ဂျာနယ်သတင်းအင်တာဗျူး

မောင်တောရောက် ဆရာတော်ဦးဝီရသူနှင့် ရခိုင်အရေးဆက်သွယ်မေးမြန်းချက်(၂)(နိဂုံး)

မေး – သူက မနေ့က မိန့်ခွန်းထဲမှာ ပြောသွားတာက ပထမအဆင့်က အ ကူအညီပေးရေးနဲ့ ပြန်လည်လက်ခံရေး ပေါ့၊ ဒုတိယအဆင့်မှာ နေရာချထား ရေးနဲ့ ပြန်လည်ထူထောင်ရေး၊ တတိယ အဆင့်မှာက ဒေသဖွံ့ဖြိုးရေးနဲ့ ပဋိပက္ခ ကင်းဝေးရေးဆိုတော့ ပဋိပက္ခတွေ ကင်းဝေးဖို့ဆိုရင် ဘာတွေလုပ်ဖို့လိုမလဲ ဘုရား။ အစိုးရကရော၊ နောက်ပြီးတော့ မွတ်ဆလင်အသိုင်းအဝိုင်းကရော။
ဖြေ – အဲဒါကတော့ အစိုးရလုပ်ပေးရ မှာက မွတ်ဆလင်တွေက ဌာနေတိုင်း ရင်းသားနဲ့ ဟိန္ဒူဗုဒ္ဓဘာသာဝင်တွေကို ဘယ်နည်းနဲ့မှ ကျူးကျော်ခွင့်မရအောင် သူတို့အတွက် သီးသန့်နေရာလုပ်ပေး ဖို့လိုတာပေါ့နော်။ အဲဒီလို လုပ်ပေးဖို့ အတွက်လည်း အခုအချိန်မှာ အခြေအ နေက အတော်ကြီးကို ပေးနေတာပေါ့ နော်။ နောင် ဘယ်သောအခါမှ အ တိုက်အခိုက်မခံရအောင် လုပ်မယ်ဆို ရင် ဒီအချိန်ဟာ အတော်အခွင့်အရေး ရတဲ့အချိန်ဖြစ်တယ်။ အခွင့်အလမ်း ကောင်းတွေလည်း ပေးနေတယ်။ အဲဒါ ကတော့ အစိုးရအပိုင်းပေါ့။
အေးအေးဆေးဆေး နေကြတဲ့ ဘင်္ဂါလီတွေကို သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးနေတဲ့ အကျပ်ကိုင်ခြိမ်း ခြောက်ဖိအားပေးပြီးတော့ တစ်နည်း နည်းနဲ့ အကြမ်းဖက်ခိုင်းနေတဲ့ အဖွဲ့ အစည်းတွေပေါ့၊ အဲဒီအဖွဲ့အစည်းတွေ က ဘင်္ဂါလီပြည်သူတွေကို မီးထိုးပေး လို့မရအောင် ကာကွယ်စောင့်ရှောက်ရ မှာပေါ့နော်။ အဲဒါဆိုရင်တော့ ရခိုင်ပြည် နယ်ဟာ အေးဆေးဖြစ်သွားမှာပေါ့။

မေး – လတ်တလော ပြုလုပ်နေကြတဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေဟာ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချ နေတာမျိုးများ ဖြစ်မလား။ အရှင်ဘုရား ဘယ်လို သုံးသပ်ပါသလဲဘုရား။
ဖြေ – တကယ်တမ်းပြောရရင် သူတို့ တစ်တွေ ကြံရာမရဖြစ်နေရှာလို့ ရတဲ့ နည်းကို သုံးပြီးတော့ ကုစားလိုက်တာ ပေါ့လေ။ ပြောရမယ်ဆိုရင် ရောဂါက ကြီးမားသော်လည်းပဲ ဆေးမရှိတော့၊ အဆင့်မြင့်မြင့် မကုသနိုင်တော့၊ ဆေး မြီးတိုနဲ့ပဲ ကုစားလိုက်ရတဲ့သဘောပေါ့။
တကယ်တမ်းပြောရရင် ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ငြိမ်း ချမ်းသာယာရေးကို အမှန်တကယ် လို လားလို့ ဒီပွဲတွေ လုပ်နေတာ မဟုတ် ဘူး။ ဒီနိုင်ငံမှာ ဘာသာပေါင်းစုံ ဒီလို ချစ်ကြည်ညီညွတ်နေပါတယ်ဆိုတာကို ကမ္ဘာကြီးသိအောင် တစ်နည်းနည်းနဲ့ နိုင်ငံရေး အမြတ်ထုတ်တာပေါ့နော်။ ပြောရမယ် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပ နေတာလို့ အတိအကျကို ပြောလို့ရတာ ပေါ့နော်။

