ထုတ်ပြန်ကြေညာချက်သတင်း

မ​ကွေး​ကျောင်းဆရာ​တော်​ဦးပါ​မောက္ခ ဖမ်းဆီးချုပ်​​နှောင်​ခံရခြင်းအ​ပေါ် အမျိုးဘာသာ သာသနာ​စောင့်​​ရှောက်​​ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ​ဖောင်​​ဒေးရှင်း (ဗဟို)မှ ကြေညာချက်​ တစ်​​စောင်​ထုတ်​ပြန်

သဘောထား ထုတ်ပြန်ကြေညာချက်
—————————————————–
မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ၁၂-၁၁-၂ဝ၁၇၊ တနင်္ဂနွေနေ့၌ ပုဒ်မ(၁၉)၊ ပုဒ်မ ၅ဝ၅(ခ)တို့ ဖြင့် ဖမ်းဆီး၍ အတင်းအဓမ္မ လူဝတ်လဲ ခိုင်းပြီး လက်ထိတ် ခတ်၍ ယင်းနေ့ ည ၆ နာရီအချိန်ခန့် မှာပင် ကမာရွတ်တရားရုံးတွင် ရက်ချိန်း ရီမန်ယူ၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံးတွင် ချုပ်နှောင်ထားခဲ့ပါသည်။

၁၄-၁၁-၂ဝ၁၇ အင်္ဂါ နေ့တွင် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေး၍ မြို့နယ် တရားသူကြီးမှ ပုဒ်မ ၁၉ အတွက် ၁ဝ သိန်းတန် အာမခံ ပေးခဲ့ပြီး ပုဒ်မ ၅ဝ၅(ခ)အတွက်တော့ အာမခံ မပေးခဲ့ပါ။

ယင်းတရားရုံးမှအပြန် အင်းစိန်ထောင်ကြီးသို့ ပို့လိုက်ပါ သည်။

၁။ မကွေးကျောင်းဆရာတော် ဦးပါမောက္ခသည် ဥပ ဒေအရသော်လည်း၊ လူမှုရေးအရသော်လည်းကောင်း၊ လူ့အခွင့်အရေးရသော်လည်းကောင်း နစ်နာဆုံးရှုံး သူများ ဘက်မှ အမြဲတမ်း မားမားမတ်မတ်ရပ်တည်၍ ကိုယ်ကျိုးစွန့် ကူညီဆောင်ရွက်ပေးနေသူတစ်ဦး ဖြစ်ပါသည်။

၂။ ၂ဝ၁၆ ခုနှစ်က အမေရိကန်သံရုံးထုတ်ပြန်ချက် တွင် ရိုဟင်ဂျာဟု ထည့်သွင်းသုံးနှုန်းသည့်အပေါ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြပွဲကို ဦးဆောင်မှုကြောင့် ယင်းအချိန်က ဖမ်းဝရမ်းထုတ်ခဲ့သည့် ပုဒ်မ ၁၉၊ ပုဒ်မ ၅ဝ၅(ခ)တို့ဖြင့် ယခုလို အစိုးရ၏ ဖမ်းဆီးခြင်းခံရသူ ဖြစ်ပါသည်။

အဆိုပါ ဦးပါမောက္ခလုပ်ဆောင်ချက်သည် တိုင်းပြည် နှင့်လူမျိုးအတွက် ကိုယ့်နိုင်ငံဘက်မှ မားမားမတ်မတ် ရပ် တည်ခဲ့ခြင်း ဖြစ်ရုံမက တာဝန်ရှိသူအစိုးရကပင် ယခုအချိန် ထိ ထုတ်ပြန်ပြောဆိုဖို့ ဝန်လေးနေသော ‘လူမျိုးလိမ် လုပ် ဇာတ် ရိုဟင်ဂျာလူမျိုး မြန်မာမှာ မရှိကြောင်း’ အတိအလင်း ရဲရဲတင်းတင်း ဦးဆောင်ပြောဆိုပေးခဲ့သည့် မြန်မာ့သူရဲ ကောင်း ရဟန်းအာဇာနည်လုပ်ရပ်သာ ဖြစ်ပါသည်။

