သတင္းအင္တာဗ်ဴး

ျမန္မာ့ႏုိင္ငံေရးအေျခအေနဟာ လူထုေကာင္းစားေရးလား၊ လူတစ္စုေကာင္းစားေရးလား ေသေသခ်ာခ်ာကုိျပန္ၿပီး ေမးခြန္းထုတ္ေဝဖန္ရမယ့္အေျခအေနျဖစ္ေနၿပီ (အပုိင္း-၁)

(ဆရာေတာ္ဦးဝီရသူႏွင့္ ေမးသမွ် ေျဖသမွ်)

ဆရာေတာ္ဦးဝီရသူနဲ့ အင္တာဗ်ဴးေတြကို ျမန္မာ႕ဥဒါန္းဂ်ာနယ္မွာ အပတ္စဥ္တင္ဆက္ေပး ေနတာ အခုဆိုရင္ ၁၉-ပတ္ေျမာက္ ရွိခဲ႕ပါၿပီ။ ဒီတစ္ပတ္မွာေတာ႕ ဆရာေတာ္ဦးဝီရသူကို လက္ ရွိႏုိင္ငံေရးအခင္းအက်င္းထဲမွာ ျဖစ္ပ်က္ေနတာ ေတြနဲ့ အမ်ိဳး ဘာသာ သာသနာအတြက္ စိုးရိမ္ရ တဲ႕ အေျခအေနေတြနဲ့ပတ္သက္ၿပီး ေမးျမန္းျဖစ္ ခဲ႕ပါတယ္။ ဆရာေတာ္နဲ့ ဆက္သြယ္ေမးျမန္းထား သမွ်တို့ကို ျမန္မာ႕ဥဒါန္းဂ်ာနယ္ပရိသတ္မ်ား အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

ေမး- ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္း႐ိႈးလ္ တက္ေရာက္တယ္ ဆိုတဲ့ သကၤန္းကပ္လွဴျခင္းႏွင့္ ညစာ မိတ္ဆုံစားပြဲလို႔ ေခါင္းစဥ္တပ္ထားတဲ့ ပြဲတစ္ခုရဲ႕သတင္းက ခုရက္ပိုင္းမွာ ေဝ ဖန္မႈေတြ ျမင့္တက္ေနပါတယ္ဘုရား။ (၂ဝ၁၈ ဇန္နဝါရီ ၃၁)ေန႔က ျပဳလုပ္တဲ့ ပြဲပါဘုရား။ သတင္းမွာေတာ့ ကယားျပည္ နယ္အစုိးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္အစုိးရအဖြဲ႕ဝင္ဝန္ႀကီးေတြနဲ႔ ျပည္နယ္ဥပေဒခ်ဳပ္တုိ႔ တက္ေရာက္ တယ္လို႔ သိရပါတယ္ဘုရား။

အဲဒီမွာ သာသနာပုိင္ ဆရာေတာ္ ႀကီး၊ အပူေဇာ္ခံ ဆရာေတာ္ႀကီးႏွင့္ ဘုန္းေတာ္ႀကီးမ်ား၊ မဂၤလာတရားေတာ္၊ သကၤန္းစတဲ့ အသံုးအႏႈန္းေတြ သံုးႏႈန္းခဲ့ တာေတြ႕ရသလို အခမ္းအနားကိုလည္း သကၤန္းကပ္လွဴပြဲလို႔ သံုးတာေတြ႕ရပါ တယ္ဘုရား။ အဲဒါနဲ႔ပတ္သက္ၿပီး ဘာ မ်ားေျပာဖို႔ရွိမလဲဘုရား။

ေျဖ- ဗုဒၶဘာသာရဲ႕ ကိုယ္ပိုင္စကားလံုး ေတြကို ယူယူသံုးေနတာေတြ ေတာ္ေတာ္ မ်ားတယ္။ ရဟန္းသိကၡာ ဘယ္ႏွဝါရၿပီ ဆိုတဲ့ေနရာမွာ သက္ေတာ္ဘယ္ေလာက္ သိကၡာေတာ္ ဘယ္ေလာက္ဆိုတာေတြ ရွိတယ္ေလ၊ အဲဒါေတြကိုလည္း သိကၡာ ေတာ္ရ ဆရာေတာ္တို႔ ဘာတို႔ညာတို႔ သူတို႔ သံုးၾကတယ္ေပါ့၊ တျခား ဘာသာ ေတြက ပိုဆိုးပါတယ္။ ျမတ္စြာဘုရားရဲ႕ ဂုဏ္ပုဒ္ေတြကို အကုန္လံုး သူတို႔ရဲ႕အရွင္ သခင္ကို တပ္ေပးထားတာေလ။