မေး – နောက်တစ်ခုက အွန်လိုင်းစာ မျက်နှာတွေမှာ တွေ့နေရတဲ့ စာရေး ဆရာ ထင်လင်းဦးရဲ့ ဟောပြောချက် ပေါ့ဘုရား။ မကွေးမှာ အောက်တိုဘာ ၇ ရက်က ပြောထားတာပါဘုရား။ ရခိုင်ပဋိပက္ခတွေဟာ ၂ဝ၁၂ နောက်ပိုင်း ဒီချုပ်အမတ်တွေ ၄ဝ ကျော်နိုင်ပြီး နောက်မှ ဖြစ်လာတယ်။ ဖြစ်အောင် လည်းလုပ်နေသူတွေရှိတယ်လို့ ပြော ထားတာတွေ့ရပါတယ်ဘုရား။ အဲဒါနဲ့ ပတ်သက်ပြီး သူ့ရဲ့သုံးသပ်ချက်က ဘယ်လောက်အထိ မှန်မလဲဘုရား။
ဖြေ – အဲဒါကတော့ စစ်အစိုးရလက် ထက်ကတည်းကိုက နိုင်ငံရေးသမား တွေက ဒီပုံစံအတိုင်းတွေးလာကြတာ ပေါ့နော်။ ခေါက်ရိုးကျိုးနေတဲ့ အတွေး အခေါ်ဟောင်းကြီးပါ။ တကယ့်အဖြစ် အပျက်နဲ့ လုံးဝကို မအပ်စပ်တဲ့ အယူ မှားကြီးတစ်ခုဖြစ်နေတာပေါ့နော်။

မေး – ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းက ဘာသာပေါင်းစုံဆုတောင်းပွဲတွေနဲ့ပတ် သက်ပြီး ကြေညာချက်ထုတ်တာလည်း တွေ့ရပါတယ်ဘုရား။ အဲဒီကြေညာ ချက်အပေါ် အရှင်ဘုရားရဲ့သဘောထား က ဘယ်လိုများဖြစ်မလဲဘုရား။
ဖြေ – သူတို့ပြောနေတဲ့ စကားတစ် ခွန်းရှိတယ်လေ။ ဒီမိုကရေဆိုတာ လူ များစုရဲ့ ဆန္ဒကို အကောင်အထည်ဖော် တဲ့ နိုင်ငံရေးစနစ်ပေါ့နော်။ လူများစုရဲ့ ဆန္ဒကို လေးစားတဲ့ တန်ဖိုးထားတဲ့ နိုင် ငံရေးစနစ်ပေါ့။
အဲဒါဆိုရင် မြန်မာပြည်မှာ လူများ စုကိုးကွယ်တာက ဗုဒ္ဓဘာသာ။ ဗုဒ္ဓ ဘာသာဝင်တွေကိုပဲ ဦးစားပေးရမယ်၊ ဦးထိပ်ထားရမယ် ဒီသဘောမျိုး ရှိတာ ပေါ့လေ။ ဒါပေမယ့် အိမ်ရှင်အခွင့်အ ရေးကို ဖဲ့ထုတ်ချင်တဲ့သူတွေကလည်း အတင်းတောင်းဆိုနေတယ်၊ နောက် တန်းတူညီမျှရေး၊ တန်းတူအခွင့်အရေး ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုင်ပြီးတော့လည်း ပဲ တွန်းတွန်းတိုက်တိုက် လုယူနေတဲ့သူ တွေလည်း ရှိတယ်။ ဒါကိုပဲ နိုင်ငံရေး သမားတွေက အဟုတ်ကြီးထင်ပြီးတော့ ဘာသာ သာသနာကို တန်ဖိုးမထားဘဲ အိမ်ရှင်အခွင့်အရေးကို ဖဲ့ထုတ်ပြီးပေးဖို့ စီစဉ်နေတာလည်း တွေ့ရတာပေါ့နော်။
ဒါတွေကြောင့် ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီးကြေညာလိုက် တာဟာ အစိုးရကို သတိပေးပြီးသား ဖြစ်သလို အခြားအခြားသော ဘာသာ ဝင်တွေကိုလည်း အသိပေးပြီးသား ဖြစ် သွားတာပေါ့နော့်။

