သတင်း

13.11.2017 ရက်နေ့ မိတ္ထီလာမြို့၊ ဝေယံဘုံသာကျောင်းတိုက်၌ ကျင်းပအပ်သော မိတ္ထီလာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့အပ်သော ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝိစိတ္တာဘိဝံသ-ဝီရသူ(မစိုးရိမ်)၏ သဝဏ်လွှာပါဘုရား

မိတ္ထီလာမြို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ ယနေ့အချိန်အခါသည် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်ကြီးတစ်ခု ဖြစ်ပါသည်။ အမျိုးသားနေ့မှာ အမျိုးသားရေးအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခြင်းသည် ထီလာသူ ထီလာသားတို့အတွက် အဖိုးအနဂ္ဃ ထိုက်တန်သော သမိုင်းမှတ်တိုင်ကြီးတစ်ခုပင် ဖြစ်ပါသည်။

ယနေ့ဆိုလျှင် မိတ္ထီလာမဘသအဖွဲ့ကြီး ဖွဲ့စည်းခဲ့သည်မှာ ငါးနှစ်မြောက်ပင်ရှိခဲ့ပါပြီ။ ဤအတောအတွင်း မိတ္ထီလာ မဘသ၏ ဆောင်ရွက်ချက်ကား အံ့မခန်းနိုင်ခဲ့ပါ။

တောင်သာလေးဆရာတော် အရှင်အဂ္ဂဓဇသည် မိတ္ထီလာမြို့၏ ခံတပ်မှူးကြီးဖြစ်သကဲ့သို့ ဗုဒ္ဓသာသနာတော်အတွက် တန်ဖိုးမဖြတ်နိုင်သော မိတ္ထီလာမြို့၏ အသည်းနှလုံးပင် ဖြစ်ပါသည်။

တောင်သာလေးဆရာတော် အကျဉ်းစံနေရသော်လည်း မိတ္ထီလာမြို့၏ အမျိုးသားရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်ဖြင့် မိတ္ထီလာမဘသအဖွဲ့ကြီးကို မောင်းနှင့်အားကောင်းစွာ ဆက်လက်ချီတက်နိုင်စွမ်းရှိသော ထီလာသူ ထီလာသားအားလုံးအား အထူးတလည် ကျေးဇူးတင်နေမိပါသည်။

ယနေ့ကမ္ဘာကြီး၌ အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်ကျရောက်နေပေပြီ။ ကမ္ဘာကြီးထဲက နိုင်ငံငယ်လေးတစ်ခုဖြစ်သော အမိမြန်မာပြည်သည်လည်း အစ္စလာမ်မိုက်ဇေးရှင်းဒဏ်ခံစားနေရပါပြီ။

၁၉၄၂ခုနှစ် မေလ ၁၃ ရက်နေ့၌ တစ်ကြိမ်၊ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့၌ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် လူမျိုးတုံးသတ်ဖြတ်မှုကြီး ကျူးလွန်ခံရသော ရခိုင်ပြည်ဠြကီး သက်သေတည်ရှိနေပါသည်။ အမှန်တကယ် လူမျိုးတုံးသတ်ဖြတ်မှုကြီး၊ ဂျီနိုဆိုက်အစစ်အမှန်ကြီးဖြစ်သော်လည်း ကမ္ဘာ့သမိုင်းနှင့် မြန်မာ့သမိုင်းစာမျက်နှာများပေါ်မှာ မတွေ့ရှိခဲ့ရပါ။

ဂျီနိုဆိုက်အစစ်ဖြစ်သော ဂျီဟဒ်စစ်ပွဲဒဏ် မရှုမလှခံစားခဲ့ရသော ရခိုင်ပြည်ကြီး သွေးမြေကျကာ ရခိုင်ပြည်သူ ပြည်သားများ အသက်အိုးအိမ်စည်းစိမ် မလုံခြုံတော့ပါ။ ယခုအခါ ကျီးလန့်စာစားနေရသောဘဝမှသည် နောင်အခါ အမျိုးပျောက် ဘာသာပျောက်အဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။

ထိုနည်းတူစွာ ပြည်မထဲမှ အကျင့်ယုတ်စိတ်ပုတ်ကြကုန်သော ဂျီဟဒ်ဝါဒီများသည်လည်း ပုံသဏ္ဌာန်မျိုးစုံဖြင့် အစ္စလာမ်ဇာတ်သွင်းဖို့ ကြံစည်အားထုတ်နေသည်ကို တွေ့မြင်နေရပါသည်။
ဤသို့သော အန္တရာယ်ကို စုပေါင်းကာကွယ်ကြရပါမည်။

မဘသအဖွဲ့ကြီး မရှိမဖြစ် လိုအပ်ပါသည်။
မြန်မာပြည်သူပြည်သားများ ထီလာသွေးလို ရဲနိုင်ကြပါစေ။
အမိမြန်မာပြည်ကြီး ဂျီဟဒ်အန္တရာယ်ကင်းပါစေ။
အမျိုး ဘာသာ သာသနာ ကမ္ဘာတည်သရွေ့ မြဲပါစေ။
ထီလာသူ ထီလာသားများ အစဉ်အလာကို ထိန်းထားနိုင်ပါစေ။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)