Daily Archives: November 16, 2017

သတင်း

13.11.2017 ရက်နေ့ မိတ္ထီလာမြို့၊ ဝေယံဘုံသာကျောင်းတိုက်၌ ကျင်းပအပ်သော မိတ္ထီလာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ ...

မိတ္ထီလာမြို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ယနေ့အချိန်အခါသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ကြီးတစ်ခု ဖြစ်ပါသည်။ အမျိုးသားနေ့မှာ အမျိုးသားရေးအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခြင်းသည် ထီလာသူ ထီလာသားတို့အတွက် အဖိုးအနဂ္ဃ ထိုက်တန်သော သမိုင်းမှတ်တိုင်ကြီးတစ်ခုပင် ဖြစ်ပါသည်။ ယနေ့ဆိုလျှင် မိတ္ထီလာမဘသအဖွဲ့ကြီး ဖွဲ့စည်းခဲ့သည်မှာ ငါးနှစ်မြောက်ပင်ရှိခဲ့ပါပြီ။ ဤအတောအတွင်း မိတ္ထီလာ မဘသ၏ ဆောင်ရွက်ချက်ကား အံ့မခန်းနိုင်ခဲ့ပါ။ တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇသည် မိတ္ထီလာမြို့၏ ခံတပ်မှူးကြီးဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်သော မိတ္ထီလာမြို့၏ အသည်းနှလုံးပင် ...
သတင်း

မွေးနေ့ရှင်ဆရာတော်ကြီး ကံမကောင်းရှာ

11.11.2017 ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ သက်တော်ရှည် ရွှေစေတီဆရာတော်ကြီး (၉၀)နှစ်ပြည့် မွေးနေ့ပွဲအတွက် စာရေးသူကို တကူးတက ဖိတ်ပါတယ်။ စာရေးသူလည်း ကုန်းတစ်တန် လေတစ်တန် ခရီးကို အရောက်သွားခဲ့ပါတယ်။ ထားဝယ်မြို့ ညီတော်မောင် မဘသ ဆရာတော်လေးများက ကံပေါက်ရွာထိ လိုက်ပို့ကြပါတယ်။ စာရေးသူရောက်လာလို့ ဆရာတော်ကြီးလည်း ဝမ်းသာတော်မူပါတယ်။ ရွာသူရွာသားတွေလည်း ဝမ်းသာအားရ လာရောက်ဖူးမြော်ကြပါတယ်။ စာရေးသူထိုင်လို့မှ မကြာသေးဘူး လူတစ်ဦးရောက်ရှိလာပါတယ်။ တိုက်ပုံအင်္ကျီနှင့် ရင်ထိုးနှင့်ဆိုတော့ ဌာနဆိုင်ရာကပဲလို့ အောက်မေ့ပြီး စောင့်ကြည့်နေပါတယ်။ သူလာတော့ ထိုင်နေတဲ့ပရိသတ်က ဘေးကိုရွှေ့ပြီး လမ်းပေးကြပါတယ်။ စကားပြောသံတွေလည်း မကြားရတော့ပါဘူး။ ဒါကိုထောက်ရင် အာဏာပိုင်တစ်ဦးတစ်ယောက်ဆိုတာကိုတော့ ...
သတင်း