ဝိပႆနာတို႔၊ မဂၢင္တို႔၊ နိဗၺာန္တို႔ အကုန္ယူသံုးေနၾကၿပီေပါ့ေနာ္။ အဲေတာ့ အမ်ားနဲ႔သက္ဆိုင္တဲ့ စကားလံုးေတြကို ယူသံုးတာ လက္ခံတယ္ေလ။ ဘယ္ဘာ သာပဲျဖစ္ျဖစ္ဆုေတာင္းတာ ရွိတယ္ေလ။ ရွိခိုးတာကို ဝတ္ျပဳတယ္လို႔ သံုးတယ္၊ ဒါလည္း လက္ခံတာေပါ့။

ဒါေပမယ့္ အမ်ားနဲ႔သက္ဆုိင္တာ မဟုတ္ဘဲ ဝိပႆနာလို စကားလံုးမ်ိဳး ကို ဝိပသနာ မရွိတဲ့ဘာသာက ယူသံုး လိုက္တာ ဝိပႆနာရွိတဲ့ ဗုဒၶဘာသာ တအားနစ္နာတာေပါ့။

နိဗၺာန္မရွိတာႀကီးကို နိဗၺာန္လို႔ ယူ သံုးတယ္ ဒါကို လက္ခံလို႔ရေသးတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ေလာကနိဗၺာန္တို႔ ဘာတို႔ညာတို႔နဲ႔ လူေတြနားလည္ထား တာ တစ္မ်ိဳးျဖစ္ေနတာကိုး။ အခုလည္း အဲဒီအတုိင္းပဲ။ သံဃာ ဆိုတာက ဘုရားပြင့္လာမွ ေပၚေပါက္ လာတဲ့ ရတနာတစ္ပါးေလ။

စာနဲ႔ေျပာရရင္ေတာ့ သာသနာပ ေနရာေတြမွာ၊ ဗုဒၶဘာသာမွတစ္ပါး အ ျခားသာသနာေတြမွာ သံဃာဆိုတာ မရွိဘူး။ အဲေတာ့ ဗုဒၶရယ္၊ ဓမၼရယ္၊ သံဃ ရယ္ဆိုတာက ဗုဒၶဘာသာမွတစ္ပါး အ ျခားဘာသာေတြမွာ မရွိဘူး။ ဒါဟာ ဗုဒၶ ဘာသာရဲ႕ သီးျခားကိုယ္ပိုင္တရားေပါ့။

ဗုဒၶဆိုတဲ့ေနရာမွာ ဗမာလို ဘုရား သံုးမယ္၊ ဓမၼဆုိတဲ့ေနရာမွာ ဗမာလို တရား လို႔သံုးမယ္၊ ရတယ္။ သံဃဆို တဲ့ ေနရာမွာ ဗမာလိုသံဃာသံုးမယ္ဆို၊ ဒါက် မရေတာ့ဘူးေလ။

ဥပမာ ဆိုၾကပါစို႔၊ သာဝကလို႔သံုး တယ္ဆိုရင္ လက္ခံေသးတယ္ေလ။ သာ ဝကဆိုတာကေတာ့ သူတို႔ဆုိင္ရာဆုိင္ ရာဘုရားေတြထံမွာ တပည့္အျဖစ္ခံယူ ထားတဲ့လူေပါ့။ ဆိုင္ရာဆုိင္ရာဘုရား ေတြရဲ႕ ဆံုးမၾသဝါဒကိုလိုက္နာသူေပါ့။ ဒါဆို ေတာ္ေသးတာေပါ့။

သံဃာဆိုတာက သုပၸဋိပေႏၷာ အစ ရွိတဲ့ ဂုဏ္ေတာ္ေတြနဲ႔ျပည့္စံုေနတဲ့ အရိ ယာသံဃာေတြကို ရည္စူးတာေလ။ အဲ ေတာ့ အရိယာသံဃာဆိုတာ အျခားဘာ သာမွာ ရွိမွမရွိဘဲ။ အဲဒါကို သံဃာလို႔ ယူသံုးတာ ရာရာစစလို႔ေတာင္ ေျပာလို႔ ရတာေပါ့ေနာ္။

ေနာက္ သကၤန္းဆိုတဲ့ ေဝါဟာရ သံုးၾကျပန္ေရာေလ။ ဝတ္႐ံုပဲျဖစ္ျဖစ္၊ ဝတ္ စံုပဲျဖစ္ျဖစ္ ဒီလိုပဲ သံုးရမွာေပါ့။ သကၤန္း ဆိုတဲ့ ေဝါဟာရကလည္း ဗုဒၶဘာသာမွ တစ္ပါး အျခားဘာသာမွ မရွိဘူး။ စိဝရ- ဆိုတဲ့ပါဠိကေန ဆင္းသက္လာတာေလ။ ဒါေၾကာင့္မို႔ သူတို႔ ဝတ္႐ံုေတာ္လို႔သံုးပါ၊ ဝတ္စံုလို႔သံုးပါ။

