မန်းမဟော်သဓာသတင်း






 

“မန်းမဟော်သဓာ ယဉ်ကျေးလိမ္မာဖွင့်ပွဲ”

တပေါင်းလပြည့်ကျော် ၁၁ ရက် 12.3.2018 မနက် ၈း၃၀ နာရီ မန္တလေး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာမှာ ကျင်းပပါတယ်။ မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလ ချမ်းမြသာစည်မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ၊ မိုးကုတ်ကျောင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။

ဆရာမ ဒေါ်ကြည်ကြည်ဆွေ ဆရာမ ဒေါ်တင့်မာမာဆွေနှင့် ရပ်မိရပ်ဖများ မိဘပြည်သူများ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါတယ်။ မဘသအတွင်းရေးမှူးချုပ်ဆရာတော်ကြီးနှင့် ချမ်းမြသာစည်မြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်တို့က သြဝါဒအသီးသီး ချီးမြှင့်ကြပါတယ်။

မန်း မဟော်သဓာ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို 12.3.2018 ရက်မှ 31.3.2018အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ကလေးသေးသေးလေးတွေကို ကျောင်းနေပျော်ဖို့လောက်ပဲ စားစရာ ကစားစရာလေးတွေနဲ့ ပျော်အောင်မွေးပြီး အတန်းကြီးတွေကို စာမေးပွဲဝင်ဖြေနိုင်တဲ့အဆင့်ထိ သင်ကြားပေးသွားမှာပါ။

ဖွင့်ပွဲအခမ်းအနားမှာပင် ကျောင်းသူကျောင်းသား တစ်ရာကျော်တက်ရောက်ကြပါတယ်။ ကလေးငယ်လေးတွေက အအေးနှင့်မုန့်အလှူရှင်များကို ဆုတောင်းမေတ္တာပို့သကြပါတယ်။ အအေးနှင့်မုန့်အလှူရှင်များကတော့ အမရပူရမြို့ ကွမ်းစွဲရပ် ဦးမိုးကို ဒေါ်ခိုင်မာဝင်း (သမီး)မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာ)မိသားစုဖြစ်ပါတယ်။