ကျောက်မျက်ရတနာ ရုပ်ပွားတော်ပန်းချီကား အလှူတော်

ဒီကနေ့ 15.11.2017 ရက်နေ့ မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၆၄-၆၅ကြား၊ တ-၆/၉၁နေ ဦးမင်းမင်း+ဒေါ်မြသန္တာ (အိမ်ခြံမြေရောင်းဝယ်ရေး) မိသားစုက မိုးကုတ်ကျောက်မျက်ရတနာများဖြင့် စီချယ်ထားသော ကျောက်မျက်ပန်းချီကား ဘုရားရုပ်ပွားတော်ပုံများ လာရောက်လှူဒါန်းပါတယ်။ နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်လည်း လှူဒါန်းသွားပါတယ်။ ဦးမင်းမင်းမိသားစုဟာ 4.6.2017 ရက်နေ့တုန်းကလည်း အိမ်ပင့် ဆွမ်းကပ်ဖူးပါတယ်။ အိမ်ခြံမြေအရောင်းအဝယ် အလုပ်မဖြစ်တော့လို့ စီးပွားကြပ်တဲ့ပြည်သူတွေထဲမှာလည်း ဦးမင်းမင်းမိသားစု ပါပါတယ်။ ဒါကြောင့် ရည်မှန်းထားသလောက် မလှူနိုင်သေးကြောင်း လျှောက်ထားလာပါတယ်။ ကျောက်မျက်ပန်းချီကား ဘုရားရုပ်ပွားတော်ပုံများကို ရေးဆွဲတာတောင် အချိန်တစ်လကျော် ကြာတယ်လို့ သိရပါတယ်။ တန်ဖိုးကိုတော့ မှန်းဆကြည့်လို့ရပါတယ်။ အားလုံး ရတနာအစစ်တွေပါ။ ဆွမ်းကပ်ပွဲတုန်းက သတင်းလေးပါ ပူးတွဲတင်ပြပေးလိုက်ပါတယ်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၅)”

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မြိုင်မြို့နယ်၊ ခတက်ပင်ဂူကျောင်း ဒေါ်ရေဝတီ၊ ဒေါ်ပညာစာရီမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မြိုင်မြို့နယ်၊ ဗအင်းရွာ (ဦးအေးမြ+ဒေါ်လေးငယ်)သားသမီးမြေးတစ်ခုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ မြိုင်မြို့နယ်၊ ဗအင်းရွာ ဦးကိုကိုမြင့်+ဒေါ်ရွှေနိုင်(သမီး)မပန်းရောင်ကို၊ မခရမ်းရောင် မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် စုစုပေါင်း ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။(11.11.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့နေ ဦးငြိမ်းချမ်းသာ (မဟာဝီရ ရသစုံမဂ္ဂဇင်း အယ်ဒီတာ)မှ အလှူငွေ ၃၂၀၀၀၀ (သုံးသိန်းနှစ်သောင်းကျပ်) လှူဒါန်းပါသည်။ (15.11.2017) အခုအကြိမ်သည် (၁၅)မြောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ ၁။ ၈.၈.၂ဝ၁၆ နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၂။ ၁၄.၉.၂ဝ၁၆ နေ့က (၁၇၀၀၀၀ိ။)ကျပ်၊ ၃။ (၁၅.၁ဝ.၂ဝ၁၆)နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၄။ (၁၈.၁၁.၂ဝ၁၆)နေ့က (၁၇၀၀၀၀ိ။) ကျပ်၊ ...
သတင်း

ဘုန်းကြီးတွေ ထောင်ကျတဲ့ခေတ်က မကုန်နိုင်တော့ဘူးလားဗျာ

ဘုန်းကြီးတွေ ထောင်ကျတဲ့ခေတ်က မကုန်နိုင်တော့ဘူးလားဗျာ https://m.facebook.com/story.php…
ထုတ်ပြန်ကြေညာချက်သတင်း

မ​ကွေး​ကျောင်းဆရာ​တော်​ဦးပါ​မောက္ခ ဖမ်းဆီးချုပ်​​နှောင်​ခံရခြင်းအ​ပေါ် အမျိုးဘာသာ သာသနာ​စောင့်​​ရှောက်​​ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ​ဖောင်​​ဒေးရှင်း (ဗဟို)မှ ကြေညာချက်​ တစ်​​စောင်​ထုတ်​ပြန်

