သတင်း
ဝီရသူ(မစိုးရိမ်)
6.2.2018
PM 8:29
========================================================
မက်မန်းမဲဆန္ဒနယ်မှာ ဦးတင်အေးက တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းခဲ့ခြင်းကြောင့် ၄င်းက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၄သန်းခေါင်စာရင်းတွင်လည်း တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသား လူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းစသည့် ကိစ္စရပ်များ အငြင်းပွားဖွယ်ရာများ ပါရှိနေသဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ ထပ်မံ ထုတ်ပြန်သွားရမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ယင်းကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှု ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် အဆင့်ဆင့်ညှိနှိုင်းသဘောတူညီမှုရရှိရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသည့် လူမျိုးစု မရှိသည့်အကြောင်းကို နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော်အကြီးအကဲများနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နိုင်ငံတကာမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ပြောဆိုထားပြီး အာဆီယံခေါင်းဆောင်များကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း၊ ယင်းအပြင် နိုင်ငံပိုင် မီဒီယာ၊ ပုဂ္ဂလိက မီဒီယာများတွင်လည်း အကျယ်တဝံ့ ဖော်ပြထားပြီးဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
S-01
“အဖော်ခံမလား? အဆော်ခံမလား?”
ဒီအစိုးရထံမှ ဒီစကားလေးကြားရဖို့ ဆင်ကိုခွေးမျှော်သလိုစောင့်စားခဲ့ရတာ ပြောမဲ့ပြောတော့လည်း ပါလေရာမယ်တော်ကြီးက မပြောဘူး။ အငှားပါးစပ်နဲ့ ပြောခိုင်းနေပြန်ပြီ။ တို့တိုင်းပြည်ဟာလည်း မိန်းမတစ်ယောက်ဆီက စကားတစ်ခွန်းရဖို့ အတော့်ကိုခက်ခဲတာပါပဲလား။
သူ့လင်တွေဆိုရင် မဆွတ်ခင်ကကို ညွတ်နေတဲ့မိန်းမကြီး။ တိုင်းပြည်အတွက်ကျ ဘာမှကို ကိုယ်တိုင် မပြောရဲတဲ့ဟာမကြီး။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ………..ပြည်သူတွေရွေးချယ်ထားတာဆိုတော့ မပြောတော့ပါဘူးနော်။
သူမပြောပေမဲ့ သူ့အစား တစ်ဦးတစ်ယောက်ကပြောပေးတာကိုပဲ ရသေ့စိတ်ဖြေလေးနဲ့ ကျေနပ်ပေးနေရမှာပေါ့ဗျာ။ နိုင်ငံ့ခေါင်းဆောင်များနှင့် ဝန်ကြီးများက နိုင်ငံတကာအကြီးအကဲများနှင့်တွေ့ဆုံစဉ်တုန်းက ပြောကြားခဲ့တယ် အာဆီယံခေါင်းဆောင်များကိုလည်း အသိပေးထားပြီးဖြစ်တယ်၊ နိုင်ငံပိုင်မီဒီယာ ပုဂ္ဂလိကမီဒီယာများတွင်လည်း အကျယ်တဝင့် ဖော်ပြထားပြီးဖြစ်တယ်လို့ ဆိုလာတော့ ရိုဟင်ဂျာမရှိဘူး ဘင်္ဂလီပဲရှိတယ်လို့ ပြောကြားတဲ့ နိုင်ငံ့ခေါင်းဆောင်က ဘယ်သူပါလဲ?
