မန်းမဟော်သဓာအင်တာဗျူး





 

မန်းမဟော်သဓာ ယဉ်ကျေးလိမ္မာ သင်တန်းအကြို

11.3.2018 ရက်နေ့ ပထမအကြိမ် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ဖို့ သင်တန်းသားစာရင်း ကောက်ပါတယ်။
သင်ပြမယ့် ဦးဇင်းတွေ ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ကြပါတယ်။ ကလေးတွေရဲ့ လိုအပ်ချက်တွေကိုလည်း ရှာဖွေကြပါတယ်။
ရာအိမ်မှူး ဦးခင်မောင်မြင့်နဲ့လည်း တိုင်ပင်ပါတယ်။

ရွာသူရွာသားတွေ ကလေးမိဘတွေကလည်း ဝိုင်းဝန်းကူညီကြပါတယ်။ ကလေးတွေအတွက် မုန့်နှင့်အဖျော်ရည်ဗူး အလှူရှင်ကတော့ အမရပူရမြို့ ကွမ်းဆွဲရပ်နေ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း MK ကျောက်မျက်ရတနာမိသားစု ဖြစ်ပါတယ်။

ဦးမိုးကိုနှင့် တပည့်များက ကလေးသေးသေးလေးတွေအတွက် မဏ္ဍပ်ထိုးပေးကြပါတယ်။ ကုန်ကျစရိတ်လည်း လှူဒါန်းပါတယ်။ သင်ကြားပြသပေးမည့် ဆရာတော်လေးများအတွက် လမ်းစရိတ်လည်း လှူပါတယ်။ မနက်ဖြန် 13.3.2018 ရက်နေ့ မနက် ၈း၀၀ နာရီမှာ မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ ကျင်းပပါမယ်။