သတင်း

မဟုတ်တရုတ် လုပ်ပြန်ပြီ(၈)

နိုင်ငံခြားသား တရုတ်လူမျိုးက အိမ်အကူ မြန်မာအမျိုးသမီးတစ်ဦးကို အဓမ္မကျင့်တဲ့အမှုပါ။ တရုတ်မုဒိမ်းပေါ့ဗျာ။ ဓမ္မတာနှင့်ဆန့်ကျင်ပြီးကျင့်တာဆိုတော့ ၃၇၆ မဟုတ်တော့ပါဘူး။ ၃၇၇ ဖြစ်သွားပါပြီ။ ရဲစခန်းကလည်း ဖမ်းထားပြီလို့ဆိုပါတယ်။

တရုတ်က ကူမင်းပြည်နယ်ကပါ။ လှိုင်သာယာမှာ အိမ်ငှားနေပါတယ်။ ဗီဇာသက်တမ်းတောင် ပြည့်ပါတော့မယ်။ မပြန်ခင်လေး သေခါနီးရိက္ခာယူတဲ့သဘောနေမှာပေါ့ဗျာ။

ဝီရသွေးအဖွဲ့ကို အကြောင်းကြားထားပါတယ်။ နစ်နာသူ မြန်မာအမျိုးသမီးထံသွားပြီး အကူအညီပေးဖို့နှင့် ရဲစခန်းမှာ အချက်အလက်သွားယူဖို့ပါ။

လွန်ခဲ့တဲ့ ၂၀၁၄ နှစ်ဆန်းတုန်းကလည်း မန္တလေးမှာ အလုပ်ရှင်တရုတ်အဖိုးကြီးက ၁၄ နှစ်အရွယ် အလုပ်သမလေးကို မုဒိမ်းကျင့်ဖို့ ကြံစည်တဲ့အမှု ဖြစ်ခဲ့ပါသေးတယ်။ ကလေးမလေးက လာတိုင်ပြီးကာမှ ကြေအေးသွားလို့ သတင်းမတင်းလိုက်ရပါ။
အများမျှော်လင့်နေတဲ့ တရုတ်မုဒိမ်းသတင်းမကြာမီလာမည် ဆိုပြီး သတင်းတင်လိုက်တာကြောင့် တရုတ်ရော ရဲကပါ ငွေကြေးနှင့် ဖုံးဖိလိုက်ကြတာပါ။

အခုထိ ဓာတ်ပုံမှတ်တမ်းတွေ အပြည့်အစုံရှိပါသေးတယ်။ တရုတ်အလုပ်စက်ရုံအထိ သွားရောက်မှတ်တမ်းတင်ထားတာပါ။

အခြားသော တရုတ်အမှုတွေလည်း အများကြီးရှိပါတယ်။ အခုပူးတွဲတင်ပြပေးလိုက်တာကတော့ မုဒိမ်းကျင့်ခွင့်မရလို့ လူကိုနှိပ်စက်တဲ့အမှုပါ။

ဝီရသူ(မစိုးရိမ်)
30.10.2017
PM 7:21
========================================================
“တရုတ်နိုင်ငံသားက အိမ်အကူမိန်းကလေးကို ဓမ္မတာနှင့် ဆန့်ကျင်ကာ သားမယားပြုကျင့်”

ရန်ကုန်၊ အောက်တိုဘာ ၂၉

တရုတ်နိုင်ငံ ကူမင်းမြို့မှ လာရောက်ပြီး ငါးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူ အသက် ၄၈ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးက အသက် ၃၁ နှစ်အရွယ် အိမ်အကူ မိန်းကလေးတစ်ဦးကို ဓမ္မတာနှင့် ဆန့်ကျင်ကာ သားမယားပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

လှိုင်သာယာမြို့နယ် အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၁ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လွန်ခဲ့သော တစ်လခန့်က မိတ်ဆွေ အမျိုးသမီးတစ်ဦး၏ ဆက်သွယ်ပေးမှုကြောင့် ယင်းမြို့နယ် အမှတ်(၆)ရပ်ကွက်၊ နဝဒေးအိမ်ရာရှိ တရုပ်နိုင်ငံသား အမျိုးသားတစ်ဦးနေအိမ်၌ တစ်လလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့ အိမ်အကူလုပ်ငန်းလုပ်ကိုင်နေစဉ် အောက်တိုဘာ ၂၉ ရက် နံနက် ၂ နာရီခွဲခန့်က နေအိမ်အိပ်ခန်းအတွင်း ဓမ္မတာနှင့်ဆန့်ကျင်ကာ သားမယား ပြုကျင့်ခဲခဲ့ရကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲကထံမှ သိရသည်။

ဒီနေ့မနက် ၂ နာရီခွဲလောက်က သားမယား ပြုကျင့်ခံခဲ့ရတာပါ။ ကောင်မလေးက အခန်းထဲမှ တစ်ဦးတည်း အိပ်ပျော်နေတုန်း ဝင်ရောက်လာတာလို့ သိရတယ်၊ ကောင်မလေးက ရုန်းပေမယ့် အတင်းဆွဲပြီး ပြုလုပ်ခဲ့တာလို့ သိရတယ်၊ ပြစ်မှု ကျူးလွန်တယ်ဆိုတဲ့ တရုတ်နိုင်ငံသားကို လဝကနဲ့ပေါင်းပြီး ဖမ်းဆီးထားတယ်၊ ဒီနေ့ ညနေ ၃ နာရီလောက်ပဲ ဖမ်းမိခဲ့တာဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အိမ်အကူမိန်းကလေးအား သားမယားပြုကျင့်ခဲ့သည်ဟုဆိုသော တရုတ်နိုင်ငံသား Mr.Lin Xian Jin မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှ Bussiness ဗီဇာဖြင့် ဝင်ရောက်လာပြီး ဗီဇာသက်တမ်း ဒီဇင်ဘာလ ၃ ရက်နေ့အထိ ရရှိထားသူဖြစ်ကြောင်း၊ ယင်းအိမ်ရာတွင် ငှားရမ်းနေထိုင်ပြီး ငါးရောင်းဝယ်ရေးလငပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

အိမ်အကူ မိန်းကလေးကို ဓမ္မတာနှင့် ဆန့်ကျင်ကာ သားမယားပြုကျင့်မှုဖြင့် အသက် ၄၈ နှစ်ရွယ် Mr.Lin Xian Jin ကို လှိုင်သာယာမြို့မရဲစခန်းက (ပ)၄၁၆၆/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇/၃၅၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

J-16
http://thevoicemyanmar.com/news/13349-trn