Daily Archives: October 21, 2017

သတင်း

စာဝါပြန်ချနေပါပြီ

တန်ဆောင်မုန်းလဆန်း(၁)ရက် 20.10.2017 ရက်နေ့ ညနေ ၄း၀၀ နာရီ ဋီကာကျော်စာဝါပါ။ သီတင်းကျွတ် ကျောင်းပိတ်ရက် စာဝါပိတ်ထားရာမှ ပြန်လည် ပို့ချခြင်းဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်ကျော် (၉)ရက်နေ့မှာ ကျောင်းများ ပြန်ဖွင့်သော်လည်း စာရေးသူက ရခိုင်ပြည်သို့ ရောက်ရှိနေသဖြင့် ပြန်ရောက်လာမှ ပို့ချရခြင်းဖြစ်ပါတယ်။ စာသင်တန်းသမားတွေ စာဝါလိုက်ကြပါတယ်။
သတင်း

တွစ်တာအကောင့်ဖွင့်လှစ်ပြီးပါပြီ

တွစ်တာအကောင့်ဖွင့်လှစ်ပြီးပါပြီ။ ပေါ့ပေါ့ပါးပါးလေးတွေပဲ တင်မှာပါ။ အမဲနဲ့အရဲတွေ သိပ်ကြောက်တဲ့ စာတိုလေးတွေကို ENG နဲ့ သီးသန့်တင်ပါမယ်။ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်လို့ပါ။
ဂျာနယ်သတင်းအင်တာဗျူး

မောင်တောရောက် ဆရာတော်ဦးဝီရသူနှင့် ရခိုင်အရေးဆက်သွယ်မေးမြန်းချက်(၂)(နိဂုံး)

မေး – သူက မနေ့က မိန့်ခွန်းထဲမှာ ပြောသွားတာက ပထမအဆင့်က အ ကူအညီပေးရေးနဲ့ ပြန်လည်လက်ခံရေး ပေါ့၊ ဒုတိယအဆင့်မှာ နေရာချထား ရေးနဲ့ ပြန်လည်ထူထောင်ရေး၊ တတိယ အဆင့်မှာက ဒေသဖွံ့ဖြိုးရေးနဲ့ ပဋိပက္ခ ကင်းဝေးရေးဆိုတော့ ပဋိပက္ခတွေ ကင်းဝေးဖို့ဆိုရင် ဘာတွေလုပ်ဖို့လိုမလဲ ဘုရား။ အစိုးရကရော၊ နောက်ပြီးတော့ မွတ်ဆလင်အသိုင်းအဝိုင်းကရော။ ဖြေ – အဲဒါကတော့ အစိုးရလုပ်ပေးရ မှာက မွတ်ဆလင်တွေက ဌာနေတိုင်း ရင်းသားနဲ့ ဟိန္ဒူဗုဒ္ဓဘာသာဝင်တွေကို ဘယ်နည်းနဲ့မှ ကျူးကျော်ခွင့်မရအောင် သူတို့အတွက် သီးသန့်နေရာလုပ်ပေး ...
သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၃)

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက်အတွင်းရှိ ရခိုင်ဒုက္ခသည်စခန်းသို့ ရောက်ရှိကြပါတယ်။ မူလက ၃၉၈ ဦးအထိရှိသော်လည်း အခု ၁၀၀ ကျော်ပဲရှိပါတော့တယ်။ ဒီနေ့မနက်တင် ကားသုံးစီးနှင့် ပြန်သွားကြသူများ ရှိတယ်လို့ ဆိုပါတယ်။ အိမ်ခြေ ၃၅ ခုရှိပြီး မောရဝတီ၊ သရေကုန်ဘောင်၊ ခရေမြိုင်၊ ဥဒေါင်းစတဲ့ မောင်တောတောင်ပိုင်းမှ ရွာသူရွာသားများ လာရောက်ခိုလှုံကြတာပါ။ လှူဒါန်းပေးကမ်းဖို့ စီစဉ်နေချိန်မှာပဲ အသက် ၆၄ နှစ်အရါယ် ရခိုင်အမျိုးသမီးကြီးတစ်ဦးက ငိုယိုလျှောက်ထားလာပါတယ်။ အမည်က ဒေါ်ညွန့်စိန်ဖြစ်ပြီး မောင်တောမြို့အမှတ်၃ရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။ သူမရဲ့ မြေး ...
ဂျာနယ်သတင်းအင်တာဗျူး

မောင်တောရောက် ဆရာတော်ဦးဝီရသူနှင့် ရခိုင်အရေးဆက်သွယ်မေးမြန်းချက်(၁)

ဆရာတော်ဦးဝီရသူနဲ့ အင်တာဗျူးတွေကို မြန်မာ့ဥဒါန်းဂျာနယ်မှာ အပတ်စဉ်ဖော်ပြပေးခဲ့ပြီး လတ်တလောဖြစ်ပေါ် နေတဲ့သတင်းတွေကို ဆရာတော်ရဲ့ သုံးသပ်ချက်တွေနဲ့ ဆက်စပ်မြင်နိုင်ဖို့ အဓိကဦးစားပေးဖော်ပြခဲ့ပါတယ်။ ဒီတစ် ပတ်မှာတော့ ဆရာတော်ဦးဝီရသူဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို တတိယအကြိမ်အဖြစ် ရောက်ရှိနေတာကြောင့် ရခိုင်အရေးကိုပဲ အဓိကထားဦးစားပေး မေးမြန်းဖြစ်ခဲ့ပြီး ဆရာတော်နဲ့ မေးမြန်းဆွေးနွေးထားသမျှကို ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်။ မေး – ရခိုင်ခရီးစဉ် တတိယအကြိမ်အဖြစ်သွားရောက်နေတယ်လို့ သိရပါတယ်ဘုရား။ ဘယ်တွေသွားပြီး ဘာကူညီမှု တွေလုပ်မယ်ဆိုတာကို အကြမ်းဖျင်းလေး ပြောပြပေးပါဦးဘုရား။ ဖြေ – အဓိကကတော့ မောင်တောဒေသကိုပါပဲ။ မောင်တောမှာ ရိက္ခာပြတ်လပ်နေတဲ့ ...