သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၃)

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက်အတွင်းရှိ ရခိုင်ဒုက္ခသည်စခန်းသို့ ရောက်ရှိကြပါတယ်။ မူလက ၃၉၈ ဦးအထိရှိသော်လည်း အခု ၁၀၀ ကျော်ပဲရှိပါတော့တယ်။ ဒီနေ့မနက်တင် ကားသုံးစီးနှင့် ပြန်သွားကြသူများ ရှိတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၃၅ ခုရှိပြီး မောရဝတီ၊ သရေကုန်ဘောင်၊ ခရေမြိုင်၊ ဥဒေါင်းစတဲ့ မောင်တောတောင်ပိုင်းမှ ရွာသူရွာသားများ လာရောက်ခိုလှုံကြတာပါ။ လှူဒါန်းပေးကမ်းဖို့ စီစဉ်နေချိန်မှာပဲ အသက် ၆၄ နှစ်အရါယ် ရခိုင်အမျိုးသမီးကြီးတစ်ဦးက ငိုယိုလျှောက်ထားလာပါတယ်။ အမည်က ဒေါ်ညွန့်စိန်ဖြစ်ပြီး မောင်တောမြို့အမှတ်၃ရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။ သူမရဲ့ မြေး အသက် ၂၂ နှစ်အရွယ် လူငယ်လေးတစ်ယောက် ၂၅ ရက်နေ့ နေ့ခင်းပိုင်းမှာ အသတ်ခံလိုက်ရတာပါ။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ အလုပ်သမားလေးတစ်ဦးဖြစ်ပြီး မောင်တောသို့လာရောက်စဉ် မြို့သူကြီးရွာရှေ့မှာ ဘင်္ဂလီတွေနှင့်တွေ့ပြီး ဆိုင်ကယ်ရောလူပါ ဖမ်းဆီးခံလိုက်ရပြီး အသတ်ဖြတ်ခံရပုံ ရုပ်သံဖိုင်တက်လာမှ အတည်ပြုနိုင်ခဲ့တာပါ။
နောက်ပြန်ကြိုးတုပ်ထားကာ လည်လှီးသတ်ကြတာကို အဖွားဖြစ်သူ ဒေါ်ညွန့်စိန်ကိုယ်တိုင် ဖေ့စ်ဘွတ်ခ်မှာ ကြည့်လိုက်ရတာလို့ ဆိုပါတယ်။

သူမက မြေးလေးကို မြောက်သားဟု ခေါ်ဆိုပြီး မြောက်သားရဲ့ မိသားစုကတော့ မြောက်ဦးမြို့မှာ ခိုလှုံနေတယ်လို့ ဆိုပါတယ်။ မောင်တောကို မပြန်ချင်ဘူး။ ကုလားသတ်မှာ ကြောက်လို့ပါဟု ငိုယိုလျှောက်ထားနေတာပါ။ ကုလားအသတ်မခံရအောင် ဘုရားတရားလုပ်ဖို့ တိုက်တွန်းကာ မောင်တောအခြေအနေအရ နောက်တစ်ခါ ဒီလိုမျိုးပြန်ဖြစ်မလာနိုင်တော့ကြောင်း နှစ်သိမ့်အားပေးခဲ့ပါတယ်။

အိမ်ထောင်စု ၃၅ စုအား တစ်သောင်းကျပ်စီ၊ (၃၅၀၀၀၀)၊ တစ်နေ့တာ အာဟာရအတွက် ၃၀၀၀၀၀ စုစုပေါင်း ၆၅၀၀၀၀ ဖြစ်ပါတယ်။ မန်းမဘသအဖွဲ့၏ တတိယမြောက် ကုသိုလ်တော်ဖြစ်ပါတယ်။