သတင္း

၂၀၁၈ ဒြါဒသမဓမၼသဘင္/ ေက်ာက္ပန္းေတာင္း၊ ေက်ာက္ပံုရြာတရားပြဲ

11.4.2018 ရက္ေန႔၊ ညေနပိုင္းမွာ ေညာင္ဦးေလဆိပ္မွ ေက်ာက္ပန္းေတာင္ၿမဳိ႕၊ ရာဇမုနိေက်ာင္းတုိက္သို႔ ေရာက္ရွိပါတယ္။

ရာဇမုနိေက်ာင္းမွ ဦးသုစိတၱ လာေရာက္ႀကဳိဆုိတာပါ။ ရာဇမုနိဆရာေတာ္ႀကီးကို ဖူးေျမာ္ပူေဇာ္ၿပီး ခဏနားကာ ေက်ာက္ပံုရြာသုိ႔ ထြက္ခြာခဲ့ပါတယ္။

ေက်ာက္ပံုရြာဆိုတာ မိတၳီလာႏွင့္ နီးတဲ့ေက်ာက္ပံု(ေျမာက္)ရြာကို ဆိုလိုတာပါ။ ရြာမေရာက္ခင္ ႀကဳိဆိုေနၾကေသာ အရင္ေရာက္ႏွင့္ေနသည့္ တပည့္ေလးမ်ားက ရြာရဲ႕အေျခအေနကို ေျပာျပပါတယ္။

ရြာမွာ ဘုန္းႀကီးေက်ာင္းသံုးေက်ာင္းလံုး မညီညြတ္ၾကပါ။ NLD ပါတီအတြင္းလည္း သေဘာထားကြဲလြဲေနၾကပါတယ္။ ရြာသူရြာသားေတြလည္း သံုးစုကြဲေနပါတယ္။

ဒီရြာေလာက္ကြဲျပားတာမ်ဳိး ဘယ္မွာမွ မရွိႏိုင္ဘူးလို႔ ရြာခံတစ္ဦးက ေလွ်ာက္ပါတယ္။ ေက်ာက္ပန္းေတာင္းသားေတြကေတာ့ ထုံးစံအတုိင္း လုိင္းေပၚမွာ ေအာ္ၾကဟစ္ၾက ဆူညံၾကနဲ႔ ဝိုင္းကန္႔ကြက္ေနၾကတာပါ။

ခြင့္ျပဳခ်က္က်ၿပီးသားကိုလည္း ျပန္ရုပ္သိမ္းခုိင္းလုိခုိင္း၊ ခြင့္ျပဳခ်က္မက်ခင္လည္း တားဆီးလို႔တားဆီးၾကနဲ႔ အကုသုိလ္မေၾကာက္ ငရဲမေၾကာက္တဲ့ ယုတ္မာသူေတြပါ။

ရြာနဲ႔လုိက္ဖက္ေအာင္ သာရဏီယတရားေျခာက္ပါး ေဟာၾကားခဲ့ပါတယ္။ ေလာကၿငိမ္းခ်မ္း နိဗၺာန္လမ္း တရားအမည္ႏွင့္ ေဟာၾကားခဲ့တာပါ။ တရားပြဲပင့္တဲ့သူေတြက ေက်းရြာ NLD ပါတီဝင္တစ္ဦးႏွင့္ ေက်ာင္းထိုင္ဆရာေတာ္ေလးတစ္ပါးပါ။

သူတို႔ေလးေတြကေတာ့ တရားပြဲပင့္ရက်ဳိးနပ္တယ္၊ ေက်းရြာမွာ ျဖစ္ပ်က္ေနတာေတြႏွင့္ ကိုက္ညီတယ္၊ ပယ္စရာတစ္ခြန္းမွမပါဘူး။ အကုန္ အဆီအႏွစ္ေတြခ်ည္းပဲဆိုၿပီး ဝမ္းသာအားရ ေပ်ာ္ရႊင္ေနၾကပါတယ္။ တရားေဟာေနခ်ိန္မွာ ေလာက္စာလံုးခန္႔ရွိတဲ့ ခဲသံုးလံုး က်လာပါတယ္။

