးက ဆွမ်းအလှူရှင်များအား ဆွမ်းအနုမောဒနာတရား ဟောကြားပါတယ်။

ဆရာတော်ကြီးသည် သက်တော်(၉၀)အရွယ်ရောက်ရှိနေပါပြီ။ ကျန်းမာရေးလည်းကောင်းပါတယ်။ နားမျက်စိလည်း ကောင်းပါတယ်။ အထိုင်အထ တစ်ခုပဲ ခက်ခဲတာပါ။ နေ့လည်ပိုင်းမှာ စာရေးသူ တရားပွဲပြန်ပွင့်တဲ့အထိမ်းအမှတ်နဲ့ အခမ်းအနားကျင်းပမှာပါ။ မနက်ပိုင်းတော့ ဒီလောက်ပါပဲ။