အဲဒီလိုပဲျဖစ္ရမွာေလ။ အဲဒါကို လိုလိုလားလားႀကီးကို ဒီေဝါဟာရေတြ တပ္ေပးေနတယ္ဆိုတာက တကယ္ တမ္းေျပာလို႔ရွိရင္ ဗုဒၶဘာသာတစ္ခုလံုး ကို ေစာ္ကားေမာ္ကားျပဳလုိက္တာပဲေလ။ ဗုဒၶဘာသာကို သစၥာေဖာက္သြားတယ္ လို႔ ေျပာလို႔ရတာေပါ့။

မိမိရဲ႕ ဘာသာတရားနဲ႔ဆုိင္တဲ့ ကိုယ္ ပိုင္စကားလံုးေတြနဲ႔ပဲ ရပ္တည္ပါ၊ ဗုဒၶဘာ သာကို အတုခိုးၿပီး ဗုဒၶဘာသာအတုိင္း လိုက္လုပ္ေနတယ္ဆိုရင္ အဲဒီဘာသာ တရားဟာ ကိုယ္ပိုင္ဘာသာတရား မဟုတ္ေတာ့ဘဲ ေနာက္လိုက္ဘာသာ တရား ျဖစ္သြားလိမ့္မယ္လို႔ သတိေပးပါ ရေစလို႔ ေျပာခ်င္တယ္ေနာ္။

ေမး- ဒီကိစၥနဲ႔႔ပတ္သက္ၿပီး မဘသတို႔၊ ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္းတို႔က ေၾက ညာခ်က္ထုတ္သင့္တယ္လို႔ ေျပာေနတဲ့ သူေတြလည္း ရွိပါတယ္ဘုရား။ မန္း မဘသအေနနဲ႔ ေၾကညာခ်က္ေတြ ထုတ္ ဖို႔ ရွိႏုိင္မလားဘုရား။

ေျဖ- ထုတ္လို႔ရေလာက္တဲ့ အေျခအ ေနေတြကေတာ့ ေသခ်ာတယ္ေလ။ ထုတ္ သင့္တာလည္း ေသခ်ာတယ္ေလ။ ထုတ္ မယ္ဆိုရင္လည္း ရတယ္ေလ။ အဲေတာ့ အဖြဲ႕နဲ႔တုိင္ပင္ၿပီးလုပ္မယ္ဆိုရင္ ျဖစ္ႏုိင္ တာေပါ့ေနာ္။

ေမး- အရွင္ဘုရားနဲ႔ တိုက္႐ိုက္ပတ္ သက္တာ တစ္ခုေလာက္ေမးခ်င္ပါတယ္ ဘုရား။ မင္းသုည-ကေလာင္အမည္နဲ႔ ရဟန္းတစ္ပါးက ဦးကိုနီတစ္ႏွစ္ျပည့္မွာ
ကိုေနဝင္းရဲ႕အုတ္နီခဲဆိုတဲ့ စာကို ဖတ္ပါ တယ္။ သူကေတာ့ ကဗ်ာရြတ္တယ္လို႔ ဆိုပါတယ္ဘုရား။ အဲဒီမွာ ဘာပါသလဲ ဆိုေတာ့ ‘မသမာသူ ဝီရသူ’ဆိုတာပါပါ တယ္ဘုရား။
အဲဒါနဲ႔ပတ္သက္လို႔ ဘာမ်ားေျပာ ခ်င္ပါသလဲဘုရား။

ေျဖ- ေသတဲ့သူက အ႐ိုးေဆြးလို႔ ျပာ ေတာင္ျဖစ္ေနၿပီ။ အာဃာတကခုအထိ မၿငိမ္းႏိုင္ေသးဘူး။ မသမာသူဝိေသသ န ဘာေၾကာင့္တပ္သလဲ နားမလည္း ဘူး။ ဝီရသူကို တအားနင္းခ်စ္ၾကတာ ေတာ့ လက္ခုပ္သံၾကည့္ရင္ သိႏိုင္တယ္။ ဝီရသူကို မွန္တာလား၊ ဝီရသူကမွန္တာ လား ကတၱားပုဒ္ကို ကံပုဒ္လုပ္မိသြားပုံ ေပၚတယ္။ ဝီရသူကိုမွန္တဲ့ခဲ အေတာ္ ျပင္းပုံရတယ္။ ဘယ္နားမွန္မွန္းေတာင္ မသိဘူး။

တစ္ခုေမးခ်င္တာက အုတ္ခဲေဆာင္ ထားဖို႔ေဟာတာ အမုန္းတရား မဟုတ္ ဘူးလား။ အဲလိုမ်ဳိးက် ေဟာေကာင္းသ လား။ ေတာ္ေတာ္တရားက်ဖို႔ေကာင္း တဲ့ႏိုင္ငံေရးပဲ။

ကုလားကိုးကြယ္ အုတ္ခဲလြယ္ တင့္တယ္ပါေပ့ ရွင္ရေသ့ လို႔ပဲ ေျပာခ်င္ တယ္ကြာ။ တကယ့္ကို ကိုးကြယ္မႈမွား ေနတာႀကီးပါ။

