မန္းမေဟာ္သဓာသတင္း

မန္းမေဟာ္သဓာယဥ္ေက်းလိမၼာ သင္တန္းသုိ႔ ေနာက္တစ္ေခါက္

မန္းမေဟာ္သဓာ ေလာင္းလ်ာေလးေတြထံ 13.3.2018 ရက္ေန႔က ထပ္မံေရာက္ရွိခဲ့ပါတယ္။ မႏၲေလး မ်ဳိးခ်စ္သမဂၢအဖြဲ႕ ဥကၠ႒ဆရာေတာ္ေလး အရွင္ဣႏၵက သင္ၾကားျပသေပးေနတာ ေတြ႕ရပါတယ္။ သူကေတာ့ အလယ္တန္း အထက္တန္း ေက်ာင္းသူေက်ာင္းသားေလးေတြကုိ သင္ၾကားျပသေပးေနတာပါ။

ေနာက္ထပ္ ရဟန္းပ်ဳိတစ္ပါးကေတာ့ ပုသိမ္ႀကီးၿမဳိ႕နယ္ ျမန္ျပည္သာေက်းရြာမွ ျဖစ္ပါတယ္။ ကေလးငယ္ေလးေတြကုိ ထိန္းေက်ာင္းသင္ၾကားေပးေနတာပါ။ ၿပီးတဲ့အခါ မုုန္႔ကေလးေတြ ေဝေပးပါတယ္။ ကေလးမိဘေတြအခ်ဳိ႕လည္း လာေရာက္ေစာင့္ေရွာက္ေနတာ ေတြ႕ရပါတယ္။

ဆရာမ ေဒၚၾကည္ၾကည္ေဆြလည္း ဝုိင္းကူလုပ္အားေပးေနပါတယ္။ မုန္႔လည္း ကုိယ္တုိင္ပဲ နာမည္တစ္ဦးခ်င္းေခၚၿပီး ေဝေပးေနတာ ေတြ႕ရပါတယ္။ မူလက ၇၀ ခန္႔ ခန္႔မွန္းထားေသာ္လည္း အခုေတာ့ ၃၀၀ ေက်ာ္သြားပါၿပီ။ ယာယီတဲထုိးၿပီး သင္ၾကားေပးေနရပါတယ္။

ရာအိမ္မွဴးဦးခင္ေမာင္ျမင့္ႏွင့္အတူ ရပ္မိရပ္ဖေတြကလည္း အားကုိးရပါတယ္။ မန္း မေဟာ္သဓာ ယဥ္ေက်းလိမၼာ ကေလးငယ္ေတြကေတာ့ ေပ်ာ္လုိ႔ရႊင္လုိ႔ပါပဲ။

 

“မန်းမဟော်သဓာယဉ်ကျေးလိမ္မာ သင်တန်းသို့ နောက်တစ်ခေါက်”

မန်းမဟော်သဓာ လောင်းလျာလေးတွေထံ 13.3.2018 ရက်နေ့က ထပ်မံရောက်ရှိခဲ့ပါတယ်။ မန္တလေး မျိုးချစ်သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌဆရာတော်လေး အရှင်ဣန္ဒက သင်ကြားပြသပေးနေတာ တွေ့ရပါတယ်။ သူကတော့ အလယ်တန်း အထက်တန်း ကျောင်းသူကျောင်းသားလေးတွေကို သင်ကြားပြသပေးနေတာပါ။

နောက်ထပ် ရဟန်းပျိုတစ်ပါးကတော့ ပုသိမ်ကြီးမြို့နယ် မြန်ပြည်သာကျေးရွာမှ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေကို ထိန်းကျောင်းသင်ကြားပေးနေတာပါ။ ပြီးတဲ့အခါ မုုန့်ကလေးတွေ ဝေပေးပါတယ်။ ကလေးမိဘတွေအချို့လည်း လာရောက်စောင့်ရှောက်နေတာ တွေ့ရပါတယ်။

ဆရာမ ဒေါ်ကြည်ကြည်ဆွေလည်း ဝိုင်းကူလုပ်အားပေးနေပါတယ်။ မုန့်လည်း ကိုယ်တိုင်ပဲ နာမည်တစ်ဦးချင်းခေါ်ပြီး ဝေပေးနေတာ တွေ့ရပါတယ်။ မူလက ၇၀ ခန့် ခန့်မှန်းထားသော်လည်း အခုတော့ ၃၀၀ ကျော်သွားပါပြီ။ ယာယီတဲထိုးပြီး သင်ကြားပေးနေရပါတယ်။

ရာအိမ်မှူးဦးခင်မောင်မြင့်နှင့်အတူ ရပ်မိရပ်ဖတွေကလည်း အားကိုးရပါတယ်။ မန်း မဟော်သဓာ ယဉ်ကျေးလိမ္မာ ကလေးငယ်တွေကတော့ ပျော်လို့ရွှင်လို့ပါပဲ။