သဘောထား ထုတ်ပြန်ကြေညာချက် —————————————————– မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ၁၂-၁၁-၂ဝ၁၇၊ တနင်္ဂနွေနေ့၌ ပုဒ်မ(၁၉)၊ ပုဒ်မ ၅ဝ၅(ခ)တို့ ဖြင့် ဖမ်းဆီး၍ အတင်းအဓမ္မ လူဝတ်လဲ ခိုင်းပြီး လက်ထိတ် ခတ်၍ ယင်းနေ့ ည ၆ နာရီအချိန်ခန့် မှာပင် ကမာရွတ်တရားရုံးတွင် ရက်ချိန်း ရီမန်ယူ၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးရုံးတွင် ချုပ်နှောင်ထားခဲ့ပါသည်။ ၁၄-၁၁-၂ဝ၁၇ အင်္ဂါ နေ့တွင် ကမာရွတ်တရားရုံး၌ ရုံးထုတ်စစ်ဆေး၍ မြို့နယ် တရားသူကြီးမှ ပုဒ်မ ၁၉ အတွက် ၁ဝ ...
သတင်း

ဦးဝီရသူကို တရားဟောခွင့် ပြန်ပေးဖို့ လျှောက်ထား

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ကျင်းပနေတဲ့ အစည်းအဝေးမှာ အမျိုးသားရေးဆရာတော် ဦးဝီရသူကို တရားဟောခွင့်ပေးဖို့ ဆရာတော် ၂ ပါးက လျှေက်ထားတဲ့ အပေါ် အစည်း အဝေး ဆုံးဖြတ်ချက် အရ အရင် ညွန်ကြားချက် အတိုင်း တရားဟောခွင့် ဆက်ပိတ် ထားဖို့ ညွန်ကြား လိုက်ပါတယ်။ အခုလို ဆက်လက် ပိတ်ပင်ထားတဲ့ အပေါ် ဆရာတော် အနေနဲ့ ဘာမှ မဖြစ်ကြောင်း၊ ဒါပေမယ့် ပရဟိတတွေ ပညာရေးတွေ လုပ်နေတဲ့ အပေါ် ထိခိုက်မှု ရှိနိုင် ...
သတင်း

ဂျပန်မဂ္ဂဇင်း အယ်ဒီတာအမေးကို ဖြေကြားချက်များ(၂)”

10.11.2017 ရက်နေ့ မနက် ၈း၀၀ နာရီ ဓမ္မသဟာယကျောင်းမှာ လက်ခံဖြေကြားပါတယ်။ The Shukyo-Mondai Quarterly Religion Magazine အယ်ဒီတာချုပ် Kandai Oga wa လာရောက်မေးလျှောက်တာပါ။ တစ်နာရီကြာ မေးဖြေကြပါတယ်။ ဘာသာပြန်သူကတော့ ရခိုင်အမျိုးသား ထွန်းအောင်ကျော်ပါ။ အားမာန်အပြည့်အဝနှင့် ဘာသာပြန်ပေးတာ တွေ့ရပါတယ်။ ဂျပန်မဂ္ဂဇင်းအယ်ဒီတာနှင့် အမေးအဖြေများကို အပိုင်း(၂)အဖြစ် ဆက်လက် တင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ======================================================== မေး- သူ မနေ့ကပေါ့နော် သမိုင်းဆရာတွေ နိုင်ငံရေးသမားတွေနဲ့ ရွာမကျောင်းက မဘသဆရာတော်တွေကို သွားမေးတယ်ပေါ့ဘုရား သူတို့နဲ့ဆုံတယ်ပေါ့ဘုရား အနောက်တိုင်းသတင်းစာတွေမှာရေးနေတဲ့ ဖိက်နယူးတွေကများနေတယ်ဆိုတာ သူ သဘောပေါက်တယ်ပေါ့ဘုရား။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၄)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မန်းမြို့ဈေး၊ ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ (သမီး)ကိုအောင်သက်ပိုင်+မကေခိုင်ဌေး၊ ကိုကိုဝင်း+မသူသူဌေး၊  မရည်မွန်ဌေး၊ (မြေး)မောင်သုနှိုင်းထက်၊ မောင်ရဲဝံ့ထက်၊ မောင်ပိုင်ဝါဇော်မျိုးချစ်၊ မအိသုမဉ္ဇူရီမေ (ရွှေမန်းမေ-အထည်ဆိုင်) မိသားစုမှ သိန်းနှစ်ဆယ်ကျပ် လှူဒါန်းစဉ်။(14.11.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ...