သတင်း





 

“ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းလောင်းပွဲ”

တပေါင်းလပြည့် 1.3.2018 ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ မန္တလေးတိုင်း အမရပူရမြို့နယ် မြင်တော်ရွာ ရွှေမြင်တော်စေတီဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် စာရေးတံမဲ လောင်းလှူပွဲပါ။ ဦးစီးကျင်းပတာက မန်း မဘသ တွဲဘက်အတွင်းရေးမှူးဒုတ်ရဲဆရာတော် ဘဒ္ဒန္တဇဋိလဖြစ်ပါတယ်။

မန်း မဘသ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးဘဒ္ဒန္တကုသလအမှူးပြုသော ဝိုင်းတော်သားများ ကြွရောက်ကြပါတယ်။
အခြားပင့်သံဃာများလည်း ကြွရောက်ကြပါတယ်။ ရွာသူရွာသားတွေကတော့ ဆရာတော်သံဃာတော်များကို ဖူးမြော်ပူဇော်ရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာပါ။

စာရေးသူလည်း ဒီတစ်ပွဲတော့ ဝင်နွှဲလိုက်ပါတယ်။ စာရေးသူရောက်လာလို့ဆိုပြီး သတင်းယူရတဲ့လူတွေ သတင်းပို့ရတဲ့လူတွေ အလုပ်ရှုပ်ကုန်တာတော့ တွေ့ရပါတယ်ဗျာ။