မေး – ဒီချုပ်က တလောက ဖြစ်သွား တဲ့ ငုံးဥပြုတ်ရောင်းတဲ့ အမျိုးသားကြီး ကို ဒီချုပ်က ခေါ်ယူပြီး ငွေကြေး ထောက်ပံ့တာတွေ့ရပါတယ်။ တပည့် တော်သိချင်တာက ခု အရှင်ဘုရားတို့ ရောက်နေတဲ့ရခိုင်မှာရှိတဲ့ ဒုက္ခသည် တွေရော အကူအညီတွေ မလိုအပ် တော့ဘူးလားဘုရား။ တကယ်လို့ လို အပ်မှုတွေရှိနေသေးတယ်ဆိုရင် ဘာ ကြောင့် ရခိုင်က တိုင်းရင်းသားတွေ ထက် ဒီ ငုံးဥပြုတ်သည်ကြီးကို အကူ အညီပေးနေတယ်လို့ ထင်ပါသလဲဘုရား။
ဖြေ – NLD ပါတီကိုရော၊ NLDခေါင်း ဆောင်တွေကိုရော ဦးဇင်းတို့ မော်စကို ကပြန်လာကတည်းကို အနီးကပ်ကော အဝေးကနေရော အမြဲတမ်းစောင့်ကြည့် ခဲ့တာပေါ့နော်။ တောင်ကုတ်လို ကိုယ့် ဘက်က လွန်ခဲ့တာတွေဆိုလို့ရှိရင် တကယ့်ကို အားမနာတမ်း ပြောတာ တွေ့ရပြီး သီတာထွေးသေတာမျိုးကျ တော့ သူတို့က နှုတ်ဆိတ်နေတတ်ပြန် တယ်။
နောက်တစ်ခု ၂ဝ၁၂ ဇွန်လ ၈ ရက်နေ့ အရေးအခင်းဖြစ်တော့လည်း အကြမ်းဖက်မှုကို ရှုတ်ချတာမျိုး၊ အ ကြမ်းဖက်ခံသူတွေကို စာနာအားပေး စကားပြောတာမျိုး၊ အကြမ်းဖက်ခံရတဲ့ ပြည်သူတွေအတွက် အလှူခံဌာနတွေ ဖွင့်ပြီး လှူဒါန်းထောက်ပံ့တာမျိုး မတွေ့ ခဲ့ဘူး။
အဲဒီလိုပဲ ၂ဝ၁၇ ဖြစ်တော့လည်း အစိုးရအနေနဲ့ သတင်းတွေသာ ထုတ် ပြန်ခဲ့ပေမယ့် အာဏာရပါတီတစ်ရပ် အနေနဲ့ အကြမ်းဖက်မှုကိုရှုတ်ချတဲ့ကြေ ညာချက်မထုတ်ဘူး၊ အကြမ်းဖက်ခံရ သူတွေကို အားပေးစကားမပြောဘူး၊ အကြမ်းဖက်ခံရတဲ့ပြည်သူတွေအတွက် အလှူခံဌာနဖွင့်ပြီး ကိုယ်တိုင်ဦးဆောင် အလှူခံတာမျိုး၊ သွားရောက်လှူဒါန်း တာမျိုးလည်း ဦးဇင်းတို့ သိရသလောက် မရှိခဲ့ဘူးပေါ့။