ေမး-ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီ လာခံ (၂၁)ရာစုပင္လံု ႀကိဳဆုိေထာက္ခံ သည့္အေနျဖင့္ ၿငိမ္းခ်မ္းေရးသ႐ုပ္ေဖာ္ ေဖ်ာ္ေျဖတင္ဆက္ပြဲ၊ ေတးဂီတေဖ်ာ္ ေျဖပြဲနဲ႔ ခ်စ္ၾကည္ေရးေဘာလုံးပြဲေတြမွာ ေျပာၾကားခ်က္ႏွင့္ ၿငိမ္းခ်မ္းေရး သ႐ုပ္ ေဖာ္ ေဖ်ာ္ေျဖမႈတို႔ႏွင့္ပတ္သက္ၿပီး နည္း နည္းေလးေမးခ်င္ပါတယ္ဘုရား။
အဲဒီပြဲကို ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ လည္းတက္တယ္၊ လႊတ္ေတာ္ဥကၠ႒ လည္းတက္တယ္ေပါ့ဘုရား။ ဒီပြဲနဲ႔ပတ္ သက္ၿပီး တပ္မေတာ္က သတင္းထုတ္ ျပန္ခ်က္ထုတ္တယ္၊ ကိုမင္းကိုႏုိင္တို႔ ဘက္ကလည္းပဲ ျပန္ေျဖရွင္းထားတယ္၊ အဲဒီကိစၥေတြကို သိၿပီးျဖစ္မွာပါဘုရား။ ဆိုေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး အရွင္ ဘုရားရဲ႕အျမင္နဲ႔ သံုးသပ္ခ်က္ကို သိခ်င္ ပါတယ္ဘုရား။

ေျဖ- အတိုက္အခံလုပ္ခဲ့တဲ့ အက်င့္ ႀကီးက အခုခ်ိန္အထိကို မေဖ်ာက္ဖ်က္ ႏုိင္ေသးတာပဲေလ။ အစိုးရတစ္ရပ္ျဖစ္ ေနၿပီ ဒီလိုသ႐ုပ္ေဖာ္ေဖ်ာ္ေျဖမႈေတြ ခြင့္ ျပဳသင့္မျပဳသင့္ဆိုတာ အစိုးရတစ္ရပ္ က ဆံုးျဖတ္ႏိုင္ရမယ္ေလ။ အဲဒီလိုမစဥ္း စားမဆံုးျဖတ္ဘဲနဲ႔ ဒါေတြကို လိုက္ေလ်ာ တယ္ဆိုကတည္းက ကိုယ္ဟာ အစုိးရျဖစ္ ေနၿပီဆိုတဲ့အသိ သူတို႔မွာ မရွိေသးဘူး၊
ဒါအစိုးရလုပ္ရပ္ မဟုတ္ဘူး၊ အတိုက္ အခံလုပ္ရပ္သာ ျဖစ္တယ္ဆိုတာကို သူတို႔မသိေသးဘူးဆိုတာကို ေတြ႕ရတာ ေပါ့။

ေနာက္တစ္ခုက ကိုယ္သြားေနတာ က ဖက္ဒရယ္ျပည္ေထာင္စုဆိုတဲ့ ၿငိမ္း ခ်မ္းေရးလမ္းကိုသြားေနတယ္။ ကိုယ္ လုပ္လိုက္တာက ၿငိမ္းခ်မ္းေရးကို ထိ ခိုက္ေစႏုိင္တဲ့ အမူအရာေတြျဖစ္ေနတယ္။ စာအရွိအတိုင္းေျပာရင္ လွံကိုင္ေခြးေခၚ နည္း က်င့္သုံးေနတာေပါ့။ တပ္မေတာ္ ကို ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ ကိုယ္လို ခ်င္တဲ့ ၿငိမ္းခ်မ္းေရး၊ ကိုယ္သြားေနတဲ့ ပန္းတုိင္ကို ေရာက္မွာလားလို႔ ေမးခြန္း ထုတ္ခ်င္တယ္။

အဲဒီေတာ့ ႏုိင္ငံေရးသမားသည္ တကယ္ၿငိမ္းခ်မ္းေရးရခ်င္တယ္ဆိုရင္ တကယ္ မၿငိမ္းခ်မ္းတဲ့ေနရာေတြကို သြား ေရာက္ေလ့လာပါဦး၊ စစ္တုိက္ေနတဲ့ သူႏွစ္ဦးကိုပဲ မၾကည့္ပါနဲ႔။ စစ္တုိက္ရ ျခင္းရဲ႕အေၾကာင္းတရားကိုလည္းပဲ ျမင္ ေအာင္ၾကည့္ပါဦး။ ဒါမွသာလွ်င္ အ ေၾကာင္းတရားကို ပယ္သတ္ႏုိင္မွာ၊ အ ေၾကာင္းတရားကို ပယ္သတ္ႏုိင္မွ အက်ိဳး တရားက ခ်ဳပ္ၿငိမ္းမွာေလ။

