သတင္း

ဘဂၤလားေဒ့ရွ္မွ ေဆြေတာ္မ်ဳိးေတာ္မ်ား လာေရာက္ဖူးေျမာ္

3.2018 ရက္ေန႔ ညေန ၅း၀၀ နာရီ ဓမၼသဟာယေက်ာင္းသုိ႔ ေရာက္ရွိလာတာပါ။ ေရႊျပည္သာၿမဳိ႕နယ္ ဦးကဝိေသ႒ဦးေဆာင္တဲ့ အဖြဲ႕ပါ။ ဘဂၤလားေဒ့ရွ္ႏုိင္ငံ စစ္တေကာင္းေတာင္တန္းမွေနၾကတဲ့ ဗုဒၶဘာသာဝင္ ဒုိင္းနက္ သက္ မရမာႀကီး လူမ်ဳိးေတြပဲ ျဖစ္ပါတယ္။ အႏၲရာယ္ၾကားမွာ ေနရသူေတြျဖစ္လုိ႔ အၿမဲတမ္း သရဏဂုံတင္ထားတယ္လုိ႔ ဆုိပါတယ္။

အမ်ဳိးသမီးတစ္ေယာက္ကေတာ့ စာေရးသူကုိ ဖူးခြင့္ရတာ အင္မတန္ကံေကာင္းတယ္ဘုရားလုိ႔ ဗမာလုိ႔ မပီတပီေလး ေလွ်ာက္ထားလာပါတယ္။ ဘယ္အခ်ိန္ မီးလာရႈိ႕မလဲ၊ ဘယ္အခ်ိန္ လာလည္လွီးမလဲ ရင္တမမနဲ႔ ေၾကာင့္ၾကေနရတဲ့ ေဆြေတာ္မ်ဳိးေတာ္ေတြပါ။

ဘဂၤလားလုပ္ လက္ျဖစ္ ယပ္ေတာင္ေလးလည္း လွဴသြားပါေသးတယ္။ ကုိရီးယားေက်ာင္းအမႀကီးမိသားစုက သံဃာေတာ္မ်ားအား က်မ္းစာအုပ္မ်ား လွဴဒါန္းခ်ိန္နဲ႔ႀကဳံေနလုိ႔ သူတုိ႔တေတြလည္း လုပ္အားဒါနအျဖစ္ ဝင္ေရာက္ ေလာင္းလွဴေပးသြားပါေသးတယ္။

ဒီလုိသံဃာအမ်ားႀကီးတစ္ခါမွ မဖူးခဲ့ရဘူးလုိ႔ေျပာပါတယ္။ သံဃာေတာ္ေတြ ဖူးရလုိ႔ ဝမ္းသာေနၾကပါတယ္။ ေဆြေတာ္မ်ဳိးေတာ္မ်ား အႏၲရာယ္ကင္းပါေစ။

 

“ဘင်္ဂလားဒေ့ရှ်မှ ဆွေတော်မျိုးတော်များ လာရောက်ဖူးမြော်”

.3.2018 ရက်နေ့ ညနေ ၅း၀၀ နာရီ ဓမ္မသဟာယကျောင်းသို့ ရောက်ရှိလာတာပါ။ ရွှေပြည်သာမြို့နယ် ဦးကဝိသေဋ္ဌဦးဆောင်တဲ့ အဖွဲ့ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းမှနေကြတဲ့ ဗုဒ္ဓဘာသာဝင် ဒိုင်းနက် သက် မရမာကြီး လူမျိုးတွေပဲ ဖြစ်ပါတယ်။ အန္တရာယ်ကြားမှာ နေရသူတွေဖြစ်လို့ အမြဲတမ်း သရဏဂုံတင်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသမီးတစ်ယောက်ကတော့ စာရေးသူကို ဖူးခွင့်ရတာ အင်မတန်ကံကောင်းတယ်ဘုရားလို့ ဗမာလို့ မပီတပီလေး လျှောက်ထားလာပါတယ်။ ဘယ်အချိန် မီးလာရှို့မလဲ၊ ဘယ်အချိန် လာလည်လှီးမလဲ ရင်တမမနဲ့ ကြောင့်ကြနေရတဲ့ ဆွေတော်မျိုးတော်တွေပါ။

ဘင်္ဂလားလုပ် လက်ဖြစ် ယပ်တောင်လေးလည်း လှူသွားပါသေးတယ်။ ကိုရီးယားကျောင်းအမကြီးမိသားစုက သံဃာတော်များအား ကျမ်းစာအုပ်များ လှူဒါန်းချိန်နဲ့ကြုံနေလို့ သူတို့တတွေလည်း လုပ်အားဒါနအဖြစ် ဝင်ရောက် လောင်းလှူပေးသွားပါသေးတယ်။

ဒီလိုသံဃာအများကြီးတစ်ခါမှ မဖူးခဲ့ရဘူးလို့ပြောပါတယ်။ သံဃာတော်တွေ ဖူးရလို့ ဝမ်းသာနေကြပါတယ်။ ဆွေတော်မျိုးတော်များ အန္တရာယ်ကင်းပါစေ။