သတင်း

စိန်လိုက်လေ ကြာသလားလို့

အောက်ပါသတင်းအမှန်ပင်ဖြစ်ပါသည်။ ဖုန်းဆက်၍ အတည်ပြုချက်ရယူပြီးပါပြီ။ အားလုံးအဆင်သင့်ပြင်ထားဖို့သာ လိုပါတော့သည်။ အစိုးရကပဲဖျက်နိုင်မလား၊ မဘသကပဲ ရပ်နိုင်မလား။ တစ်ပွဲတစ်လမ်း အကဲစမ်းရမည့် ပွဲပါပဲ။ စိန်လိုက်လေ ကြာသလားလို့ ဂေါ်ဇီလာနဲ့နှစ်ပွဲ။


ဝီရသူ(မစိုးရိမ်)
5.7.2017
PM 9:05


အသည်းကောင်းလို့ ပွဲတောင်းတာလား ???
=========================
ယနေ့ 5.7.2017 ရက်နေ့မှာ ဇွဲကပင်ဆရာတော်ဘုရားကြီးထံသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူ ၃ ဦးသည် ဝန်ကြီးချုပ်၏ အမိန့်ဖြင့် လာမည့် 15.7.2017 ရက်နေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ‘ မဘသ ‘ ဆိုင်းဘုတ်များ အားလုံးကို ဖြုတ်ပေးပါရန် လာရောက်လျှောက်ထားခဲ့ပါသည်။ ဆရာတော်ဘုရားကြီးမှ ပြန်လည် မိန့်ကြား ပြောကြားလိုက်သည်မှာ
” အေး
မင်းတို့ လာခဲ့
မင်းတို့နိုင်ငံ ပျက်ချင်ရင် လာဖြုတ်
ဖြုတ်ရဲတဲ့ကောင်တွေ လာဖြုတ်
ငါတို့ကတော့ အသက်နဲ့လဲပြီး
မဘသ ဆိုင်းဘုတ်ကို ကာကွယ်မှာပဲ
အမျိုးဘာသာ သာသနာအတွက်ဆို
အသက်သေမှာလည်း မကြောက်ဘူး
လာရဲတဲ့ကောင် ဖြုတ်ရဲတဲ့ကောင်
ကြိက်တဲ့ကောင် လာခဲ့
မင်းတို့ ဝန်ကြီးချုပ်ကို
အဲဒီအတိုင်း ပြန်ပြောလိုက် ”
ကဲ
သတ္တိရှိရှိနဲ့ အမျိုးဘာသာ သာသနာအတွက် ဆရာတော်ကြီးက ဦးဆောင်ကာကွယ်နေပြီ။ ကျုပ်တို့တွေကလည်း အမျိုးဘာသာ သာသနာအတွက် ဆရာတော်ကြီးများ၏ သြဝါဒခံယူရင်း ကာကွယ်စောင့်ရှောက်ရမည်။ သမိုင်းမှာ ဥဒါန်းတွင် ကျန်ရစ်ဖို့ ကျုပ်တို့အားလုံးပေါင်းစည်းစို့ ။


( အညတြကပ္ပိယ )
မိုက်ကယ် မင်းထွန်း