သတင်း
“ရွှေရတုမွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ (ရန်ကုန်)”
26.6.2018 ရက်နေ့၊ မနက် ရး၀၀ နာရီ၊ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခုတင်(၁၀၀၀) တပ်မတော်ဆေးရုံမှာ ကျင်းပပါတယ်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်) ဦးဆောင်ကျင်းပတာပါ။
ပဉ္စမအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပါတယ်။
မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ ကြွရောက်လှူဒါန်းကြပါတယ်။ သွေးအိတ်ပေါင်း (၁၄၁)အိတ် ရရှိခဲ့ပါတယ်။
ဆက်လက်လှူဒါန်းလိုသူများ များစွာရှိသော်လည်း သွေးအိတ်လက်ခံနိုင်မှုပမာဏ ပြည့်သွားသောကြောင့် မလှူလိုက်ရဘဲ ပြန်သွားကြရတာပါ။
ခန္ဓာကိုယ်လှူဒါန်းသူပေါင်း (၁၄)ဦးရှိပါတယ်။ သွေးလှူရှင်များအား ဆရာငြိမ်းချမ်းသာ၏ ‘ရွာပြင်ထုတ်ခံရသူကြီး’စာအုပ် မေတ္တာလက်ဆောင်ပေးပါတယ်။
ထို့အပြင် ရွှေရတုမွေးနေ့အထိမ်းအမှတ်အဖြစ် နဝကမ္မဝတ္ထုငွေ (၁၅)သိန်းကျပ် လှူဒါန်းကြပါတယ်။ စာရေးသူအား လှူဒါန်းကြခြင်း ဖြစ်ကာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေးညီအစ်ကိုမောင်နှမများ(ရန်ကုန်)တို့ စုပေါင်းလှူဒါန်းကြတာပါ။
ဒီကနေ့ 4.7.2018 ရက်နေ့မှာ ကြွရောက်ဆက်ကပ်ကြပါတယ်။ သွေးလှူရှင်များ၊ ခန္ဓာကိုယ်အလှူရှင်များ၊ ဆွမ်းအလှူရှင်များ၊ ငွေအလှူရှင်များ၊ ဝေယျာဝစ္စကုသိုလ်ရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။