မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၁၉၁

အမျိုးသားရေး ဆရာတော် အရှင်ဝဏ္ဏိတအား ဦးထိပ်မှာ ပန်ဆင်လျှက် ထိုင်းနိုင်ငံ စမူစာခွန်ခရိုင် မဟာချိုင်မြို့ ကုသိုလ်ကောင်းမှု နေ့စဉ်ပြု မေတ္တာရှင် လူငယ် ပရဟိတ အသင်းသူ/အသင်းသားများနှင့် ရွှေ့ပြောင်းမြန်မာ အလုပ်သူ/အလုပ်သမားများမှ လှူဒါန်းသောဘတ်ငွေ ၁၂၃၀၀/B= (၅)သိန်းကျပ်တိတိကို (မန်း)မဟော်သဓာ အမျိုးသားရေး ပညာဒါန အထက်တန်းကျောင်းတော်ကြီး အမြန်ပြီးမြောက်နိုင်ရေး အတွက် လှူဒါန်းပါသည်။(၃၀-၁၂-၂၀၁၇)

အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတ ဦးဆောင်သော ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ ပရဟိတအသင်းအဖွဲ့များမှ ရွှေမြန်မာများက မန်းမဟော်သဓာကျောင်းတော်ကြီးဆောက်လုပ်ရာတွင် တစ်ထပ်စာ သိန်းပေါင်း ၁၇၅၀ကျပ် တာဝန်ယူထားပါသည်။
ယခုဆိုလျှင် ထိုင်းနိုင်ငံမှ ဒေါ်အေးအမှူးရှိသော ပရဟိတအဖွဲ့များမှ အလှူငွေ ထိုင်းဘတ်ငွေ တစ်သိန်း။ အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတ ဓမ္မပူဇာများမှ လှူဒါန်းငွေ ရှစ်သိန်းကျပ်(၅၀၀၀၀၀+၃၀၀၀၀၀)။
လှူဒါန်းပြီးဖြစ်ပါသည်။ ထိုင်းနိုင်ငံရောက် ဗုဒ္ဓဘာသာ ရွှေမြန်မာ မိသားစုများအားလုံး ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒပြည့်ဝကြပါစေ။