ဘာကြောင့် တရားဝင်ထုတ်ပြန်ကြေညာခြင်းမပြုတာလဲ? နိုင်ငံတကာအကြီးအကဲတွေပြောရုံနဲ့ ပြီးရောလား? ရိုဟင်ဂျာမရှိဘူး ဘင်္ဂလီပဲရှိတယ်လို့ ပြောထားတဲ့ နိုင်ငံပိုင်မီဒီယာက ဘယ်ဟာလဲ? ကြေမုံလား? မြန်မာ့အလင်းလား? MRTVလား? အတိုင်ပင်ခံရုံးလား? သမ္မတရုံလား? ကွဲကွဲပြားပြားသိအောင်တော့ အတိအကျ ထုတ်ပြသင့်ပါတယ်။ အခုဟာက ဝါးချသွားတာ။ ပြီးတော့ ရောချသွားတာ။
လွှတ်တော်ထဲမှာတောင် အခုလို ဝါးလိုက်ရောလိုက်လုပ်နေရင် ဒါမှမဟုတ် ဒီလိုအရေးကြီးတဲ့အချိန် အခါမျိုးကြီးမှာတောင် အခုလို ဝါးလိုက်ရောလိုက် လုပ်နေရင် ဒီအစိုးရကို ဘယ်လိုယုံကြည်ရမလဲ? ဒီအစိုးရကို ဘယ်သူက ဦးဆောင်နေတာလဲ?
ဦးဆောင်နေတဲ့သူက ရိုဟင်ဂျာမရှိဘူးလို့ ပြောခဲ့ပြီလား ပြည်သူတွေကို မလှည့်စားပါနဲ့ဗျာ။ နိုင်ငံတာကိုလည်း မကြောက်ပါနဲ့ဗျာ။
အမှန်တရားဘက်မှရပ်တည်ရင် OIC တို့ ဝါကာအူဒင်တို့နဲ့ ပတ်သက်ခဲ့တာတွေ အဖော်ခံရမယ်။ အမှန်တရားဘက်မှ မရပ်တည်ရင် ပြည်သူလူထုဆော်တာခံရမယ်။ အဖော်ခံချင်သလား? အဆော်ခံချင်သလား? ကြိုက်ရာရွေးလိုက်ပါ။
ဝီရသူ(မစိုးရိမ်)
6.2.2018
PM 8:29
========================================================
“မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း အစိုးရပြော”
နေပြည်တော်၊ ဖေဖော်ဝါရီလ ၅
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် ကောက်ယူခဲ့သော လူဦးရေသန်းခေါင်စာရင်း အသီးသီးတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅စုဆိုသည်ကိုသာ တွေ့ရပြီး ရိုဟင်ဂျာလူမျိုးဆိုသည်ကို မည်သည့်သန်းခေါင်စာရင်းမှာမှ မတွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖေဖော်ဝါရီ၅ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အတည်ပြုပြောကြားသည်။
မက်မန်းမဲဆန္ဒနယ်မှာ ဦးတင်အေးက တိုင်းရင်းသားမျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းခဲ့ခြင်းကြောင့် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယင်းလူမျိုးများသည် ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများသာဖြစ်ပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၃၅မျိုးသာ နေထိုင်ကြောင်း၊ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းတွင် ဖော်ပြထားပြီးဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
၂၀၁၄သန်းခေါင်စာရင်းတွင်လည်း တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသား လူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းစသည့် ကိစ္စရပ်များ အငြင်းပွားဖွယ်ရာများ ပါရှိနေသဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီးမှသာ ထပ်မံ ထုတ်ပြန်သွားရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှု ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် အဆင့်ဆင့်ညှိနှိုင်းသဘောတူညီမှုရရှိရန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသည့် လူမျိုးစု မရှိသည့်အကြောင်းကို နိုင်ငံ့ခေါင်းဆောင်များ၊ တပ်မတော်အကြီးအကဲများနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နိုင်ငံတကာမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် ပြောဆိုထားပြီး အာဆီယံခေါင်းဆောင်များကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း၊ ယင်းအပြင် နိုင်ငံပိုင် မီဒီယာ၊ ပုဂ္ဂလိက မီဒီယာများတွင်လည်း အကျယ်တဝံ့ ဖော်ပြထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
S-01
http://thevoicemyanmar.com/news/17008-mrl