၃။ ကဿပဘုရားရှင်လက်ထက်က သူငယ်ချင်းရ ဟန်းတစ်ပါး လူထွက်လိုကြောင်းတိုင်ပင်ရာ သူ၏ပစ္စည်း ပရိက္ခရာကို လိုချင်မက်မောသဖြင့် ကောင်းသားပဲဟု တိုက် တွန်းမိခဲ့သော မကောင်းမှုအကုသိုလ်ကံလေးကြောင့် တိပိ ဋကဓရ စိတ္တဟတ္ထိသာရိပုတ္တမထေရ်ကြီးပင် နောက်ဆုံးဘဝ ဤဘုရားသာသနာတော်၌ ၇ ကြိမ်တိုင်တိုင် လူထွက်၍ ဝဋ်ြေ<ွကးဆပ်ခဲ့ရသည်။ (ဒီ၊ ဋ္ဌ၊ ၁-၃၂၁)၊ မည်သည့်အ ကြောင်းကြောင့်ဖြစ်စေ ပါရာဇိကအာပတ်သို့ မရောက်သေး သော ရဟန်းတစ်ပါးကို အတင်းအကြပ် သင်္ကန်းချွတ် လူဝတ်လဲခိုင်းခြင်း၊ လူဝတ်လဲခွင့်ပေးခြင်းသည် သံသရာအ တွက် အလွန်မတန် အပြစ်ကြီးသော လုပ်ရပ်ဖြစ်ပါသည်။ ကြောက်စရာ ကောင်းပါပေစွ။

၎။ ယနေ့ခေတ် ၂ နှစ်တာကာလအတွင်း မြန်မာ့ဗုဒ္ဓ ဘာသာသမိုင်းတွင် အလွန်ဝမ်းနည်းကြေကွဲ ဖွယ်ရာဖြစ်သည့် စဥ့်ကိုင်မြို့နယ် ဘာသာ ပေါင်းစုံဆုတောင်းပွဲ မြင်ကွင်းစ သော တာဝန်ရှိသူများ ကိုင်တွယ်လုပ်ဆောင်နေသည့် လုပ် ရပ်များကိုကြည့်လျှင် မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအပေါ် ဖိနှိပ်ဖျက်ဆီးနေသည့် သဘောများ ပေါ် လွင်နေသည်။

အဘယ်ကြောင့်ဆိုသော တိုင်းပြည်ကို ပုန်ကန်ခြင်း၊ နိုင်ငံ့သစ္စာဖောက်ခြင်းစသော ပြစ်မှုကြီးများကို ကျူးလွန် နေကြသော ဘာသာခြား လူမျိုးခြားများဆို လျှင် လက်ထိတ် ပင် မခတ်ဘဲ ရုံးထုတ်ခြင်း၊ မဖြစ်စလောက် အပြစ်ပေးခြင်း စသည်တို့ကို တွေ့ရသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၊ ရဟန်းသံဃာတော်များ၊ ကိုယ့်လူမျိုးများဆိုလျှင်တော့ တိုင်းပြည်နှင့်လူမျိုး အတွက် ရပ်တည်ပေးသော သာမာန်အပြစ်ကလေး ကိုပင် အကြမ်း ဖက်သမားများ၊ တကယ့်လူဆိုးကြီးများ သဖွယ် လက်ထိတ် ခတ် ရုံးထုတ်ခြင်း၊ ပြစ်ဒဏ်ကြီးကြီး ချမှတ်ခြင်းများကို ရင်နာဖွယ်ရာ တွေ့မြင်နေရသည်။

အဆိုပါ အကြောင်းများကြောင့် ယနေ့ မြန်မာနိုင်ငံနှင့် မြန်မာ့ဗုဒ္ဓသာသနာသည် ကာလဝိပတ္တိဘေး ဆိုးဆိုး ဝါးဝါး ကြုံနေရသဖြင့် အမျိုး ဘာသာ သာသနာအတွက် အလွန် မတန် စိတ်နှလုံး ထိခိုက်ခံစားရပါကြောင်း၊ အလွန်မတန် ဝမ်းနည်းကြေကွဲရပါကြောင်း အားလုံးသော ရဟန်းရှင်လူ ပြည်သူများ၏ ကိုယ်စား အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးက လေး လေးနက်နက် သဘောထားထုတ်ပြန်လိုက်သည်။

ဦးဆောင်တာဝန်ခံ နာယကများ
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟတ ဖောင်ဒေးရှင်းကြီး

စာအမှတ်၊ ဝဝဝ၆/စီမံ-ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း/၂ဝ၁၇
နေ့စွဲ၊ ၁၃၇၉ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက် (နိုဝင်ဘာ ၁၄၊ ၂ဝ၁၇) အင်္ဂါနေ့။