ဆိုတော့ အဲဒီပါတီဟာ အာဏာရ လို့သာရခဲ့တာ သူ့ရဲ့ရပ်တည်ချက်က တော့ တိုင်းရင်းသားတွေဘက်မှာ မရှိ ဘူးလို့ ဦးဇင်းက သုံးသပ်လိုပါတယ်။
နောက်တစ်ခုက သူတို့တစ်တွေ ဟာ နှစ်ပေါင်းအစိတ်လောက် အတိုက် အခံဘဝနဲ့ ကြီးပြင်းခဲ့ရတာဆိုတော့ သူ တို့တစ်တွေမှာလည်း အတိုက်အခံအ ကျင့်တွေ၊ အတိုက်အခံÓာဉ်တွေဟာ ခေါက်ရိုးကျိုးသလို ဖြစ်နေတာပေါ့နော်။ ဒါကြောင့်မို့ အရင်တုန်းက မကျေမနပ် ဖြစ်လို့ အစိုးရကို ရွဲ့ခဲ့၊ ပဲ့ခဲ့တာတွေ ဟာ၊ ဒီကနေ့ သူတို့ မကျေမနပ်ဖြစ် တဲ့ သံဃာတော်တွေကို ရွဲ့ပဲ့ပြီးတော့ မေတ္တာရှိသယောင်၊ ကရုဏာရှိသယောင် စာနာသယောင်၊ လူ့အခွင့်အရေးကို တန်ဖိုးထားသယောင်၊ ဥပဒေကို တန် ဖိုးထားသယောင် လုပ်ပြတာပေါ့နော်။
ဒါကြောင့်မို့ သူတို့ကို မေးချင်တာ က သံဃာတော်တွေကို အရွဲ့တိုက်ပြီး အဲဒီလို ဆန့်ကျင်ဘက်လုပ်နေတာဟာ အာဏာတည်မြဲရေးအတွက် ဘယ် လောက် အကျိုးအမြတ်ရနိုင်သလဲ။ အာ ဏာရပါတီတစ်ရပ်လုံးအနေနဲ့ ဒီလို အကျင့်ဟောင်း Óာဉ်ဟောင်းတွေနဲ့ ရွဲ့ ပဲ့တာဟာ ဖြစ်သင့်သလားလို့ မေးလိုက် ချင်တာပေါ့ကွာ။

မေး – ဒီတစ်ပတ်အမျိုးသားရေးသမား တွေအတွက် သြဝါဒမိန့်ပေးပါဦးဘုရား။
ဖြေ – မုန်တိုင်းပြီးရင် လေပြေလာ တယ်ဆိုတဲ့ ဆိုရိုးစကားရှိတာပေါ့နော်။ အမျိုးသားရေးသမားတွေရဲ့ အာဏာရ အစိုးရဟာ ဘယ်လောက်အထိ မုန်တိုင်း ထန်မလဲ။ ကြိုက်သလောက်ထန်နေပါ စေ၊ အလွန်ဆုံး ၂ဝ၂ဝ အထိပါပဲ။
၂ဝ၂ဝ ပြီးခဲ့သည်ရှိသော် သို့မ ဟုတ် ၂ဝ၂ဝ မတိုင်ခင်မှာပဲ အမျိုးသား ရေးသမားတွေအတွက် လေပြည်လေ ညှင်းလေးတွေဟာ ကျရောက်လာတော့ မှာဖြစ်လို့ အားတင်းထားဖို့ တိုက်တွန်းပါ တယ်။

ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်