တရားနာပရိသတ္ေတြနား က်လာတာက တစ္လံုး၊ တရားပြဲမ႑ပ္နား က်လာတာက တစ္လံုး၊ သစ္ပင္ေပၚမွ မ႑ပ္ေပၚ က်လာတာက တစ္လံုး အားလံုး သံုးလုံုးပါ။ ေလးခြနဲ႔ ပစ္ပံုရပါတယ္။

ေလးခြပစ္ႏိုင္ေလာက္တဲ့ေနရာမွာ လံုၿခဳံေရးေတြခ်ထားတာျဖစ္လို႔ အေဝးႀကီးမွ ပစ္ပံုရပါတယ္။ တရားပြဲက်င္းပတာကို မေက်နပ္လို႔ပစ္တာလား၊ တရားေဟာဓမၼကထိကကို မေက်နပ္လို႔ပစ္တာလား မသိပါ။

တရားနာပရိသတ္ကေတာ့ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ နာၾကားေနပံုရပါတယ္။ တရားပြဲသြားရင္ ဘာလုပ္မယ္ ညာလုပ္မယ္ ၿခိမ္းေျခာက္ထားတာေၾကာင့္လည္းေကာင္း၊ တရားပြဲပ်က္သြားၿပီလုိ႔ ဝါဒျဖန္႔ထားတာေၾကာင့္လည္းေကာင္း ေဟာခါနီးအထိ ၿမဳိ႕တက္လက္မွတ္ထိုး အာမခံတာဝန္ယူေနရလုိ႔ က်ယ္က်ယ္ျပန္႔ျပန္႔ မေၾကညာႏိုင္တာေၾကာင့္လည္းေကာင္း ပရိသတ္အင္မတန္နည္းပါတယ္။

ပရဟိတအဖြဲ႔ လူငယ္လူရြယ္မ်ားကလည္း လံုၿခဳံေရးတာဝန္ယူေနရလုိ႔ တရားမနာယူႏိုင္ၾကပါဘူး။ ဒါေၾကာင့္ အမ်ဳိးသမီးပရိသတ္ႏွင့္ ကေလးအနည္းငယ္ အမ်ဳိးသားအနည္းငယ္ေလာက္ပဲ ရွိပါတယ္။ ေက်ာက္ပန္းေတာင္းေရ ေနာက္ထပ္လည္းေဟာခ်င္ပါေသးတယ္ဗ်ာ။

 

“၂၀၁၈ ဒွါဒသမဓမ္မသဘင်/ ကျောက်ပန်းတောင်း၊ ကျောက်ပုံရွာတရားပွဲ”

11.4.2018 ရက်နေ့၊ ညနေပိုင်းမှာ ညောင်ဦးလေဆိပ်မှ ကျောက်ပန်းတောင်မြို့၊ ရာဇမုနိကျောင်းတိုက်သို့ ရောက်ရှိပါတယ်။
ရာဇမုနိကျောင်းမှ ဦးသုစိတ္တ လာရောက်ကြိုဆိုတာပါ။

ရာဇမုနိဆရာတော်ကြီးကို ဖူးမြော်ပူဇော်ပြီး ခဏနားကာ ကျောက်ပုံရွာသို့ ထွက်ခွာခဲ့ပါတယ်။ ကျောက်ပုံရွာဆိုတာ မိတ္ထီလာနှင့် နီးတဲ့ကျောက်ပုံ(မြောက်)ရွာကို ဆိုလိုတာပါ။ ရွာမရောက်ခင် ကြိုဆိုနေကြသော အရင်ရောက်နှင့်နေသည့် တပည့်လေးများက ရွာရဲ့အခြေအနေကို ပြောပြပါတယ်။

ရွာမှာ ဘုန်းကြီးကျောင်းသုံးကျောင်းလုံး မညီညွတ်ကြပါ။ NLD ပါတီအတွင်းလည်း သဘောထားကွဲလွဲနေကြပါတယ်။ ရွာသူရွာသားတွေလည်း သုံးစုကွဲနေပါတယ်။ ဒီရွာလောက်ကွဲပြားတာမျိုး ဘယ်မှာမှ မရှိနိုင်ဘူးလို့ ရွာခံတစ်ဦးက လျှောက်ပါတယ်။