ေရေသာက္ျမစ္ကို မသတ္ဘဲ အ ကိုင္းအခက္ေတြ လိုက္ခုတ္ေနတဲ့သူလို ျဖစ္ေနတာေပါ့။ ဒီအပင္က ႐ႈပ္ပါတယ္ ကြာ၊ ဆိုၿပီးေတာ့ လမ္းနဲ႔မလြတ္တဲ့ကိုင္း ကိုပဲ ခုတ္ေနသလိုျဖစ္ေနတာေပါ့။ ေတာ္ ၾကာ ျပန္ေပါက္လာလည္း ထပ္ခုတ္ရ မွာပဲေလ။ တကယ္တမ္းက်ေတာ့ ဒီေရ ေသာက္ျမစ္ရွိေနလို႔ ဒီအကိုင္းအခက္ ေတြက ထြက္ေနတာကိုး။

စစ္ျဖစ္ရျခင္းရဲ႕ အေၾကာင္းတရား ရွိလို႔ စစ္ျဖစ္ေနၾကရတာ။ အဲဒီ စစ္ျဖစ္ ေနရျခင္းရဲ႕ အေၾကာင္းအရင္းကိုပဲ ရ ေအာင္ရွာပါဦးလို႔ မွာခ်င္တာေပါ့ေနာ္။

(ဆက္လက္ေဖာ္ျပပါမည္)

 

“မြန်မာ့နိုင်ငံရေးအခြေအနေဟာ လူထုကောင်းစားရေးလား၊ လူတစ်စုကောင်းစားရေးလား သေသေချာချာကိုပြန်ပြီး မေးခွန်းထုတ်ဝေဖန်ရမယ့်အခြေအနေဖြစ်နေပြီ (အပိုင်း-၁)”

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

 

ဆရာတော်ဦးဝီရသူနဲ့ အင်တာဗျူးတွေကို မြန်မာ့ဥဒါန်းဂျာနယ်မှာ အပတ်စဉ်တင်ဆက်ပေး နေတာ အခုဆိုရင် ၁၉-ပတ်မြောက် ရှိခဲ့ပါပြီ။ ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူကို လက် ရှိနိုင်ငံရေးအခင်းအကျင်းထဲမှာ ဖြစ်ပျက်နေတာ တွေနဲ့ အမျိုး ဘာသာ သာသနာအတွက် စိုးရိမ်ရ တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းဖြစ် ခဲ့ပါတယ်။ ဆရာတော်နဲ့ ဆက်သွယ်မေးမြန်းထား သမျှတို့ကို မြန်မာ့ဥဒါန်းဂျာနယ်ပရိသတ်များ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး- ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးလ် တက်ရောက်တယ် ဆိုတဲ့ သင်္ကန်းကပ်လှူခြင်းနှင့် ညစာ မိတ်ဆုံစားပွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ ပွဲတစ်ခုရဲ့သတင်းက ခုရက်ပိုင်းမှာ ဝေ ဖန်မှုတွေ မြင့်တက်နေပါတယ်ဘုရား။
(၂ဝ၁၈ ဇန်နဝါရီ ၃၁)နေ့က ပြုလုပ်တဲ့ ပွဲပါဘုရား။ သတင်းမှာတော့ ကယားပြည် နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက် တယ်လို့ သိရပါတယ်ဘုရား။

အဲဒီမှာ သာသနာပိုင် ဆရာတော် ကြီး၊ အပူဇော်ခံ ဆရာတော်ကြီးနှင့် ဘုန်းတော်ကြီးများ၊ မင်္ဂလာတရားတော်၊ သင်္ကန်းစတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းခဲ့ တာတွေ့ရသလို အခမ်းအနားကိုလည်း သင်္ကန်းကပ်လှူပွဲလို့ သုံးတာတွေ့ရပါ တယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာ များပြောဖို့ရှိမလဲဘုရား။

ဖြေ- ဗုဒ္ဓဘာသာရဲ့ ကိုယ်ပိုင်စကားလုံး တွေကို ယူယူသုံးနေတာတွေ တော်တော် များတယ်။ ရဟန်းသိက္ခာ ဘယ်နှဝါရပြီ ဆိုတဲ့နေရာမှာ သက်တော်ဘယ်လောက် သိက္ခာတော် ဘယ်လောက်ဆိုတာတွေ ရှိတယ်လေ၊ အဲဒါတွေကိုလည်း သိက္ခာ တော်ရ ဆရာတော်တို့ ဘာတို့ညာတို့ သူတို့ သုံးကြတယ်ပေါ့၊ တခြား ဘာသာ တွေက ပိုဆိုးပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်ပုဒ်တွေကို အကုန်လုံး သူတို့ရဲ့အရှင် သခင်ကို တပ်ပေးထားတာလေ။

ဝိပဿနာတို့၊ မဂ္ဂင်တို့၊ နိဗ္ဗာန်တို့ အကုန်ယူသုံးနေကြပြီပေါ့နော်။ အဲတော့ အများနဲ့သက်ဆိုင်တဲ့ စကားလုံးတွေကို ယူသုံးတာ လက်ခံတယ်လေ။ ဘယ်ဘာ သာပဲဖြစ်ဖြစ်ဆုတောင်းတာ ရှိတယ်လေ။ ရှိခိုးတာကို ဝတ်ပြုတယ်လို့ သုံးတယ်၊ ဒါလည်း လက်ခံတာပေါ့။

ဒါပေမယ့် အများနဲ့သက်ဆိုင်တာ မဟုတ်ဘဲ ဝိပဿနာလို စကားလုံးမျိုး ကို ဝိပသနာ မရှိတဲ့ဘာသာက ယူသုံး လိုက်တာ ဝိပဿနာရှိတဲ့ ဗုဒ္ဓဘာသာ တအားနစ်နာတာပေါ့။

နိဗ္ဗာန်မရှိတာကြီးကို နိဗ္ဗာန်လို့ ယူ သုံးတယ် ဒါကို လက်ခံလို့ရသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကနိဗ္ဗာန်တို့ ဘာတို့ညာတို့နဲ့ လူတွေနားလည်ထား တာ တစ်မျိုးဖြစ်နေတာကိုး။
အခုလည်း အဲဒီအတိုင်းပဲ။ သံဃာ ဆိုတာက ဘုရားပွင့်လာမှ ပေါ်ပေါက် လာတဲ့ ရတနာတစ်ပါးလေ။

စာနဲ့ပြောရရင်တော့ သာသနာပ နေရာတွေမှာ၊ ဗုဒ္ဓဘာသာမှတစ်ပါး အ ခြားသာသနာတွေမှာ သံဃာဆိုတာ မရှိဘူး။
အဲတော့ ဗုဒ္ဓရယ်၊ ဓမ္မရယ်၊ သံဃ ရယ်ဆိုတာက ဗုဒ္ဓဘာသာမှတစ်ပါး အ ခြားဘာသာတွေမှာ မရှိဘူး။ ဒါဟာ ဗုဒ္ဓ ဘာသာရဲ့ သီးခြားကိုယ်ပိုင်တရားပေါ့။

ဗုဒ္ဓဆိုတဲ့နေရာမှာ ဗမာလို ဘုရား သုံးမယ်၊ ဓမ္မဆိုတဲ့နေရာမှာ ဗမာလို တရား လို့သုံးမယ်၊ ရတယ်။ သံဃဆို တဲ့ နေရာမှာ ဗမာလိုသံဃာသုံးမယ်ဆို၊ ဒါကျ မရတော့ဘူးလေ။

ဥပမာ ဆိုကြပါစို့၊ သာဝကလို့သုံး တယ်ဆိုရင် လက်ခံသေးတယ်လေ။ သာ ဝကဆိုတာကတော့ သူတို့ဆိုင်ရာဆိုင် ရာဘုရားတွေထံမှာ တပည့်အဖြစ်ခံယူ ထားတဲ့လူပေါ့။ ဆိုင်ရာဆိုင်ရာဘုရား တွေရဲ့ ဆုံးမသြဝါဒကိုလိုက်နာသူပေါ့။ ဒါဆို တော်သေးတာပေါ့။

သံဃာဆိုတာက သုပ္ပဋိပန္နော အစ ရှိတဲ့ ဂုဏ်တော်တွေနဲ့ပြည့်စုံနေတဲ့ အရိ ယာသံဃာတွေကို ရည်စူးတာလေ။ အဲ တော့ အရိယာသံဃာဆိုတာ အခြားဘာ သာမှာ ရှိမှမရှိဘဲ။ အဲဒါကို သံဃာလို့ ယူသုံးတာ ရာရာစစလို့တောင် ပြောလို့ ရတာပေါ့နော်။

နောက် သင်္ကန်းဆိုတဲ့ ဝေါဟာရ သုံးကြပြန်ရောလေ။ ဝတ်ရုံပဲဖြစ်ဖြစ်၊ ဝတ် စုံပဲဖြစ်ဖြစ် ဒီလိုပဲ သုံးရမှာပေါ့။ သင်္ကန်း ဆိုတဲ့ ဝေါဟာရကလည်း ဗုဒ္ဓဘာသာမှ တစ်ပါး အခြားဘာသာမှ မရှိဘူး။ စိဝရ- ဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာလေ။ ဒါကြောင့်မို့ သူတို့ ဝတ်ရုံတော်လို့သုံးပါ၊ ဝတ်စုံလို့သုံးပါ။

အဲဒီလိုပဲဖြစ်ရမှာလေ။ အဲဒါကို လိုလိုလားလားကြီးကို ဒီဝေါဟာရတွေ တပ်ပေးနေတယ်ဆိုတာက တကယ် တမ်းပြောလို့ရှိရင် ဗုဒ္ဓဘာသာတစ်ခုလုံး ကို စော်ကားမော်ကားပြုလိုက်တာပဲလေ။ ဗုဒ္ဓဘာသာကို သစ္စာဖောက်သွားတယ် လို့ ပြောလို့ရတာပေါ့။

မိမိရဲ့ ဘာသာတရားနဲ့ဆိုင်တဲ့ ကိုယ် ပိုင်စကားလုံးတွေနဲ့ပဲ ရပ်တည်ပါ၊ ဗုဒ္ဓဘာ သာကို အတုခိုးပြီး ဗုဒ္ဓဘာသာအတိုင်း လိုက်လုပ်နေတယ်ဆိုရင် အဲဒီဘာသာ တရားဟာ ကိုယ်ပိုင်ဘာသာတရား မဟုတ်တော့ဘဲ နောက်လိုက်ဘာသာ တရား ဖြစ်သွားလိမ့်မယ်လို့ သတိပေးပါ ရစေလို့ ပြောချင်တယ်နော်။

မေး- ဒီကိစ္စနဲ့ပတ်သက်ပြီး မဘသတို့၊ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းတို့က ကြေ ညာချက်ထုတ်သင့်တယ်လို့ ပြောနေတဲ့ သူတွေလည်း ရှိပါတယ်ဘုရား။ မန်း မဘသအနေနဲ့ ကြေညာချက်တွေ ထုတ် ဖို့ ရှိနိုင်မလားဘုရား။

ဖြေ- ထုတ်လို့ရလောက်တဲ့ အခြေအ နေတွေကတော့ သေချာတယ်လေ။ ထုတ် သင့်တာလည်း သေချာတယ်လေ။ ထုတ် မယ်ဆိုရင်လည်း ရတယ်လေ။ အဲတော့ အဖွဲ့နဲ့တိုင်ပင်ပြီးလုပ်မယ်ဆိုရင် ဖြစ်နိုင် တာပေါ့နော်။

မေး- အရှင်ဘုရားနဲ့ တိုက်ရိုက်ပတ် သက်တာ တစ်ခုလောက်မေးချင်ပါတယ် ဘုရား။ မင်းသုည-ကလောင်အမည်နဲ့ ရဟန်းတစ်ပါးက ဦးကိုနီတစ်နှစ်ပြည့်မှာ ကိုနေဝင်းရဲ့အုတ်နီခဲဆိုတဲ့ စာကို ဖတ်ပါ တယ်။ သူကတော့ ကဗျာရွတ်တယ်လို့ ဆိုပါတယ်ဘုရား။ အဲဒီမှာ ဘာပါသလဲ ဆိုတော့ ‘မသမာသူ ဝီရသူ’ဆိုတာပါပါ တယ်ဘုရား။ အဲဒါနဲ့ပတ်သက်လို့ ဘာများပြော ချင်ပါသလဲဘုရား။

ဖြေ- သေတဲ့သူက အရိုးဆွေးလို့ ပြာ တောင်ဖြစ်နေပြီ။ အာဃာတကခုအထိ မငြိမ်းနိုင်သေးဘူး။ မသမာသူဝိသေသ န ဘာကြောင့်တပ်သလဲ နားမလည်း ဘူး။ ဝီရသူကို တအားနင်းချစ်ကြတာ တော့ လက်ခုပ်သံကြည့်ရင် သိနိုင်တယ်။ ဝီရသူကို မှန်တာလား၊ ဝီရသူကမှန်တာ လား ကတ္တားပုဒ်ကို ကံပုဒ်လုပ်မိသွားပုံ ပေါ်တယ်။ ဝီရသူကိုမှန်တဲ့ခဲ အတော် ပြင်းပုံရတယ်။ ဘယ်နားမှန်မှန်းတောင် မသိဘူး။

တစ်ခုမေးချင်တာက အုတ်ခဲဆောင် ထားဖို့ဟောတာ အမုန်းတရား မဟုတ် ဘူးလား။ အဲလိုမျိုးကျ ဟောကောင်းသ လား။ တော်တော်တရားကျဖို့ကောင်း တဲ့နိုင်ငံရေးပဲ။

ကုလားကိုးကွယ် အုတ်ခဲလွယ် တင့်တယ်ပါပေ့ ရှင်ရသေ့ လို့ပဲ ပြောချင် တယ်ကွာ။ တကယ့်ကို ကိုးကွယ်မှုမှား နေတာကြီးပါ။

မေး-ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ (၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံ သည့်အနေဖြင့် ငြိမ်းချမ်းရေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ပွဲ၊ တေးဂီတဖျော် ဖြေပွဲနဲ့ ချစ်ကြည်ရေးဘောလုံးပွဲတွေမှာ ပြောကြားချက်နှင့် ငြိမ်းချမ်းရေး သရုပ် ဖော် ဖျော်ဖြေမှုတို့နှင့်ပတ်သက်ပြီး နည်း နည်းလေးမေးချင်ပါတယ်ဘုရား။
အဲဒီပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် လည်းတက်တယ်၊ လွှတ်တော်ဥက္ကဋ္ဌ လည်းတက်တယ်ပေါ့ဘုရား။ ဒီပွဲနဲ့ပတ် သက်ပြီး တပ်မတော်က သတင်းထုတ် ပြန်ချက်ထုတ်တယ်၊ ကိုမင်းကိုနိုင်တို့ ဘက်ကလည်းပဲ ပြန်ဖြေရှင်းထားတယ်၊ အဲဒီကိစ္စတွေကို သိပြီးဖြစ်မှာပါဘုရား။ ဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အရှင် ဘုရားရဲ့အမြင်နဲ့ သုံးသပ်ချက်ကို သိချင် ပါတယ်ဘုရား။

ဖြေ- အတိုက်အခံလုပ်ခဲ့တဲ့ အကျင့် ကြီးက အခုချိန်အထိကို မဖျောက်ဖျက် နိုင်သေးတာပဲလေ။ အစိုးရတစ်ရပ်ဖြစ် နေပြီ ဒီလိုသရုပ်ဖော်ဖျော်ဖြေမှုတွေ ခွင့် ပြုသင့်မပြုသင့်ဆိုတာ အစိုးရတစ်ရပ် က ဆုံးဖြတ်နိုင်ရမယ်လေ။ အဲဒီလိုမစဉ်း စားမဆုံးဖြတ်ဘဲနဲ့ ဒါတွေကို လိုက်လျော တယ်ဆိုကတည်းက ကိုယ်ဟာ အစိုးရဖြစ် နေပြီဆိုတဲ့အသိ သူတို့မှာ မရှိသေးဘူး၊
ဒါအစိုးရလုပ်ရပ် မဟုတ်ဘူး၊ အတိုက် အခံလုပ်ရပ်သာ ဖြစ်တယ်ဆိုတာကို သူတို့မသိသေးဘူးဆိုတာကို တွေ့ရတာ ပေါ့။

နောက်တစ်ခုက ကိုယ်သွားနေတာ က ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ ငြိမ်း ချမ်းရေးလမ်းကိုသွားနေတယ်။ ကိုယ် လုပ်လိုက်တာက ငြိမ်းချမ်းရေးကို ထိ ခိုက်စေနိုင်တဲ့ အမူအရာတွေဖြစ်နေတယ်။ စာအရှိအတိုင်းပြောရင် လှံကိုင်ခွေးခေါ် နည်း ကျင့်သုံးနေတာပေါ့။ တပ်မတော် ကို ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကိုယ်လို ချင်တဲ့ ငြိမ်းချမ်းရေး၊ ကိုယ်သွားနေတဲ့ ပန်းတိုင်ကို ရောက်မှာလားလို့ မေးခွန်း ထုတ်ချင်တယ်။

အဲဒီတော့ နိုင်ငံရေးသမားသည် တကယ်ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် တကယ် မငြိမ်းချမ်းတဲ့နေရာတွေကို သွား ရောက်လေ့လာပါဦး၊ စစ်တိုက်နေတဲ့ သူနှစ်ဦးကိုပဲ မကြည့်ပါနဲ့။ စစ်တိုက်ရ ခြင်းရဲ့အကြောင်းတရားကိုလည်းပဲ မြင် အောင်ကြည့်ပါဦး။ ဒါမှသာလျှင် အ ကြောင်းတရားကို ပယ်သတ်နိုင်မှာ၊ အ ကြောင်းတရားကို ပယ်သတ်နိုင်မှ အကျိုး တရားက ချုပ်ငြိမ်းမှာလေ။

ရေသောက်မြစ်ကို မသတ်ဘဲ အ ကိုင်းအခက်တွေ လိုက်ခုတ်နေတဲ့သူလို ဖြစ်နေတာပေါ့။ ဒီအပင်က ရှုပ်ပါတယ် ကွာ၊ ဆိုပြီးတော့ လမ်းနဲ့မလွတ်တဲ့ကိုင်း ကိုပဲ ခုတ်နေသလိုဖြစ်နေတာပေါ့။ တော် ကြာ ပြန်ပေါက်လာလည်း ထပ်ခုတ်ရ မှာပဲလေ။ တကယ်တမ်းကျတော့ ဒီရေ သောက်မြစ်ရှိနေလို့ ဒီအကိုင်းအခက် တွေက ထွက်နေတာကိုး။

စစ်ဖြစ်ရခြင်းရဲ့ အကြောင်းတရား ရှိလို့ စစ်ဖြစ်နေကြရတာ။ အဲဒီ စစ်ဖြစ် နေရခြင်းရဲ့ အကြောင်းအရင်းကိုပဲ ရ အောင်ရှာပါဦးလို့ မှာချင်တာပေါ့နော်။

(ဆက်လက်ဖော်ပြပါမည်)