သတင်း
“စာဖြေသံဃာတော်များ အရုဏ်ဆွမ်းအလှူရှင်”
မစိုးရိမ်တိုက်သစ် စာသင်သားသံဃာတော်များ အစိုးရစာမေးပွဲကြီး ဖြေဆိုရက်တွေမှာ ကျောင်းတိုက်ရံပုံငွေဖြင့် နေ့ဆွမ်းဆက်ကပ်လေ့ရှိပါတယ်။ အရုဏ်ဆွမ်းအလှူရှင်သီးသန့်မရှိပါ။ နေ့ဆွမ်းရော အရုဏ်ဆွမ်းပါ ပြင်ဆင်ရမည်ဆိုလျှင်လည်း ဝေယျာဝစ္စမနိုင်ပါ။
ထို့ကြောင့် စာဖြေသံဃာတော်များအတွက် အရုဏ်ဆွမ်းလိုအပ်လျက် ရှိပါတယ်။ စာရေးသူ လူ့ပြည်ပြန်ရောက်ကတည်းက စာဖြေသံဃာတော်များအတွက် မနက်အစောစာ အရုဏ်ဆွမ်းကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်ကပ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ထူးထူးခြားခြားပါပဲ။
တစ်မနက်စာအလှူရှင်များ တနိုင်တပိုင်အလှူရှင်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ကျန်တာကို စာရေးသူရဲ့ ဓမ္မပူဇာအလှူငွေများဖြင့် ဖြည့်စွက်လှူဒါန်းပါတယ်။ ဒီလ ၂၁ ရက်နေ့ဆိုရင် ဓမ္မာစရိယစာမေးပွဲများ စပါမယ်။ စာဖြေသံဃာအားလုံးကိုတော့ နေ့စဉ်မလှူနိုင်ပါ။
စာဖြေရက်မှာ စာဖြေမည့် စာသင်သားသံဃာများကိုသာ ရည်ရွယ်လှူဒါန်းနိုင်ပါတယ်။ ဥပမာ စာချတန်းဖြေလျှင် ပထမပြန်သံဃာများကို ဆွမ်းမကပ်နိုင်ပါ။ စာချတန်းသံဃာများကိုသာ ဆွမ်းကပ်နိုင်ပါမယ်။ ဒီနှစ်လည်း ပုံမှန်အတိုင်းပဲ မုန့်ဟင်းခါး မုန့်တီ ခေါက်ဆွဲ ကြာဇံ လဘက်ရည် ပလာတာ စသည် တစ်နေ့တစ်မျိုး မထပ်ရအောင် ဆက်ကပ်သွားမှာပါ။
အခုလောလောဆယ် လှူဒါန်းထားသူများစာရင်းကို အများပြည်သူ သာဓုခေါ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။
၁။ ကိုတင်လင်းအောင် အမှတ်(၇)နယ်ထိန်း ၃၀၀၀၀၀(သုံးသိန်း)ကျပ်
၂။ ဒေါ်မာမာဆွေ ရန်ကုန် ၅၀၀၀၀(ငါးသောင်း)ကျပ်
၃။ ဦးသောင်းထွဋ်+ဒေါ်မြင့်မြင့်စိုး ရန်ကုန် ၁၀၀၀၀၀(တစ်သိန်း)ကျပ်
၄။ ကိုမိုးကို+မခိုင်မာဝင်း မန္တလေး ၅၀၀၀၀(ငါးသောင်း)
၅။ ရွှေမန်းမေ အထည်ဆိုင်မိသားစု မန္တလေး ၇၅၀၀၀(ခုနစ်သောင်းခွဲ)ကျပ်
၆။ ဦးလှိုင်+ဒေါ်ငွေရင် ကြို့ပင်ကောက်မြို့ ၃၀၀၀၀၀(သုံးသိန်း)ကျပ်
၇။ မချို ရမည်းသင်း ၁၀၀၀၀၀(တစ်သိန်း)ကျပ်
၈။ ကိုအေးမင်းငြိမ်း+မမိုးလတ် ရမည်းသင်း ၅၀၀၀၀(ငါးသောင်း)ကျပ်
၉။ မသဒ္ဒါ ရမည်းသင်း ၅၀၀၀၀(ငါးသောင်း)ကျပ်
စုစုပေါင်း ၁,၀၀၇,၀၀၀(ဆယ်သိန်းခုနစ်ထောင်)ကျပ် ဖြစ်သည်။