ကျောက်ပန်းတောင်းသားတွေကတော့ ထုံးစံအတိုင်း လိုင်းပေါ်မှာ အော်ကြဟစ်ကြ ဆူညံကြနဲ့ ဝိုင်းကန့်ကွက်နေကြတာပါ။
ခွင့်ပြုချက်ကျပြီးသားကိုလည်း ပြန်ရုပ်သိမ်းခိုင်းလိုခိုင်း၊ ခွင့်ပြုချက်မကျခင်လည်း တားဆီးလို့တားဆီးကြနဲ့ အကုသိုလ်မကြောက် ငရဲမကြောက်တဲ့ ယုတ်မာသူတွေပါ။

ရွာနဲ့လိုက်ဖက်အောင် သာရဏီယတရားခြောက်ပါး ဟောကြားခဲ့ပါတယ်။ လောကငြိမ်းချမ်း နိဗ္ဗာန်လမ်း တရားအမည်နှင့် ဟောကြားခဲ့တာပါ။

တရားပွဲပင့်တဲ့သူတွေက ကျေးရွာ NLD ပါတီဝင်တစ်ဦးနှင့် ကျောင်းထိုင်ဆရာတော်လေးတစ်ပါးပါ။ သူတို့လေးတွေကတော့ တရားပွဲပင့်ရကျိုးနပ်တယ်၊ ကျေးရွာမှာ ဖြစ်ပျက်နေတာတွေနှင့် ကိုက်ညီတယ်၊ ပယ်စရာတစ်ခွန်းမှမပါဘူး။ အကုန် အဆီအနှစ်တွေချည်းပဲဆိုပြီး ဝမ်းသာအားရ ပျော်ရွှင်နေကြပါတယ်။

တရားဟောနေချိန်မှာ လောက်စာလုံးခန့်ရှိတဲ့ ခဲသုံးလုံး ကျလာပါတယ်။ တရားနာပရိသတ်တွေနား ကျလာတာက တစ်လုံး၊ တရားပွဲမဏ္ဍပ်နား ကျလာတာက တစ်လုံး၊ သစ်ပင်ပေါ်မှ မဏ္ဍပ်ပေါ် ကျလာတာက တစ်လုံး အားလုံး သုံးလုံးပါ။
လေးခွနဲ့ ပစ်ပုံရပါတယ်။

လေးခွပစ်နိုင်လောက်တဲ့နေရာမှာ လုံခြုံရေးတွေချထားတာဖြစ်လို့ အဝေးကြီးမှ ပစ်ပုံရပါတယ်။ တရားပွဲကျင်းပတာကို မကျေနပ်လို့ပစ်တာလား၊ တရားဟောဓမ္မကထိကကို မကျေနပ်လို့ပစ်တာလား မသိပါ။ တရားနာပရိသတ်ကတော့ ကြောက်ကြောက်လန့်လန့်နဲ့ နာကြားနေပုံရပါတယ်။

တရားပွဲသွားရင် ဘာလုပ်မယ် ညာလုပ်မယ် ခြိမ်းခြောက်ထားတာကြောင့်လည်းကောင်း၊ တရားပွဲပျက်သွားပြီလို့ ဝါဒဖြန့်ထားတာကြောင့်လည်းကောင်း ဟောခါနီးအထိ မြို့တက်လက်မှတ်ထိုး အာမခံတာဝန်ယူနေရလို့ ကျယ်ကျယ်ပြန့်ပြန့် မကြေညာနိုင်တာကြောင့်လည်းကောင်း ပရိသတ်အင်မတန်နည်းပါတယ်။

ပရဟိတအဖွဲ့ လူငယ်လူရွယ်များကလည်း လုံခြုံရေးတာဝန်ယူနေရလို့ တရားမနာယူနိုင်ကြပါဘူး။ ဒါကြောင့် အမျိုးသမီးပရိသတ်နှင့် ကလေးအနည်းငယ် အမျိုးသားအနည်းငယ်လောက်ပဲ ရှိပါတယ်။ ကျောက်ပန်းတောင်းရေ နောက်ထပ်လည်းဟောချင်ပါသေးတယ်ဗျာ။